ကြားသိရသမျှ

ဒီညက ပန်းရောင် လပြည့်ညပါတဲ့ မြင်ပြီးကြပြီလား

ဒီနေ့ ဧပြီလ (၆)ရက်နေ့ကတော့ ပန်းရောင်လပြည့် ည ကို တွေ့မြင်ရမယ့် ညဖြစ်ပါတယ်။ ဒီလို ပန်းရောင်လ ဖြစ်ရခြင်း နဲ့ လရဲ့ အရောင်အမျိုးမျိုးနဲ့ လ အရောင်ပြောင်းလဲရတဲ့ အကြောင်းရင်းကတော့ လ ဟာ ဘယ်လိုမျိုး အကြောင်းအရာမျိုးကြောင်း ရောင်စုံ တောက်ပနေပုံရတာလဲဆိုတဲ့ အကြောင်းရင်းအမျိုးမျိုးအနေအထားအရ ဦးစွာအနေနဲ့ လရဲ့ အခြေခံအရောင်တွေဟာ အပြာရောင်၊ ပန်းရောင်၊ အနီရောင်၊ အဝါရောင်၊ လိမ္မော်ရောင်တို့ ရှိကြပါတယ်။

ဒီထဲကမှ ပန်းရောင်သို့မဟုတ် အပြာရောင်ရှိတတ်ပြီး ဒီလို ဖြစ်ခဲ့ဖူးတဲ့ နှစ်တွေ ရှိခဲ့ဖူးပါတယ်။ ပုံမှန်မြင်နေကျ စံမီးခိုးရောင်၊ အဖြူရောင်ကနေ ဘာလို့အရောင်ကွဲထွက်သွားလဲဆိုတော့ အနောက်တိုင်းမှာတော့ ဒုတိယတွေရဲ့ လပြည့်ဟာ အပြာရောင်လလို့ လူတော်တော်များများက ယုံကြည်ကြပါတယ်။ သိပ္ပံနည်းအရဆိုရင်တော့ အပြာရောင်လဟာ မီးတောင်ပေါက်ကွဲမှု သို့မဟုတ် တောမီးလောင်ကျွမ်းမှုမှ ဖြစ်ပေါ်လာတဲ့ သဘာဝဖြစ်စဉ်တစ်ခုပါ။

ပြန့်ကျဲနေသော အမှုန်အမွှားများဟာ အပြာရောင်အလင်းတန်းများအဖြစ်နဲ့ ဖြတ်သန်းသွားလာနေ့ပြီး လရဲ့ ပုံမှန်ရောင်စဉ်က အလင်းတချို့ကို ပိတ်ဆို့ထားရာမှ အပြာရောင်လ ဖြစ်ပေါ်လာပါတယ်။၁၈၃၃ ခုနှစ်က Krakatoa မီးတောင်ပေါက်ကွဲမှုမှ နောက်ဆုံး အပြာရောင်လ ဖြစ်ပေါ်လာခဲ့ပြီး ၂ နှစ်ကြာအထိ လကို အပြာရောင်သန်းစေခဲ့ပါတယ်။ပန်းရောင် လ ဖြစ်ပေါ်ခြင်းကတော့တစ်ခါတစ်ရံ နေရောင်က လကိုရောင်ပြန်ဟပ်လာတဲ့အခါမှာ ကွဲပြားသောအရောင်တစ်ခု ပေါ်ပေါက်လာနိုင်ပြီး ထိုအရောင်ဟာ အချို့သူတွအတွက် ပန်းရောင်ဖြစ်လာနိုင်ပါတယ်။

အနောက်နိုင်ငံတွေမှာ ဧပြီလရဲ့ လပြည့်ဟာ ပန်းရောင်လအဖြစ် ပေါ်လာတတ်ပြီး မြောက်အမေရိကရှိ Phlox ပန်းပွင့်ရဲ့ ပုံပန်းသဏ္ဍာန်မှ ပန်းရောင်လလို့ အမည်တွင်စေခဲ့ကြောင်းလည်း သိရပါတယ်။အနီရောင် လ ဆိုတာ ကတော့ လကြတ်ချိန်မှာ ကမ္ဘာဟာ နေနဲ့ လ အကြား ရွေ့လျားသွားပြီး လရဲ့ အလင်းရောင်ထောက်ပံ့မှုကို ဖြတ်တောက်လိုက်ပါတယ်။

ဒီလိုဖြစ်လာတဲ့အခါ လရဲ့မျက်နှာပြင်ဟာ လုံးဝမှောင်နေမယ့်အစား နီမြန်းရောင်သမ်းလာပါတယ်။လေထုဟာ မတူညီသော ဓာတ်ငွေ့များ၊ ရေစက်များနဲ့ ဖုန်မှုန့်များဖြင့် ဖွဲ့စည်းထားတာကြောင့် နေရောင်ခြည်က ကမ္ဘာ့လေထုထဲသို့ ဝင်ရောက်လာတဲ့အခါ အလင်းရဲ့ လှိုင်းအလျားထက် သေးငယ်သော အမှုန်အမွှားများကို ဖြန့်ကျက်လိုက်ပါတယ်။အဲဒီအခါ လေရဲ့ မော်လီကျူးများမှ အလင်းများ လွင့်ထွက်ခြင်းကို ဖြစ်ပေါ်စေပြီး လွင့်ထွက်လာတဲ့ အရောင်များဟာလည်း အနီရောင်နဲ့ လိမ္မော်ရောင်တို့ကဲ့သို့ အရောင်များကို ဖြစ်ပေါ်စေပါတယ်။

