ဗေဒင်
တနင်္ဂနွေသားသမီးများအတွက်၂၀၂၃ ခုနှစ် (၂)လပိုင်း ဖေဖော်ဝါရီလ ဟောကိန်း
တနင်္ဂနွေသားသမီးများအတွက်၂၀၂၃ ခုနှစ် (၂)လပိုင်း ဖေဖော်ဝါရီလ ဟောကိန်း
တနင်္ဂနွေသားသမီးများ ဖွားသူတို့သည် ဤလ (၁)ရက်မှ(၁၈)ရက်အထိ မိမိလုပ်ငန်းကိစ္စများနှင့်လူမှုရေး,စီးပွားရေးများ အခွင့်အရေးလမ်ကောင်းနဲ့ ဆွေမျိုးအသိုင်းအဝိုင်းထံမှ အကူအညီအထောက်အပံ့ရမည်။ ဘုရားဖူးထွက်တာမျိုး,အလှူအတန်းကိစ္စ
အတွက် ခရီးထွက်တာမျိုး ကြုံရတတ်ပါသည်။
ရပ်ဝေးခရီး နိုင်ငံရပ်ခြားခရီးသွားတာမျိုးလည် ကြုံတွေရတတ်သည်။အလှကုန်ပစ္စည်းဖြန့်ချိခြင်း, စုရှယ်ယာဝင်ခြင်း၊ အိမ်ပြောင်း၊တိုက်ခန်းရောင်းဝယ်များ တို့လုပ်ငန်းများ အကျိူပြူမယ်။သင်သည် သင့်ရဲ ပတ်ဝန်းကျင်မှာ တန်းခိုးသြဇာတွေ မြင့်တတ်လာမယ်။ကောင်းသော ဂုဏ်သတင်းတွေ့နဲကျော်လာမယ်။
ပျော်စရာကောင်းတယ်အလုပ်တွေကိုလည်း လုပ်ရပါလိမ့်မယ်။
စီးပွားရေး………..
ယာဉ်နှင့်စက်ပစ္စည်းရောင်းဝယ်ခြင်း,အိမ်ဆောက်ပစ္စည်းနှင့်သံထည်ပစ္စည်းရောင်းဝယ်ခြင်း ,အလှကုန်ပစ္စည်းဖြန့်ချိခြင်း, စက်ပစ္စည်းရောင်းဝယ်ခြင်း၊အစု ရှယ်ယာဝင်ခြင်း၊ အိမ်ပြောင်း၊တိုက်ခန်းရောင်းဝယ်များ တို့လုပ်ငန်းများ အကျိူးအမြတ်ရမည်။
အရှေ့မြောက်လာဘ် ခရီးသွားလာခြင်း၊အင်တာဗျူး၊အလုပ်သစ်လျှောက်တွေ့ဆုံဆွေးနွေးခြင်း၊ ခွဲစိတ်ကုသခြင်း ကောင်း၏။အနောက်တောင်နတ် ခရီးသွား လာခြင်း၊တွေ့ဆုံဆွေးနွေးခြင်း၊ ခွဲစိတ်ကုသခြင်း နှင့် စာချူပ်စာတမ်းလက်မှတ်ရေးထိုးခြင်းတို့ ရှောင့်သင့်၏။
လူမှုရေး………..
