ဗေဒင်

ကလေးပျောက်မှုမှာ ကြောက်ဖို့ကောင်းလောက်အောင် မှန်ခဲ့တဲ့ ဆရာလင်းညှို့တာရာရဲ့ ဟောချက်များ

မန္တလေးက (၅) နှစ်သားလေး မောင်ဇွဲဝေယံထွန်း ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး မြန်မာတနိုင်ငံလုံး ဝမ်းနည်းပူဆွေးကြကာ စိုးရိမ်သောက ရောက်ခဲ့ကြပါတယ်။ လူမှုကွန်ရက် အသုံးပြုသူများက တတ်နိုင်သမျှ ရှာဖွေမှုများ ပြုလုပ်ခဲ့ကြပြီး လူသိများသူများကလည်း ဆုကြေး ထုတ်ခြင်း၊ မျှဝေခြင်းတို့ကို ပြုလုပ်ပေးခဲ့ကြပါတယ်။

ထိုသို့ နိုင်သလောက် ကူညီနေကြချိန်မှာ ရှေ့ဖြစ်ဟောကိန်းတွေနဲ့ နာမည်ကြီးခဲ့တဲ့ ဆရာလင်းညှို့တာရာလည်း အပါအဝင် ဖြစ်ပါတယ်။ ဆရာ လင်းညှို့တာရာဟာ မကြာခင်ကမှ အကျဉ်းထောင်ကနေ ပြန်လည် လွတ်မြောက်လာခဲ့ပြီး ဟောကိန်းတွေ ထုတ်ပြန်ပေးနေတာပါ။ ယခုအချိန်မှာလည်း ကလေးပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး ဟောကိန်း ထုတ်ပြန်ခဲ့ရာမှာ ကြောက်ဖို့ကောင်းလောက်အောင် မှန်ကန်ခဲ့တာ ဖြစ်ပါတယ်။

ဆရာ လင်းညှို့တာရာက သားငယ်လေးကို ဖြားယောင်းသွေးဆောင်သွားသူဟာ အမျိုးသမီး တယောက် ဖြစ်ကြောင်း ဟောကိန်းထုတ်ခဲ့ပြီး လက်တွေ့မှာလည်း ဘေးအိမ်က အမျိုးသမီးက ခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။ သက်ရှိထင်ရှားရှိနေသေးပြီး မန္တလေးမြို့ထဲမှာပဲ ရှိနေသေးတယ်ဆိုတဲ့ အချက်လည်း မှန်ကန်ခဲ့တာကို တွေ့ရပါတယ်။

မြစ်အနီး၊ ချောင်းအနီး၊ ရေကန်အနီးမှာ ရှိတဲ့ ပန်းခြံပန်းမန်များ ရှိတဲ့ အိမ်တအိမ်ထဲမှာ ရှိရမယ် ဆိုတဲ့ အချက်ကလည်း မှန်ကန်ခဲ့ပါတယ်။ ကလေးငယ် တည်ရှိနေတဲ့ နေရာဟာ မန္တလေးကျုံးနဲ့ သိပ်မဝေးတဲ့ နေရာမှာ တည်ရှိနေခဲ့တာပဲ ဖြစ်ပါတယ်။

ရွေ့ပြောင်းမရသေးသဖြင့် မရွေ့ပြောင်းသေးတယ်ဆိုတဲ့ အချက်ကလည်း မှန်ကန်ခဲ့ပြီး ၆ ရက်အတွင်း ထူးခြားမယ်ဆိုတဲ့ အချက်ကလည်း မှန်ကန်ခဲ့ပါတယ်။ ကလေးက ပြေးပြေးလွှားလွှား မလုပ်နိုင်ဘူးဆိုတဲ့ အချက်ကလည်း မှန်ကန်ခဲ့တာကို တွေ့ရပါတယ်။

ဆရာလင်းညှို့တာရာ အနေနဲ့ ကလေးပြန်တွေ့တောင် အစီအရင်များ ပြုလုပ်ပေးခဲ့ပြီး ကလေးမိဘတွေနဲ့ လူမှုကွန်ရက် သုံးစွဲသူတွေ ကိုယ်တိုင် အစီအရင်ပြုလုပ်ဖို့လည်း လမ်းညွှန်ပေးခဲ့ပါသေးတယ်။

ဆရာလင်းညှို့တာရာ ဟောချက်ထုတ်ပြန်ပြီး ၂၄ နာရီ မပြည့်ခင်မှာဘဲ ပျောက်ဆုံးနေတဲ့ မောင်ဇွဲဝေယံထွန်းကို မိဘများက ပြန်လည် ရှာတွေ့ခဲ့ပါတယ်။ အနာဂတ်ဟောကိန်းတွေကို အားလုံးနီးပါး မှန်ကန်အောင် ဟောနိုင်ခဲ့တဲ့ ဆရာလင်းညှို့တာရာရဲ့ ပညာစွမ်းကတော့ လေးစားဦးညွှတ်စရာ ကောင်းလှပါတယ်။ ဆက်လက်ပြီး ဆရာ့အနေနဲ့ ဘယ်လို မှန်ကန်တဲ့ ဟောကိန်းတွေ ဆက်လက် ထုတ်ပြန်ဦးမလဲဆိုတာ ပြည်သူတွေက စိတ်ဝင်စားနေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *