ကြားသိရသမျှ

အဖမ်းခံရသည့် PDF အဖွဲ့ဝင် ၃ ဦးရဲ့ အခြေနေ

မဲဆောက်တွင် အဖမ်းခံရသည့် PDF အဖွဲ့ဝင် ၃ ဦးရဲ့ အခြေနေ

သွင်ထူးဈာန် (ကော်သူးလေ)

(မဇ္ဈိမ) ။ ။ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် အဖမ်းခံရသည့် PDF တပ်ဖွဲ့ဝင် သုံးဦးသည် စစ်ကောင်စီထံ လွှဲပြောင်းခံရပြီးနောက် လက်ရှိတွင် သင်္ဃန်းညီနောင်ဗျူဟာ၌ ချုပ်နှောင်စစ်ဆေးခံနေရကြောင်း ၎င်းတို့လွတ်မြောက်ရန် ကူညီဆောင်ရွက်ပေးနေသည့် ခိုင်မာသော သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကို ပြောသည်။

“သူတို့က သင်္ယန်းညီနောင်ဗျူဟာမှာ အချုပ်ခံထားရတယ်။ ဒီသတင်းက လူမသိရင် စစ်ကောင်စီဘက်က လက်စဖျောက်သွားမှာကိုစိုးရိမ်တယ်။ ကျွန်တော်ပြောချင်တာက သူတို့လိုဖြစ်စဉ်မျိုး နောက်ထပ်မဖြစ်ရအောင် ထိုင်းဘက်ကို ဖိအားပေးဖို့လိုတယ်” ဟု အဖမ်းခံရသူများကို လိုက်ပါကူညီပေးနေသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

မဲဆောက်တွင် ဆေးကုသမှု ခံယူရန်ရောက်ရှိနေသည့် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင် သုံးဦးကို ထိုင်းအာဏာပိုင်များက ဧပြီလ ၁ ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။၎င်းတို့သည် ဆေးခန်းပြပြီး အပြန်တွင် ဘန်ကောက်မြို့သို့သွားသည့် လမ်းမကြီးပေါ်သို့ လမ်းမှားရောက်သွားသဖြင့် ထိုင်း လ.ဝ.က ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်ကြောင်း နီးစပ်သူများထံက သိရသည်။

“ထိုင်းလဝက ကဖမ်းတယ်။ အဲ့ဒီညနေမှာပဲ လဝကရုံးကို ပို့လိုက်တယ်။ ကျွန်တော်တောက်လျှောက်လိုက်ထုတ်တယ်။ ထိုင်းစစ်တပ်ဘက်က ကူညီပေးတယ်။ သူတို့လိုက်ထုတ်ပေးတယ်။ ၃ ရက်နေ့ ညနေလောက်မှာ ထိုင်းစစ်တပ်ဘက်က လိုက်ထုတ်ပေးတယ်ပေါ့နော်။

အဲ့မှာ ၄ ရက်နေ့မှာ လာထုတ်ပါလို့ ထိုင်းလဝက ကပြောလိုက်တယ်။ အဲ့တော့ နောက်နေ့ နံနက် ၁၁ နာရီမှာ သွားထုတ်တော့ သူတို့ကပြောလိုက်တယ်။ မနက် ၁၀ နာရီ ကတည်းက ဟိုဘက်ကမ်းကို သွန်( ပို့ ) လိုက်တယ်လို့ ပြောတယ်”ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။

ဖမ်းဆီးခံရသူ သုံးဦးမှာ အသက် ၃၈ နှစ်အရွယ် ကိုသီဟ၊ အသက် ၃၁ နှစ်အရွယ် ထက်နေဝန်းနှင့် အသက် ၂၆ နှစ်အရွယ် စောဖြိုးလေးတို့ ဖြစ်သည်။ အဆိုပါ အဖမ်းခံရသူများကို ထိုင်းလူဝင်မှုကြီးကြပ်ရေး (လ.ဝ.က ) မှ အင်ကြင်းမြိုင် BGF ဂိတ်ကို ပို့ဆောင်ခဲ့ပြီးနောက် အဖမ်းခံရသူများမှာ ထွက်ပြေးသဖြင့် BGFအဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦးမှာ ရင်ဘတ်ကျည်ထိမှန်ကာ တစ်ဦးမှာ ပေါင်ကိုထိမှန်ခဲ့ကြောင်းသိရသည်။

