ကြားသိရသမျှ

ရန္ကုန္သားနဲ႔ မႏၲေလးသား သာမက ဘယ္သူလာလာ တိုင္ပတ္သြားေစမယ့္ ၿမိဳ႕ေတာ္ႀကီး…

ရန္ကုန္သားျဖစ္ျဖစ္ မန္းေလးသားျဖစ္ျဖစ္ ေနျပည္ေတ ာ္ေရာက္ရင္ အဝိုင္းတကာပတ္ရင္း ဒစ္လည္ရတာခ်ည္းပဲ။ အဝိုင္းပတ္ရင္း ဒီအဝိုင္းပဲ (၃) ခါေလာက္ျပန္ေရာက္လာလို႔ ေတာေျခာက္တယ္ မွတ္ၿပီး သမၺဳေဒၶ ႐ြတ္တဲ့ ရန္ကုန္သားေတြ မန္းသားေတြ အသာေနၾက။

ဝန္ႀကီးဌာန နာမည္ေမးရမလိုလို ႐ုံးနံပါတ္ေ မးရမလိုလိုနဲ႔ တိုင္ပတ္ၾက ရတာခ်ည္းပဲ မဟုတ္လား။ ေနျပည္ေတာ္ၿမိဳ႕မကို ခဏထား၊ ပ်ဥ္းမနားဘက္မွာတင္ ႐ြာလည္ေစရမယ္။ ၁ လမ္း၊ ၂ လမ္းေျပာလို႔ ကိုယ္သြားမယ့္လမ္း ေရာက္မယ္ထင္သလား။

ေပါင္းေလာင္း ၁ လမ္းလား၊ ေ႐ႊခ်ီ ၁ လမ္းလား၊ ပန္းခင္း ၁ လမ္းလား၊ ေအာင္မဂၤလာ ၁လမ္းလား၊ ရန္ေအာင္ ၁ လမ္းလား၊ ၁ လမ္းေတာ့ ၁ လမ္းပဲ။ ရပ္ကြက္တိုင္းမွာ ရွိေနတာေတာ့မတတ္ႏိုင္ဘူး။

ဘုရားသြားတယ္ဆိုၿပီး ေရပန္းဥယ်ာဥ္မွာ ႀကိဳးတံတားေပၚ သြားတိုးေနတဲ့သူမွန္သမွ် အတုလုပ္ထားတဲ့ လိုဏ္ေခါင္း ၂ ခုကို လက္ယာရစ္ ပတ္တယ္ဆိုရင္ မင္းယုံလား။

မင္းတို႔ေလာက္မေျပာနဲ႔ ဂ်ီပီအက္စ္နဲ ႔ကမာၻပတ္ေနတဲ့ တိုးရစ္ေတြကို ဒဗလယ္ ႐ိုက္လိုက္တဲ့ ကယ္ရီသမားေတြ ရွိတဲ့အခါ၊ လည္ပါတယ္ဆိုတဲ့ ျပည္ႀကီးက တ႐ုတ္ေတြကို ဟင္း႐ြက္ေတြ ေလးဆေလာက္ေစ်းတင္႐ိုက္ႏိုင္တဲ့ သေျပကုန္းက ပ်ံက်ေစ်းသည္ေတြလို လူ႔စြမ္းအား အရင္းအျမစ္ရွိတဲ့အခါ။

ကာရာအိုေကဆိုခ်င္ရင္ တစ္ရက္ခရီး၊ အရက္ေသာက္ခ်င္ရင္ ေန႔ဝက္ခရီး၊ တစ္ဆက္ထဲ အႏွိပ္ခန္းသြားခ်င္ေတာင္ ႏွစ္နာရီၾကာတဲ့ ၿမိဳ႕မ်ိဳး ေနဖူးလို႔ မာန္တက္ရင္ ခြင့္လႊတ္တယ္။

