ဗေဒင်

ကြာသပတေး သားသမီးများအတွက် 1.4.2023 မှ 30.4.2023 အထိ Aprilလ တစ်လစာ အထူးဟောစာတမ်း

ကြာသပတေး သားသမီးများအတွက် 1.4.2023 မှ 30.4.2023 အထိ Aprilလ တစ်လစာ အထူးဟောစာတမ်း

ကြာသပတေးသားသမီးများသည် ဧပြီလတွင်သားသမီးများ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် လုပ်ငန်သစ်များလည်း စတင်

အကောင်အထည်ဖော်ဆောင်ရလိမ့်မည်။အစားအသောက် လုပ်ငန်းများ ဆက်သွယ်ရေးလုပ်ငန်းများလုပ်ခြင်း၊စက်သုံးဆီရောင်းဝယ်ခြင်း၊အလူမီနီယံလုပ်ငန်း ဆိုင်းဘုတ်လုပ်ငန်းများ၊ အိမ်ခြံမြေအကျိုးဆောင်ခြင်းများမှအကျိုးဖြစ်ထွန်းမည်။

လုပ်ငန်းခွင်တွင် မိတ်ဆွေအသစ်များနှင့်ဆက်ဆံရမည်။အများ သဘောတူညီမှုကြောင့် လူမှုရေးနှင့် ဘာသာရေးကိစ္စဆောင်ရွက်ရမည်သူစိမ်း၊လူမျိုးကွဲ၊လူမျိုးခြားအကျိုးပေးမည်။ဝေးကွာနေသူများ ပြန်လည်ဆုံစည်းရကိန်း ရှိသည်။အိမ်ခြံမြေအဆောက်အဦး ဆောက်လုပ်ရကိန်းရှိသည်။စက်စ္စည်းနှင့်အိမ်ခြံမြေဝင်ကိန်းရှိသည်။

“(၆)ဂဏန်း နှင့် (၉)ဂဏန်း” ၆၊၁၅၊၂၄နှင့်၉၊၁၈၊၂၇*ရက် မွေးဖွားသူများ သောကြာ၊ တနင်္လာ သားသမီးနှင့် အလုပ်တူပူပေါင်ဆောင်ရွက်ခြင်း၊ ခရီးတူသွားခြင်း၊ မိမိလုပ်ငန်းခွင့် ရှိ အထူးသတိထား ရှောင့်သင့်၏

ဧပြီလ “၁၃”ရက်နေ့ မှ “၂၆”ရက် အထိ(ဗြဟ္မာ-မင်းပူဇော်အံ့၊ကညာ- မင်းပူဇော်အံ့)အကျိူးရလဒ်များ ကတော့…ချစ်သူထံ ငွေကြေးအကူအညီရအံ့။လက် ဆောင်ကြီးကြီးမားမားရတတ်၏။မိသာစုဆွေမျိူးထံ ငွေကြေးအကူအညီရအံ့။ငွေစုနိုင်၍ ပျော်ရွင်စရာ အထူးဝမ်းသာစရာ သတင်းကောင်းကြားရမည်။ကုသိုလ်ဒန၊အလှူတန်းကြီးများ ပြုလုပ်ရတတ်သည်။ဝန်ထမ်းဖြစ်လျှင် လက်ရှိ မြို့ရွာမှ အခြားမြို့ရွာသို့ ရွှေ့ပြောင်း ရတတ်သည်။ရွှေ၊ ငွေ၊ ပစ္စည်း ဥစ္စာ များရမည်။ ဝင်လာမည်။

အချစ်ရေးနှင့်အိမ်ထောင်ရေး…ပျိူရွယ်သူများ မမျှော်လင့်ပဲချစ်သူအသစ်ရမည်။ပျော်ရွင်စရာများနှင့် ငွေ၊ကား၊ခြံ၊စက်ပစ္စည်းအဖိုးတန်းပစ္စည်းများ လက်ဆောင်ရရှိမည်။အိမ်ထောင်ရေး၊အချစ်ရေးနှင့်ပတ်သက်၍ မိမိအိမ်ထောင်ဖက်ကို အထူးချစ်ခင်၊ အနစ်နာခံ အနွံအတာခံလိုစိတ်ရှိကြလိမ့်မည်။အိမ်ထောင်ရှင်များအတွက်အိမ်ထောင်ရေးသာယာပြီးစည်းစိမ်းဥစ္စာတိုးပွားမည်။

