မိုးလေဝသ

မေလ ၁၂ ရက်နေ့ ရန်ကုန်ကို ဆိုင်ကလုန်းမုန်တိုင်း ဝင်နိုင် (ရက်ရှည် မီးပြတ်နိုင် ကြိုတင်ပြင်ဆင်ကြပါ)

မေလ ၁၂ ရက်နေ့မှာ ရန်ကုန်မြို့ကို ဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်နိုင်မယ့် အခြေအနေအပေါ် မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်ရဲ့ ခန့်မှန်းသုံးသပ်ချက်ကို ဖော်ပြပေးလိုက်ပါတယ်-

ECMWF Model runtime 04MAY0600Z ကြိုတင်ခန့်မှန်းချက် UPDATE-10၊ ECMWF Model runtime 04MAY0000Z နဲ့ 04MAY0600Z တို့အရ မေလ ၈ ရက်နေ့မှာဖြစ်လာမဲ့ လေဖိအားနည်းရပ်ဝန်းက မေလ ၁၁ ရက် ညနေပိုင်းမှာ ဆိုင်ကလုန်းမုန်တိုင်းအဆင့်ရောက်လာပြီး မြောက်-အရှေ့မြောက်ဘက်ကို ဆက်လက်ရွေ့လျားကြောင်း၊ မေလ ၁၂ ရက် ညနေပိုင်းမှာ ဧရာဝတီမြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းကို ဖျာပုံနဲ့ ကွမ်းခြံကုန်းမြို့တောင်ဘက်ကမ်းရိုးတန်းအနီးက ကပ်ပြီးကုန်းတွင်းကို အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းအဆင့်ဖြင့် ဝင်ရောက်နိုင်မယ်လို့ ကြိုတင်ခန့်မှန်းချက်ထွက်လာပါတယ်။

ကုန်းတွင်းကို ဖြတ်ကျော်ဝင်ရောက်ချိန်မှာ မုန်တိုင်းရဲ့အတွင်းစက်ဝန်းအချင်းက မိုင် ၈၀ ရှိတာတွေ့ရပြီး လေတိုက်နှုန်း(Wind Gust) တစ်နာရီ ၁၂၅ မိုင်ခန့်အထိ ရှိနေကြောင်းလဲ တွေ့ရပါတယ်။ မုန်တိုင်းဗဟိုအနီးမှာ လှိုင်းအမြင့် ၂၇ ပေခန့်အထိ ရှိနေပြီး၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းနဲ့ ရန်ကုန်မြစ်ကဲ့သို့ ပင်လယ်ထွက်ပေါက်ရှိမဲ့ မြစ်ချောင်းများအတွင်း မုန်တိုင်းဒီရေ ၁၀ ပေနှင့်အထက် ၁၅ ပေခန့်အထိ တက်လာနိုင်ကြောင်းလဲ တွေ့ရပါတယ်။

ဆိုင်ကလုန်းမုန်တိုင်းဟာ သံလျှင်မြို့ပေါ်က ဖြတ်ပြီး ခရမ်း၊ သုံးခွ၊ ကဇင်း၊ အင်းတကော်၊ ပဲခူး၊ ဝေါ၊ ဒိုက်ဦး၊ ညောင်လေးပင်မြို့ပေါ်က ကုန်းတွင်းမုန်တိုင်းအဆင့်နဲ့ ဆက်လက်ဖြတ်သန်းပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း ဟိုမိန်းနဲ့ မုံးထ ဒေသအထိရောက်ရှိနိုင်ကြောင်းလဲ တွေ့ရပါတယ်။

အခု ECMWF Model ရဲ့ ကြိုတင်ခန့်မှန်းချက်အရ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်တောင်ပိုင်းဒေသအချို့၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းဒေသတော်တော်များများမှာ မိုးသည်းထန်နိုင်မဲ့ အခြေအနေတွေ ဖြစ်ပေါ်နိုင်ပါမယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ချင်းပြည်နယ်နဲ့ ကချင်ပြည်နယ်ဒေသတွေကိုတော့ မုန်တိုင်းအရှိန်သက်ရောက်နိုင်မှာ မဟုတ်ဘူးလို့ တွေ့ရပါတယ်။