ဖမ်းဆီးခံရသူများကို BGF ဗိုလ်မှူးနိုင်မောင်ဇော်က ဦးခေါင်းတွင် အိတ်အမဲစွပ်ကာ စစ်ကောင်စီလက်ထဲသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့သုံးဦးနှင့် နီးစပ်သော စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

မဲဆောက်မြို့တွင် ထိုင်းအာဏာပိုင်များက ပြီးခဲ့သည့်မတ်လက စတင်ကာ မြန်မာလူမျိုးများ နေထိုင်သည့် နေအိမ်၊ တန်းလျားများကို ရှောင်တခင် ဝင်ရောက်စစ်ဆေးပြီး ဓာတ်ပုံအချို့ကို ပြကာ မေးမြန်းမှုများရှိကြောင်း သိရသည်။ပြီးခဲ့သည့် လပိုင်းကလည်း မဲဆောက်တွင် ထွက်ပြေးတိမ်းရှောင်နေသည့် CDM အချို့ကို ဖမ်းဆီးပြီး ထိုင်းအစိုးရက မြန်မာစစ်တပ်ဘက်ကို လွှဲပြောင်း ပေးခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

စာတည်း။ ။ နောင်နောင်

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

mizzimatv

မဲဆောက်တွင် အဖမ်းခံရသည့် PDF အဖွဲ့ဝင် ၃ ဦးရဲ့ အခြေနေ

သွင်ထူးဈာန် (ကော်သူးလေ)

မဲေဆာက္တြင္ အဖမ္းခံရသည့္ PDF အဖြဲ႕ဝင္ ၃ ဦးရဲ႕ အေျခေန

သြင္ထူးဈာန္ (ေကာ္သူးေလ)

(မဇၩိမ) ။ ။ ထိုင္းႏိုင္ငံ၊ မဲေဆာက္ၿမိဳ႕တြင္ အဖမ္းခံရသည့္ PDF တပ္ဖြဲ႕ဝင္ သုံးဦးသည္ စစ္ေကာင္စီထံ လႊဲေျပာင္းခံရၿပီးေနာက္ လက္ရွိတြင္ သဃၤန္းညီေနာင္ဗ်ဴဟာ၌ ခ်ဳပ္ေႏွာင္စစ္ေဆးခံေနရေၾကာင္း ၎တို႔လြတ္ေျမာက္ရန္ ကူညီေဆာင္႐ြက္ေပးေနသည့္ ခိုင္မာေသာ သတင္းရင္းျမစ္တစ္ဦးက မဇၩိမကို ေျပာသည္။

“သူတို႔က သယၤန္းညီေနာင္ဗ်ဴဟာမွာ အခ်ဳပ္ခံထားရတယ္။ ဒီသတင္းက လူမသိရင္ စစ္ေကာင္စီဘက္က လက္စေဖ်ာက္သြားမွာကိုစိုးရိမ္တယ္။ ကြၽန္ေတာ္ေျပာခ်င္တာက သူတို႔လိုျဖစ္စဥ္မ်ိဳး ေနာက္ထပ္မျဖစ္ရေအာင္ ထိုင္းဘက္ကို ဖိအားေပးဖို႔လိုတယ္” ဟု အဖမ္းခံရသူမ်ားကို လိုက္ပါကူညီေပးေနသူတစ္ဦးက မဇၩိမကို ေျပာသည္။

မဲေဆာက္တြင္ ေဆးကုသမႈ ခံယူရန္ေရာက္ရွိေနသည့္ ျပည္သူ႔ကာကြယ္ ေရးတပ္ဖြဲ႕ဝင္ သုံးဦးကို ထိုင္းအာဏာပိုင္မ်ားက ဧၿပီလ ၁ ရက္ေန႔တြင္ ဖမ္းဆီးခဲ့ျခင္း ျဖစ္သည္။၎တို႔သည္ ေဆးခန္းျပၿပီး အျပန္တြင္ ဘန္ေကာက္ၿမိဳ႕သို႔သြားသည့္ လမ္းမႀကီးေပၚသို႔ လမ္းမွားေရာက္သြားသျဖင့္ ထိုင္း လ.ဝ.က ၏ ဖမ္းဆီးျခင္းကို ခံခဲ့ရျခင္းျဖစ္ေၾကာင္း နီးစပ္သူမ်ားထံက သိရသည္။