ပညာရေး…ဉာဏဆိုင်ရာ ပညာရပ်များ လက်မှုပညာနှင့်ဆက်နွယ်သောပညာများသင်ကြားရတတ်သည်။သို့သော်ဝီရိယအားနှင့်ဉာဏအား စိုက်ထူရမည်။

လုပ်ငန်းပြောင်းရွှေ့ခြင်း၊ရာထူး၊ဂုဏ်သိက္ခာတိုးတက်ခြင်း၊မိမိ၏အတွေ့အကြုံများအပေါ်မှုတည်ပြီးလုပ်ငန်းများတွင် အခွင့်အရေးကောင်းများရရှိပြိး အောင်မြင်မှုများရရှိမည်။

ဧပြီလ “၆”ရက်နေ့ မှ “၁၂”ရက် {ကျား -ပျက်စီးအံ့။ }အတွင်း အကျိူးပြစ်ကတော့…ငွေကြေးချေးငြားခြင်း ရှောင့်သင့်၏ကျောက်မျက်ရတနာ ရောင်းဝယ်ဖောက်ခြင်းများ အလဲအထက်ပြုလုပ်ခြင်းမှ အထူးသတိထားအလုပ်လုပ်ပါ။ပြီးရင် ယုံကြည်မှုဖြင့် ကျောက်ရတနာ အလွယ်မပေးမိစေနှင့် တစ်ဆင့်ပေးခိုင်းတာမျိုးလဲ မဖြစ်နဲ့။

“က,ခ,ဂ,င”နံ နာမည်နှင့်တနင်္လာသာမီး အထူးသတိထားသင့်၍ ခရီးသွား၊အရောင်းအဝယ်အတူလုပ်ချိန် ဂရုစိုက်ပါ ။ သစ္စာဖောက်ခံရနိုင်သည်။ငွေကြေးကိစ္စဆောင်ရွက်ရာ စာချူပ်စာတန်း လက်မှတ်ရေးထိုရာ စိတ်မြန် မလုပ်မိစေ၍ အစအဆုံးစာကိုဖတ်ကြည်လေ့လာပြိးမှ လက်မှတ်ရေးထိုးပါ။လူမှုရေးပြဿနာများ ရုတ်တရက် ရင်ဆိုင်ရတတ်သည်။မိသားစုတွင် စိတ်ပင်ပန်းစရာများကြုံတွေ့ရမည်။

“၂၇”ရက်နေ့ မှ “၃၁”ရက် လကုန်ထိ(ဘီလူး-သေကြေအံ့) အကျိူးပြစ်ကတော့…စက်ရုံ၊အလုပ်ရုံများ၌ ထိခိုက်ဒဏ်ရာ ရခြင်း၊ ငွေကြေးအလိမ်ခံရတတ်၊
ယာဉ်မောင်းနှင်ခြင်းစီးခြင်းများဂရုစိုက်ရမည်။ လမ်းသုံခွ အထူးသတ်ထားသင့် ခွေး,ကြောင် သတိပြုပါ။

မိခင်ဘက်မှဆွေမျိုးများ၏ ကျန်းမာရေးကိစ္စရပ်များတွင်ကူညီပံ့ပို့ရခြင်းများကြုံရမည်။အချစ်ရေးတွင် ဘေးစကားများနားယောင်မိလျှင်ပြဿနာများပေါ်ပေါက်လာတတ်သည်။အချစ်ရေး မိမိချစ်ခင်ရသောသူများ နှင့် ကွဲကွာရခြင်းများ ကြုံတွေ့ရတတ်၏။

ကြာသပတေး သားသမီးများ “(၆)ဂဏန်း နှင့် (၉)ဂဏန်း”” ၆၊၁၅၊၂၄နှင့်၉၊၁၈၊၂၇* *ရက် မွေးဖွားသူများ ကံကြမ္မာ ဇာတာ အလွန်အမှောင်ကျ အခက်အခဲမျိူးဆုံ၊ သောကအပူများကြုံတွေ့ရတတ်သည်။လုပ်ငန်း,အလုပ်အကိုင် ကိစ္စများနှင့်ပတ်သက်၍ အမှားများနှင့်ရင်ဆိုင်ရမည်။အိမ်ထောင်သည့်ရှင် တွေကတော့ သားသမီးနဲ့ ပတ်သက်တဲ့ ပြဿနာတွေ ကြုံရနိုင်ပါတယ်။