အခုတင်ပြခဲ့တဲ့ ကြိုတင်ခန့်မှန်းချက်များဟာ ဒီနေ့ရရှိတဲ့ ECMWF Model မှ နေ့လည် ၁၂၃၀ နာရီမှာ ထုတ်ပြန်လိုက်တဲ့ အချက်အလက်များအပေါ်မှာ သုံးသပ်ခန့်မှန်းပေးတာဖြစ်ပြီး၊ လေဖိအားနည်းရပ်ဝန်းက အမှန်တကယ်ဖြစ်ပေါ်နေခြင်းမရှိသေးပါ။ ဆက်လက်စောင့်ကြည့်ပြီး မုန်တိုင်းဖြစ်လာမဲ့ အခြေအနေ၊ ဦးတည်ရွေ့လျားနိုင်မဲ့ လမ်းကြောင်းနဲ့ မုန်တိုင်းရဲ့ ပြင်းအားတို့ ပြောင်းလဲ ဖြစ်ပေါ်လာနိုင်ချေကို တင်ပြပေးသွားပါဦးမယ်။ (Win Naing) (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

ရန်ကုန်မြို့ကို မုန်တိုင်း ဝင်ရောက်နိုင်တာကြောင့် လျှပ်စစ်မီးများ သေချာပေါက် ပြတ်တောက်မှာ ဖြစ်ပါတယ်။ အဲဒါကြောင့် ဓာတ်ခဲနဲ့ အသုံးပြုရတဲ့ လက်နှိပ်ဓာတ်မီးများ၊ ဘက်ထရီအပိုများ၊ ရှေးဦးသူနာပြု ဆေးသေတ္တာများနဲ့ အခြား လိုအပ်တဲ့ ပစ္စည်းများကို ကြိုတင် ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ မုန်တိုင်းနဲ့ ပတ်သက်ပြီး ကြိုတင်ဆောင်ရွက်သွားရမယ့် အချက်တွေကို သီးခြား ဖော်ပြပေးသွားပါမယ်ခင်ဗျာ။

zawgyi

ေမလ ၁၂ ရက္ေန႔မွာ ရန္ကုန္ၿမိဳ႕ကို ဆိုင္ကလုန္းမုန္တိုင္းဝင္ေရာက္ႏိုင္မယ့္ အေျခအေနအေပၚ မိုးေလဝသ ပညာရွင္ ဦးဝင္းႏိုင္ရဲ႕ ခန႔္မွန္းသုံးသပ္ခ်က္ကို ေဖာ္ျပေပးလိုက္ပါတယ္-

ECMWF Model runtime 04MAY0600Z ႀကိဳတင္ခန႔္မွန္းခ်က္ UPDATE-10၊ ECMWF Model runtime 04MAY0000Z နဲ႔ 04MAY0600Z တို႔အရ ေမလ ၈ ရက္ေန႔မွာျဖစ္လာမဲ့ ေလဖိအားနည္းရပ္ဝန္းက ေမလ ၁၁ ရက္ ညေနပိုင္းမွာ ဆိုင္ကလုန္းမုန္တိုင္းအဆင့္ေရာက္လာၿပီး ေျမာက္-အေရွ႕ေျမာက္ဘက္ကို ဆက္လက္ေ႐ြ႕လ်ားေၾကာင္း၊ ေမလ ၁၂ ရက္ ညေနပိုင္းမွာ ဧရာဝတီျမစ္ဝကြၽန္းေပၚကမ္း႐ိုးတန္းကို ဖ်ာပုံနဲ႔ ကြမ္းၿခံကုန္းၿမိဳ႕ေတာင္ဘက္ကမ္း႐ိုးတန္းအနီးက ကပ္ၿပီးကုန္းတြင္းကို အားေကာင္းေသာဆိုင္ကလုန္းမုန္တိုင္းအဆင့္ျဖင့္ ဝင္ေရာက္ႏိုင္မယ္လို႔ ႀကိဳတင္ခန႔္မွန္းခ်က္ထြက္လာပါတယ္။

ကုန္းတြင္းကို ျဖတ္ေက်ာ္ဝင္ေရာက္ခ်ိန္မွာ မုန္တိုင္းရဲ႕အတြင္းစက္ဝန္းအခ်င္းက မိုင္ ၈၀ ရွိတာေတြ႕ရၿပီး ေလတိုက္ႏႈန္း(Wind Gust) တစ္နာရီ ၁၂၅ မိုင္ခန႔္အထိ ရွိေနေၾကာင္းလဲ ေတြ႕ရပါတယ္။ မုန္တိုင္းဗဟိုအနီးမွာ လႈိင္းအျမင့္ ၂၇ ေပခန႔္အထိ ရွိေနၿပီး၊ ဧရာဝတီျမစ္ဝကြၽန္းေပၚကမ္း႐ိုးတန္းနဲ႔ ရန္ကုန္ျမစ္ကဲ့သို႔ ပင္လယ္ထြက္ေပါက္ရွိမဲ့ ျမစ္ေခ်ာင္းမ်ားအတြင္း မုန္တိုင္းဒီေရ ၁၀ ေပႏွင့္အထက္ ၁၅ ေပခန႔္အထိ တက္လာႏိုင္ေၾကာင္းလဲ ေတြ႕ရပါတယ္။

