ကြားသိရသမျှ

ကလေးတွေနဲ့ ခုန်ချအဆုံးစီရင်တဲ့ ဖြစ်စဉ်မှ အသက်မသေဘဲ ၃ နှစ်အရွယ်ကလေး လေး…see more

မလေးရှားမှာ ဖခင်က သူကလေးတွေနဲ့ မိုးပျံတံတားပေါ်က ခုန်ချအဆုံးစီရင်တဲ့ ဖြစ်စဉ်မှ အသက်မသေဘဲ ဆေးကုနေတဲ့ ၃ နှစ်အရွယ်ကလေးလေး သတိပြန်ရပြီ

မလေးရှားမှာ မြန်မာနိုင်ငံသားတစ်ဦးကသူ့ကလေးတွေနဲ့ မိုးပျံတံတား ပေါ် ကနေ ခုန်ချ အဆုံးစီရင်ခဲ့သည့်ဖြစ်စဉ်မှ အသက်မသေဘဲ အရေးပေါ်ကုသနေသည့် ကလေးငယ်လေး သတိပြန်လည်ရရှိပြီဖြစ်ကြောင်း မြန်မာလူမှုကူညီရေးအသင်း (မလေးရှား) မှ သိရပါ တယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ စိတ်ကျန်းမာရေးမကောင်းတဲ့ မြန်မာနိုင်ငံသား ချင်းအမျိုး သားတစ်ဦးဟာ သူရဲ့ကလေးတွေ(၃)ယောက်ကို ဩဂုတ်လ(၂)ရက်နေ့မှာ တံတားပေါ်ကပစ်ချကာသူပါလိုက်ခုန်ချအဆုံးစီရင်ခဲ့ခြင်းကြောင့် ယင်း အမျိုးသား အပါ အဝင် ကလေးငယ်(၂)ယောက် သေဆုံးပြီး အသက် ၃နှစ်အရွယ်ကလေးလေးမှာ အသက် မသေဘဲ အရေးပေါ်ကုသမှု ခံယူနေရာမှ ပြန်လည် သတိရလာခြင်း ဖြစ်ပါတယ်။

အဆိုပါ ကလေးငယ်မှာ ဆလာယန်းဆေးရုံ၌ ဆေးကုသမှုခံယူနေခြင်း ဖြစ်ကာ ယခုအခါ ဆရာဝန်/ဆရာများများ၏ကူညီမှုကြောင့် (ICU)အရေးပေါ်ကုသနေသောအခန်းမှ နေ၍သီးသန့်ဆောင်သို့ပြောင်းရွေ့ခဲ့ပြီး မိခင်နှင့်တွေ့ခါစတွင် ကလေငယ် မှ အဖေ အမ နှင့် အကိုတို့ကို ဖြေးညှင်းစွာဖြင့် မိခင်ဖြစ်သူအားတွေ့လို့ကြောင်းမေးမြန်းခဲ့တယ်လို့လည်း ဆိုပါတယ်။

Credit




Credit

 

Leave a Reply

Your email address will not be published. Required fields are marked *