ရပ်ဝေးမှ အဆက်အသွယ်ကောင်း၊ အချိတ်အဆက်ကောင်းများ ရရှိမည်။ စာချုပ်စာတမ်းကိစ္စ၊ စာရင်းဇယားကိစ္စ စီစဉ်ထားသူများ အောင်မြင်စွာ ချုပ်ဆို ဆောင်ရွက်နိုင်လိမ့်မည်။ တရားရုံးအမှုအခင်းတို့နှင့် ရင်ဆိုင်ပတ်သက်နေသူများ ဒီကာလတွင် အပြီးအပြတ်လုပ်နိုင်ပါက အောင်မြင်ပါလိမ့်မည်။
ဘာသာရေးအလုပ်များ ဖိလုပ်နေရတတ်သည်။ ဘာသာရေးလုပ်လေ ကံကောင်းလေ ဖြစ်သော ကာလအပိုင်းအခြားဖြစ်သည်။(၁၈)ရက်ကျော်ပြိး နှောက်ပိုင်းများ၏ မိမိကံ အကောင်းအဆိုးဒွန်တွဲနေတာပါ မိမိလုပ်ငန်းကိစ္စများနှင့် လူမှုရေးဂဏ္ဍာများ အထူသတိထားဆောင်ရွက်ရမယ်ကာလဖြစ်၏။
လုပ်ငန်းရှင်းများ အရှုံးပေါ်အံ့.အတိုက်အခိုက်အခံနှင့် ယှဥ်ပြိုင်တိုက်ခိုင်းခြင်း ကြုံတွေ့ရမည်။လူယုံတွေနဲ့ အိမ်နီးခြင်း၊ အလုပ်ဝန်းကျင်မှ မျက်နှာစိမ်းများကို သတိထား မထင်မှတ်ဘဲ သူတစ်ပါး၏အစွပ်စွဲခံရ တတ်သည်။ စာချူပ်စာတမ်းလက်မှတ်ရေးထိုးခြင်းတို့ ရှောင့်သင့်၏။
ဖခင်၊ အစ်ကိုတို့နှင့်ပတ်သက်၍ စိတ်ဆင်းရဲစရာများ ကြုံတွေ့ရတတ်သည်။မမျှော် လင့်ဘဲ အနာရောဂါများလည်း ကပ်ငြိတတ်သည်။လောင်းကစားများတွင် လည်း လုံး၀အကျိုးမရှိနိုင်သည်ကို သတိပြုရမည်။ ရသမျှငွေကြေးများ ကုန်ဆုံးတတ်သည်။
ပညာရေး………..
ပညာရေးတွင် လုပ်ငန်းခွင်နှင့်ရောထွေးမှုများ ဝင်လာတတ်သည်။ အပေါင်းအသင်းနှင့်အပျော်အပါးလိုက်စားခြင်းများ အထူးရှောင့်သင့်၏။ဝန်ထမ်းလုပ်ကိုင်သူများအနေနဲ့ အထက်ဖား အောက်ဖိတွေကြောင့် အတော်လေး စိတ်သောက ရောက်နေရတတ်ပါတယ်။
အချစ်ရေး……….
ပျိူရွယ်သူများ ဖူးစာရှင်အသစ်နှင့် တွေ့ပြိး စေ့စပ်ကြောင်းလမ်းများရှိမည်။ခရီးထွက်ရန်စိတ်ကူးပေါ်လာတတ်သည်။စက်ပစ္စည်းအဟောင်းအသစ်များဝင် အဖိုးတန်းလက်ဆောင်ရရှိမည်။၂ဝ၂ ၁၂၃-ခုနှစ် ဖေဖော်ဝါရီလ(၁၁)ရက်ကျော်ပြိး မိမိထံချစ်သူထံ ကောင်းသတင်းများ ကြားရမည်။အချိန်ကာလ အတော်ကြာကြာ ဝေးကွာနေသူများနှင့်ပြန်လည်ဆုံစည်းရကိန်းရှိ၊ အဆက်အသွယ်ရခြင်းများ ကြုံမည်။
february အမှတ်ရနေ့ အတွက် ကြည်နှုးစရာ၊ အပန်းဖြေခရီးသွားဖို့, အပျော်ခရီးထွက်ဖို့ ပန်ကြားခံရမယ်။လိုက်လျော့လိုက်ပါ ပျော်ရွင်ရမည် သို့သော် မိမိဘဝကို အမှည့်စက်မဖြစ်အောင်တော့ ထိန်းသိမ်းရမယ်။
အိမ်ထောင်ရေး……….
