ဗေဒင်

29.Dec.2022 မှ 4.Jan.2023 အထိ တစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

29.Dec.2022 မှ 4.Jan.2023 အထိ တစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

#တနင်္ဂနွေ

ဒီကာလအတွင်း အိမ်နီးချင်းကြောင့်၊ပတ်ဝန်းကျင်ကြောင့် အနီအနားကလုပ်ငန်းပြိုင်တွေကြောင့် စိတ်ညစ် စိတ် ရှုပ်ရတတ်ပါတယ်။ အိမ်ထောင်စုအတွင်း၊မိသားစုအတွင်း မပြေလည်စရာများကိုကြားဝင်ဖြေရှင်းပေးခြင်း တွေအထူးဆောင်ရွက်နိုင်ပါတယ်။ ဘုရားဖူးခရီးများထွက်ခြင်း၊ဒေသန္တရ ဗဟုသုတများရှာဖွေခြင်းမျိုးတွေ အထူး ဆောင်ရွက်နိုင်ပါတယ်။နိုင်ငံခြားနဲ့ဆက်စပ်သောလုပ်ငန်း၊ခရီးသွားလုပ်ငန်းများ အထူးတိုးတတ်ပါလိမ့်မယ်။

အဖိုး တန် ပစ္စည်းများ ဝယ်ယူခြင်း၊စုဆောင်းခြင်းတွေကိုလဲ အထူးဆောင်ရွက်နိုင်ပါတယ်။မိခင်၊အဒေါ်ကြီးတော်များထံမှ အကူ အညီကောင်းတွေရလာတတ်ပါတယ်။ အဝေးကနေအဆက်အသွယ်ကောင်းတွေရလာတတ်သလို၊ အဝေးမှာ ချဲ့ ထွင်ထားတဲ့အလုပ်တွေဆီကနေလဲ အကျိုးအမြတ်တွေရလာတတ်ပါတယ်။ကျန်းမာရေးကတော့ ခြေထောက်၊ခါး နှင့် သွေးဓမ္မတာနဲ့ပတ်သက်သောရောဂါများကိုအထူးသတိထားလိုက်စေချင်ပါတယ်။ အချစ်ရေးကိစ္စတွေကတော့ ကြည်နူးစရာပျော်စရာအပြည့်ပါပဲ။

အိမ်ထောင်ရေးမှာတော့ အလုပ်တွေကြောင့် အိမ်ထောင်ဘက်နဲ့ မျက်နှာချင်း ဆိုင်ရချိန်နည်းနေပါလိမ့်မယ်။ ပညာရေးကတော့ သင်ယူတတ်မြောက်လွယ်မဲ့ကာလပါပဲ။ ဘာသာစကားနှင့်ပတ် သက်သောပညာများနှင့် ပေါ့ပေါ့ပါးပါးသင်ယူလို့ရမဲ့ပညာတွေကိုဦးစားပေးသင်ကြားစေချင်ပါတယ်။အကျိုးပေးဂဏန်း ၂၉၆အထူးဟော ကံညံ့နေတာမျိုးတွေလဲ အနည်းငယ်လောက်ကြုံရတတ်ပါတယ်။ယတြာ ကြံရည်ဘုရားကပ်လှူပါ

#တနင်္လာ

ဒီကာလအတွင်းအပြိုင်အဆိုင်အတိုက်အခိုက်တွေများနေတတ်ပါတယ်။အဝေးကဆွေမျိုးတွေကြောင့်လဲ စိတ်ညစ်စရာတွေကြုံရတတ်ပါတယ်။အိုးသစ်အိမ်သစ်ဝယ်ယူခြင်းတွေ၊လုပ်ငန်းသစ်စတင်ခြင်းတွေ၊နေရာသစ်မှာစတင် နေ ထိုင်ခြင်းတွေအထူးကောင်းပါတယ်။ ရန်အန္တရာယ်များခြင်းနှင့် ကျန်းမာရေးအားနည်းခြင်း တွေကိုလဲ ခံစားရ တတ် ပါတယ်။ ဦးနှောက်အာရုံကြောနဲ့ပတ်သက်သော ရောဂါများသတိထားပါ။ သွေးလည်ပတ် မှုကောင်းစေဖို့ ဆောင်ရွက်သင့်တဲ့ကာလပါပဲ။

ကိုယ်တိုင်ကျန်းမာရေးမညံ့သူတောင်မှ မိသားစုအိမ်သားတွေကျန်းမာရေးညံ့ဖျင်း တာ မျိုး တွေကြုံရတတ်ပါတယ်။ မရေရာနဲ့ အကျိုးမရှိတဲ့ကိစ္စတွေမှာတော့ အချိန်ကုန်လူပန်းဖြစ်ရ တတ်ပါတယ်။ ခရီး တိုသွားခြင်းတွေ၊ နေရာထိုင်ခင်းနှင့် အိမ်အလှဆင်

ခြင်း၊အိမ်အတွင်းပစ္စည်းအထားအသိုပြောင်း လဲခြင်းတွေ အထူး ဆောင်ရွက်လို့ကောင်းတဲ့နေ့ရက်တွေပါပဲ။အချစ်ရေးကိစ္စတွေမှာလဲ ပွင့်လင်းမြင်သာမှုတွေရှိဖို့လို အပ်ပါ တယ်။

မကြိုက်တဲ့အချက်တွေကိုထုတ်ဖော်ဖွင့်ပြောပြီး ညှိနှိုင်းဆောင်ရွက်စေ ချင်ပါတယ်။ အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး ကိုယ်တိုင်ကအိမ်ထောင်ဦးစီးမဟုတ်ရင်တော့ အိမ်ထောင်ဦးစီးတာဝန်တွေကိုထမ်းဆောင်နေရတတ်ပါတယ်။ ပညာ ရေးနဲ့ပတ်သက်ပြီး ခေါင်းဆောင်မှုနှင့်ပတ်သက်သောပညာများ၊ စီမံ ခန့်ခွဲမှုနှင့်ပတ်သက်သော ပညာများ သင်ယူ လို့အလွန်ပဲကောင်းပါတယ်။အကျိုးပေးဂဏန်း ၆၀၇အထူးဟော ကျန်းမာရေးဂရုစိုက်ပါ။ယတြာ သရက်သီးမဆလာဘုရားကပ်ပါ