ဘယ္(၆)လမ္း၊ ညာ (၆) လမ္း ရွိတဲ့ (၁၂) လမ္းသြားေပၚမွာ ဆိုက္ကယ္ႏွစ္စီး ေခါင္းခ်င္းဆိုင္ တိုက္တဲ့ၿမိဳ႕ ၾကားဖူးသလား၊ လယ္သမားေတြ စပါးလွန္းဖို႔ ေျပာင္းဖူးေစ့ လွန္းဖို႔ ကြန္ကရစ္လမ္းေၾကာ တစ္ေၾကာစီ အပိုခင္းထားေပးတဲ့ ၿမိဳ႕ မင္းတို႔ ျမင္ဖူးသလား၊

ကမာၻ႔အလုံၿခဳံဆုံး လမ္း (၂၀) သြား လမ္းမႀကီးက လႊတ္ေတာ္ေရွ႕ကို ခန္႔ျငားစြာ ျဖတ္သန္းသြားတယ္။ လူကူးမ်ဥ္းက်ားမရွိဘူး၊ ဒါေပမယ့္ လမ္းေပၚ မင္းတစ္ေနကုန္ လွဲအိပ္ေနလည္း မင္းကို ဘယ္ကားမွ တက္မႀကိတ္ဘူး၊ အဲဒီလို လုံၿခဳံတယ္။ ကြကိုယ္ ေရငတ္မေသေအာင္သာ ေန။

အထူးကုေဆး႐ုံေတြ အမ်ားႀကီးရွိတယ္။ ေဆးဝါးမ်ိဳးစုံေရာင္းတဲ့ ဆိုင္ေတြ အမ်ားႀကီးရွိတယ္၊ ေရာဂါမေပ်ာက္မွာ မပူနဲ႔။ မင္းရဲ႕လူနာ ေဆး႐ုံေရာက္တဲ့အထိ၊ ေဆးသြားဝယ္တဲ့ လူျပန္လာတဲ့အထိ အသက္မီဖို႔ေတာ့ လိုတာေပါ့။

ၾကပ္ေျပးလို႔ေခၚသူ ေတြ ဂ႐ုမစိုက္နဲ႔၊ ၾကပ္ၾကပ္မတ္မတ္ရွိလို႔ ေပါက္လႊတ္ပဲစားေတြ မေနႏိုင္ဘဲ ေျပးရတယ္။ အဲဒါေၾကာင့္ ၾကပ္ေျပး၊ ၿမဲၿမဲမွတ္ထား ႐ူးေတာင္သြားအုံးမယ္၊ ေနျပည္ေတာ္သားကြ၊ အိုးရွင္းနဲ႔ ကက္ပီတယ္ကို သုံးေလးမိုင္လမ္းေလွ်ာက္သြားၿပီး စက္ေလွကားအေပ်ာ္စီးတဲ့ ေဗြးတုတ္တို႔အေၾကာင္းမပါေသးဘူး။

ပ်ဥ္းမနားေစ်းထဲက ေဘထုပ္ေတြဝတ္၊ စိုင္းစိုင္းခမ္းလႈိင္ရဲ႕ ေတာေဂၚလီသီခ်င္းကို ေဆာင္းေဘာက္နဲ႔ အက်ယ္ႀကီးဖြင့္ၿပီး တြန္႔လိမ္ေကာက္ေကြး ကၾကတဲ့ ေဂၚလီမေတြအေၾကာင္း မေျပာေသးဘူး။

ေနာက္ဆုံးေတာ့လည္း ရႈံ႕မဲ့မဲ့မ်က္ႏွာကို အသာေခြၽးသုတ္ရင္း ေ႐ႊလယ္ေတာကိုေတာ့ ေရာက္ေအာင္သြားၿပီး ကုကၠိဳပင္ ႏွစ္ပင္ၾကားမွ ဆယ္လ္ဖီေတာင္မဆြဲႏိုင္၊ ငါ့ကို႐ိုက္ပါအုံးဟ၊ နင့္ခ်ည္း႐ိုက္ေပးေနရတယ္ဟနဲ႔ ပို႔စ္အမ်ိဳးမ်ိဳးေပးၿပီ ခ်လပ္ဖူးတယ္ ဆိုရင္ ေနျပည္ေတာ္သားေတြကို ေလးစားသင့္ၿပီ။

