ဗေဒင်
တနင်္လာ သားသမီးများအတွက် 2023ခုနှစ် မတ်လ(3)လပိုင်း တစ်လစာအထူးဟောစာတမ်း
တနင်္လာ သားသမီးများအတွက် 2023ခုနှစ် မတ်လ(3)လပိုင်း တစ်လစာအထူးဟောစာတမ်း
ဤလတွင် တနလ်ာသားသမီးများ #တိထီရက်မြေခံ# အထူးမြတ်ရက်နေ့များ၍ ကံအကောင်းဆုံး ဖြစ်မည်တနင်္လာသားသမီးများ ဘာသာရေး ကုသိုလ်ရေး ၊ပရိတ်ပဋ္ဌာန်း အဓိဋ္ဌာန်ဝင်ပေး စိတ်နှစ်ပြီး ပြိးလုပ်ပါက ပိုပြီးကံထူးမည်။ကြွေးဟောင်း မြေဟောင်း ပြန်လည်ရရှိတတ်သလို့၊စုဆောင်းမိထားသော ငွေကြေးများ
မြေဝယ် အိမ်ဝယ်ရခြင်း အလှူတန်းပြုရခြင်း ရှိလိမ့်မည်။
အိမ်မက်တဘောင်…#မြင်း,ဂဠန်း သိကြား အိမ်မက် မက်ခြင်း ထီးထိုးပါ။ထိုအိမ်မက် မက်ခြင်း မြေကိစ္စအရောင်းအဝယ်,အမှုရေးရာ, တရာရေးတဘောကိစ္စရပ်များ, ပညာရေးဆိုင်ရာ ရာထူးတန်းကိစ္စများ,မြေအောက်ရတနာရှာဖွေ့ခြင်းများ ဘဝအခြေအနေတွေ့ မထင်မှတ်ထားဘဲ ဆင်းရဲဒုက္ခ မှာ ချမ်းသားသုခ ပြောင်းလဲမှုကြုံတွေ့ရအံ့။
ကျန်းမာရေးနှင့်ပတ်သတ်ပြီး အခိုက်အညံ့လေးများ ဝင်မည်။သူများဆီက ရောဂါများ ကူးစက်လွယ်မည်။
ကြာသပတေး,သောကြာ,တနဂ်နွေ ထိုနေနံ နာမည်ရှင်, လူမျိုးခြား ဘာသာခြားတို့၏ ကူညီမှုကို ခံယူရရှိရတတ်သည်။
ပြည်ပရပ်ခြား ထီကံစန်းပါ ပေါက်ကံရှိ ငွေကံကောင်းပြိး အသေးအမွှားကအစ အလှူကြီးတန်းကြီး ပီတိမင်္ဂလာအလှူ ပြုရလိမ့်မည်။အတိတ်ဘဝ ယခုဘဝ မိမိနဲ့ဆက်နွှယ်နေသောသူများ အစောင့်ရှောက်များကလည်း အကူညီပေးလိမ့်မည်။အလှူတန်းကိစ္စ မင်္ဂလာကိစ္စများ ပြုလုပ်ရမည်။မိတ်ဆွေကောင်း၊သူငယ် ချင်းကောင်းတွေရဲ့အကူအညီ အထောက်အပံ့တွေရလာတတ်ပါတယ်။
အလုပ်အကိုင်စီးပွားအနေဖြင့် မိမိ၏ လောဘစိတ်ကြောင့် လမ်းပျောက်သလိုဖြစ်တတ်၍ ထို့ကြောင့် အလုပ်အသစ်ကူးပြောင်းတာတို့မလုပ်သင့် ရင်းနှီးမြုပ်နှံခြင်းများ ငွေအစုထည့်လုပ်ခြင်းတို့ မပြုလုပ်မိအောင် ဆင်ခြင်နေထိုင်ပါ။
အပေါင်းအသင်းမှားတတ်၍ စိတ်လိုက်မာန်ပါ ပြောဆိုလုပ်ကိုင် ဆုံးဖြတ်တာတွေသတိပြုပါ။ငွေကြေးကိစ္စ၊စာချူပ်စာတမ်းများ၊အ
ားမခံလက်မှတ်ထိုးခြင်းရှောင်ကြဥ်ပါ။အမှုအခင်းဖြစ်နေသူကို ငွေမချေးပါနှင့်၊ အာမခံမလိုက်ပါနှင့်။
