အခုတော့ စောက်သုံးမကျတဲ့ သံပန်းလုပ်သူကြောင့် ငါ့တူလေး အသက်ပါသွားပြီ သံပန်းတံခါးပိတာတဲ့ သာကေတ ၁၀ တောင် ၁၃ ရပ်ကွက် ခရေလမ်းမှာဖြစ်သွားတဲ့ အကြောင်း အခုတော့ စောက်သုံးမကျတဲ့ သံပန်းလုပ်သူ တွေရယ် အလုပ်တခုလုပ်ရင် ဆရာကျအောင်လုပ်ပါကွာ မူခင်းစစ်လာတော့ ဒီတံခါးကို လူ ၇ ယောက်မရတယ် အခု ငါ့တူ အသက်တချောင်း ပါသွားပြီ အခုဝိုင်းပြထားတဲ့ နေရာမှာ ပုံမှန်ဆို အထိန်း နှစ်ခုက ပါကိုပါရတယ် အခုတော့ကွာ သူဘယ်လောက်တောင် နာကျင်ရမလဲ ပိတဲ့အချိန်အော်ငိုပြီ သူ့အားနဲ့တွန်းနေမှာ ဒါမဲ့ အဲ့ခနလေးပဲ သူလုံးဝမလှုပ်တော့ပဲ ဆေးရုံကားပေါ်မှာတင် လူးလိမ့်ပြီ အသက်ထွက်ခဲ့တယ် ဦးသာရှိရင် ဦးဝင်ခံပေးတယ် တူလေးရယ် ဦးပြန်လာရင် အရုပ်ဝယ်ခဲ့နော် တဲ့ ဦးပြန်လာရင် တူလေးတွေ တူမလေးတွေနဲ့ မုန့်သွားစား […]
ပြည်တွင်းသတင်
မြန်မာနိုင်ငံမှာလည်း ပေါင်းတည်က ကျောင်းထိုင်ဆရာတော်တစ်ပါး အဆုံးစီရင်မှုဖြစ်ပွားခဲ့
မြန်မာနိုင်ငံမှာလည်း ပေါင်းတည်က ကျောင်းထိုင်ဆရာတော်တစ်ပါး အဆုံးစီရင်မှုဖြစ်ပွားခဲ့ ပေါင်းတည်မှာ ကျောင်းထိုင်ဆရာတော်တပါးကြိုးဆွဲချ ပျံလွန်တော်မူ ပေါင်းတည်၊ ဒီဇင်ဘာ ၂၅ ၊၂၀၂၂။ ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်မှာ ဒီဇင်ဘာလ ၂၅ ရက် ဒီမနက်အစောပိုင်းက ကျောင်းထိုင်ဘုန်းတော်ကြီးတပါးကြိုးဆွဲချ ပျံလွန်တော်မူခဲ့တယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။ ကျောင်းတော်ရွာအုပ်စု၊ ပန်းတင်ရွာက အသက် ၆၇ နှစ်အရွယ်ရှိ ကျောင်းထိုင်ဆရာတော်ဦးပဏ္ဍိတ ဖြစ်ပြီး မနက်အရုဏ်ဆွမ်းစားအပြီးမှာ ကြိုးဆွဲချခဲ့တာလို့ ဆိုပါတယ်။ “ဆရာတော်က စိတ်ကျရောဂါရှိတော့ဆေးခန်းပြနေရတာ ဒီနေ့ကသူဆေးခန်းပြန်ပြရမယ့်နေ့ မနေ့ကတည်းက အဲဒီကြိုးကိုမြင်လို့ ကပ္ပိယကမေးတော့ လေ့ကျင့်ခန်းလုပ်တာလို့ ဆရာတော်ကပြန်ဖြေတယ်” လို့ ဒေသခံတဦးကပြောပါတယ်။ ဆရာတော်ရဲ့ ရုပ်ကလာပ်ကို စေတနာနာရေးကူညီမှုအသင်းကားနဲ့ ပေါင်းတည်ပြည်သူ့ဆေးရုံကိုပို့ဆောင်ခဲ့သလို နေ့လယ်ပိုင်းမှာတော့ ပန်းတင်ရွာဘုန်းတော်ကြီးကျောင်းကို အသင်းကားနဲ့ ပြန်ပို့ပေးခဲ့တယ်လို့ သိရပါတယ်။ ဆရာတော်ဟာ ရဟန်းဘောင်ကိုမဝင်ရောက်မီက အငြိမ်းစားမီးရထားဝန်ထမ်းဟောင်းတဦးဖြစ်တယ်လို့လည်း မြို့ခံတဦးဆီကသိရပါတယ်။ […]
