ကြားသိရသမျှ

ယနေ့ ကော့ကရိတ်မြို့မှာ မိခင်ကြီး ငုတ်တုတ်ရှိလျှက်နဲ့ အမွေလှပစ္စည်း ခွဲခံရတဲ့ ဖြစ်ရပ် ရုပ်သံဖိုင်

ရုပ်သံဖိုင်ကိုအောက်ဆုံးမှာဖေါ်ပြထားပါတယ်

12/8/2022 ကရင်ပြည်နယ် ကော့ကရိတ်မြို့မှာ မိခင်ကြီး ငုတ်တုတ်ရှိလျှက်နဲ့ သမီးတွေက အမွေလု ပစ္စည်းခွဲ ?

ကျော်ရဲအောင် (ရှပ်ပုံသား)

မိဘကျေးဇူးကို ဓမ္မနဲ့ဆပ်ရတယ်

မြန်မာလူမျိုးတွေ ထဲမယ်ဘယ်ကနေ ဘယ်လိုလုပ်ပြီးတော့ပြောတယ် မသိဘူး။

မြတ်စွာဘုရားရှင်ကအဘိဓမ္မာတရား ဟောပြီးမယ်တော်ရဲ့ ကျေးဇူးကို ဆပ်တာနို့တစ်လုံးဖိုးပဲ ကျေတယ်လို့ ဆိုတော့နောက်တစ်လုံးဖိုး ထပ်ဆပ်ရဦးမယ့်အဓိပ္ပါယ် ရောက်နေတယ်။ဒီလို ဆိုလိုထားတာလည်းစာထဲမှာ မရှိပါဘူး။

အဲဒါဆိုရင် နို့တစ်လုံးဖိုးကဘယ်လောက်တန်တယ်၊နောက်တစ်လုံးဖိုးကဘယ်လောက်တန်တယ် ဆိုတဲ့တန်ကြေး သတ်မှတ်ထားတာ ရှိရမှာပေါ့။အဲဒီလို သတ်မှတ်ထားတာ ရှိမှ မရှိဘဲနဲ့နို့တစ်လုံးဖိုးပဲ ကျေတယ်၊နှစ်လုံးဖိုးပဲ ကျေတယ်လို့ ပြောစရာ မရှိပါဘူး။

ဒီအပြောတွေက မှန်ကန်တဲ့‌အပြောတွေ မဟုတ်ဘူး။ဘာသာတရားတော် တွေထဲမှာတစ်ခါတစ်ရံကျတော့မမှန်ကန်တဲ့ အတွေးတွေလည်း
ဝင်ရောက် လာတတ်တယ် လို့ပဲ ဆိုရပါမယ်။

မြတ်စွာဘုရားရှင် အဘိဓမ္မာ ဟောလို့မယ်တော်မိနတ်သား တရားထူးရပြီးသောတာပန် ဖြစ်သွားတာဟာနို့ဖိုးတင် မကပါဘူး၊ကျေးဇူး အကုန်လုံး ကျေပါတယ် လို့ဒီလိုပဲ မှတ်ရပါမယ်။

ဘာဖြစ်လို့တုံး ဆိုရင်မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်ကဟောထားတာ ရှိပါတယ်၊ဓမ္မနဲ့ ကျေးဇူးဆပ်လို့ ရှိရင်ပညာမရှိတဲ့ မိဘ ပညာ ရှိလာအောင်၊သဒ္ဓါတရားမရှိတဲ့ မိဘ သဒ္ဓါတရား ရှိလာအောင်၊စွန့်ကြဲမှုမရှိတဲ့မိဘ စွန့်ကြဲမှု ရှိလာအောင်ဒီလို စွမ်းဆောင်မှု ပေးတယ်။

ဓမ္မ ဘက်ကနေ ကျေးဇူးဆပ်တယ် ဆိုရင်ဒါဟာ ကျေးဇူးဆပ်ပြီးသား ရောက်တယ်၊သာမာန်အားဖြင့်ကျွေးမွေးစောင့်ရှောက်၊ ပြု စုရုံနဲ့ ကတော့ကျေးဇူး ကျေတယ်လို့ ပြောလို့ မရဘူး တဲ့။

ဒီလိုပဲ ဟောထားတာ ရှိပါတယ်၊ စာထဲမှာ နော်။ဓမ္မနဲ့ ကျေးဇူးဆပ်ရင်လည်း ကျေတယ် တဲ့၊ဒီလို ဆိုတယ်၊ဒါကြောင့် မြတ်စွာဘုရားရှင်က
ဓမ္မနဲ့ ဆပ်တာပဲလေ၊မယ်တော်ရဲ့ကျေးဇူး မကျေစရာဘာ အကြောင်းမှ မရှိပါဘူး။

ကျေးဇူးရှင် ပါမောက္ခချုပ် ဆရာတော်ကြီးဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

မူရင်းရေးသားပူဇော်သူကိုလည်းဂါရဝပြုပါသည်။ကုသိုလ်ကောင်းမှုများကိုမမေ့မလျော့ ပြု နိုင်ကြပါစေ။

Unicode

Leave a Reply

Your email address will not be published. Required fields are marked *