ကြားသိရသမျှ

ရန်ကုန်တွင် တက္ကစီငှားစီးသည့် အမျိုးသမီးများ လုံခြုံရေးစိုးရိမ်နေရ

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူတွေရဲ့ လူနေမှုဘဝလုံခြုံမှုမရှိတော့လို့ ရန်ကုန်မြို့မှာ အငှားယာဉ် (တက္ကစီ) စီးနင်းတဲ့ အမျိုးသမီးတွေအနေနဲ့ လုံခြုံရေးသတိထားပြီး စီးနင်းနေရတယ်လို့ မြိုခံအမျိုးသမီးတွေက ပြောပါတယ်။

ရန်ကုန်မြို့လို လူဦးရေထူထပ်တဲ့ နေရာမျိုးမှာ အမျိုးသမီးတွေအနေနဲ့ အလုပ်လုပ်ကိုင်ရတာ လုံခြုံမှုမရှိဖြစ်နေပြီး အလုပ်ကိစ္စတွေနဲ့ မြို့အစွန်အဖျားကို တက္ကစီနဲ့ သွားရတဲ့အခါ ပိုပြီး သတိထားနေရတယ်လို့ ခရီးသွားအမျိုးသမီးတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၀ ရက် ညနေပိုင်း စော်ဘွားကြီးကုန်းကနေ ထောက်ကြန့်လမ်းဆုံ အထိ လက်တားတက္ကစီကို ငှားစီးခဲ့တဲ့ အမျိုးသမီးတဦးကို ကားသမားက ပုဂ္ဂိုလ်ရေးမေးခွန်းတွေ မေးမြန်းပြီး အရက်သောက်မောင်းနှင်နေသလို နောက်ထပ် အမျိုးသားအဖော်တဦးကိုလည်း ကားသမားကလမ်းမှာဝင်ခေါ်တာကြောင့် ကားကိုရပ်ပေးဖို့ ပြောပေမဲ့ မရပ်ပေးတဲ့အတွက် ကားပေါ်ကနေ ခုန်ဆင်းခဲ့ရတာကြောင့် ဒဏ်ရာရရှိခဲ့တယ်လို့ ခရီးသည်အမျိုးသမီးက ပြောပါတယ်။

“လမ်းခရီးမှာလည်း အငှားယာဉ်မောင်းက အိမ်ပြန်တာလား၊ တယောက်တည်းလားဆိုတဲ့ ရိသဲ့သဲ့စကားတွေပြောပြီး ယာဉ်မောင်းနေရင်း ဘီယာသောက်တာလည်း တွေ့သလို လမ်းကြုံ ခရီးသည် အမျိုးသမီးတယောက်ကို ဝင်ခေါ်မယ်ပြောပြီး ကားပေါ်တက်လာတော့ အမျိုးသားတဦး ဖြစ်နေတာ။ စိတ်ထဲ သိပ်အဆင်မပြေတော့တာနဲ့ အနီးဆုံး ကားမှတ်တိုင်မှာပဲ ရပ်ပေးဖို့ပြောလိုက်တာ ကားမှတ်တိုင်မှာ ရပ်ပေးဖို့ ထပ်ပြောပေမဲ့ မရပ်ပေးဘဲ ဆက်မောင်းနေတာ။ ကားပေါ်မှာ လမ်းကြုံတက်လာတဲ့ အမျိုးသားကလည်း နောက် ၁၀ မိနစ်နေရင် ရောက်မှာမို့လို့ အဆင်သင့်ပြင်ထားဖို့ ဖုန်းနဲ့ လှမ်းပြောသံကို ကြားလိုက်တယ်။ ဒါကြောင့် ကားအရှိန်လျော့လာချိန်မှာ တံခါးဖွင့်ပြီး ခုန်ချခဲ့တာ။

အခုလို ကားတံခါးဖွင့်ပြီး ခုန်ချလိုက်တဲ့အတွက် ဒူးတွေလည်းကွဲ၊ လက်တွေလည်း ပွန်းကုန်၊ ယာဉ်မောင်းက ကားပေါ်ကဆင်းလာပြီး ဆဲတာ။ ကားပေါ်ပြန်တက်ဖို့ ဆွဲတင်မယ်လုပ်တော့ ကျမလက်ထဲက ရေသန့်ဘူးနဲ့ ပေါက်လိုက်တယ်။ အဲဒါကို ကားသမား ပြန်ရိုက်ဖို့လုပ်တယ်။ လမ်းကြုံပါလာတဲ့သူက ဆင်းလာပြီး ပြဿနာတက်မယ်၊ နောက်မှာ လူတွေလာနေတယ် ဆိုပြီး ဆွဲခေါ်သွားတယ်။”