#အင်္ဂါ

ဒီကာလအတွင်းစိတ်ကူးပုံဖော်ထားတဲ့ကိစ္စတွေကို လက်တွေအကောင်အထည်ဖော်ဆောင်ရွက်နိုင်ပါလိမ့်မယ်။ အကောင်းဆုံးတွေနှင့် အဆိုးဆုံးတွေကြားထဲကားယားခွထိုင်နေမိတတ်တဲ့ကာလပါပဲ။ ဒါကြောင့်မိမိလမ်းရွေးတာ မှန်ဖို့အထူးလိုအပ်ပါတယ်။ သူများတွေရဲ့အပြောတွေမှာနားမယောင်မိဖို့အထူးလိုအပ်ပါတယ်။ ဒီကာလမှာမိမိဆုံး ဖြတ်ချက်ကသာအမှန်ဆုံးဖြစ်နေပါလိမ့်မယ်။ဝန်ထမ်များမိမိရရှိထားတဲ့အလုပ်ရာထူးနှင့် လုပ်ပိုင်ခွင့်အပေါ်မှာမနာ လိုအပုပ်ချသူတွေလဲရှိနေတတ်ပါတယ်။

ကိုယ်ပိုင်လုပ်ငန်းတွေမှာလဲ မိမိတို့ရဲ့လုပ်ငန်းပြိုင်တွေ၊ မိမိတို့အနီးအနား မှာဖွင့်ထားတဲ့လုပ်ငန်းတူတွေရဲ့ မနာလိုတိုက်ခိုက်တာကိုခံရတတ်ပါတယ်။ မိသားစုအတွင်းမှာတော့ ညီအကိုမောင် နှမအချင်းချင်း စိတ်ဝမ်းကွဲစရာများအထူးကြုံနေရတတ်ပါတယ်။

ကိုယ်လိုချင်တဲ့ပန်းတိုင်သေချာတွေ့မြင်ပြီးတော့ အကောင်းဆုံးလုပ်ဆောင်သွားနိုင်ပါလိမ့်မယ်။ ပရဟိတအလုပ်များ၊လူမှုကယ်ဆယ်ရေးအလုပ်များလဲ ပါဝင်ကူညီ ပေးရတတ်ပါတယ်။ ကျန်းမာရေးနှင့်ပတ်သက်ပြီး အရေပြားနဲ့ပက်သက်သောရောဂါတွေကိုသတိထားလိုက်စေ ချင် ပါတယ်။

အပူနာများ ဝက်ခြံများ၊အနာစိမ်းများပေါက်တတ်ပါတယ်။ အချစ်ရေးကိစ္စတွေမှာတော့ စန်းအားကောင်း နေတဲ့ ကာလပါပဲ။ တစ်ဦးထက်မကသော အချစ်ရေးမျိုလဲကြုံနေရတတ်ပါတယ်။ online ကနေချစ်သူသစ်ရတာမျိုး တွေကြုံနေရတတ်ပါတယ်။ အိမ်ထောင်ရေးသာယာပါလိမ့်မယ်။ ပညာရေးနဲ့ပတ်သက်ပြီးတော့လဲ စိတ်ကူးသစ်တွေ ရလာ တတ်ပါတယ်။အကျိုးပေးဂဏန်း ၁၃၇အထူးဟော ကံမြင့်မားနေမယ်။ယတြာ အုန်းနို့ခေါက်ဆွဲဘုရားကပ်ပါ။

#ဗုဒ္ဓဟူး/ရာဟု

ဒီကာလအတွင်းကံကြမ္မာကမထင်မှတ်ဘဲ အကောင်းဘက်ကိုရောက်ရှိပါလိမ့်မယ်။ မရည်ရွယ်ဘဲနာမည် ဂုဏ် သတင်းအထူးတိုးတတ်ခြင်းနှင့် အောင်မြင်ခြင်းတွေကိုလဲကြုံရတတ်ပါတယ်။ ဒါကြောင့်ပဲဒီကာလမှာ စိတ် ကောင်း မွေး ပါ။ စေတနာကောင်းထားပါ။ သေချာပေါက်တိုးတတ်ပါလိမ့်မယ်။ တရားတဘောင်နှင့် ပတ်သက်သော ကိစ္စများလဲ အနိုင်ရတတ်ပါတယ်။ ပြဿနာဟောင်း၊ကြွေးဟောင်းတွေရှိရင်လဲ ပြေလည်အောင်စွမ်းဆောင် နိုင်မဲ့ ကာလပဲဖြစ်ပါတယ်။

လှောင်ထားတာကြာနေပြီဖြစ်တဲ့ပစ္စည်းများ၊ရောင်းမထွက်တဲ့ပစ္စည်းများ အလျင်အမြန် ရောင်း ထွက်သွား ပါ လိမ့်မယ်။ရောင်းချင်တဲ့အိမ်ခြံကားတွေရှိရင် ဒီကာလမှာရောင်းထွက်ဖို့အကြာင်းဖန်လာတတ်ပါတယ်။ ငွေကြေးနဲ့ပတ် သက်သောကံအထူးကောင်းပါလိမ့်မယ်။ငွေအစုလိုက်ဝင်လာတတ်ပါတယ်။ မိမိလုပ်ငန်းနဲ့ ပတ်သက် ပြီး လူသိများအောင် ကြော်ငြာခြင်းများလဲ အထူးဆောင်ရွက်နိုင်ပါတယ်။ ကျန်းမာရေးကတော့ အထူးသဖြင့် ရောဂါ ဟောင်း၊ဝေဒနာဟောင်းတွေအထူးပဲတွေ့ကြုံရတတ်ပါတယ်။ ဖြစ်တတ်တဲ့ရောဂါဖြစ်တာကြောင့် သောက်ရမဲ့ ဆေး လေး သောက် ခြင်းဖြင့်သက်သာသွားပါလိမ့်မယ်။