နှစ်ဖက် မိဘများ သဘောထားကွဲလွဲတတ်သည်။ညီအစ်ကိုမောင်နှမဆွေမျိုးများနှောက်ယှက်မှုကြောင့်မိမိလုပ်ငန်းခွင်အကျိုးအမြတ်များပျက်စီး တတ်သည်။
ပျိုရွယ်သူများ အချစ်ရေးနှင့် ပတ်သက်ပြီး မိမိထင်သလောက်ခရီး မပေါက်ရောက်နိုင်ပါ မိမိထက်အသက်ဝါကြီးသောသူများနှင့် အိမ်ထောင်ကျတက်သည်။

အပျိူလူပျိူများ စားပြီးနာမည် အလိမ့်များနှင့် တွေ့ဆုံရပြိး သစ္စာမရှိ ဂတိမတိသူများ မကြာမှီ သို့မဟုတ် အကြောင်းပြချက်မရှိ အနေဝေးကွားခြင်းများ ကြုံတွေ့ရတတ်၏။အိမ်ထောင်ရှင်များ အိမ်တွင်းမိသားစုရေးရာများညံ့မည်။မိတ်ဆွေဟန်ဆောင်သူများနဲ့ဆုံရမည်။လောင်းကစားများတွင် လည်း လုံးဝ အကျိုးမရှိနိုင်သည်ကို သတိပြုရမည်။

ရသမျှငွေကြေးများ ကုန်ဆုံးတတ်သည်။ဤအသက်ပိုင်းခြားတွေ့က ၅, ၁၃, ၂၁, ၂၉, ၃၇, ၄၅, ၅၃, ၆၁, ၆၉, ၇၇, ၈၅ ထိုနှစ် ပိုင်းတွေ့က ..ညံနေအံ။တောင် ဒေါင့်ဖြစ်သော ဗုဒ္ဓဟူး ဒေါင့် သို့ ခရီးမသွားရ။ မကောင်းဆုံးဝါ ဖမ်းစားတတ်သောကြောင့် ချူချူချာချာ ဝေဒနာ များတတ်၏။ရောင်းဝယ်ဖောက်ခြင်းများ သွားမိလျှင် အကျိူးမပေး ။ခရီးမသွားသင့်သော ရက် ၉၊၂၇၊၃၀ ထိုရက် ရှောင့်သင့်၏

မသွားမဖြစ်သွားရလျှင် ခရီးသွားအန္တရာယ်ကင်းဂါထာတော်ကို (၇)ခေါက်အဓိဌာန်ရွတ်ပွားပြီးခရီးသွားပါ”မိမိသွားလိုသောခရီး အောင်မြင်ရန်အတွက် အောက်ပါဂါထာကို (၇)ခေါက် ရွတ်ပွားပြီးသွားပါက ဘေးရန်ကင်းစွာဖြင့် လိုရာခရီးကို အောင်မြင်ပါလိမ့်မည်။

???? “ကတာ မေ ရက္ခာ ကတံ မေ ပရိတ္တံ ပဋိက္ကမန္တု၊ ဘူတာနိ သောဟံ နမော၊ ဘဂဝတော နမော သတ္တန္နံ သမ္မာသမ္ဗုဒ္ဓါနံ”????

ကျန်းမာရေး…အဆုတ်ရောဂါ၊ လေနာရောဂါ၊လေးဘက်နာရောဂါ၊မီးယပ်ရောဂါဆိုင်ရာများဖြစ်တတ်သည်။

.အထူးအဟော….စက်ရုံကြီးများတွင် အလုပ်လုပ်လျှင် လျှပ်စစ်မီးနှင့် စပ်ယှဉ်သောနေရာတို့တွင် တတိဖြင့်ဆောင်ရွက်သင့်၏။သူတစ်ပါးအိမ်ယာကိုအထူးရှောင်ပါ/အပျော်အပါးလျှော့ပါ။အရေးကြီးသောစာရွက်စာတမ်းလက်မှတ်ထိုးရာတွင်သတိနှင့်ဆောင်ရွက်ပါ။ကြိုတင်သတိရှိက ဘာမျှစိုးရိမ်ရန် မရှိပါချေ။