မဲသလူး ေခြၽးျပန္ ေရငတ္ ေခါင္းမူးၿပီး ျပန္ကာနီးမွ မွ်စ္ခ်ဥ္နဲ႔ နန္းစိန္ကိတ္ကို ကားဂိတ္ကေန ကသမ္းကရမ္းဝယ္သြားၾကရတဲ့ မင္းတို႔အေၾကာင္းေလးေတြ ကိုယ္လွ်ိဳ႕ဝွက္ထားေပးပါ့မယ္ကြယ္။

credit

unicode

ရန်ကုန်သားဖြစ်ဖြစ် မန်းလေးသားဖြစ်ဖြစ် နေပြည်တော်ရောက်ရင် အဝိုင်းတကာပတ်ရင်း ဒစ်လည်ရတာချည်းပဲ။ အဝိုင်းပတ်ရင်း ဒီအဝိုင်းပဲ (၃) ခါလောက်ပြန်ရောက်လာလို့ တောခြောက်တယ်မှတ်ပြီး သမ္ဗုဒ္ဓေရွတ်တဲ့ ရန်ကုန်သားတွေ မန်းသားတွေ အသာနေကြ။

ဝန်ကြီးဌာန နာမည်မေးရမလိုလို ရုံးနံပါတ်မေးရမလိုလိုနဲ့ တိုင်ပတ်ကြရတာချည်းပဲ မဟုတ်လား။ နေပြည်တော်မြို့မကို ခဏထား၊ ပျဉ်းမနားဘက်မှာတင် ရွာလည်စေရမယ်။ ၁ လမ်း၊ ၂ လမ်းပြောလို့ ကိုယ်သွားမယ့်လမ်း ရောက်မယ်ထင်သလား။

ပေါင်းလောင်း ၁ လမ်းလား၊ ရွှေချီ ၁ လမ်းလား၊ ပန်းခင်း ၁ လမ်းလား၊ အောင်မင်္ဂလာ ၁လမ်းလား၊ ရန်အောင် ၁ လမ်းလား၊ ၁ လမ်းတော့ ၁ လမ်းပဲ။ ရပ်ကွက်တိုင်းမှာ ရှိနေတာတော့မတတ်နိုင်ဘူး။

ဘုရားသွားတယ်ဆိုပြီး ရေပန်းဥယျာဉ်မှာ ကြိုးတံတားပေါ် သွားတိုးနေတဲ့သူမှန်သမျှ အတုလုပ်ထားတဲ့ လိုဏ်ခေါင်း ၂ ခုကို လက်ယာရစ် ပတ်တယ်ဆိုရင် မင်းယုံလား။

မင်းတို့လောက်မပြောနဲ့ ဂျီပီအက်စ်နဲ့ကမ္ဘာပတ်နေတဲ့ တိုးရစ်တွေကို ဒဗလယ် ရိုက်လိုက်တဲ့ ကယ်ရီသမားတွေ ရှိတဲ့အခါ၊ လည်ပါတယ်ဆိုတဲ့ ပြည်ကြီးက တရုတ်တွေကို ဟင်းရွက်တွေ လေးဆလောက်စျေးတင်ရိုက်နိုင်တဲ့ သပြေကုန်းက ပျံကျစျေးသည်တွေလို လူ့စွမ်းအား အရင်းအမြစ်ရှိတဲ့အခါ။

ကာရာအိုကေဆိုချင်ရင် တစ်ရက်ခရီး၊ အရက်သောက်ချင်ရင် နေ့ဝက်ခရီး၊ တစ်ဆက်ထဲ အနှိပ်ခန်းသွားချင်တောင် နှစ်နာရီကြာတဲ့ မြို့မျိုး နေဖူးလို့ မာန်တက်ရင် ခွင့်လွှတ်တယ်။