ဆိုင္ကလုန္းမုန္တိုင္းဟာ သံလွ်င္ၿမိဳ႕ေပၚက ျဖတ္ၿပီး ခရမ္း၊ သုံးခြ၊ ကဇင္း၊ အင္းတေကာ္၊ ပဲခူး၊ ေဝါ၊ ဒိုက္ဦး၊ ေညာင္ေလးပင္ၿမိဳ႕ေပၚက ကုန္းတြင္းမုန္တိုင္းအဆင့္နဲ႔ ဆက္လက္ျဖတ္သန္းၿပီး ရွမ္းျပည္နယ္အေရွ႕ပိုင္း ဟိုမိန္းနဲ႔ မုံးထ ေဒသအထိေရာက္ရွိႏိုင္ေၾကာင္းလဲ ေတြ႕ရပါတယ္။

အခု ECMWF Model ရဲ႕ ႀကိဳတင္ခန႔္မွန္းခ်က္အရ တနသၤာရီတိုင္း၊ မြန္ျပည္နယ္၊ ကရင္ျပည္နယ္၊ ကယားျပည္နယ္၊ ရန္ကုန္တိုင္း၊ ပဲခူးတိုင္း၊ ဧရာဝတီတိုင္း၊ ရခိုင္ျပည္နယ္ေတာင္ပိုင္းေဒသအခ်ိဳ႕၊ မေကြးတိုင္း၊ စစ္ကိုင္းတိုင္းနဲ႔ မႏၲေလးတိုင္းေဒသေတာ္ေတာ္မ်ားမ်ားမွာ မိုးသည္းထန္ႏိုင္မဲ့ အေျခအေနေတြ ျဖစ္ေပၚႏိုင္ပါမယ္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္း၊ စစ္ကိုင္းတိုင္းအထက္ပိုင္း၊ ခ်င္းျပည္နယ္နဲ႔ ကခ်င္ျပည္နယ္ေဒသေတြကိုေတာ့ မုန္တိုင္းအရွိန္သက္ေရာက္ႏိုင္မွာ မဟုတ္ဘူးလို႔ ေတြ႕ရပါတယ္။

အခုတင္ျပခဲ့တဲ့ ႀကိဳတင္ခန႔္မွန္းခ်က္မ်ားဟာ ဒီေန႔ရရွိတဲ့ ECMWF Model မွ ေန႔လည္ ၁၂၃၀ နာရီမွာ ထုတ္ျပန္လိုက္တဲ့ အခ်က္အလက္မ်ားအေပၚမွာ သုံးသပ္ခန႔္မွန္းေပးတာျဖစ္ၿပီး၊ ေလဖိအားနည္းရပ္ဝန္းက အမွန္တကယ္ျဖစ္ေပၚေနျခင္းမရွိေသးပါ။ ဆက္လက္ေစာင့္ၾကည့္ၿပီး မုန္တိုင္းျဖစ္လာမဲ့ အေျခအေန၊ ဦးတည္ေ႐ြ႕လ်ားႏိုင္မဲ့ လမ္းေၾကာင္းနဲ႔ မုန္တိုင္းရဲ႕ ျပင္းအားတို႔ ေျပာင္းလဲ ျဖစ္ေပၚလာႏိုင္ေခ်ကို တင္ျပေပးသြားပါဦးမယ္။ (Win Naing) (မူရင္းေရးသားသူအား ေလးစားမႈျဖင့္ – bkr)

ရန္ကုန္ၿမိဳ႕ကို မုန္တိုင္း ဝင္ေရာက္ႏိုင္တာေၾကာင့္ လွ်ပ္စစ္မီးမ်ား ေသခ်ာေပါက္ ျပတ္ေတာက္မွာ ျဖစ္ပါတယ္။ အဲဒါေၾကာင့္ ဓာတ္ခဲနဲ႔ အသုံးျပဳရတဲ့ လက္ႏွိပ္ဓာတ္မီးမ်ား၊ ဘက္ထရီအပိုမ်ား၊ ေရွးဦးသူနာျပဳ ေဆးေသတၱာမ်ားနဲ႔ အျခား လိုအပ္တဲ့ ပစၥည္းမ်ားကို ႀကိဳတင္ ျပင္ဆင္ထားဖို႔ လိုအပ္ပါတယ္။ မုန္တိုင္းနဲ႔ ပတ္သက္ၿပီး ႀကိဳတင္ေဆာင္႐ြက္သြားရမယ့္ အခ်က္ေတြကို သီးျခား ေဖာ္ျပေပးသြားပါမယ္ခင္ဗ်ာ။

Leave a Reply

Your email address will not be published. Required fields are marked *