ကြားသိရသမျှ

မိုင်းဖုန်းဆရာတော် ဘုရားကြီးရဲ့ လက်ရှိ ကျန်းမာရေးအခြေအနေ…..

မိုင်းဖုန်းဆရာတော် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်ကျန်းမာရေး စစ်ဆေးနေ
သြဂုတ် ၁၁ ရက်
မိုင်းဖုန်းဆရာတော် အညတရဝါသီ အရှင် ညာဏသံဝရ (ခူးဝါးဝန်းစုမ့်) သက်တော် ၅၇ ဝါတော် ၃၇ ဝါသည် ထိုင်းနိုင်ငံ ဘန်ကောက်တွင် ကျန်မာရေး စစ်ဆေးမှုခံယူနေကြောင်း စုံစမ်းသိရသည်။
မိုင်းဖုန်းဆရာတော်သည် မိုင်းကျက်ဂူတွင် (၃) နှစ် (၃) လ (၃) ရက် အဓိဌာန်ဝင် ဂူအောင်း တရားဘာဝနာ ကျင့်ကြံမှု အောင်မြင်ပြီးနောက် ဂူမှထွက်လာကာ သျှမ်းပြည်တောင်ပိုင်း မြို့နယ်တချို့သို့ မရပ်မနား သာသနာပြုခဲ့ရာ လက်ရှိတွင် အားနည်းပြီး ပင်ပန်းနွမ်းနယ်နေကြောင်း၊ ကျန်းမာရေး ဆေးစစ်ရန်အတွက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ယမန်နေ့ ဩဂုတ် (၁၀) ရက် ညပိုင်းတွင်ရောက်ရှိကြောင်း သိရသည်။
“ဟုတ်ပါတယ်။ ဆရာတော်ရဲ့ ကျန်းမာရေးအခြေနေက စစ်ဆေးဖို့လိုလို့ပါ။ ဆရာဝန်တွေနဲ့ သေချာမစစ်ဆေးရင် ဘယ်နားဘာဖြစ်လည်း မသိရလို့ပါ။ ဂူတွင်းနေတဲ့ချိန်တော့ ကျန်းမာရေးကောင်းတယ်။ ဂူထွက်လာတော့ လူအများနဲ့တွေ့ရတယ်။
အစားအသောက်ကော ၊ အိပ်ရေးနဲ့ အခြေနေတွေပြောင်းလဲသွားတော့ ကျန်းမာရေးထိခိုက်သွားတာ။
ဆရာတော်ကို ယုံကြည်ကိုးကွယ်တဲ့ ရပ်နီးရပ်ဝေးက ဒကာ ဒကာမ တွေလည်း ဆရာတော် နေကောင်းကျန်းမာပါစေကြောင်း အဓိဌာန်ပြုဆုတောင်းပေးဖို့ တိုက်တွန်းလိုပါတယ်။”ဟု နီးစပ်သူ တစ်ဦးက ပြောသည်။
လက်ရှိ မိုင်းဖုန်းဆရာတော်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိနေပြီး ဆေးကုသမှုခံယူနေကြောင်းကို ထိုင်းနိုင်ငံရှိ မီဒီယာများကလည်း ဖော်ပြထားသည်။
ဆရာတော်သည် သြဂုတ် (၁) ရက်နေ့ မိုင်းကျက်ဂူမှ ထွက်လာပြီး ၆ ရက်နေ့အထိ ဒကာများအား ဆက်တိုက် တရားဟောခဲ့သည်။
ခရီးပမ်းမှုနှင် ဂူတွင်း ဂူပ ပတ်ဝန်းကျင်အခြေအနေပြောင်းလဲမှုကြောင့် ဆရာတော်အားနည်းကာ သြဂုတ်လ ၇ ရက်မှစပြီး တာချီလိတ်မြို့ မိုင်းဖုန်းအုပ်စုရှိ ဆီလွန်းလူ ကျောင်းတိုက်ရောက်သည့်အချိန်အထိ တရားနာ
ပရိသတ်အား လက်ဟန်ဖြင့်သာ တရားဟောပေးခဲ့ပြီး တောင်တန်းသာသနာပြုဆရာတော် စဝ်ဆုခမ်း က ဘာသာပြန်ကာ တရားဟော ကုသိုလ်ပြုပေးခဲ့သည်
Crd………
Unicode

Leave a Reply

Your email address will not be published. Required fields are marked *