“ထိုင္းလဝက ကဖမ္းတယ္။ အဲ့ဒီညေနမွာပဲ လဝက႐ုံးကို ပို႔လိုက္တယ္။ ကြၽန္ေတာ္ေတာက္ေလွ်ာက္လိုက္ထုတ္တယ္။ ထိုင္းစစ္တပ္ဘက္က ကူညီေပးတယ္။ သူတို႔လိုက္ထုတ္ေပးတယ္။ ၃ ရက္ေန႔ ညေနေလာက္မွာ ထိုင္းစစ္တပ္ဘက္က လိုက္ထုတ္ေပးတယ္ေပါ့ေနာ္။

အဲ့မွာ ၄ ရက္ေန႔မွာ လာထုတ္ပါလို႔ ထိုင္းလဝက ကေျပာလိုက္တယ္။ အဲ့ေတာ့ ေနာက္ေန႔ နံနက္ ၁၁ နာရီမွာ သြားထုတ္ေတာ့ သူတို႔ကေျပာလိုက္တယ္။ မနက္ ၁၀ နာရီ ကတည္းက ဟိုဘက္ကမ္းကို သြန္( ပို႔ ) လိုက္တယ္လို႔ ေျပာတယ္”ဟု အထက္ပါ သတင္းရင္းျမစ္က ေျပာသည္။

ဖမ္းဆီးခံရသူ သုံးဦးမွာ အသက္ ၃၈ ႏွစ္အ႐ြယ္ ကိုသီဟ၊ အသက္ ၃၁ ႏွစ္အ႐ြယ္ ထက္ေနဝန္းႏွင့္ အသက္ ၂၆ ႏွစ္အ႐ြယ္ ေစာၿဖိဳးေလးတို႔ ျဖစ္သည္။ အဆိုပါ အဖမ္းခံရသူမ်ားကို ထိုင္းလူဝင္မႈႀကီးၾကပ္ေရး (လ.ဝ.က ) မွ အင္ၾကင္းၿမိဳင္ BGF ဂိတ္ကို ပို႔ေဆာင္ခဲ့ၿပီးေနာက္ အဖမ္းခံရသူမ်ားမွာ ထြက္ေျပးသျဖင့္ BGFအဖြဲ႕ဝင္မ်ားက ပစ္ခတ္ဖမ္းဆီးမႈေၾကာင့္ တစ္ဦးမွာ ရင္ဘတ္က်ည္ထိမွန္ကာ တစ္ဦးမွာ ေပါင္ကိုထိမွန္ခဲ့ေၾကာင္းသိရသည္။

ဖမ္းဆီးခံရသူမ်ားကို BGF ဗိုလ္မႉးႏိုင္ေမာင္ေဇာ္က ဦးေခါင္းတြင္ အိတ္အမဲစြပ္ကာ စစ္ေကာင္စီလက္ထဲသို႔ ပို႔ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း ၎တို႔သုံးဦးႏွင့္ နီးစပ္ေသာ စစ္ေရးသတင္းရင္းျမစ္မ်ားက ေျပာသည္။

မဲေဆာက္ၿမိဳ႕တြင္ ထိုင္းအာဏာပိုင္မ်ားက ၿပီးခဲ့သည့္မတ္လက စတင္ကာ ျမန္မာလူမ်ိဳးမ်ား ေနထိုင္သည့္ ေနအိမ္၊ တန္းလ်ားမ်ားကို ေရွာင္တခင္ ဝင္ေရာက္စစ္ေဆးၿပီး ဓာတ္ပုံအခ်ိဳ႕ကို ျပကာ ေမးျမန္းမႈမ်ားရွိေၾကာင္း သိရသည္။ၿပီးခဲ့သည့္ လပိုင္းကလည္း မဲေဆာက္တြင္ ထြက္ေျပးတိမ္းေရွာင္ေနသည့္ CDM အခ်ိဳ႕ကို ဖမ္းဆီးၿပီး ထိုင္းအစိုးရက ျမန္မာစစ္တပ္ဘက္ကို လႊဲေျပာင္း ေပးခဲ့ေၾကာင္း သတင္းမ်ား ထြက္ေပၚခဲ့သည္။

စာတည္း။ ။ ေနာင္ေနာင္

စာမူတည္းျဖတ္။ ။ ေအာင္ေက်ာ္ၿဖိဳး

mizzimatv

မဲေဆာက္တြင္ အဖမ္းခံရသည့္ PDF အဖြဲ႕ဝင္ ၃ ဦးရဲ႕ အေျခေန

သြင္ထူးဈာန္ (ေကာ္သူးေလ)

Leave a Reply

Your email address will not be published. Required fields are marked *