ပညာ‌ေရး

ငယ်ဆရာတွေကို ဘယ်တော့မှမမေ့ပါနဲ့……..

ဆယ်တန်းမှာ ဂုဏ်ထူးတွေ တသီကြီးနဲ့ တပည့်က စင်ပေါ်မှာ ဆုတက်ယူတယ်။ ကျေးဇူးတင်စကား ပြောကြားသွားတဲ့ အထဲမှာ ဆယ်တန်းဆရာ၊ ဆရာမတွေရဲ့ နာမည်အကုန်လုံးကို အစဉ်လိုက် ရွတ်ချသွားတော့တယ်…။ ဘယ်လိုသင်ပေးခဲ့ကြောင်း ၊ လမ်းညွန်ခဲ့ကြောင်း… စသည်ဖြင့် ကင်မရာမီး တဖျတ်ဖျတ်ရဲ့ မမြင်ကွယ်ရာ ထောင့်မှာတော့ ငယ်ငယ်က ကျန်းမာရေး သိပ်ချို့တဲ့လွန်းတဲ့ သူ့ကို….. ၊ အရမ်းဂရုစိုက်ပြီး သင်ပေးခဲ့ဖူးတဲ့ သူငယ်တန်းက ဆရာမအိုကြီးမှာတော့ မျက်ရည်တွေ ဝိုင်းလို့.. ကျောင်းစာစိတ်မဝင်စားပဲ အလေလိုက်ချင်နေတဲ့ သူ့ကို ကြိုးစားသင်ကြားပြီး ကူညီထိန်းမတ်ပေးခဲ့တဲ့ အလယ်တန်းပြ ဆရာမတွေကလည်း ငေးမောလို့.. သူကတော့ ဆယ်တန်းက ဆရာတွေကိုဖက်ပြီး ဓာတ်ပုံတွေ အရိုက်ခံရင်း၊ ဂါရဝပြုရ… လက်ဆောင် ပစ္စည်းတွေနဲ့ အမှတ်တရ ကန်တော့ရနဲ့…. ပြောတဲ့စကားတွေမှာ… ရေးတဲ့စာတွေမှာ .. လူမြင်ကွင်းတွေမှာ […]