ကြားသိရသမျှ

နာမည်ကြီး ရွှေဆိုင်ဆိုတိုင်း စိတ်ချယုံကြည်ပြီး မျက်စိမှိတ် မဝယ်သင့်တဲ့ အဖြစ် (ဂရုပြုကြပါဗျာ)

လတ်တလောမှာ နာမည်ကြီး ရွှေဆိုင်ဆိုတိုင်း စိတ်ချယုံကြည်ပြီး ရွှေဝယ်မိမယ်ဆိုရင် ပြဿနာဖြစ်နိုင်တဲ့ အဖြစ်ကို ဖော်ပြပေးလိုက်ပါတယ် ခင်ဗျာ။

အခုခေတ်မှာ နာမည်ကြီးရွှေဆိုင်ဆိုပြီး ယုံလို့မရတော့ဘူး။ ဖြစ်ပုံက ဆိုင်ဝန်ထမ်းတွေက ပုံစံတူ အလေးချိန်တူ ရွှေဆွဲကြိုး လက်ကောက်တွေကို အတုလုပ်လာပြီး ဆိုင်က အစစ်နဲ့ လဲလိုက်တယ်။

ရွှေဝယ်သူက ဒါနာမည်ကြီးဆိုင်ပဲ ပြန်ရောင်းလည်း လွယ်တယ်။ ရွှေရည်မှာလည်း စိတ်ချရတယ်ဆိုတဲ့ ယုံကြည်မှုအပြည့်နဲ့ ဝယ်တယ်။ ဝန်ထမ်းက လဲထားတဲ့ ရွှေတုတွေကို ဝယ်မိလို့ ပြန်လာရောင်းတဲ့အခါမှာ ဝယ်ယူသူတွေဘက်က နစ်နာသွားမှုတွေကို ဘယ်လို ဖြေရှင်းပေးကြမလဲမသိဘူး။

ဆိုင်က အစစ်ကို ရွှေတုနဲ့ လဲတဲ့ ဝန်ထမ်းကြောင့် ဝယ်သွားမိတဲ့ ဖောက်သည်က ငွေလိုလို့ ဆိုင်မှာ ပြန်လာသွင်းတဲ့အခါမှာ ရွှေအတု လာရောင်းတယ်ဆိုပြီး စွပ်စွဲပြောဆိုခံရရင် ရွှေလည်း အလိမ်ခံရ၊ ရွှေဝယ်ယူမိသူက လိမ်ပြီး ရွှေတုလာရောင်းတယ်ဆိုပြီး စွပ်စွဲ အရေးယူခံရရင် ဒါဟာ ကောင်းတဲ့ အဖြစ်မျိုးတော့ မဟုတ်ဘူး။

အခုလို ခေတ်ပျက်ကြီးမှာ ဘယ်သူကိုမှ မယုံရတော့ ရွှေဝယ်ရင်တောင် မှတ်တိုက် ရွှေရည်စစ်ပြီးမှ ဝယ်သင့်တဲ့အဖြစ်ရောက်နေပြီ။ ရွှေဆိုင်တွေမှာ သူခိုးဝန်ထမ်းတွေကြောင့် ရွှေတုတွေ ရောရောင်းမိတဲ့ အဖြစ်က အတော်ရှင်းရခက်မည့် အဖြစ်မျိုးပဲ။ (Aung Kyaw Oo)

zawgyi

လတ္တေလာမွာ နာမည္ႀကီး ေ႐ႊဆိုင္ဆိုတိုင္း စိတ္ခ်ယုံၾကည္ၿပီး ေ႐ႊဝယ္မိမယ္ဆိုရင္ ျပႆနာျဖစ္ႏိုင္တဲ့ အျဖစ္ကို ေဖာ္ျပေပးလိုက္ပါတယ္ ခင္ဗ်ာ။

အခုေခတ္မွာ နာမည္ႀကီးေ႐ႊဆိုင္ဆိုၿပီး ယုံလို႔မရေတာ့ဘူး။ ျဖစ္ပုံက ဆိုင္ဝန္ထမ္းေတြက ပုံစံတူ အေလးခ်ိန္တူ ေ႐ႊဆြဲႀကိဳး လက္ေကာက္ေတြကို အတုလုပ္လာၿပီး ဆိုင္က အစစ္နဲ႔ လဲလိုက္တယ္။

ေ႐ႊဝယ္သူက ဒါနာမည္ႀကီးဆိုင္ပဲ ျပန္ေရာင္းလည္း လြယ္တယ္။ ေ႐ႊရည္မွာလည္း စိတ္ခ်ရတယ္ဆိုတဲ့ ယုံၾကည္မႈအျပည့္နဲ႔ ဝယ္တယ္။ ဝန္ထမ္းက လဲထားတဲ့ ေ႐ႊတုေတြကို ဝယ္မိလို႔ ျပန္လာေရာင္းတဲ့အခါမွာ ဝယ္ယူသူေတြဘက္က နစ္နာသြားမႈေတြကို ဘယ္လို ေျဖရွင္းေပးၾကမလဲမသိဘူး။

ဆိုင္က အစစ္ကို ေ႐ႊတုနဲ႔ လဲတဲ့ ဝန္ထမ္းေၾကာင့္ ဝယ္သြားမိတဲ့ ေဖာက္သည္က ေငြလိုလို႔ ဆိုင္မွာ ျပန္လာသြင္းတဲ့အခါမွာ ေ႐ႊအတု လာေရာင္းတယ္ဆိုၿပီး စြပ္စြဲေျပာဆိုခံရရင္ ေ႐ႊလည္း အလိမ္ခံရ၊ ေ႐ႊဝယ္ယူမိသူက လိမ္ၿပီး ေ႐ႊတုလာေရာင္းတယ္ဆိုၿပီး စြပ္စြဲ အေရးယူခံရရင္ ဒါဟာ ေကာင္းတဲ့ အျဖစ္မ်ိဳးေတာ့ မဟုတ္ဘူး။

အခုလို ေခတ္ပ်က္ႀကီးမွာ ဘယ္သူကိုမွ မယုံရေတာ့ ေ႐ႊဝယ္ရင္ေတာင္ မွတ္တိုက္ ေ႐ႊရည္စစ္ၿပီးမွ ဝယ္သင့္တဲ့အျဖစ္ေရာက္ေနၿပီ။ ေ႐ႊဆိုင္ေတြမွာ သူခိုးဝန္ထမ္းေတြေၾကာင့္ ေ႐ႊတုေတြ ေရာေရာင္းမိတဲ့ အျဖစ္က အေတာ္ရွင္းရခက္မည့္ အျဖစ္မ်ိဳးပဲ။ (Aung Kyaw Oo)

Leave a Reply

Your email address will not be published. Required fields are marked *