သောကြာဂြိုဟ်ကို လဖုံးမယ့် ဖြစ်စဉ်နဲ့ ထူးခြားမယ့် အာကာသ ဖြစ်စဉ်များ အကြောင်း

ထူးခြားဖြစ်စဉ်များနှင့် မတ်လ ၂၀၂၃၊ လာမည့် ၂၀၂၃ ဖေဖော်ဝါရီ လကုန်ပိုင်းနဲ့ မတ်လတို့မှာတော့ ရာသီဥတုပြောင်းလဲခြင်း ဖြစ်စဉ်များနှင့်အတူ ညဘက် ကောင်းကင်ယံမှာလည်း ထူးခြားမည့် ဖြစ်စဉ်များက စောင့်ကြိုလို့နေပါတယ်။

အထူးသဖြင့် တနင်္လာဂြိုဟ်လို့ သတ်မှတ်ကြတဲ့ လဟာ ၎င်းရဲ့ လမ်းကြောင်းတလျှောက်မှာ အင်္ဂါဂြိုဟ် (မားစ်)၊ သောကြာဂြိုဟ် (ဗီးနပ်စ်) တို့အပြင် Delta Scorpii လို့ခေါ်တဲ့ အနုရာဓ ကြယ်နက္ခတ်တို့ကိုပါ လိုက်လံဖုံးအုပ်တော့မှာ ဖြစ်ပါတယ်။

အသေးစိတ် ဆိုရလျှင် ဖေဖော်ဝါရီလ ၂၈ ရက် နေ့မှာ လဟာ ပြိသရာသီအတွင်းမှ အင်္ဂါဂြိုဟ်ကို ဖုံးကွယ်မှာဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ နေ့ဘက် (၁၁ နာရီခန့်) ဖြစ်နေတဲ့အတွက် မြင်တွေ့ရမည်တော့ မဟုတ်ပါ။ မတ်လ ၁၃ ရက်နေ့ မြန်မာစံတော်ချိန် ည ၇ နာရီခန့်မှာလည်း လဟာ ဗြိစ္ဆာရာသီထဲက နဂါးဦးခေါင်းကြယ်ဖြစ်တဲ့ အနုရာဓ ကြယ်နက္ခတ် (Delta Scorpii) ကို ဖုံးအုပ်မှာ ဖြစ်ပေမဲ့

လဆုတ်ရက်ဖြစ်နေတဲ့အတွက် အချိန်နောက်ကျပြီးမှ ထွက်မည့်လကြောင့် မြန်မာနိုင်ငံမှ မြင်ခွင့်ရဦးမည်မဟုတ်ပါ။ (လကို လဆန်းရက်များမှာ ညနေခင်းပိုင်း အနောက်ဘက်အရပ်မှာ မြင်တွေ့ရတတ်ပြီး လဆုတ်ရက်များမှာတော့ အရှေ့ဘက်အရပ်မှာ နံနက်ခင်းပိုင်း မြင်တွေ့ရတတ်ပါတယ်။)

ထူးခြားမည့် ဖြစ်ရပ်အနေနဲ့ မတ်လ ၂၄ ရက် ညနေ ၅ နာရီမှ ၇ နာရီခွဲ လောက်အထိ အနောက်ဘက်အရပ် မိုးကုတ်စက်ဝိုင်းအထက်က မိသရာသီထဲမှာ သောကြာဂြိုဟ် (ဗီးနပ်စ်) အား လမှ ဖုံးကွယ်ခြင်းဖြစ်စဉ်ကို မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှ နိုင်ငံများနဲ့ အာရှတိုက် နဲ့ အာဖရိကတိုက် တောင်ပိုင်း ဒေသတို့မှာ မြင်တွေ့ရနိုင်ပါတယ် (မြေပုံ)။

ထို့အတူပဲ မတ်လ ၁ ရက် နှင့် ၂ ရက် ညဦးပိုင်းမှာ သောကြာဂြိုဟ် (ဗီးနပ်စ်) နဲ့ ကြာသပတေးဂြိုဟ် (ဂျူပီတာ) တို့ မိန်ရာသီအတွင်း ဂြိုဟ်စစ်ထိုးခြင်း (နီးကပ်စွာ ဖြတ်သန်းသွားခြင်း) ကိုလည်း မြင်တွေ့ကြရမှာပါ။

မတ်လ ၂၁ ရက် နံနက် ၃နာရီ ၅၀ မိနစ်မှာတော့ ၂၃.၅ ဒီဂရီ အစဉ် တိမ်းစောင်းနေတဲ့ ကမ္ဘာရဲ့ အီကွေတာမျဉ်းကြောင်းပေါ်သို့ နေရောင်ခြည်ဟာ တည့်မတ်စွာကျရောက်ခြင်းဖြင့် နေ့ နှင့် ည တို့ အချိန်တူညီစွာ ရှိမည့် ”နွေကူးနေ့ညညီချိန်” သို့ ရောက်ရှိလာမှာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာ နေရောင်ခြည်ဟာ မြန်မာနိုင်ငံရှိတဲ့ အီကွေတာ မြောက်ဘက်ခြမ်းကို ဆက်လက် ကျရောက်မှာဖြစ်ပြီး ပူပြင်းခြောက်သွေ့တဲ့ နွေဦးရာသီကို ဖြတ်သန်းရတော့မှာ ပဲဖြစ်ပါတယ်။

ထိုကဲ့သို့ အပူချိန် တိုက်ရိုက် ကျရောက်မှုကြောင့် ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်တို့မှာ အပူပိုင်း လေဖိအားနည်းရပ်ဝန်းမှသည် ဆိုင်ကလုံးမုန်တိုင်းများအထိ ကျရောက်လာနိုင်သောကြောင့် အသိ၊ သတိတို့ဖြင့် ကြိုတင်ပြင်ဆင် ကြနိုင်ရန် ရေးသားလိုက်ပါသည်။ အနာဂတ်ပညာရေးအတွက် အစဉ်တစိုက် ကြိုးစားလျက် သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)

Credit to Blacker

Leave a Reply

Your email address will not be published. Required fields are marked *