ကြားသိရသမျှ

ယခုနှစ် အကယ်ဒမီပေးပွဲတက်သူများကို ရွှေပေးမည်ဟု ရုပ်ရှင်အစည်းအရုံး မက်လုံးပေး

နေပြည်တော်မှာ လုပ်မယ့်သုံးနှစ်စာမြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲသို့ တက်ရောက်လာမယ့် ယခင်နှစ်တွေက အကယ်ဒမီဆုရရှိပြီးသူတွေကို အကယ်ဒမီပုံ ရွှေရင်ထိုးများပေးမယ်လို့ ရုပ်ရှင်အစည်းအရုံးက ပြောပါတယ်။

မေလ ၆ ရက်နေ့ နေပြည်တော်မှာ လုပ်မယ့် ၂၀၁၉ -၂၀၂၀-၂၀၂၂ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲအခမ်းအနားကို တက်ရောက်လာမယ့် ယခင်နှစ်တွေက အကယ်ဒမီဆုရရှိပြီးသူ အနုပညာရှင် ၊ အတတ်ပညာရှင်တွေကို ရွှေအစစ်နဲ့ ပြုလုပ်ထားတဲ့ အကယ်ဒမီပုံ ရွှေရင်ထိုးများ ပေးအပ်မယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ(၁) ဦးအေးကြူလေးက “အကယ်ဒမီပေးပွဲကျင်းပခဲ့တဲ့ နှစ်တွေကစပြီး ထူးချွန်ဆုရခဲ့တဲ့သူ ခန့်မှန်းခြေ လူ ၁၂၀ လောက်ရှိတယ်။ ဒီနှစ် အကယ်ဒမီပေးပွဲကို တက်လာတဲ့ အနုပညာရှင်တွေထဲကမှ ယခင်နှစ်တွေက အကယ်ဒမီဆု ရရှိထားပြီးသား အနုပညာရှင်တွေအတွက် အကယ်ဒမီ ရွှေရင်ထိုးတွေ ပေးအပ်ဖို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးအနေနဲ့ စီစဉ်ထားပါတယ်။

မေလ ၆ ရက်နေ့မှာလုပ်မယ့်အကယ်ဒမီပေးပွဲကို တက်ရောက်မယ့်သူများကိုသာရွှေအစစ်နဲ့လုပ်ထားတဲ့ အကယ်ဒမီ ရွှေရင်ထိုးတွေကိုချီးမြင့်ပေးသွားမှာဖြစ်ပြီး ဒီနှစ်ကျင်းပတဲ့အကယ်ဒမီပေးပွဲမှာ အကယ်ဒမီ ဆုရတဲ့အနုပညာရှင်အတတ်ရှင်များအတွက် ရွှေ ၅ ကျပ်သားရှိတဲ့ အကယ်ဒမီ ရွှေစင်ရုပ်ထုများချီးမြင့်သွားမှာပါ”လို့ပြောကြားထားပါတယ်။

နေပြည်တော်မှာ ကျင်းပမယ့် အကယ်ဒမီပေးပွဲကို တက်၊ မတက်အပေါ် ရုပ်ရှင်သရုပ်ဆောင်တွေကြားမှာ လတ်တလော ဝေခွဲမရ ဖြစ်နေတယ်လို့ သိရပါတယ်။

zawgyi

ေနျပည္ေတာ္မွာ လုပ္မယ့္သုံးႏွစ္စာျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုေပးပြဲသို႔ တက္ေရာက္လာမယ့္ ယခင္ႏွစ္ေတြက အကယ္ဒမီဆုရရွိၿပီးသူေတြကို အကယ္ဒမီပုံ ေ႐ႊရင္ထိုးမ်ားေပးမယ္လို႔ ႐ုပ္ရွင္အစည္းအ႐ုံးက ေျပာပါတယ္။

ေမလ ၆ ရက္ေန႔ ေနျပည္ေတာ္မွာ လုပ္မယ့္ ၂၀၁၉ -၂၀၂၀-၂၀၂၂ ခုႏွစ္ ျမန္မာ့႐ုပ္ရွင္ ထူးခြၽန္ဆုေပးပြဲအခမ္းအနားကို တက္ေရာက္လာမယ့္ ယခင္ႏွစ္ေတြက အကယ္ဒမီဆုရရွိၿပီးသူ အႏုပညာရွင္ ၊ အတတ္ပညာရွင္ေတြကို ေ႐ႊအစစ္နဲ႔ ျပဳလုပ္ထားတဲ့ အကယ္ဒမီပုံ ေ႐ႊရင္ထိုးမ်ား ေပးအပ္မယ္လို႔ဆိုပါတယ္။

ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံး ဒုတိယဥကၠ႒(၁) ဦးေအးၾကဴေလးက “အကယ္ဒမီေပးပြဲက်င္းပခဲ့တဲ့ ႏွစ္ေတြကစၿပီး ထူးခြၽန္ဆုရခဲ့တဲ့သူ ခန္႔မွန္းေျခ လူ ၁၂၀ ေလာက္ရွိတယ္။ ဒီႏွစ္ အကယ္ဒမီေပးပြဲကို တက္လာတဲ့ အႏုပညာရွင္ေတြထဲကမွ ယခင္ႏွစ္ေတြက အကယ္ဒမီဆု ရရွိထားၿပီးသား အႏုပညာရွင္ေတြအတြက္ အကယ္ဒမီ ေ႐ႊရင္ထိုးေတြ ေပးအပ္ဖို႔ ျမန္မာႏိုင္ငံ ႐ုပ္ရွင္အစည္း အ႐ုံးအေနနဲ႔ စီစဥ္ထားပါတယ္။

ေမလ ၆ ရက္ေန႔မွာလုပ္မယ့္အကယ္ဒမီေပးပြဲကို တက္ေရာက္မယ့္သူမ်ားကိုသာေ႐ႊအစစ္နဲ႔လုပ္ထားတဲ့ အကယ္ဒမီ ေ႐ႊရင္ထိုးေတြကိုခ်ီးျမင့္ေပးသြားမွာျဖစ္ၿပီး ဒီႏွစ္က်င္းပတဲ့အကယ္ဒမီေပးပြဲမွာ အကယ္ဒမီ ဆုရတဲ့အႏုပညာရွင္အတတ္ရွင္မ်ားအတြက္ ေ႐ႊ ၅ က်ပ္သားရွိတဲ့ အကယ္ဒမီ ေ႐ႊစင္႐ုပ္ထုမ်ားခ်ီးျမင့္သြားမွာပါ”လို႔ေျပာၾကားထားပါတယ္။

ေနျပည္ေတာ္မွာ က်င္းပမယ့္ အကယ္ဒမီေပးပြဲကို တက္၊ မတက္အေပၚ ႐ုပ္ရွင္သ႐ုပ္ေဆာင္ေတြၾကားမွာ လတ္တေလာ ေဝခြဲမရ ျဖစ္ေနတယ္လို႔ သိရပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *