ၾကက္သီးထစရာ အေမကို ေခြးနဲ႔ႏႈိင္းတဲ့ သမီးရဲ႕(႐ုပ္သံ)
႐ုပ္သံကို ေအာက္ဆုံးတြင္ ေဖာ္ျပထားပါသည္။
မိဘေက်းဇူး (၂)
မိဘကိုေကြၽးေမြးေစာင့္ေရွာက္တဲ့ သားသမီးလိမ္မာေတြကို ဘုရားစေသာအရိယာသူေတာ္ေကာင္းေတြကခ်ီးက်ဴး ေလးစားၾကပါတယ္။
ကူညီေစာင့္ေရွာက္စရာရွိရင္လည္း အဲ့ဒီလို လိမ္မာေရးယဥ္ေက်းေသာသူမ်ားကိုသာဦးစားေပးကူညီေလ့ရွိတယ္။
ဒီဘဝကေန တမလြန္ေလာက ေျပာင္းေ႐ႊ႕သြားရင္လည္း နတ္႐ြာသုဂတိ ေကာင္းျမတ္ေသာဘုံဌာနမွာ
ေရာက္ရွိခံစားရမွာျဖစ္ပါတယ္။
မိဘေတြသက္ရွိထင္ရွားကာလ ကုသိုလ္ျပဳခြင့္ဆုလာဘ္ဟာ သားသမီးေတြအတြက္သိန္းတစ္ေသာင္းတန္ထီလက္မွတ္ထက္ ပိုၿပီးတန္ဘိုးရွိပါတယ္။
မိဘႏွစ္ပါးကိုမွီၿပီးမွ ရႏိုင္တဲ့ကုသိုလ္ဟာ သူတို႔သက္ရွိထင္ရွား ရွိေနမွသာ ရႏိုင္တာပါ။
ဆုံးပါးသြားရင္ေတာ့ မိဘအတြက္ရည္စူး ကုသိုလ္အမွ်အတန္းေပးေဝတဲ့ကုသိုလ္ဟာျပဳလုပ္ေပမယ့္လည္းက်ိန္းေသမေရာက္ႏိုင္ပါဘူး
ကံစမ္းမဲႏႈိက္ရသလိုပဲအေၾကာင္းတရားမ်ား တိုက္ဆိုင္ညီၫြတ္ပါမွ ေရာက္ႏိုင္တာျဖစ္ပါတယ္။
ကိုယ့္မ်က္စိေရွ႕ျမင္ေနတဲ့အခ်ိန္မွာ တကယ္ေသခ်ာတဲ့ကုသိုလ္အထုပ္ကိုသာအမိအရဖမ္းဆုပ္ရယူႏိုင္ၾကပါေစ။
*ဒါေၾကာင့္* မိဘႏွစ္ပါး ျပဳစုျငား ႀကီးပြားတိုးတက္မည္။
မိဘႏွစ္ပါး ျပဳစုျငား အမ်ားခ်ီးမြမ္းခံရမည္။
ေသေသာအခါ ထပ္နတ္႐ြာ မွန္စြာေရာက္လိမ့္မည္။
အရွင္သာသန(ဝက္လက္)
(လြတ္လပ္စြာ Share ႏိုင္ပါသည္။)
unicode
ကြက်သီးထစရာ အမေကို ခွေးနဲ့နှိုင်းတဲ့ သမီးရဲ့(ရုပ်သံ)
ရုပ်သံကို အောက်ဆုံးတွင် ဖော်ပြထားပါသည်။
မိဘကျေးဇူး (၂)
မိဘကိုကျွေးမွေးစောင့်ရှောက်တဲ့ သားသမီးလိမ်မာတွေကို ဘုရားစသောအရိယာသူတော်ကောင်းတွေကချီးကျူး လေးစားကြပါတယ်။
ကူညီစောင့်ရှောက်စရာရှိရင်လည်း အဲ့ဒီလို လိမ်မာရေးယဉ်ကျေးသောသူများကိုသာဦးစားပေးကူညီလေ့ရှိတယ်။
ဒီဘဝကနေ တမလွန်လောက ပြောင်းရွှေ့သွားရင်လည်း နတ်ရွာသုဂတိ ကောင်းမြတ်သောဘုံဌာနမှာ
ရောက်ရှိခံစားရမှာဖြစ်ပါတယ်။
မိဘတွေသက်ရှိထင်ရှားကာလ ကုသိုလ်ပြုခွင့်ဆုလာဘ်ဟာ သားသမီးတွေအတွက်သိန်းတစ်သောင်းတန်ထီလက်မှတ်ထက် ပိုပြီးတန်ဘိုးရှိပါတယ်။
မိဘနှစ်ပါးကိုမှီပြီးမှ ရနိုင်တဲ့ကုသိုလ်ဟာ သူတို့သက်ရှိထင်ရှား ရှိနေမှသာ ရနိုင်တာပါ။
ဆုံးပါးသွားရင်တော့ မိဘအတွက်ရည်စူး ကုသိုလ်အမျှအတန်းပေးဝေတဲ့ကုသိုလ်ဟာပြုလုပ်ပေမယ့်လည်းကျိန်းသေမရောက်နိုင်ပါဘူး
ကံစမ်းမဲနှိုက်ရသလိုပဲအကြောင်းတရားများ တိုက်ဆိုင်ညီညွတ်ပါမှ ရောက်နိုင်တာဖြစ်ပါတယ်။
ကိုယ့်မျက်စိရှေ့မြင်နေတဲ့အချိန်မှာ တကယ်သေချာတဲ့ကုသိုလ်အထုပ်ကိုသာအမိအရဖမ်းဆုပ်ရယူနိုင်ကြပါစေ။
*ဒါကြောင့်* မိဘနှစ်ပါး ပြုစုငြား ကြီးပွားတိုးတက်မည်။
မိဘနှစ်ပါး ပြုစုငြား အများချီးမွမ်းခံရမည်။
သေသောအခါ ထပ်နတ်ရွာ မှန်စွာရောက်လိမ့်မည်။
အရှင်သာသန(ဝက်လက်)
(လွတ်လပ်စွာ Share နိုင်ပါသည်။)