အချစ်ရေးကိစ္စတွေမှာတော့ နားလည်မှုတွေတစ်ယောက်နဲ့ တစ်ယောက်ရှိပါ လိမ့်မယ်။ အနာဂတ်အတူလက်တွဲဖို့တိုင်ပင်ဆောင်ရွက်သင့်တဲ့ကာလပါပဲ။ အိမ်ထောင်ရေးကိစ္စ တွေ မှာတော့ အညံ့ အဆိုးနည်းပါလိမ့်မယ်။ အိမ်ထောင်ရေးအထူးသဖြင့်သာယာပါလိမ့်မယ်။ ပညာရေးနဲ့ပတ်သက် ပြီးတော့လဲ ကြိုးစား သမျှအရာထင်အောင်မြင်ပါလိမ့်မယ်။အကျိုးပေးဂဏန်း ၁၂၄အထူးဟော ကံမြင့်မားနေမယ်ယတြာ ကလေးတစ်ဦးကို ကစားစရာပစ္စည်းတစ်မျိုးမျိုးဝယ်ပေးလိုက်ပါ။

#ကြာသပတေး

ဒီကာလဟာဘာဖြစ်ဖြစ်အချိန်ဆွဲလုပ်သင့်ပါတယ်။ အရေးကြီးတဲ့အလုပ်တွေလုပ်ရာမှာလဲ အချိန်ယူ စဉ်းစား ပြီးမှပဲလုပ်ကိုင်စေချင်ပါတယ်။အလောတကြီးလုပ်လေ အမှားများလေဖြစ်ရတတ်ပါတယ်။ ခေါင်းအေးအေးထား ပြီးလုပ်မှပဲအဆင်ပြေပါလိမ့်မယ်။ အိမ်မွေးတိရိစ္ဆာန်တွေကိုအကြောင်းပြုပြီးတော့ စိတ်ရှုပ်စရာလေးတွေကြုံနေရ တတ်ပါတယ်။ မိမိကိုမနာလိုတဲ့သူတွေက ရန်လုပ်တာမျိုးတွေရှိပါလိမ့်မယ်။ စိတ်ခံစားချက်အတိုင်းတုန့်ပြန်မိတယ် ဆိုရင်တော့ ပြဿနာကြီးသွားတတ်ပါတယ်။

ရပ်ဝေးကအဆက်အသွယ်ကောင်းတွေရလာတတ်ပါတယ်။ နိုင်ငံခြား သွားဖို့စီစဉ်ထားသူများသတင်းကောင်းကြားရတတ်ပါတယ်။ နိုင်ငံခြားခရီးစဉ်များအဆင်ပြေပြေနဲ့ သွားရတတ်ပါ တယ်။ လူမျိုးခြားတစိမ်းတရံတွေဆီကနေအကူအညီကောင်းတွေရလာမဲ့ကာလပါပဲ။ အရောင်းအဝယ်ကိစ္စတွေမှာ တော့ သတိထားလုပ်ကိုင်ပါ။ ရောင်းမှားဝယ်မှားတွေအလွန်ပဲဖြစ်ရတတ်ပါတယ်။ အထင်လွဲခံထားရတဲ့ကိစ္စများ၊ စကားရှုပ်ထားတဲ့ကိစ္စများ၊တအုံးနွေးနွေးခံစားနေရတဲ့ကိစ္စများကို ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းလို့အထူးကောင်းတဲ့ ကာလအပိုင်းအခြားပါပဲ။

ကျန်းမာရေးကတော့ အညံ့မရှိပေမဲ့ စိတ်ထောင်းကိုယ် ကြေဆိုတာမျိုးတွေအလွန်မှဖြစ်ရ တတ်ပါတယ်။ အချစ်ရေးကိစ္စတွေမှာတော့ အဆိုးတွေရှိနေခဲ့ရင် အကောင်းဘက် ကိုရောက်ရှိပါလိမ့်မယ်။ ချစ်သူ ရဲ့နားလည်မှု၊ခွင့်လွှတ်မှုတွေကိုပြန်လည်ရရှိပါလိမ့်မယ်။ အိမ်ထောင်ရေးမှာတော့ သဘောထားမတိုက်ဆိုင်တဲ့ ကိစ္စ တွေ များနေတတ်ပါတယ်။ ပညာရေးအပေါ်မှာ မိမိကိုယ်တိုင်ကစိတ်ပါဝင်စားမှု နည်းနေပါတယ်။ အကျိုးပေးဂဏန်း ၉၃၂အထူးဟော စိတ်ညစ်စရာလေးတွေရှိနေတတ်ပါတယ်။ယတြာ ကြက်သားဆီပြန်ဟင်းနဲ့ဘုရားဆွမ်းကပ်ပါ

#သောကြာ

ဒီကာလအတွင်းမတင်မကျဖြစ်စရာများ၊တွေဝေဒွိဟဖြစ်စရာများကြုံရတတ်ပါတယ်။ မိမိအနေနဲ့ခေါင်းအေး အေးထားပြီးတော့လဲ ဆုံးဖြတ်စေချင်ပါတယ်။ အရေးကြီးတဲ့ကိစ္စတွေကိုလဲ အလျင်စလိုမဆုံးဖြတ်စေချင်ပါဘူး။ တရားတဘောင်ရင်ဆိုင်နေရသူများ၊အမွေနဲ့ပတ်သက်ပြီးတော့လဲ အမှုရင်ဆိုင်နေရသူများ အခြေအနေကောင်း တွေ ကြုံရတတ်ပါတယ်။ငွေဟောင်း၊အကြွေးဟောင်းတွေ ပြန်လည်တောင်းခံနိုင်မဲ့ကာလလဲဖြစ်ပါတယ်။ ရည်ရွယ်ချက် အဟောင်းတွေ၊ လုပ်လက်စအလုပ်တွေရှိနေရင်လဲ ပြန်လည်လုပ်ကိုင်ခြင်းဖြင့် အဆင်ပြေပြီးမြောက်မှုတွေရှိပါ လိမ့်မယ်။