အခုလိုဖြစ်စဉ်မျိုးတွေဟာ ရန်ကုန်မှာ မကြာခဏ ကြုံတွေ့ ကြားသိနေရပြီး အခုအခြေနေထက် ဆိုးဝါးတာက တက္ကစီငှားစီးရင်း ယာဉ်မောင်းက ခရီးသည်အမျိုးသမီးကို အဓမ္မကျင့်ပြီး သတ်ခဲ့တာတွေလည်းရှိခဲ့ပါတယ်။

ရန်ကုန်မြို့က ကုမ္ပဏီဝန်ထမ်း အမျိုးသမီးတဦးက “အခုလိုကာလမှာ တက္ကစီစီးတိုင်း ပိုပြီးသတိထားတယ်။ အထူးသဖြင့် ပုံမှန်ထက် ဈေးအရမ်းလျှော့ပေးနေရင် မလိုက်ဘူး၊ ကားပေါ်မှာ အဖော်ပါနေရင် မစီးဘူး။ သွားနေကျ လမ်းကြောင်း မဟုတ်ဘဲ တခြားလမ်းကြောင်းက မောင်းနေရင် သူငယ်ချင်းကိုဖုန်းခေါ်ပြီး စကားပြောနေတာမျိုးတွေ လုပ်တယ်” လို့ပြောပါတယ်။

အခုလိုဖြစ်စဉ်မျိုးတွေကြောင့် သမားရိုးကျ အငှားယာဉ်မောင်းနှင်တဲ့သူတွေပါ ထိခိုက်နေပြီး အမျိုးသမီးတွေအနေနဲ့ အငှားယာဉ်စီးတဲ့အခါမှာ ငွေပိုပေးရပေမဲ့ စိတ်ချရတဲ့ Grab လို မှတ်ပုံတင်ထားတဲ့ တက္ကစီတွေကိုသာ စီးနင်းဖို့နဲ့ အရေးပေါ်အခြေအနေကြောင့် လက်တားစီးရမယ်ဆိုရင်လည်း သေသေချာချာ စိစစ်ပြီးမှ စီးသင့်တယ်လို့ အငှားယာဉ်မောင်းနှင်သူတဦးက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့ကြီးတွေ အပါအဝင် မြန်မာနိုင်ငံ အနှံ့အပြားများမှာ ရာဇဝတ်မှုတွေအပြင် ဓားပြတိုက်မှု၊ အနုကြမ်းစီးမှုတွေအထိပါ ထိရောက်တဲ့ အရေးယူမှုတွေလည်း မရှိတာကြောင့် လုံခြုံမှုမရှိတဲ့ အခြေအနေကို ပြည်သူလူထု ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။

မတ်လ ၁၂ ရက်ညပိုင်းကလည်း တက္ကစီ ငှားစီးတဲ့ ခရီးသည် အမျိုးသားတဦးကို တက္ကစီသမားက သတ်ပြီး ငွေတွေလုယူကာ တာမွေမြို့နယ်၊ အနောက်မြင်းပြိုင်ကွင်းလမ်း ကျိုက္ကဆံဟစ်တိုင်ရှေ့မှာ အလောင်းကို လာပစ်သွားခဲ့ပါတယ်။

အလားတူ တက္ကစီယာဉ်မောင်းတွေကို ခရီးသည်ဟန်ဆောင်ပြီး ဓားထောက်ငွေလုတာ၊ အုပ်စုဖွဲ့ရိုက်နှက်ပြီး ကားကိုလုယူတာတွေလည်းရှိခဲ့ပြီး လုယက်မှု ကျူးလွန်သူတွေကိုတော့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခြင်း မရှိသေးပါဘူး

credit

zawgyi

စစ္တပ္အာဏာသိမ္းၿပီးေနာက္ပိုင္း ျပည္သူေတြရဲ႕ လူေနမႈဘဝလုံၿခဳံမႈမရွိေတာ့လို႔ ရန္ကုန္ၿမိဳ႕မွာ အငွားယာဥ္ (တကၠစီ) စီးနင္းတဲ့ အမ်ိဳးသမီးေတြအေနနဲ႔ လုံၿခဳံေရးသတိထားၿပီး စီးနင္းေနရတယ္လို႔ ၿမိဳခံအမ်ိဳးသမီးေတြက ေျပာပါတယ္။