ရှေ့လ ပျော်ရွင်စရာများ မွေးနေ့များနှင့် အသိုင်းအဝိုင်းဆွေးမျိူး အလည်အပတ်လာရောက် ပျော်နေပြိး သို့သော် “လ” အစကောင်းပြိး (၁၈)ရက်ကျော်ပြိး နှောက်ပိုင်းများ၏ မိမိကံ အကောင်းအဆိုးဒွန်တွဲနေတာပါ…ကိုယ့်ရဲ့ အပြုအမူကြောင့်ဘဲ အိမ်ထောင်ရေး ပြဿနာ ဖြစ်ပေါ်တတ်တယ်။
အိမ်ထောင်ရေးမှာ တစ်ဖက်သားက စိတ်ကုန်သွားတတ်တယ်။ မိမိတွေးထင်သလောက်၊ကြိုစားသလောက် အဆင်မပြေတဲ့ အနေထားမျိုးဖြစ်နေချိန်,အိမ် ထောင်ဖက် အပေါ် အနိုင်ယူပြောဆိုခြင်း၊အပြစ်တင်ခြင်းအလွန်အကျွံ ပြောဆိုတာမျိုး မလုပ်ပါနဲ့ကိုယ့်ရဲ့ ဒေါသကိုထိန်းပါ။ အမျိုးသားများအဖို့ ဇနီးမယား အိမ်ပေါ်ကဆင်းသွားတတ် ပါတယ်။
အိမ်ထောင်ရှင်များအတွက် မိသားစု နွေးထွေစွာ ဆက်ဆံပါ။ စည်းလုံးညီညွတ်ခြင်းဖြင့် စည်းစိမ်ဥစ္စာ တိုးပွားပါမည်။တနင်္ဂနွေသားသမီးများ ဖွားသူတို့သည် မိမိတို့၏အချစ်နှင့်အိမ်ထောင်ရေး.. နေနံအတွဲများကတော့ (ကြာသပတေး,သောကြာ,အင်္ဂါ) အထူးကံကောင်းမည်။
သို့သော် တနင်္ဂနွေသားသမီးများ ဖွားသူတို့သည် မိမိတို့၏အချစ်နှင့်အိမ်ထောင်ရေး.. နေနံအတွဲများကတေ (ဗုဒ္ဓဟူး-,စနေ,တနင်္လာ) ညံလိမ့်မည်, အထူး အသက် ၂၀၊၂၁၊၂၄၊၂၇၊ ၄၁၊၄၂၊၄၀၊၄၇နှစ် ဤအသက်ပိုင်း နှစ်ခြားများကတော့ ကံဆိုးလိမ့်မယ်။စိတ်လေးလံမှုကို ခံစားရတတ်သည်။
{စိတ်များနောက်ကျိခြင်း၊ စိတ်ရှုပ်ထွေးခြင်းများ ကြုံတွေ့ရတတ်သည်။ မကောင်းသောအတတ်ဖြင့် ပြုစားထားသကဲ့သို့ ခံစားနေရတတ်သည်။အချစ်ရေးမှာ အထင်လွဲ ပျက်စဲမူများဖြစ်လာတတ်သည်။မိမိချစ်သူနဲ့ မိမိအကြား သူစိမ်းဆန်သလိုဖြစ်နေကာ အေးစက်နေလိမ့်မည်။မိမိနှင့်မိမိချစ်သူကြားရန်မဖြစ်ဖြစ်အောင်ဖန်တီးသူများ ရှိနေမည်။အိမ်ထောင်းရေး တကျက်ကျက်ဖြစ်နေမည်}
ကျန်းမာရေး……….