ညှိနှိုင်းဖျန်ဖြေပေးခြင်း၊ ကြားဝင်စေ့စပ်ပေးခြင်းများ ဆောင်ရွက်ပေးလို့ အလွန်ကောင်းပါတယ်။ မထင် မှတ် ထားတဲ့ငွေများ၊ အသုံးအဆောင်အဖိုးတန်ပစ္စည်းများလဲ ဝင်လာတတ်ပါတယ်။ ပစ္စည်းအလဲအထပ်လုပ်တာ၊ ပစ္စည်းအရောင်းအဝယ်လုပ်တာမျိုးတွေဒီကာလမှာအထူးဆောင်ရွက်လို့ကောင်းပါတယ်။ဆရာသမားကဲ့သို့သော ပုဂ္ဂိုလ် များထံကနေ အကူအညီကောင်းတွေရလာတတ်ပါတယ်။

အချစ်ရေးကိစ္စတွေမှာ တော့ ချစ်သူဟောင်းနဲ့ ပြန်လည် အဆင်ပြေရတတ်ပါတယ်။ အိမ်ထောင်ရေး မှာတော့ အိမ်ထောင်ဘက်ရဲ့ လာဘ်မမြင်မှုတွေကြောင့်ပဲ အကျိုးစီးပွားတွေထင်သ လောက်မဖြစ်တာမျိုးတွေကြုံနေရတတ်ပါတယ်။ ပညာရေးနဲ့ပတ်သက်ရင်တော့ စိတ် စွမ်းအားကိုထက်မြက်စေမဲ့ ပညာများကိုသင်ယူလိုက်ပါ။အကျိုးပေးဂဏန်း ၃၄၆အထူးဟော သပြေပန်းဘုရားကပ်လှူပါယတြာ ဒဏ်ကြေလိမ်းဆေးတစ်ဗူးလိုအပ်သူကိုလှူပါ

#စနေ

ဒီကာလအတွင်းလူချစ်လူခင်အလွန်ပဲများနေတတ်ပါတယ်။ မိမိဖြစ်ချင်တာတွေကိုကူညီမဲ့သူတွေနဲ့ကြုံနေရ တတ်ပါတယ်။ အုပ်ထိန်းသူတွေကို မိမိလိုချင်တာတွေပူဆာလို့အလွန်ကောင်းတဲ့ ကာလပါပဲ။ ငွေကြေးနဲ့ပတ်သက် ပြီး တော့လဲ စုဆောင်းလို့အလွန်ကောင်းတဲ့လပါပဲ။ ငွေစုစာအုပ်လုပ်ပြီးစတင်စုဆောင်းတာပဲဖြစ်ဖြစ်၊ စုဘူးနဲ့ ငွေစု တာ မျိုးပဲဖြစ်ဖြစ်ဆောင်ရွက်နိုင်ပါတယ်။ စိတ်နဲ့ပတ်သက်တဲ့လေ့ကျင့်ခန်းများဆောင်ရွက်နိုင်ပါလိမ့်မယ်။ ငွေရှာပါ။ ပျော်စရာခရီးများ၊စိတ်ချမ်းသာစရာ ခရီး များလဲသွားရတတ်ပါတယ်။

သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ်၊ မိသားစုနဲ့ပဲ ဖြစ် ဖြစ် ပျော်ဘုရားဖူးခရီးသွား ရတာမျိုးတွေကြုံရတတ်ပါတယ်။ ဒီကာလမှာလဲ အလုပ်တွေကိုခဏမေ့ထားပြီး စိတ် အပန်းဖြေလို့ အထူးကောင်းတဲ့ကာလ လဲဖြစ်ပါတယ်။ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့လဲ အထူးကောင်းပါ တယ်။ ဆေးဝါးဓာတ်စာတွေစတင်စားသောက် တာမျိုးတွေလဲပြုလုပ်နိုင်မဲ့ကာလပဲဖြစ်ပါတယ်။ ရောဂါရှာဖွေခြင်းတွေ၊ medical checkupလုပ်ခြင်းမျိုးတွေအထူးဆောင် ရွက်လို့ကောင်းတဲ့ကာလဖြစ်ပါတယ်။

အချစ်ရေးနှင့်ပတ်သက်ပြီး တော့လဲ အမှတ်ရစရာ၊ပျော်စရာအကောင်းဆုံးကာလ လဲဖြစ်ပါတယ်။အိမ်ထောင်ရေးကိစ္စတွေမှာတော့ အဆင်ပြေ တိုးတတ်မှုတွေရှိပါလိမ့်မယ်။ အဆင်မပြေတာတွေကို ညှိနှိုင်းလို့အကောင်းဆုံးကာလပါပဲ။ ပညာရေးနဲ့ပတ်သက်ရင် တော့ အသက်မွေးမှုနဲ့ပတ်သက်သောပညာရပ်မျိုးတွေကို လေ့လာသင်ယူသင့်တဲ့ကာလပါပဲ။အကျိုးပေးဂဏန်း ၄၅၈အထူးဟော ငွေရှာလို့ကောင်းတဲ့ကာလပါပဲ။ယတြာ လက်ဖက်ရည်နဲ့ လမုန့်ဘုရားကပ်လှူပါ။

၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 0977 5555 695

Zawgyi

29.Dec.2022 မွ 4.Jan.2023 အထိ တစ္ပတ္စာ ၇ရက္သားသမီး ေဟာစာတမ္း

#တနဂၤေႏြ

ဒီကာလအတြင္း အိမ္နီးခ်င္းေၾကာင့္၊ပတ္ဝန္းက်င္ေၾကာင့္ အနီအနားကလုပ္ငန္းၿပိဳင္ေတြေၾကာင့္ စိတ္ညစ္ စိတ္ ရႈပ္ရတတ္ပါတယ္။ အိမ္ေထာင္စုအတြင္း၊မိသားစုအတြင္း မေျပလည္စရာမ်ားကိုၾကားဝင္ေျဖရွင္းေပးျခင္း ေတြအထူးေဆာင္႐ြက္ႏိုင္ပါတယ္။ ဘုရားဖူးခရီးမ်ားထြက္ျခင္း၊ေဒသႏၲရ ဗဟုသုတမ်ားရွာေဖြျခင္းမ်ိဳးေတြ အထူး ေဆာင္႐ြက္ႏိုင္ပါတယ္။ႏိုင္ငံျခားနဲ႔ဆက္စပ္ေသာလုပ္ငန္း၊ခရီးသြားလုပ္ငန္းမ်ား အထူးတိုးတတ္ပါလိမ့္မယ္။

