မိုးလေဝသ

မေလ ၁၂ ရက်နေ့ ရန်ကုန်ကို ဆိုင်ကလုန်းမုန်တိုင်း ဝင်နိုင် (ရက်ရှည် မီးပြတ်နိုင် ကြိုတင်ပြင်ဆင်ကြပါ)

မေလ ၁၂ ရက်နေ့မှာ ရန်ကုန်မြို့ကို ဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်နိုင်မယ့် အခြေအနေအပေါ် မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်ရဲ့ ခန့်မှန်းသုံးသပ်ချက်ကို ဖော်ပြပေးလိုက်ပါတယ်- ECMWF Model runtime 04MAY0600Z ကြိုတင်ခန့်မှန်းချက် UPDATE-10၊ ECMWF Model runtime 04MAY0000Z နဲ့ 04MAY0600Z တို့အရ မေလ ၈ ရက်နေ့မှာဖြစ်လာမဲ့ လေဖိအားနည်းရပ်ဝန်းက မေလ ၁၁ ရက် ညနေပိုင်းမှာ ဆိုင်ကလုန်းမုန်တိုင်းအဆင့်ရောက်လာပြီး မြောက်-အရှေ့မြောက်ဘက်ကို ဆက်လက်ရွေ့လျားကြောင်း၊ မေလ ၁၂ ရက် ညနေပိုင်းမှာ ဧရာဝတီမြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းကို ဖျာပုံနဲ့ ကွမ်းခြံကုန်းမြို့တောင်ဘက်ကမ်းရိုးတန်းအနီးက ကပ်ပြီးကုန်းတွင်းကို အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းအဆင့်ဖြင့် ဝင်ရောက်နိုင်မယ်လို့ ကြိုတင်ခန့်မှန်းချက်ထွက်လာပါတယ်။ ကုန်းတွင်းကို ဖြတ်ကျော်ဝင်ရောက်ချိန်မှာ မုန်တိုင်းရဲ့အတွင်းစက်ဝန်းအချင်းက မိုင် ၈၀ ရှိတာတွေ့ရပြီး လေတိုက်နှုန်း(Wind Gust) တစ်နာရီ […]