၁၃၈၄-ခု နှောင်းတန်ခူးလဆုတ်(၂)ရက်ကျောင်း၊သိမ်၊မုဒ်ဦးရေစက်ချခြင်း အိမ်သစ်ပြောင်း၊ခရီးသွားလာခြင်း၊ဆံရိတ်ဆံသ၊ပရဆေးဖော်၊တွေ့ဆုံဆွေးနွေးခြင်း၊ဂီတသင်ယူခြင်း ကောင်း၏။၁၃၈၄-ခု နှောင်းတန်ခူးလဆုတ်(၉)ရက်နံနက်(၁ဝး၄၂)နာရီလွန်ပန္နက်ရိုက်၊ကျင်းတူး၊အုတ်မြစ်ချ၊စေ့စပ် လက်ထပ်၊အိမ်သစ်တက်ကောင်း၏။

(မဟာသင်္ကြန် အကြိုနေ့)၁၃၈၅-ခု ကဆုန်လဆန်း(၂)ရက်နေကြတ်မည်။ (မြန်မာနိုင်ငံတွင်မမြင်ရပါ။)ရှင်ပြုနားသ၊စေ့စပ်၊လက်ထပ် အဝီစိတွင်းတူခြင်း၊မင်္ဂလာဧည့်ခံစတင်ခြင်း၊အင်တာဗျူး၊ ထီထိုး၊၊ခွဲစိတ်ကုသမှုခံယူခြင်းကောင်း၏။မိမိလုပ်ငန်းလုပ်ဆောင်ရာတွင် မိမိလုပ်ငန်းလုပ်ဆောင်ရာတွင် သောကြာ၊ တနင်္လာသားသမီးများဖြင့်ဆောင်ရွက်ခြင်းများ အထူးဂရုစိုက်ပေးပါ။

ဆောင်ရွက်စရာကိစ္စ ↔ ယခုလတွင်ခရီးသွားခြင်းနှင့် လုပ်ငန်း ကိစ္စအဆင်ပြေရန်အတွက် တောင်အရပ်မျက်နှာမူကာ ပေါက်ပန်း၊အဝါရောင်ပန်း(၁)ပွင့်ဆောင်သွားပါ။

ကံကောင်စေသောအရောင် – ဆင်စွယ်ရောင်၊မရမ်းရောင်၊နို့နှစ်ရောင် မိုးပြာရောင် အဝတ်အထည်များဝတ်ဆင်ခြင်းနှင့်ထိုအရောင်များကိုအဆောင်အဖြစ် အသုံးပြုနိုင်သည်။

အကျိုးပေးသောအက္ခရာနှင့်ဂဏန်းများမှာ {စ,ဇ.ရ,ထ} (၃-၁-၈-၇)အကျိုးပေးသော အရပ် ???? မြောက်အရပ် အိမ်သစ်ပြောင်း၊ခရီးသွားလာခြင်း မင်္ဂလာဧည့်ခံစတင်ခြင်း၊ ထီထိုး၊၊ခွဲစိတ်ကုသမှုခံယူခြင်းကောင်း၏။

ယတြာ ↔ ၁၃၈၄-ခု နှောင်းတန်ခူးလဆုတ်(၉)ရက်နံနက်(၁ဝး၄၂)နာရီ ဇွန်ညွှန့်ကီးညွှန့်ကံ့ကော်ညွှန့်ခရေညွှန့် အဖြူရောင်ဂန္ဓမာပန်း (၅)ပွင့်ဘုရားပူဇော်ပေးပါ။ဇီးဖျော်ရည် စတုကိုလှူပေးပါ။

ဘုရားဆင်တုတော် တည့်ထားကိုးကွယ်, စေတီဟောင်းများ ပြုပြင်ခြင်း,စေတီပုထိုး သန်ရှင်းရေပြုလုပ်ခြင်း,ဆေးသုတ်ခြင်း,ရောင်တော်ဖွင့်ခြင်းတို့ ပြုလုပ်ခြင်းဖြင့် အညံပျောက် ကံကောင်းမှုများ လာအံ့။

မကောင်းမူ့များရှောင်ပြီး ကောင်းမူ့ကုသိုလ် များများလုပ်ပါ။ရတနာသုံးပါး နှင့် မိဘ ဆရာ တို့ကို ဦးထိပ်ထားပါ။ဘာသာရေး ဘုရားတရားများများ လုပ်ပါ။
အဓိဌာန် ဝင်ခြင်း တရားစခန်းဝင်ခြင်းများပြုလုပ်ပါ။

ဆရာကြီးမင်းသူရ (ဗေဒင်နှင့်လက္ခဏာ အထူးယတြာ)မန္တလေးမြို့။

Leave a Reply

Your email address will not be published. Required fields are marked *