ရန္ကုန္ၿမိဳ႕လို လူဦးေရထူထပ္တဲ့ ေနရာမ်ိဳးမွာ အမ်ိဳးသမီးေတြအေနနဲ႔ အလုပ္လုပ္ကိုင္ရတာ လုံၿခဳံမႈမရွိျဖစ္ေနၿပီး အလုပ္ကိစၥေတြနဲ႔ ၿမိဳ႕အစြန္အဖ်ားကို တကၠစီနဲ႔ သြားရတဲ့အခါ ပိုၿပီး သတိထားေနရတယ္လို႔ ခရီးသြားအမ်ိဳးသမီးေတြက ဆိုပါတယ္။

ၿပီးခဲ့တဲ့ မတ္လ ၂၀ ရက္ ညေနပိုင္း ေစာ္ဘြားႀကီးကုန္းကေန ေထာက္ၾကန႔္လမ္းဆုံ အထိ လက္တားတကၠစီကို ငွားစီးခဲ့တဲ့ အမ်ိဳးသမီးတဦးကို ကားသမားက ပုဂၢိဳလ္ေရးေမးခြန္းေတြ ေမးျမန္းၿပီး အရက္ေသာက္ေမာင္းႏွင္ေနသလို ေနာက္ထပ္ အမ်ိဳးသားအေဖာ္တဦးကိုလည္း ကားသမားကလမ္းမွာဝင္ေခၚတာေၾကာင့္ ကားကိုရပ္ေပးဖို႔ ေျပာေပမဲ့ မရပ္ေပးတဲ့အတြက္ ကားေပၚကေန ခုန္ဆင္းခဲ့ရတာေၾကာင့္ ဒဏ္ရာရရွိခဲ့တယ္လို႔ ခရီးသည္အမ်ိဳးသမီးက ေျပာပါတယ္။

“လမ္းခရီးမွာလည္း အငွားယာဥ္ေမာင္းက အိမ္ျပန္တာလား၊ တေယာက္တည္းလားဆိုတဲ့ ရိသဲ့သဲ့စကားေတြေျပာၿပီး ယာဥ္ေမာင္းေနရင္း ဘီယာေသာက္တာလည္း ေတြ႕သလို လမ္းႀကဳံ ခရီးသည္ အမ်ိဳးသမီးတေယာက္ကို ဝင္ေခၚမယ္ေျပာၿပီး ကားေပၚတက္လာေတာ့ အမ်ိဳးသားတဦး ျဖစ္ေနတာ။ စိတ္ထဲ သိပ္အဆင္မေျပေတာ့တာနဲ႔ အနီးဆုံး ကားမွတ္တိုင္မွာပဲ ရပ္ေပးဖို႔ေျပာလိုက္တာ ကားမွတ္တိုင္မွာ ရပ္ေပးဖို႔ ထပ္ေျပာေပမဲ့ မရပ္ေပးဘဲ ဆက္ေမာင္းေနတာ။ ကားေပၚမွာ လမ္းႀကဳံတက္လာတဲ့ အမ်ိဳးသားကလည္း ေနာက္ ၁၀ မိနစ္ေနရင္ ေရာက္မွာမို႔လို႔ အဆင္သင့္ျပင္ထားဖို႔ ဖုန္းနဲ႔ လွမ္းေျပာသံကို ၾကားလိုက္တယ္။ ဒါေၾကာင့္ ကားအရွိန္ေလ်ာ့လာခ်ိန္မွာ တံခါးဖြင့္ၿပီး ခုန္ခ်ခဲ့တာ။

အခုလို ကားတံခါးဖြင့္ၿပီး ခုန္ခ်လိုက္တဲ့အတြက္ ဒူးေတြလည္းကြဲ၊ လက္ေတြလည္း ပြန္းကုန္၊ ယာဥ္ေမာင္းက ကားေပၚကဆင္းလာၿပီး ဆဲတာ။ ကားေပၚျပန္တက္ဖို႔ ဆြဲတင္မယ္လုပ္ေတာ့ က်မလက္ထဲက ေရသန႔္ဘူးနဲ႔ ေပါက္လိုက္တယ္။ အဲဒါကို ကားသမား ျပန္႐ိုက္ဖို႔လုပ္တယ္။ လမ္းႀကဳံပါလာတဲ့သူက ဆင္းလာၿပီး ျပႆနာတက္မယ္၊ ေနာက္မွာ လူေတြလာေနတယ္ ဆိုၿပီး ဆြဲေခၚသြားတယ္။”