အဖိုး တန္ ပစၥည္းမ်ား ဝယ္ယူျခင္း၊စုေဆာင္းျခင္းေတြကိုလဲ အထူးေဆာင္႐ြက္ႏိုင္ပါတယ္။မိခင္၊အေဒၚႀကီးေတာ္မ်ားထံမွ အကူ အညီေကာင္းေတြရလာတတ္ပါတယ္။ အေဝးကေနအဆက္အသြယ္ေကာင္းေတြရလာတတ္သလို၊ အေဝးမွာ ခ်ဲ႕ ထြင္ထားတဲ့အလုပ္ေတြဆီကေနလဲ အက်ိဳးအျမတ္ေတြရလာတတ္ပါတယ္။က်န္းမာေရးကေတာ့ ေျခေထာက္၊ခါး ႏွင့္ ေသြးဓမၼတာနဲ႔ပတ္သက္ေသာေရာဂါမ်ားကိုအထူးသတိထားလိုက္ေစခ်င္ပါတယ္။ အခ်စ္ေရးကိစၥေတြကေတာ့ ၾကည္ႏူးစရာေပ်ာ္စရာအျပည့္ပါပဲ။

အိမ္ေထာင္ေရးမွာေတာ့ အလုပ္ေတြေၾကာင့္ အိမ္ေထာင္ဘက္နဲ႔ မ်က္ႏွာခ်င္း ဆိုင္ရခ်ိန္နည္းေနပါလိမ့္မယ္။ ပညာေရးကေတာ့ သင္ယူတတ္ေျမာက္လြယ္မဲ့ကာလပါပဲ။ ဘာသာစကားႏွင့္ပတ္ သက္ေသာပညာမ်ားႏွင့္ ေပါ့ေပါ့ပါးပါးသင္ယူလို႔ရမဲ့ပညာေတြကိုဦးစားေပးသင္ၾကားေစခ်င္ပါတယ္။အက်ိဳးေပးဂဏန္း ၂၉၆အထူးေဟာ ကံညံ့ေနတာမ်ိဳးေတြလဲ အနည္းငယ္ေလာက္ႀကဳံရတတ္ပါတယ္။ယၾတာ ႀကံရည္ဘုရားကပ္လႉပါ

#တနလၤာ

ဒီကာလအတြင္းအၿပိဳင္အဆိုင္အတိုက္အခိုက္ေတြမ်ားေနတတ္ပါတယ္။အေဝးကေဆြမ်ိဳးေတြေၾကာင့္လဲ စိတ္ညစ္စရာေတြႀကဳံရတတ္ပါတယ္။အိုးသစ္အိမ္သစ္ဝယ္ယူျခင္းေတြ၊လုပ္ငန္းသစ္စတင္ျခင္းေတြ၊ေနရာသစ္မွာစတင္ ေန ထိုင္ျခင္းေတြအထူးေကာင္းပါတယ္။ ရန္အႏၲရာယ္မ်ားျခင္းႏွင့္ က်န္းမာေရးအားနည္းျခင္း ေတြကိုလဲ ခံစားရ တတ္ ပါတယ္။ ဦးေႏွာက္အာ႐ုံေၾကာနဲ႔ပတ္သက္ေသာ ေရာဂါမ်ားသတိထားပါ။ ေသြးလည္ပတ္ မႈေကာင္းေစဖို႔ ေဆာင္႐ြက္သင့္တဲ့ကာလပါပဲ။

ကိုယ္တိုင္က်န္းမာေရးမညံ့သူေတာင္မွ မိသားစုအိမ္သားေတြက်န္းမာေရးညံ့ဖ်င္း တာ မ်ိဳး ေတြႀကဳံရတတ္ပါတယ္။ မေရရာနဲ႔ အက်ိဳးမရွိတဲ့ကိစၥေတြမွာေတာ့ အခ်ိန္ကုန္လူပန္းျဖစ္ရ တတ္ပါတယ္။ ခရီး တိုသြားျခင္းေတြ၊ ေနရာထိုင္ခင္းႏွင့္ အိမ္အလွဆင္

ျခင္း၊အိမ္အတြင္းပစၥည္းအထားအသိုေျပာင္း လဲျခင္းေတြ အထူး ေဆာင္႐ြက္လို႔ေကာင္းတဲ့ေန႔ရက္ေတြပါပဲ။အခ်စ္ေရးကိစၥေတြမွာလဲ ပြင့္လင္းျမင္သာမႈေတြရွိဖို႔လို အပ္ပါ တယ္။

မႀကိဳက္တဲ့အခ်က္ေတြကိုထုတ္ေဖာ္ဖြင့္ေျပာၿပီး ညႇိႏႈိင္းေဆာင္႐ြက္ေစ ခ်င္ပါတယ္။ အိမ္ေထာင္ေရးနဲ႔ပတ္သက္ၿပီး ကိုယ္တိုင္ကအိမ္ေထာင္ဦးစီးမဟုတ္ရင္ေတာ့ အိမ္ေထာင္ဦးစီးတာဝန္ေတြကိုထမ္းေဆာင္ေနရတတ္ပါတယ္။ ပညာ ေရးနဲ႔ပတ္သက္ၿပီး ေခါင္းေဆာင္မႈႏွင့္ပတ္သက္ေသာပညာမ်ား၊ စီမံ ခန႔္ခြဲမႈႏွင့္ပတ္သက္ေသာ ပညာမ်ား သင္ယူ လို႔အလြန္ပဲေကာင္းပါတယ္။အက်ိဳးေပးဂဏန္း ၆၀၇အထူးေဟာ က်န္းမာေရးဂ႐ုစိုက္ပါ။ယၾတာ သရက္သီးမဆလာဘုရားကပ္ပါ

