ကြားသိရသမျှ
မကြာခင် ခေတ်ကုန်ရတော့မယ့် လျှပ်စစ်ကားEV တွေရဲ့ နောက်ကွယ်ကအကြောင်းအရင်း…….
မကြာခင် ခေတ်ကုန်ရတော့မယ့် လျှပ်စစ်ကားEV တွေရဲ့ နောက်ကွယ်ကအကြောင်းအရင်းနဲ့ မကောင်းကျောင်းပို့ခံရမြဲဖြစ်နေဆဲ မြန်မာနိုင်ငံ
မကောင်းကျောင်းပို့ခံရမြဲ မီယံမာပြည်အတွက် EV အိပ်မက်နဲ့ မကြာခင် ခေတ်ကုန်ရတော့ မယ့် EV တွေရဲ့ အကြောင်းရင်းမှန်
လျှပ်စစ်ကား Electric vehicles တွေရဲ့ အားသာချက်
1- ဆီဖိုးမကုန်
2- အငိဂျင်ဝိုင်ကအစဘာမှမထည့်ရ
3- အသံမထွက် ငြိမ့်ညောင်း
4- အောက်ပိုင်း နဲ့ ဘရိတ်ပဲ ပြင်စရာရှိ
5- ရေခဲမှတ်အောက်အေးခဲနေကာစေမူ စက်နှိုးရခက်တာမျိုးမရှိ
6- မီးခိုးမထွက် အနံ့မရှိ ပတ်ဝန်းကျင်သန့်ရှင်း
EV တွေအားနည်းချက်
1- အားသွင်းဖို့ အချိန်အတော်ပေးရ
2- အားအပြည့် ခရီးမိုင် ကန့်သတ်ချက်ကြောင့် ခရီးဝေးအဆင်မပြေ
3- ပြန်ရောင်းရင်ရှုံး
4- ဘက်ထရီသက်တမ်းကုန်လို့ အသစ်လဲရရင် battery replacement US$ 5000-8000 ကြားရှိ (ပျှမ်းမျှ ၅ နှစ်ခန့်သာခံ)
5- recharge stations တွေ အသင့်မဖြစ်သေးမီ အိမ်မှာ အလှထားရုံသာ
6- မြန်မာပြည်လက်ရှိလျှက်စစ်မီးအခြေအနေနဲ့ ဘယ်လိုမှအဆင်မပြေ
မှတ်ချက်။ ကိုယ့်ထက်ချမ်းသာပြီး နည်းပညာမြင့်မားတဲ့ နိုင်ငံကြီးတွေကတောင်မှ EV စီမံချက်တွေ လက်တွေ့ အကောင်အထည်မဖော်နိုင်ပါ။
အစိုးရတွေက လုပ်ချင်သော်လည်း car customers တွေက EV ကို မရွေးချယ်ပါ။EV ဘိုးအေက Nissan Leaf ပါ။ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတည်းက ထုတ်ရောင်းနေတာပါ။ ဘယ်အချိန် ဒုက္ခရောက်လဲဆိုတော့ battery replacement မှာပါ။
Model အောက်နေတဲ့ကားကို $5000-8000 အကုန်ခံပြီး ဘက်ထရီလဲရမှာဆိုတော့ နင် တာပေါ့ဗျာ။အခုတော့ Tesla , Honda တို့ BYD တိူ့ပြိုင်ဆိုင်မှု ပြင်းထန်နေချိန်ပါ။
Car လောကရဲ့ဆရာတစ်ဆူဖြစ်တဲ့ TOYOTA က ဒီပြိုင်ပွဲကြီးမှာ ငြိမ်ကြည့်နေပါတယ်။ ဝင်ကိုမပါတာပါ။သူက EV တွေရဲ့Advantage/ Disadvantage ကို ကောင်းကောင်းသိပါတယ်။ ပတ်ဝန်းကျင်သန့်ရှင်းမှုရယ် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ရယ်အတွက်Car customers တွေ အိတ်ထဲက ပိုက်ဆံကို အသားကုန် နှိုက်ရမှာဆိုတော့ထင်သလောက် မအောင်မြင်ပါဘူး။
အခုတော့ TOYOTA က Hydrogen fuel cells နည်းပညာသုံး ကားတွေကို ဘွားကနဲ ချပြလိုက်ပြပြီ။အနာဂတ်စက်မှုလောကကြီးရဲ့ မီးရှူးတန်ဆောင် နည်းပညာကြီးပါ။
Tesla ကသူ့လက်ရှိ EV Car တွေကို ချက်ခြင်း ဈေးချရောင်းပစ်လိုက်ရပါတော့တယ်။Hydrogen ဆိုတာကရေကနေထုတ်လို့ရတာကိုးဗျာ။
ရုပ်ကြွင်းလောင်စာကို ကျောခိုင်းဖို့က Hydrogen fuel cells car တွေကသာ အဖြေမှန်ပါ။
EV ခေတ်က မစခင် ကုန်သွားပါပြီ။
Credit:
zawgyi
1- ဆီဖိုးမကုန်
EV တွေအားနည်းချက်
3- ပြန်ရောင်းရင်ရှုံး
Credit:
Leave a Reply
Your email address will not be published. Required fields are marked *