အခုလိုျဖစ္စဥ္မ်ိဳးေတြဟာ ရန္ကုန္မွာ မၾကာခဏ ႀကဳံေတြ႕ ၾကားသိေနရၿပီး အခုအေျခေနထက္ ဆိုးဝါးတာက တကၠစီငွားစီးရင္း ယာဥ္ေမာင္းက ခရီးသည္အမ်ိဳးသမီးကို အဓမၼက်င့္ၿပီး သတ္ခဲ့တာေတြလည္းရွိခဲ့ပါတယ္။

ရန္ကုန္ၿမိဳ႕က ကုမၸဏီဝန္ထမ္း အမ်ိဳးသမီးတဦးက “အခုလိုကာလမွာ တကၠစီစီးတိုင္း ပိုၿပီးသတိထားတယ္။ အထူးသျဖင့္ ပုံမွန္ထက္ ေဈးအရမ္းေလွ်ာ့ေပးေနရင္ မလိုက္ဘူး၊ ကားေပၚမွာ အေဖာ္ပါေနရင္ မစီးဘူး။ သြားေနက် လမ္းေၾကာင္း မဟုတ္ဘဲ တျခားလမ္းေၾကာင္းက ေမာင္းေနရင္ သူငယ္ခ်င္းကိုဖုန္းေခၚၿပီး စကားေျပာေနတာမ်ိဳးေတြ လုပ္တယ္” လို႔ေျပာပါတယ္။

အခုလိုျဖစ္စဥ္မ်ိဳးေတြေၾကာင့္ သမား႐ိုးက် အငွားယာဥ္ေမာင္းႏွင္တဲ့သူေတြပါ ထိခိုက္ေနၿပီး အမ်ိဳးသမီးေတြအေနနဲ႔ အငွားယာဥ္စီးတဲ့အခါမွာ ေငြပိုေပးရေပမဲ့ စိတ္ခ်ရတဲ့ Grab လို မွတ္ပုံတင္ထားတဲ့ တကၠစီေတြကိုသာ စီးနင္းဖို႔နဲ႔ အေရးေပၚအေျခအေနေၾကာင့္ လက္တားစီးရမယ္ဆိုရင္လည္း ေသေသခ်ာခ်ာ စိစစ္ၿပီးမွ စီးသင့္တယ္လို႔ အငွားယာဥ္ေမာင္းႏွင္သူတဦးက ေျပာပါတယ္။

စစ္တပ္အာဏာသိမ္းၿပီးေနာက္ပိုင္း ရန္ကုန္ၿမိဳ႕ႀကီးေတြ အပါအဝင္ ျမန္မာႏိုင္ငံ အႏွံ႔အျပားမ်ားမွာ ရာဇဝတ္မႈေတြအျပင္ ဓားျပတိုက္မႈ၊ အႏုၾကမ္းစီးမႈေတြအထိပါ ထိေရာက္တဲ့ အေရးယူမႈေတြလည္း မရွိတာေၾကာင့္ လုံၿခဳံမႈမရွိတဲ့ အေျခအေနကို ျပည္သူလူထု ရင္ဆိုင္ေနရတာလည္း ျဖစ္ပါတယ္။

မတ္လ ၁၂ ရက္ညပိုင္းကလည္း တကၠစီ ငွားစီးတဲ့ ခရီးသည္ အမ်ိဳးသားတဦးကို တကၠစီသမားက သတ္ၿပီး ေငြေတြလုယူကာ တာေမြၿမိဳ႕နယ္၊ အေနာက္ျမင္းၿပိဳင္ကြင္းလမ္း က်ိဳကၠဆံဟစ္တိုင္ေရွ႕မွာ အေလာင္းကို လာပစ္သြားခဲ့ပါတယ္။

အလားတူ တကၠစီယာဥ္ေမာင္းေတြကို ခရီးသည္ဟန္ေဆာင္ၿပီး ဓားေထာက္ေငြလုတာ၊ အုပ္စုဖြဲ႕႐ိုက္ႏွက္ၿပီး ကားကိုလုယူတာေတြလည္းရွိခဲ့ၿပီး လုယက္မႈ က်ဴးလြန္သူေတြကိုေတာ့ စစ္ေကာင္စီလက္ေအာက္ခံ ရဲတပ္ဖြဲ႕က ဖမ္းဆီးႏိုင္ျခင္း မရွိေသးပါဘူး

credit

Leave a Reply

Your email address will not be published. Required fields are marked *