ဘယ်(၆)လမ်း၊ ညာ (၆) လမ်း ရှိတဲ့ (၁၂) လမ်းသွားပေါ်မှာ ဆိုက်ကယ်နှစ်စီး ခေါင်းချင်းဆိုင် တိုက်တဲ့မြို့ ကြားဖူးသလား၊ လယ်သမားတွေ စပါးလှန်းဖို့ ပြောင်းဖူးစေ့ လှန်းဖို့ ကွန်ကရစ်လမ်းကြော တစ်ကြောစီ အပိုခင်းထားပေးတဲ့ မြို့ မင်းတို့ မြင်ဖူးသလား၊

ကမ္ဘာ့အလုံခြုံဆုံး လမ်း (၂၀) သွား လမ်းမကြီးက လွှတ်တော်ရှေ့ကို ခန့်ငြားစွာ ဖြတ်သန်းသွားတယ်။ လူကူးမျဉ်းကျားမရှိဘူး၊ ဒါပေမယ့် လမ်းပေါ် မင်းတစ်နေကုန် လှဲအိပ်နေလည်း မင်းကို ဘယ်ကားမှ တက်မကြိတ်ဘူး၊ အဲဒီလို လုံခြုံတယ်။ ကွကိုယ် ရေငတ်မသေအောင်သာ နေ။

အထူးကုဆေးရုံတွေ အများကြီးရှိတယ်။ ဆေးဝါးမျိုးစုံရောင်းတဲ့ဆိုင်တွေ အများကြီးရှိတယ်၊ ရောဂါမပျောက်မှာ မပူနဲ့။ မင်းရဲ့လူနာ ဆေးရုံရောက်တဲ့အထိ၊ ဆေးသွားဝယ်တဲ့လူပြန်လာတဲ့အထိ အသက်မီဖို့တော့ လိုတာပေါ့။

ကြပ်ပြေးလို့ခေါ်သူ တွေ ဂရုမစိုက်နဲ့၊ ကြပ်ကြပ်မတ်မတ်ရှိလို့ ပေါက်လွှတ်ပဲစားတွေ မနေနိုင်ဘဲ ပြေးရတယ်။ အဲဒါကြောင့် ကြပ်ပြေး၊ မြဲမြဲမှတ်ထား ရူးတောင်သွားအုံးမယ်၊ နေပြည်တော်သားကွ၊ အိုးရှင်းနဲ့ ကက်ပီတယ်ကို သုံးလေးမိုင်လမ်းလျှောက်သွားပြီး စက်လှေကားအပျော်စီးတဲ့ ဗွေးတုတ်တို့အကြောင်းမပါသေးဘူး။

ပျဉ်းမနားစျေးထဲက ဘေထုပ်တွေဝတ်၊ စိုင်းစိုင်းခမ်းလှိုင်ရဲ့ တောဂေါ်လီသီချင်းကို ဆောင်းဘောက်နဲ့ အကျယ်ကြီးဖွင့်ပြီး တွန့်လိမ်ကောက်ကွေး ကကြတဲ့ ဂေါ်လီမတွေအကြောင်း မပြောသေးဘူး။

နောက်ဆုံးတော့လည်း ရှုံ့မဲ့မဲ့မျက်နှာကို အသာချွေးသုတ်ရင်း ရွှေလယ်တောကိုတော့ ရောက်အောင်သွားပြီး ကုက္ကိုပင် နှစ်ပင်ကြားမှ ဆယ်လ်ဖီတောင်မဆွဲနိုင်၊ ငါ့ကိုရိုက်ပါအုံးဟ၊ နင့်ချည်းရိုက်ပေးနေရတယ်ဟနဲ့ ပို့စ်အမျိုးမျိုးပေးပြီ ချလပ်ဖူးတယ် ဆိုရင် နေပြည်တော်သားတွေကို လေးစားသင့်ပြီ။

မဲသလူး ချွေးပြန် ရေငတ် ခေါင်းမူးပြီး ပြန်ကာနီးမှ မျှစ်ချဉ်နဲ့ နန်းစိန်ကိတ်ကို ကားဂိတ်ကနေ ကသမ်းကရမ်းဝယ်သွားကြရတဲ့ မင်းတို့အကြောင်းလေးတွေ ကိုယ်လျှို့ဝှက်ထားပေးပါ့မယ်ကွယ်။

credit

Leave a Reply

Your email address will not be published. Required fields are marked *