#အဂၤါ

ဒီကာလအတြင္းစိတ္ကူးပုံေဖာ္ထားတဲ့ကိစၥေတြကို လက္ေတြအေကာင္အထည္ေဖာ္ေဆာင္႐ြက္ႏိုင္ပါလိမ့္မယ္။ အေကာင္းဆုံးေတြႏွင့္ အဆိုးဆုံးေတြၾကားထဲကားယားခြထိုင္ေနမိတတ္တဲ့ကာလပါပဲ။ ဒါေၾကာင့္မိမိလမ္းေ႐ြးတာ မွန္ဖို႔အထူးလိုအပ္ပါတယ္။ သူမ်ားေတြရဲ႕အေျပာေတြမွာနားမေယာင္မိဖို႔အထူးလိုအပ္ပါတယ္။ ဒီကာလမွာမိမိဆုံး ျဖတ္ခ်က္ကသာအမွန္ဆုံးျဖစ္ေနပါလိမ့္မယ္။ဝန္ထမ္မ်ားမိမိရရွိထားတဲ့အလုပ္ရာထူးႏွင့္ လုပ္ပိုင္ခြင့္အေပၚမွာမနာ လိုအပုပ္ခ်သူေတြလဲရွိေနတတ္ပါတယ္။

ကိုယ္ပိုင္လုပ္ငန္းေတြမွာလဲ မိမိတို႔ရဲ႕လုပ္ငန္းၿပိဳင္ေတြ၊ မိမိတို႔အနီးအနား မွာဖြင့္ထားတဲ့လုပ္ငန္းတူေတြရဲ႕ မနာလိုတိုက္ခိုက္တာကိုခံရတတ္ပါတယ္။ မိသားစုအတြင္းမွာေတာ့ ညီအကိုေမာင္ ႏွမအခ်င္းခ်င္း စိတ္ဝမ္းကြဲစရာမ်ားအထူးႀကဳံေနရတတ္ပါတယ္။

ကိုယ္လိုခ်င္တဲ့ပန္းတိုင္ေသခ်ာေတြ႕ျမင္ၿပီးေတာ့ အေကာင္းဆုံးလုပ္ေဆာင္သြားႏိုင္ပါလိမ့္မယ္။ ပရဟိတအလုပ္မ်ား၊လူမႈကယ္ဆယ္ေရးအလုပ္မ်ားလဲ ပါဝင္ကူညီ ေပးရတတ္ပါတယ္။ က်န္းမာေရးႏွင့္ပတ္သက္ၿပီး အေရျပားနဲ႔ပက္သက္ေသာေရာဂါေတြကိုသတိထားလိုက္ေစ ခ်င္ ပါတယ္။

အပူနာမ်ား ဝက္ၿခံမ်ား၊အနာစိမ္းမ်ားေပါက္တတ္ပါတယ္။ အခ်စ္ေရးကိစၥေတြမွာေတာ့ စန္းအားေကာင္း ေနတဲ့ ကာလပါပဲ။ တစ္ဦးထက္မကေသာ အခ်စ္ေရးမ်ိဳလဲႀကဳံေနရတတ္ပါတယ္။ online ကေနခ်စ္သူသစ္ရတာမ်ိဳး ေတြႀကဳံေနရတတ္ပါတယ္။ အိမ္ေထာင္ေရးသာယာပါလိမ့္မယ္။ ပညာေရးနဲ႔ပတ္သက္ၿပီးေတာ့လဲ စိတ္ကူးသစ္ေတြ ရလာ တတ္ပါတယ္။အက်ိဳးေပးဂဏန္း ၁၃၇အထူးေဟာ ကံျမင့္မားေနမယ္။ယၾတာ အုန္းႏို႔ေခါက္ဆြဲဘုရားကပ္ပါ။

#ဗုဒၶဟူး/ရာဟု

ဒီကာလအတြင္းကံၾကမၼာကမထင္မွတ္ဘဲ အေကာင္းဘက္ကိုေရာက္ရွိပါလိမ့္မယ္။ မရည္႐ြယ္ဘဲနာမည္ ဂုဏ္ သတင္းအထူးတိုးတတ္ျခင္းႏွင့္ ေအာင္ျမင္ျခင္းေတြကိုလဲႀကဳံရတတ္ပါတယ္။ ဒါေၾကာင့္ပဲဒီကာလမွာ စိတ္ ေကာင္း ေမြး ပါ။ ေစတနာေကာင္းထားပါ။ ေသခ်ာေပါက္တိုးတတ္ပါလိမ့္မယ္။ တရားတေဘာင္ႏွင့္ ပတ္သက္ေသာ ကိစၥမ်ားလဲ အႏိုင္ရတတ္ပါတယ္။ ျပႆနာေဟာင္း၊ေႂကြးေဟာင္းေတြရွိရင္လဲ ေျပလည္ေအာင္စြမ္းေဆာင္ ႏိုင္မဲ့ ကာလပဲျဖစ္ပါတယ္။

ေလွာင္ထားတာၾကာေနၿပီျဖစ္တဲ့ပစၥည္းမ်ား၊ေရာင္းမထြက္တဲ့ပစၥည္းမ်ား အလ်င္အျမန္ ေရာင္း ထြက္သြား ပါ လိမ့္မယ္။ေရာင္းခ်င္တဲ့အိမ္ၿခံကားေတြရွိရင္ ဒီကာလမွာေရာင္းထြက္ဖို႔အၾကာင္းဖန္လာတတ္ပါတယ္။ ေငြေၾကးနဲ႔ပတ္ သက္ေသာကံအထူးေကာင္းပါလိမ့္မယ္။ေငြအစုလိုက္ဝင္လာတတ္ပါတယ္။ မိမိလုပ္ငန္းနဲ႔ ပတ္သက္ ၿပီး လူသိမ်ားေအာင္ ေၾကာ္ျငာျခင္းမ်ားလဲ အထူးေဆာင္႐ြက္ႏိုင္ပါတယ္။ က်န္းမာေရးကေတာ့ အထူးသျဖင့္ ေရာဂါ ေဟာင္း၊ေဝဒနာေဟာင္းေတြအထူးပဲေတြ႕ႀကဳံရတတ္ပါတယ္။ ျဖစ္တတ္တဲ့ေရာဂါျဖစ္တာေၾကာင့္ ေသာက္ရမဲ့ ေဆး ေလး ေသာက္ ျခင္းျဖင့္သက္သာသြားပါလိမ့္မယ္။