ကျန်းမာရေးတွင် ကိုယ်စိတ်နှစ်ပါးဖိစီးမှုမကြာခဏခံရတတ်သည်ဖြစ်ပါ၍ ကိုယ်လက်လှုပ်ရှား၊ အားကစားတမျိူးကို အချိန်ကန့်သတ်လုပ်ကိုင်ပါ။အစာအိမ် နှင့် အူးလမ်းကြောင်းဆိုင်ရာရောဂါများ၊ ဦးနှောက်နှင့်အာရုံကြောဆိုင်ရာရောဂါများ ခွဲစိတ်ပြုပြင်ခြင်းများ ကြုံတွေ့ရတတ်၍ အထူးသတိထားသင့်၍ ကြိုတင်ပြင်ဆင် အစေားအသောက် သတိပြုပါ။ ဝေဒနာခံစားရတတ်သည်။
အထူး အသက် ၂၀၊၂၁၊၂၄၊၂၇၊ ၄၁၊၄၂၊၄၀၊၄၇နှစ် ဤအသက်ပိုင်း နှစ်ခြားများကတော့ ကံဆိုးလိမ့်မယ် ခွဲစိတ်ပြုပြင်ခြင်းများ ကြုံတွေ့ရမည်။ မဆိုးရိမ်းရပါ ခွဲစိတ်မှု အောင်မြင်မည်။ ငွေတော့ အကုန်ကျများတတ်လေ တစ်ခုပါ။
၂ဝ၂၃-ခုနှစ် ဖေဖော်ဝါရီလ(၅)ရက်
* ယနေ့ကျောက်ဆစ်ထုခြင်း၊ အားကစားပွဲစတင်ခြင်း၊ရေတွင်းရေကန် တူးဖော်ခြင်း၊ခရီးသွားလာခြင်း၊အင်တာဗျူး၊အလုပ်သစ်လျှောက် တွေ့ဆုံဆွေးနွေးခြင်း၊ ကောင်း၏။
၂ဝ၂ ၁၂၃-ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက် ဤနေ့ယာတစန်းလွတ်၍ခရီးသွားခြင်းကောင်း၏။
* ယနေ့အဝီစိတွင်းတူးခြင်း၊စေ့စပ်၊လက်ထပ်၊ညစက်(၁၁း၃၆)နာရီအတွင်းဝိဝါဟမင်္ဂလာ ပန္နက်ရိုက်၊ကျင်းတူး၊တိုင်ထူ၊မဏ္ဍပ်ဆောက်၊ကလေးထမင်းခွံ၊ထီထိုး၊ခွဲစိတ်ကုသခြင်း၊ထွန်ချ၊မျိုးစေ့ချ ကောင်း၏။
၂၀၂၃-ခုနှစ် ဖေဖော်ဝါရီလ(၁၉)ရက်
* ယနေ့ဘုရားပင့်ဆောင်ခြင်း၊ရှင်ပြု၊ နားသ၊စေ့စပ်၊ကျောက်ဆစ်ထုခြင်း၊ကလေးကမင်း လူမှုရေးကိစ္စဆောင်ရွက်ခြင်း၊ထီထိုး၊ကုမ္ပဏီထူထောင်ခြင်း၊အဝီစိတွင်းတူးခြင်း၊ ဘဏ်စာရင်းတစ်ဖွဲ့ အလုပ်သစ်လျှောက်၊တွေ့ ဆုံဆွေးနွေးခြင်း၊အင်တာဗျူးနှင့် ဘာသာရေးဆောင်ရွက်ခြင်းကောင်း၏
၂၀၂၃-ခုနှစ် ဖေဖော်ဝါရီလ(၂၆)ရက်