ဒီဇင်ဘာ ၉ ရက် (သောကြာနေ့) အတွက် ပြင်ပ ရွှေစျေး၊ ဒေါ်လာစျေး၊ စက်သုံးဆီစျေးနှုန်းများ
ဒီဇင်ဘာ ၉ ရက် (သောကြာနေ့) အတွက် ပြင်ပ ရွှေစျေး၊ ဒေါ်လာစျေး၊ စက်သုံးဆီစျေးနှုန်းများ ယနေ့ ဒီဇင်ဘာ ၉ ရက် (သောကြာနေ့) အတွက် ပြင်ပ ရွှေစျေး၊ ဒေါ်လာစျေး၊ စက်သုံးဆီစျေးနှုန်းတို့ကို ဖော်ပြပေးလိုက်ပါတယ်။ ပြင်ပ ငွေလဲနှုန်းများ USD =2820~2840 (ဒေါ်လာ) Euro = 2870~2940 (ယူရို) SGD = 2060~2100 (စင်္ကာပူဒေါ်လာ) CNY = 390~405 (တရုတ်ယွမ်) THB = 80~801 (ထိုင်းဘတ်) MYR = 630~650 (မလေးရင်းဂစ်) JPY = 19.5~21 (ဂျပန်ယန်း) ကမ္ဘာ့ရွှေစျေး တအောင်စ − 1795 ဒေါ်လာ YGEA […]
ကျိုက်ထီးရိုးဘုရားတွင် ဘုရားဖူးပြည်သူ ၃ ဦးသေဆုံး၍ ၁၀ ဦးကျော်ဒဏ်ရာရခဲ့သည့် စိတ်မကောင်းစရာဖြစ်ရပ်
ကျိုက်ထီးရိုးဘုရားတွင် ဘုရားဖူးပြည်သူ ၃ ဦးသေဆုံး၍ ၁၀ ဦးကျော်ဒဏ်ရာရခဲ့သည့် စိတ်မကောင်းစရာအြဖစ် ကျိုက်ထီးရိုးဘုရား၏ တောင်တက်ဂိတ်တွင် ပစ်ခတ်မှုဖြစ်ပွား၊ဘုရားဖူးပြည်သူ ၃ ဦးသေဆုံး၍ ၁၀ ဦးကျော်ဒဏ်ရာရ မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်၊ကင်ပွန်းချောင်းကျေးရွာရှိ ကျိုက်ထီးရိုးဘုရားတောင်တက်ဂိတ်တွင် အောက်တိုဘာ ၁၂ ရက်(ယနေ့)နံနက်ပိုင်းက သေနတ်ပစ်ခတ်မှုများဖြစ်ပွားခဲ့သဖြင့် ဘုရားဖူးပြည်သူများ ၃ ဦးသေဆုံးကာ ၁၃ ဦးခန့် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။ “သေနတ်ပစ်ခတ်မှုဖြစ်ခဲ့တာမှန်ပါတယ် ထိခိုက်ဒဏ်ရာရတဲ့လူ ၁၃ ယောက်လောက်ရှိတယ် သေ ဆုံးတဲ့လူက ၃ ယောက်ရှိပါတယ် ကျွန်တော်တို့သိရသလောက်ကတော့ ဒီလောက်ပါပဲ လူနာတွေကိုဆေးရုံပို့ပေးထားပါတယ်”ဟု ကင်ပွန်းချောင်းကျေးရွာအခြေစိုက်နာရေးကူညီမှုအသင်းဝင်တစ်ဦးကပြောသည်။ သေဆုံးသူ ၃ ဦး၏ရုပ်အလောင်းများနှင့်ထိခိုက်ဒဏ်ရာရသူများအား ကင်မွန်းချောင်းတိုက်နယ်ဆေးရုံနှင့်ကျိုက်ထိုမြို့ပြည်သူ့ဆေးရုံတို့သို့ လူမှုကူညီရေးအသင်းကားများဖြင့် ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။ “ဆေးရုံမှာတစ်ချို့က အရေးပေါ်အခြေအနေနဲ့ကုနေရတယ်လို့တော့ကြားတယ် ဘုရားဖူးတစ်ချို့ထိခိုက်တယ် သေနတ်သံတွေ ကောဗုံးပေါက်တဲ့အသံတွေလည်းကြားတယ် ကြောက်လို့ကြုံတဲ့နေရာဝင်ပုန်းနေရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ […]
“အဂတိလိုက်စားမှု ပါတီရန်ပုံငွေအလွဲသုံးစားမှုဖြင့် နာမည်ကြီးသည့် USDPဥက္ကဌဦးသန်းဌေးကိုပါတီရာထူးမှ တရားဝင်ရပ်ဆိုင်းပြီ။”
USDP ဥက္ကဌ ဦးသန်းဌေး ပါတီရာထူးမှ တရားဝင်ရပ်ဆိုင်းပြီ ပါတီရန်ပုံငွေ အလွဲသုံးသည်၊ တစ်ဦးတည်းသဘောဖြင့် ပါတီစည်းမျဉ်းများ အပြောင်းအလဲ လုပ်သည်ဟု ဝေဖန်ခံနေရသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)၏ လက်ရှိ ဥက္ကဋ္ဌ ဦးသန်းဌေး အနားယူတော့မည်ဖြစ်သည်။ နေပြည်တော်ရှိ ပါတီဌာနချုပ်တွင် ယနေ့စတင်သည့် USDP တတိယအကြိမ် ညီလာခံ အဖွင့်မိန့်ခွန်း တွင် ဝေဖန်မှုများကြောင့် ပါတီကို စွန့်ခွာခြင်း မဟုတ်ကြောင်း ဦးသန်းဌေးက ဆိုသည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရအောင် မစွမ်းဆောင်နိုင်ခြင်း၊ ကျန်းမာရေးမကောင်းခြင်း၊ ပါတီဝင် များ သတ်ဖြတ်ခံနေရသည့် အခြေအနေကို မကူညီနိုင်ခြင်းတို့ကြောင့် နှုတ်ထွက်ခြင်းဖြစ်သည်ဟု အသက် ၆၈နှစ်အရွယ် ၎င်းက အကြောင်းပြသည်။ USDP ညီလာခံကို အောက်တိုဘာ ၄၊ ၅ နှစ်ရက်ကြာ ပြုလုပ်ရန်ရှိပြီး မကြာသေးမီကမှ စစ်ကောင်စီ […]
ယနေ့ ရွှေ- ငွေနှင့် စက်သုံးဆီစျေးနှုန်းများ(စက်တင်ဘာ ၂၅ ၊ ၂၀၂၂)
ယနေ့ စက်တင်ဘာ ၂၅ ၊ ၂၀၂၂ တနင်္ဂနွေနေ့ ကြိုက်ရောင်းကြိုက်ဝယ် ရွှေ- ငွေနှင့် စက်သုံးဆီစျေးနှုန်းများ ယနေ့ စက်တင်ဘာ ၂၅ ၊ ၂၀၂၂ တနင်္ဂနွေနေ့ ရန်ကုန်မြို့တွင် ဖြစ်ပေါ်သော အမေရိကန်ဒေါ်လာ ငွေလဲနှုန်းသည် တစ်ဒေါ်လာ ကျပ် 3170-3220 ဝန်းကျင် ဖြစ်သည်။ (ကြိုက်ရောင်းကြိုက်ဝယ်ဈေး ဖြစ်သည်) ဗဟိုဘဏ် ရည်ညွှန်းဈေး ကျပ် 2100 (± 3) ဖြစ်သည်။ အခြားငွေကြေးလဲနှုန်းများမှာ ယူရိုဒေါ်လာ 3100-3250 ကျပ်၊ စင်ကာပူ ဒေါ်လာ 2190-2290 ကျပ်၊ အိန္ဒိယရူပီး 30-35 ကျပ် မလေးရှား ရင်းဂစ် 680-710 ကျပ်၊ ထိုင်း ဘတ် 83-88 ကျပ်၊ ဂျပန် ယန်း […]