အခ်စ္ေရးကိစၥေတြမွာေတာ့ နားလည္မႈေတြတစ္ေယာက္နဲ႔ တစ္ေယာက္ရွိပါ လိမ့္မယ္။ အနာဂတ္အတူလက္တြဲဖို႔တိုင္ပင္ေဆာင္႐ြက္သင့္တဲ့ကာလပါပဲ။ အိမ္ေထာင္ေရးကိစၥ ေတြ မွာေတာ့ အညံ့ အဆိုးနည္းပါလိမ့္မယ္။ အိမ္ေထာင္ေရးအထူးသျဖင့္သာယာပါလိမ့္မယ္။ ပညာေရးနဲ႔ပတ္သက္ ၿပီးေတာ့လဲ ႀကိဳးစား သမွ်အရာထင္ေအာင္ျမင္ပါလိမ့္မယ္။အက်ိဳးေပးဂဏန္း ၁၂၄အထူးေဟာ ကံျမင့္မားေနမယ္ယၾတာ ကေလးတစ္ဦးကို ကစားစရာပစၥည္းတစ္မ်ိဳးမ်ိဳးဝယ္ေပးလိုက္ပါ။

#ၾကာသပေတး

ဒီကာလဟာဘာျဖစ္ျဖစ္အခ်ိန္ဆြဲလုပ္သင့္ပါတယ္။ အေရးႀကီးတဲ့အလုပ္ေတြလုပ္ရာမွာလဲ အခ်ိန္ယူ စဥ္းစား ၿပီးမွပဲလုပ္ကိုင္ေစခ်င္ပါတယ္။အေလာတႀကီးလုပ္ေလ အမွားမ်ားေလျဖစ္ရတတ္ပါတယ္။ ေခါင္းေအးေအးထား ၿပီးလုပ္မွပဲအဆင္ေျပပါလိမ့္မယ္။ အိမ္ေမြးတိရိစာၦန္ေတြကိုအေၾကာင္းျပဳၿပီးေတာ့ စိတ္ရႈပ္စရာေလးေတြႀကဳံေနရ တတ္ပါတယ္။ မိမိကိုမနာလိုတဲ့သူေတြက ရန္လုပ္တာမ်ိဳးေတြရွိပါလိမ့္မယ္။ စိတ္ခံစားခ်က္အတိုင္းတုန႔္ျပန္မိတယ္ ဆိုရင္ေတာ့ ျပႆနာႀကီးသြားတတ္ပါတယ္။

ရပ္ေဝးကအဆက္အသြယ္ေကာင္းေတြရလာတတ္ပါတယ္။ ႏိုင္ငံျခား သြားဖို႔စီစဥ္ထားသူမ်ားသတင္းေကာင္းၾကားရတတ္ပါတယ္။ ႏိုင္ငံျခားခရီးစဥ္မ်ားအဆင္ေျပေျပနဲ႔ သြားရတတ္ပါ တယ္။ လူမ်ိဳးျခားတစိမ္းတရံေတြဆီကေနအကူအညီေကာင္းေတြရလာမဲ့ကာလပါပဲ။ အေရာင္းအဝယ္ကိစၥေတြမွာ ေတာ့ သတိထားလုပ္ကိုင္ပါ။ ေရာင္းမွားဝယ္မွားေတြအလြန္ပဲျဖစ္ရတတ္ပါတယ္။ အထင္လြဲခံထားရတဲ့ကိစၥမ်ား၊ စကားရႈပ္ထားတဲ့ကိစၥမ်ား၊တအုံးေႏြးေႏြးခံစားေနရတဲ့ကိစၥမ်ားကို ထိပ္တိုက္ရင္ဆိုင္ေျဖရွင္းလို႔အထူးေကာင္းတဲ့ ကာလအပိုင္းအျခားပါပဲ။

က်န္းမာေရးကေတာ့ အညံ့မရွိေပမဲ့ စိတ္ေထာင္းကိုယ္ ေၾကဆိုတာမ်ိဳးေတြအလြန္မွျဖစ္ရ တတ္ပါတယ္။ အခ်စ္ေရးကိစၥေတြမွာေတာ့ အဆိုးေတြရွိေနခဲ့ရင္ အေကာင္းဘက္ ကိုေရာက္ရွိပါလိမ့္မယ္။ ခ်စ္သူ ရဲ႕နားလည္မႈ၊ခြင့္လႊတ္မႈေတြကိုျပန္လည္ရရွိပါလိမ့္မယ္။ အိမ္ေထာင္ေရးမွာေတာ့ သေဘာထားမတိုက္ဆိုင္တဲ့ ကိစၥ ေတြ မ်ားေနတတ္ပါတယ္။ ပညာေရးအေပၚမွာ မိမိကိုယ္တိုင္ကစိတ္ပါဝင္စားမႈ နည္းေနပါတယ္။ အက်ိဳးေပးဂဏန္း ၉၃၂အထူးေဟာ စိတ္ညစ္စရာေလးေတြရွိေနတတ္ပါတယ္။ယၾတာ ၾကက္သားဆီျပန္ဟင္းနဲ႔ဘုရားဆြမ္းကပ္ပါ

#ေသာၾကာ

ဒီကာလအတြင္းမတင္မက်ျဖစ္စရာမ်ား၊ေတြေဝဒြိဟျဖစ္စရာမ်ားႀကဳံရတတ္ပါတယ္။ မိမိအေနနဲ႔ေခါင္းေအး ေအးထားၿပီးေတာ့လဲ ဆုံးျဖတ္ေစခ်င္ပါတယ္။ အေရးႀကီးတဲ့ကိစၥေတြကိုလဲ အလ်င္စလိုမဆုံးျဖတ္ေစခ်င္ပါဘူး။ တရားတေဘာင္ရင္ဆိုင္ေနရသူမ်ား၊အေမြနဲ႔ပတ္သက္ၿပီးေတာ့လဲ အမႈရင္ဆိုင္ေနရသူမ်ား အေျခအေနေကာင္း ေတြ ႀကဳံရတတ္ပါတယ္။ေငြေဟာင္း၊အေႂကြးေဟာင္းေတြ ျပန္လည္ေတာင္းခံႏိုင္မဲ့ကာလလဲျဖစ္ပါတယ္။ ရည္႐ြယ္ခ်က္ အေဟာင္းေတြ၊ လုပ္လက္စအလုပ္ေတြရွိေနရင္လဲ ျပန္လည္လုပ္ကိုင္ျခင္းျဖင့္ အဆင္ေျပၿပီးေျမာက္မႈေတြရွိပါ လိမ့္မယ္။