* ယနေ့စေတီပုထိုးပြုပြင်ခြင်း၊ရှင်ပြုနားသ၊စေ့စပ်၊လက်ထပ်၊ဆံရိတ်ဆကင်းပွန်းတပ်၊နာမည်မှည့်၊ပရဆေးဖော်၊ဆိုင်းဘုတ်တင်၊ထီထိုး၊ကုမ္ပဏီသစ်ဖွင့်လှစ်ခြင်း၊နည်းပညာတီထွင်ခြင်း အချစ်ရေးစကားပြောဆို ခြင်းကောင်း၏။ယခု ဖေဖော်ဝါရီ လတွင် မိမိလုပ်ငန်းဂဏ္ဍာဆောင်ရွက်ရာ နှင့် ခရီသွားရာတွင် ဘုရားတွင်စတော့ဘယ်ရီဖျော်ရည်(၁)ဘူးလှူပြီး, ဂန္ဓမာပန်း၊စိန်ခြယ်ပန်း၊ကြံညွှန့်များကိုဆောင်သွားပါ။
ကံကောင်းစေသော အကျိူးပေးအရောင် – အစိမ်းရောင်၊နို့နှစ်ရောင်,လိမ္မော်ရောင်၊ကြည်ပြာရောင် ဝတ်ဆင်ပါ။
အကျိူးပေး အက္ခရာ နှင့် ဂဏန်း – (စ.ပ.လ.က) (၃-၅-၄-၉)
ယတြာ – နံနက် (၆း၉)အချိန်တွင် အိမ်ဘုရားမှ ဖယောင်တိုင်(၆)၊ အမွှေးတိုင်(၉)တိုင် ထွန်းပူဇော်။ဂန္ဓမာပန်း၊ကြံညွှန့် စပယ်ပန်း၊ရွှေပန်း၊ငွေပန်းများကို ပူးပေါင်း ညောင်းရေးအိုးထိုး ဘုရားပူဇော်ပါ။ဥပုဒ်သီလဆောက်တည်ခြင်း၊ အဓိဌာန်ဝင်ခြင်းများ ပြုလုပ်ပါ။
ဆရာမင်းသူရ (S.M.TR,Astro)(MDY,မန်းလေး)
09751089826(Viber) 09767817917,09884160606,
Zawgyi
စီးပွားရေး………..
ယာဉ်နှင့်စက်ပစ္စည်းရောင်းဝယ်ခြင်း,အိမ်ဆောက်ပစ္စည်းနှင့်သံထည်ပစ္စည်းရောင်းဝယ်ခြင်း ,အလှကုန်ပစ္စည်းဖြန့်ချိခြင်း, စက်ပစ္စည်းရောင်းဝယ်ခြင်း၊အစု ရှယ်ယာဝင်ခြင်း၊ အိမ်ပြောင်း၊တိုက်ခန်းရောင်းဝယ်များ တို့လုပ်ငန်းများ အကျိုးအမြတ်ရမည်။
လူမှုရေး………..
ပညာရေး………..
အချစ်ရေး……….
အိမ်ထောင်ရေး……….
ရှေ့လ ပျော်ရွင်စရာများ မွေးနေ့များနှင့် အသိုင်းအဝိုင်းဆွေးမျိုး အလည်အပတ်လာရောက် ပျော်နေပြိး သို့သော် “လ” အစကောင်းပြိး (၁၈)ရက်ကျော်ပြိး နှောက်ပိုင်းများ၏ မိမိကံ အကောင်းအဆိုးဒွန်တွဲနေတာပါ…ကိုယ့်ရဲ့ အပြုအမူကြောင့်ဘဲ အိမ်ထောင်ရေး ပြဿနာ ဖြစ်ပေါ်တတ်တယ်။
ကျန်းမာရေး……….
ကံကောင်းစေသော အကျိုးပေးအရောင် – အစိမ်းရောင်၊နို့နှစ်ရောင်,လိမ္မော်ရောင်၊ကြည်ပြာရောင် ဝတ်ဆင်ပါ။
အကျိုးပေး အက္ခရာ နှင့် ဂဏန်း – (စ.ပ.လ.က) (၃-၅-၄-၉)
Leave a Reply
Your email address will not be published. Required fields are marked *