ဒီအလင်းရောင်ဟာ လရဲ့ မျက်နှာပြင်သို့ ကျရောက်လာချိန်မှာ လကြတ်ခြင်းလို့ ကျော်ကြားတဲ့ နီညိုရောင် လိမ္မော်ရောင်တောက်ပမှုကို ပေးစွမ်းပါတယ်။ကမ္ဘာ့လေထု အခြေအနေပေါ် မူတည်၍ လကြတ်ချိန်မှာ အနီရောင်၊ လိမ္မော်ရောင် သို့မဟုတ် ရွှေရောင်အဆင်းအမျိုးမျိုးကို မြင်တွေ့နိုင်ပါတယ်။အဝါရောင်လဟာ အနောက်တိုင်းမှာတော့ ဇွန်လရဲ့ လပြည့်နေ့ကို ရည်စူးပြီး ပျားရည်လလို့လည်း ခေါ်တွင်ပါတယ်။ တစ်နှစ်ပတ်လုံးရဲ့ လပြည့်နေ့ဖြစ်တာကြောင့် ညလုံးပေါက် အဝါရောင် တောက်ပနိုင်ခြေ အရှိဆုံး ဖြစ်ပါတယ်။

ဇွန်လမှာ မြောက်ကမ္ဘာခြမ်းရှိ ကောင်းကင်က နေဟာ အမြင့်ဆုံး အကွာအဝေးကို ရောက်ရှိနေတာကြောင့် ကောင်းကင်ယံမှာ လကို အနိမ့်ဆုံး အနေအထားနဲ့ မြင်တွေ့ရရတ်ပါတယ်။လဟာ ကောင်းကင်မှာ နိမ့်နေတဲ့အခါတိုင်း ထူထဲသော လေထုကိုဖြတ်ပြီးမှာ မြင်တွေ့ရတာကြောင့် နေဝင်ချိန်ကဲ့သို့ပင် လရဲ့အရောင်ဟာ အနီရောင် သို့မဟုတ် အဝါရောင် သို့မဟုတ် လိမ္မော်ရောင် ပြောင်းသွားတာမျိုး ဖြစ်ပါတယ်။

လိမ္မော်ရောင် လဟာ တစ်နှစ်တာရဲ့ အကြိမ်များစွာမှာ လိမ္မော်ရောင်ကို ပြသလေ့ရှိပါတယ်။ အထူးသဖြင့် လေထုထဲမှာ ဖုန်မှုန့်များ၊ မီးခိုးများ၊ သို့မဟုတ် လေထုညစ်ညမ်းမှုများ များပြားနေချိန်မှာ လိမ္မော်ရောင်လ ဖြစ်ပေါ်ပါတယ်။အဲဒီအမှုန်တွေ အရွယ်အစားက သင်မြင်ရမယ့် လရဲ့ အရောင်အမျိုးအစားကို ဆုံးဖြတ်ပေးပါလိမ့်မယ်။ ဥပမာအားဖြင့် အနောက်တိုင်းက ဆောင်းရာသီမှာ နာမည်ကျော်ကြားတဲ့ Harvest Moon လဟာ အလွန်ကြီးမားပြီးလိမ္မော်ရောင် ရှိပါတယ်။

ဆောင်းဦးရာသီမှာ လယ်သမားများစွာက သူတို့ရဲ့ သီးနှံများကို ရိတ်သိမ်းကြသည်။ သီးနှံပင်များရဲ့ မြေဆီလွှာကို ဖုန်မှုန့်တွေ အများအပြားပ ဝင်ရောက် နှောင့်ယှက်သလို အမှုန်အမွှားတွေက လေထုထဲကို ပျံတက်သွားပါတယ်။တစ်ချိန်တည်းမှာပဲ ဆောင်းဦးရာသီမှာ လဟာ ကောင်းကင်ရဲ့ အနိမ့်ဆုံးမှာ ရှိနေပြန်ပါတယ်။

ဒါကြောင့် ကောင်းကင်မှာ ဖုန်မှုန့်တွေများဘာပြီး လက မိုးကုပ်စက်ဝိုင်းနဲ့ ပိုနီးလာရင် လက ဘယ်လိုအရောင်ဖြစ်မလဲဆိုရင်တော့ အဖြေဟာ လိမ္မော်ရောင် ဖြစ်ပါတယ်။

Reference credit respectfully goes to original writer or translator.

ဆီလျော်ပြီး ဖတ်လို့ အဆင်ပြေအောင် AIO မှ အနည်းငယ် ပြန်လည်ပြုပြင်ရေးသားထားပါတယ်ရှင်။

Leave a Reply

Your email address will not be published. Required fields are marked *