လက်ယက်ကုန်းရွာ ခလေးတွေသ..တ.်ဖြတ်ခံရမှုနဲ့ပါတ်သက်ပြီး ဗိုလ်နဂါး ပြောပြီ
လက်ယက်ကုန်းရွာ ခလေးတွေသ..တ.်ဖြတ်ခံရမှုနဲ့ပါတ်သက်ပြီး ဗိုလ်နဂါး ပြောပြီ လက်ယက်ကုန်းရွာ သတ်-ဖြတ်မှု မယုံကြည်နိုင်အောင် ယုတ်မာ အောက်တန်းကျတဲ့ လုပ်ရပ်လို့ ဗိုလ်နဂါး ပြော၊ မထူးဇတ်ခင်းပြီး မိုက်တွင်းနက်နေတဲ့ စစ်အုပ်စုကို အမြစ်ဖြတ်ဖို့ ပြည်သူအားလုံး တတ်နိုင်ရာက ပါဝင်ပေးကြဖို့ တိုက်တွန်း၊ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာ ဘုန်းကြီးကျောင်းထဲမှာ စာသင်နေတဲ့ ကလေးသူငယ်တွေကို ပစ်မှတ်ထားပြီး စစ်အုပ်စုက ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်သ-တ်-ဖြတ်ခဲ့မှုဟာ မယုံကြည်နိုင်လောက်အောင် ယုတ်မာ အောက်တန်းကျတဲ့ လုပ်ရပ်ဖြစ်တယ်လို့ မြန်မာ့တော်ဝင် နဂါးတပ်တော် (M.R.D.A) ခေါင်းဆောင် ဗိုလ်နဂါးက ပြောပါတယ်။ စစ်အုပ်စုဟာ ကလေး၊ လူကြီးမရွေး ထင်တိုင်းကျဲ သ-တ်-ဖြတ်နေသလို မထူးဇတ်ခင်းပြီး ဆက်လက် မိုက်တွင်း နက်နေတာမို့ လက်ယက်ကုန်း ဖြစ်စဉ်လို ဖြစ်ရပ်တွေ ထပ်မံ မဖြစ်ပေါ်စေရေး စစ်အုပ်စုကို […]
19.9.2022 (တနင်္လာနေ့)ယနေ့ ပြည်တွင်း၌ ဖြစ်ပေါ်နေသော စက်သုံးဆီဈေး၊ ရွှေဈေး နှင့် နိုင်ငံတကာငွေလဲနှုန်းများ
ပြည်တွင်းငွေလဲနှုန်းများ . . . အမေရိကန်တစ်ဒေါ်လာ ကျပ် 3260-3310 ဝန်းကျင် ဖြစ်သည်။(ဗဟိုဘဏ် ရည်ညွှန်းဈေး ကျပ် 2100 (± 3) ဖြစ်သည်။) အခြားငွေကြေးလဲနှုန်းများမှာ – ယူရိုဒေါ်လာ 3200-3400 ကျပ်၊ စင်ကာပူ ဒေါ်လာ 2300-2400 ကျပ်၊ အိန္ဒိယရူပီး 32-37 ကျပ် မလေးရှား ရင်းဂစ် 710-760 ကျပ်၊ ထိုင်း ဘတ် 89-94 ကျပ်၊ ဂျပန် ယန်း 21-24 ကျပ်၊ တရုတ် ယွမ် 450- 500 ကျပ်တို့ ဖြစ်သည်။ ပြည်တွင်းရွှေစျေးနှုန်းများ . . . အခေါက်ရွှေ ဝယ်ဈေး = ၂၈,၆၀၀၀၀ ကျပ် အခေါက်ရွှေ […]
ဇီးဖြူကုန်းရွာထိပ် EXPRESS ယာဉ်(၂)စီးတိုက်မိ၊ ခရီးသည်(၁၁)ဦးေ-သ ဆုံးသည့်တိုက်ရိုက်(LIVE)