ညႇိႏႈိင္းဖ်န္ေျဖေပးျခင္း၊ ၾကားဝင္ေစ့စပ္ေပးျခင္းမ်ား ေဆာင္႐ြက္ေပးလို႔ အလြန္ေကာင္းပါတယ္။ မထင္ မွတ္ ထားတဲ့ေငြမ်ား၊ အသုံးအေဆာင္အဖိုးတန္ပစၥည္းမ်ားလဲ ဝင္လာတတ္ပါတယ္။ ပစၥည္းအလဲအထပ္လုပ္တာ၊ ပစၥည္းအေရာင္းအဝယ္လုပ္တာမ်ိဳးေတြဒီကာလမွာအထူးေဆာင္႐ြက္လို႔ေကာင္းပါတယ္။ဆရာသမားကဲ့သို႔ေသာ ပုဂၢိဳလ္ မ်ားထံကေန အကူအညီေကာင္းေတြရလာတတ္ပါတယ္။

အခ်စ္ေရးကိစၥေတြမွာ ေတာ့ ခ်စ္သူေဟာင္းနဲ႔ ျပန္လည္ အဆင္ေျပရတတ္ပါတယ္။ အိမ္ေထာင္ေရး မွာေတာ့ အိမ္ေထာင္ဘက္ရဲ႕ လာဘ္မျမင္မႈေတြေၾကာင့္ပဲ အက်ိဳးစီးပြားေတြထင္သ ေလာက္မျဖစ္တာမ်ိဳးေတြႀကဳံေနရတတ္ပါတယ္။ ပညာေရးနဲ႔ပတ္သက္ရင္ေတာ့ စိတ္ စြမ္းအားကိုထက္ျမက္ေစမဲ့ ပညာမ်ားကိုသင္ယူလိုက္ပါ။အက်ိဳးေပးဂဏန္း ၃၄၆အထူးေဟာ သေျပပန္းဘုရားကပ္လႉပါယၾတာ ဒဏ္ေၾကလိမ္းေဆးတစ္ဗူးလိုအပ္သူကိုလႉပါ

#စေန

ဒီကာလအတြင္းလူခ်စ္လူခင္အလြန္ပဲမ်ားေနတတ္ပါတယ္။ မိမိျဖစ္ခ်င္တာေတြကိုကူညီမဲ့သူေတြနဲ႔ႀကဳံေနရ တတ္ပါတယ္။ အုပ္ထိန္းသူေတြကို မိမိလိုခ်င္တာေတြပူဆာလို႔အလြန္ေကာင္းတဲ့ ကာလပါပဲ။ ေငြေၾကးနဲ႔ပတ္သက္ ၿပီး ေတာ့လဲ စုေဆာင္းလို႔အလြန္ေကာင္းတဲ့လပါပဲ။ ေငြစုစာအုပ္လုပ္ၿပီးစတင္စုေဆာင္းတာပဲျဖစ္ျဖစ္၊ စုဘူးနဲ႔ ေငြစု တာ မ်ိဳးပဲျဖစ္ျဖစ္ေဆာင္႐ြက္ႏိုင္ပါတယ္။ စိတ္နဲ႔ပတ္သက္တဲ့ေလ့က်င့္ခန္းမ်ားေဆာင္႐ြက္ႏိုင္ပါလိမ့္မယ္။ ေငြရွာပါ။ ေပ်ာ္စရာခရီးမ်ား၊စိတ္ခ်မ္းသာစရာ ခရီး မ်ားလဲသြားရတတ္ပါတယ္။

သူငယ္ခ်င္းေတြနဲ႔ပဲျဖစ္ျဖစ္၊ မိသားစုနဲ႔ပဲ ျဖစ္ ျဖစ္ ေပ်ာ္ဘုရားဖူးခရီးသြား ရတာမ်ိဳးေတြႀကဳံရတတ္ပါတယ္။ ဒီကာလမွာလဲ အလုပ္ေတြကိုခဏေမ့ထားၿပီး စိတ္ အပန္းေျဖလို႔ အထူးေကာင္းတဲ့ကာလ လဲျဖစ္ပါတယ္။က်န္းမာေရးနဲ႔ပတ္သက္ၿပီးေတာ့လဲ အထူးေကာင္းပါ တယ္။ ေဆးဝါးဓာတ္စာေတြစတင္စားေသာက္ တာမ်ိဳးေတြလဲျပဳလုပ္ႏိုင္မဲ့ကာလပဲျဖစ္ပါတယ္။ ေရာဂါရွာေဖြျခင္းေတြ၊ medical checkupလုပ္ျခင္းမ်ိဳးေတြအထူးေဆာင္ ႐ြက္လို႔ေကာင္းတဲ့ကာလျဖစ္ပါတယ္။

အခ်စ္ေရးႏွင့္ပတ္သက္ၿပီး ေတာ့လဲ အမွတ္ရစရာ၊ေပ်ာ္စရာအေကာင္းဆုံးကာလ လဲျဖစ္ပါတယ္။အိမ္ေထာင္ေရးကိစၥေတြမွာေတာ့ အဆင္ေျပ တိုးတတ္မႈေတြရွိပါလိမ့္မယ္။ အဆင္မေျပတာေတြကို ညႇိႏႈိင္းလို႔အေကာင္းဆုံးကာလပါပဲ။ ပညာေရးနဲ႔ပတ္သက္ရင္ ေတာ့ အသက္ေမြးမႈနဲ႔ပတ္သက္ေသာပညာရပ္မ်ိဳးေတြကို ေလ့လာသင္ယူသင့္တဲ့ကာလပါပဲ။အက်ိဳးေပးဂဏန္း ၄၅၈အထူးေဟာ ေငြရွာလို႔ေကာင္းတဲ့ကာလပါပဲ။ယၾတာ လက္ဖက္ရည္နဲ႔ လမုန႔္ဘုရားကပ္လႉပါ။

၇ရက္သားသမီးအေပါင္း ရန္သူမ်ိဳးငါးပါးေဘးမွ ကင္းေဝးႏိုင္ၾကပါေစ ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ) 0977 5555 695

Leave a Reply

Your email address will not be published. Required fields are marked *