ပညာရေးကောင်းမွန်တိုးတက်နေမှာဖြစ်ပြီး သင်တန်းအသစ်တွေ တက်ရောက်ရကိန်းလည်း ရှိနေပါတယ်။ သင်တန်းသစ်များ တတ်ရခြင်း၊ ဖွင့်လှစ်ခြင်းတို့ အောင်မြင်မည်။
အချစ်ရေးနှင့်အိမ်ထောင်ရေး…အချစ်ရေးမှာ အနေဝေးသူနဲ့ မေတ္တာမျှကိန်းရှိပါတယ်။အချစ်ရေးထက် မေတ္တာနှလုံးသားအရင်းခံပြီး ချစ်ခင်နှစ်သက်မည်။အချစ်ရေး စေတနာကနေ ဝေဒနာဖြစ်နေတတ်သည့်မို့ အချစ်ရေးဆိုင်ရာ ခံစားမှုတွေဖြစ်နေပါလိမ့်မည်။ပျိူ ရွယ်သူများအချစ်ရေးတွင် အသစ်အဆန်းများတွေ့ရတတ်သည်။
ဘုရားဖူးခရီးသွားလာရာမှ ချစ်သူရည်စားများ တွေ့ရတတ်သည်။လက်ထက်၊ စေ့စပ်မင်္ဂလာပြုလုပ်ရအံ့။အိမ်ထောင်ရှင်များ သားသမီးများ၏ မဂ်လာသတင်းကောင်းများကြားရမည်။အိမ်ထောင်ရေးမှာတော့ ပြည့်စုံမှု သာယာမှုတွေ ရရှိလိမ့်မည်။
ယခုလတွင် ခရီးသွားခြင်းနှင့် လုပ်ငန်းကိစ္စရပ်များ အဆင်ပြေစေရန်အတွက် …အိတ်ထည့်ဆန်(၁)ဆုပ်ထည့်ပြီးဆောင်သွားပါ။အရှေ့ အရပ်”နတ် – ရတနာစူးစမ်းရှာဖွေခြင်း၊ခရီးသွားရှောင့်သင့်၏။
စနေ,အဂ်ါ ထိုနေနံသားသမီးများ အကျိူး မပေး, လုပ်ငန်းသစ်လုပ်ခြင်းနှင့်ရင်းမြှုံနှံမှုများစတင်ခြင်းတို့ ရှောင့်သင့်၏။ထိုနေနံသားတွေ့က မိမိကို တိုက်ခိုက်ခြင်း၊ပြဿနာရှာ မကောင်းကြံခြင်းများ ကြုံတွေ့အံ့။
အနောက် အရပ်”လာဘ်၊ – မင်္ဂလာအမှုကိစ္စစတင်ခြင်း၊အလုပ်သစ် လျှောက်ခြင်း၊ဖက်ရှင်ဒီဇိုင်းတီထွင် ၊သရုပ်ပြ,သရုပ်ဆောင်ခြင်း ၊အင်တာဗျူး၊ခရီးသွား ကောင်း၏။မြောက် အရပ်”အရပ်စန်းပွင့် အချစ်ရေး,မေတ္တာရေးပြောဆို ကောင်း၏။
ကံကောင်းစေသောအရောင် – အဝါရောင်,အညိုရောင်,မီးခိုးရောင်,အဖြူရောင် ဝတ်ဆင်ပါ။ကံမိန်စေသောအရောင် – အနက်,အနီ, အစိမ်းရောင်..အကျိူးပေးဂဏန်း – {၃-၅-၆-၁}
ယတြာ – အိမ်ဘုရား သို့ ဘုရားကြီး ကြံ ညွန့် သို့ ကံကော်,ငွေပန်း (၁၅)ညွန့် ညောင်းရေးအိုးထိုး လင်းဗန်တစ်ချပ် မြောက်အရပ်မျက်နှာမူကာဆီမီး(၅)ခွက်ဘုရားပူဇော်ပြီးသွားပါ။(လင်းဗန်တစ်ချပ်မှ မြေဆီးမီခွက် နှမ်းဆီးထည့် ဂွမ်စအနည်းငယ်လိပ် ဆီစိမ့် မီးထွန်းပူဇော်ပါ)
ဆရာကြီးမင်းသူရ(ဗေဒင်နှင့်လက္ခဏာ အထူးယတြာ)မန္တလေးမြို့။09-751089826(viber)/09-767817917
zawgyi
Leave a Reply
Your email address will not be published. Required fields are marked *