BreakingNews ဆိုးဝါးဆုံး ကား(၃)စီးဆင့် ယာဉ်တိုက်မှုကြီး ကျောက်ပန်းတောင်း မိတ္ထီလာလမ်း ဇီးဖြူကုန်းရွာအနီး ပုဂံမင်းသားExpress , သန်မြန်သူExpress လွိုင်ကော် , Canter ကား ၃ စီး ည ၈း၄၅ မိနစ် အချိန်က ယာဉ်တိုက်မှုဖြစ်ပွားကနဦး အသေအပျောက် ၁၁ လောင်းရှိ ပြီး ထိခိုက်ဒဏ်ရာရရှိသူများပြား လူအချို့ ထုတ်၍ မရသေးပါ? ကားထဲညှပ်နေသူတွေရှိသေးတယ်…. – Swe Tun အရမ်းကို စိတ်မကောင်းစရာ သတင်းပါပဲဗျာ။ လူနာတွေလဲ အရမ်းများပါတယ်…။ ကားဆရာတွေ ဂရုစိုက်ကြပါဗျာ…။ credit to orginal unicode BreakingNews ဆိုးဝါးဆုံး ကား(၃)စီးဆင့် ယာဉ်တိုက်မှုကြီး ကျောက်ပန်းတောင်း မိတ္ထီလာလမ်း ဇီးဖြူကုန်းရွာအနီး ပုဂံမင်းသားExpress , သန်မြန်သူExpress လွိုင်ကော် , […]
သာကေတမြို့နယ်၊ ကမာကြည်တံတားပေါ်မှ အမျိုးသားတစ်ဦးsee more…
သာကေတမြို့နယ်၊ ကမာကြည်တံတားပေါ်က အမျိုးသားတစ်ဦးခုန်ချမှုဖြစ် ရန်ကုန်တိုင်း၊ သာကေတမြို့နယ်မှာ ဒီကနေ့ စက်တာဘာ ၁၄ ရက် မနက် ၁၀နာရီဝန်းကျင်လောက်က တံတားပေါ်ကနေအမျိုးသားတစ်ဦးခုန်ချမှုဖြစ်ခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေကပြောပါတယ်လူမှုကူညီရေးအသင်းတွေရောက်သွားချိန်မှာတော့ ခုန်ချသွားတဲ့ အမျိုးသားရဲ့ စက်ဘီး၊ဖိနပ်နဲ့အသုံးအဆောင်တချို့ ကိုချန်ထားခဲ့တာကိုတွေ့ရပြီး ဘယ်သူဘယ်ဝါဆိုတာကိုတော့အတည်ပြုနိုင်တာမရှိဘူးလို့ သိရပါတယ်။ လက်ရှိမှာတော့ တံတားပေါ်က ခုန်ချသွားတဲ့ အမျိုးသားကို ရှာဖွေနိုင်ဖို့ နယ်မြေခံရဲ တပ်ဖွဲ့တွေက လုပ်ဆောင်နေပြီး နေ့လယ်ပိုင်းအထိတော့ ရှာဖွေတွေ့ရှိတာမရှိသေးဘူးလို့ သာကေတ မြို့နယ်လူမှုကူညီရေးအဖွဲ့ကပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လနောက်ဆုံးရက်သတ္တပတ်တွေတုန်းကလည်း ရန်ကုန်အပါအဝင် ဒေသတချို့မှာ အဆုံးစီရင်မှုတွေ ဆက်တိုက်ဖြစ်ခဲ့ပြီး တစ်ပတ်အတွင် လူ ၇ ဦးသေဆုံးခဲ့ပါတယ်။မိမိပတ်၀န်းကျင်မှာ ခုလို ဘ၀ကိုဆက်လက်ပြီး ရှင်သန်နေထိုင်ဖို့ အားမရှိတော့ဘူးဆိုတဲ့ဖွင့်ဟ၀န်ခံမှုတွေ ကြုံရတဲ့အခါမှာ သူ့ရဲ့ပြဿနာကို အလေးထားပြီး နားထောင်ပေးပြီး ဆွေးနွေးပေးသင့်ပါတယ်။ ဒါဟာ ကိုယ်တစ်ဦးတည်း ကြုံနေရတာမဟုတ်ကြောင်းနဲ့တစ်ရက်ချင်းကို အကောင်းဆုံးရှင်သန်ဖို့၀ိုင်း၀န်းအဖြေရှာဖို့ နဲ့ […]