အထွေထွေဗဟုသုတ

တကယ်တော့ ယောက်ကျားတွေ KTV၊ မာဆတ်သွားတယ်ဆိုတာ…….

တကယ်တော့ ယောက်ကျားတွေ KTV၊ မာဆတ်သွားတယ်ဆိုတာ . . .အိမ်က မိန်းမ နားလည်ပေးရမှာ

အဲ့ဒီက ၀န်ထမ်းမလေးတွေဖြစ်တဲ့ သံစဉ်၊ မြတ်နိုး၊ ကြယ်စင်၊ ဂျုလိုင်၊ စနိုး၊ လေပြေ တို့ရဲ့ နောက်ကွယ်က သူတို့ကို မှီခိုနေကြတဲ့ လေဖြတ်လို့ ဆေးကုနေရတဲ့ အသက် ၆၀ ကျော် အဖေကြီး၊ အိမ်တကာလှည့် အ၀တ်လျော်နေရတဲ့ ကျန်းမာရေးမကောင်းတဲ့ အမေ၊

၃ တန်းတက်နေတဲ့ မောင်လေး၊ ဆယ်တန်းကျုရှင်မနေနိုင်တဲ့ ညီမလေး၊ အိမ်ငှားစာချုပ်ကပြည့်တော့မှာမို့ စပေါ်တင်ဖို့ငွေလိုနေသူတွေ စတဲ့ မပြည့်စုံ ဒုက္ခရောက်နေတဲ့ မိသားစုအများကြီးကို တဖက်တလမ်းကနေ သွားရောက် ကူညီထောက်ပံ့ ပရဟိတလုပ်နေတယ်ဆိုတာ မိန်းမတွေ
နားမလည်ဘူးဗျ

ကဲ ယောက်ကျားတွေသာမသွားကြရင် နောက်ကွယ်က မိသားစုတွေ ဘယ်သူထောက်ပံ့ကူညီမလဲ . . . ပြောလေ ဟုတ်တယ်မလား

မိန်းမချင်းကိုယ်ချင်းစာကြမှပေါ့ . . .

သူတို့တွေ ဒုက္ခရောက်ရင် အစိုးရလည်း ခေါင်းကိုက်မှာပဲလေ

အိမ်လခမပေးနိုင်ရင် ကျုးတွေဖြစ်မယ် ကျုးကျော်ပြဿနာတက်မယ်၊ ကလေးတွေ ကျောင်းဆက်မထားနိုင်ရင် တိုင်းပြည်ပညာရေးထိခိုက်မယ် နောက် ကျန်းမာရေး၊ အလုပ်လက်မဲ့တွေဖြစ် အများကြီးပဲ ထိခိုက်မယ်

လူမှုဘဝတွေ ကစင့်ကလျားဖြစ် အကုန်ဒုက္ခရောက်ကုန်မယ် စဉ်းစားကြည့် တကယ်ကြောက်စရာ

အဲ့တော့ ခုလိုသွားကြတာဟာ အစိုးရကိုလည်း ကူညီရာမရောက်ဘူးလား

အစိုးရကနားလည်ရင် ပြည်သူ့ဂုဏ်ရည်ဆုတွေ ဘာတွေပေးအုံးမယ်

တနည်းအားဖြင့် ဒါ လည်း နိုင်ငံရေးလုပ်နေတာဗျ . . .

ဒါကို နားလည်ကြပါ သာဓု ခေါ်လိုက်ကြစမ်းပါ . . .

ရှေးစကားပုံရှိတယ်မလား မလှူတက်ရင်စျေးရောင်းတဲ့

ခု ပြောင်းသွားပီ မလှူတက်ရင် KTV ၊ မာဆက်သွားတဲ့

KTV ၊ မာဆတ်သွားပြီး ပရဟိတလုပ်နေတဲ့ ယောက်ကျားတွေ သေရင် နတ်ပြည်ရောက် နတ်သမီးငါးရာနဲ့ စံစားရမှာဗျ . ..

ပိတ်ပင်တဲ့ မိန်းမတွေကတော့ ပြိတ္တာ ဖြစ်မှာပဲ

နောက်ဆိုရင် KTV မာဆတ်သွားမယ်လို့ မပြောနဲ့
ရိုင်းတယ်

ပရဟိတသွားလုပ်ကြမယ်လို့ပြော

crd

zawgyi



နားမလည်ဘူးဗျ










ရှေးစကားပုံရှိတယ်မလား မလှူတက်ရင်ဈေးရောင်းတဲ့




ရိုင်းတယ်


Leave a Reply

Your email address will not be published. Required fields are marked *