ကြားသိရသမျှ

ကျောင်းအုပ်ဆရာကြီး မျက်ရည် တောက်တောက်ကျခဲ့ရတဲ့ အဖြစ် (အဲဒီလို ခေတ်မျိုး ပြန်ရောက်မှာလား)

ဒို့ထ၂ က ကျောင်းအုပ်ဆရာကြီး မျက်ရည်တောက်တောက်ကျရတဲ့ အကြောင်း ပြောပြမယ်နော်။

ဒေါ်ရွှေဇင် ဖော်ကောင်လုပ်တယ်လို့ စိတ်မဆိုးနဲ့နော် အခုချိန်မှာ ဟာသ ဖြစ်နေပေမဲ့ အဲဒီတုံးကတော့ကျမတို့တတွေ (ကြိုးတန်းပေါ် လမ်းလျှောက်နေရသလို) ဘယ်နေ့ပြုတ်ကျမလဲ ရင်တထိတ်ထိတ်နဲ့လေ။ ခုခေတ်ကလေးများ ဒါမျိုး ကြုံဘူးမှာ မဟုတ်လို့ (အဘတွေကြီးစိုးတဲ့ခေတ်) မျှော်နေကြ တာလေ ။

ဘယ်တုန်းကလည်းဆို (ဘဘညွန့်)ရဲ့ (မာတီမီဒီယာ) ဖွင့်ပွဲ လုံးပန်းကြစဉ်ကပေါ့။ (မင်္ဂလာပါ ဘဘဗိုလ်ချုပ်ကြီးရှင့်၊ ခင်မျှ) လက်အုပ်ကလေးချီ ခါးလေးညွှတ်ပြီး နှုတ်ဆက်တာကို စိတ်တိုင်းမကျနိုင် ကြဘူး။ ကျမရယ် ဦးမောင်သွင်(ကွယ်လွန်)၊ ဦအောင်မြိုင်တို့ (ပန်းချီပြခန်း) တာဝန်ကျတယ်။

ကျမတို့ကလေးများဆွဲတဲ့ ပန်းချီကားများကိုလာစစ်တဲ့ (ဘောင်းဘီချွတ်ဖြူ၊ စိမ်းဝတ်) က မကြိုက်တော့ ကျမတို့ကလည်း နားလှဲ့ပါးလှဲ့နဲ့ (ပန်းချီမိုးမခ) ထ၁ စာရေးကြီးဦးသိန်းတို့ရဲ့ ပန်းချီကားတွေ ငှားပြီးပြကြတယ်။ ကွန်ပြူတာတွေလည်း ဟိုနားဒီနား ငှားထားတွေချည်းဘဲ။ (လိမ်နေတာကြတာလေ)

ကျမတို့ ပန်းချီပြခန်းမှာလည်း ပန်းချီကားအများစုက ငှားထားတာပါ။ လာစစ်တဲ့ (ဗိုလ်ကြီး တိုင်းပညာရေးမှုး) ကတခါ လာလည်း မကြိုက် နှစ်ခါလာလည်းပြန်လုပ်။ ဧည့်ခံစားရိတ်က ကုန်။ “ဆရာကြီးရေ ဘယ်လိုလုပ်ကြမလဲ” ဆိုတော့ ဆရာကြီးက “ပြုတ်ချင်း ပြုတ်ရင် ငါအရင်ပြုတ်မှာပါအေ့ ညီးတို့အနေ သာကြီး” လို့ငေါက်လွှတ်ပါရော ။

ကျမတို့ကလည်းစိတ်ပူလို့ မေးရသေး “နေပေါ့”လို့။ ဗိုလ်ကြီးလာစစ်တဲ့ နေ့ကျတော့ ဆဲလိုက်သမှ (ပါးစပ်စက်သနတ်ပစ်သလား အောင်းမေ့ရ)။ ကျမတို့ ပညာရေးဌါနဆိုတာ ယဉ်ကျေးသိမ်မွေ့တဲ့ အစဉ်အလာ ကောင်းတဲ့ဌါနပါ။ (ကျမတို့ မန်း T.T.C တက်စဉ်က ကျောင်းအုပ်ကြီးမှစ၍ ကထိကဆရာ၊ ဆရာမများက ကျမတို့ တပည့်များကို လေးလေးစားစား (ဆရာတို့၊ ဆရာမတို့)လို့ ခေါ်ဝေါ် သုံးစွဲကြပါတယ်။

ကဲ အဲဒီနေ့က ကိုယ့်အဖေအရွယ် ထ၂ ကျောင်းအုပ်ဆရာကြီးကို ဘယ်လိုပြောလို့ မျက်ရည်ကျသလဲလို့ ဆရာကြီး ဦးအောင်ငြိမ်းရယ် ပြောပြစမ်းပါ။ ကျမတို့ကို ဆဲပုံတော့မပြောချင်တော့ပါဘူး။ ဒီလိုခေတ်မျိုးပြန်မရောက်ဖို့ ကျမတို့မှာ တာဝန်ရှိတယ်နော်။ (တကယ့် အဖြစ်အပျက်နော် မယုံရင် သက်ရှိထင်ရှားရှိ နေသူတွေမေးမြန်းနိုင်ပါတယ်။)

ခံစားချက်တွေ များလို့ မည်သူ့ကိုမှ အပုတ်ချလိုခြင်းမရှိပါ။ ခေတ်စနစ်တခုကို မီးမောင်းထိုးပြခြင်း ဖြစ်ပါသည်။ အလုပ်ပြုတ်သူ၊ ကွယ်လွန်သူ၊ ဘဝကို နားကျည်းစိတ်နှင့် ရှင်သန်နေသူများကို စာနာစိတ်ဖြင့် ရေးဖွဲ့ခြင်းသာဖြစ်ပါသည်။

ကျမတို့ ပညာရေးဆိုတာ (တပြား မရှိ၊ တပည့်မရှား၊ ပီတိကိုစား၊ အားရှိပါ၏) ဆိုသလို ပီတိစားပြီး အားတင်းရှေ့ဆက်နေရသူများပါ။ ကျောင်းဆရာအလုပ်နဲ့ မချမ်းသာမှန်းသိပေမယ့် ဖျာလိပ်ခေါင်းထဲ ဝင်တိုးမိသလို တနေ့တော့ ထွက်ပေါက်တွေ့မှာဘဲ ဆိုတဲ့ မျှော်လင့်ချက်နဲ့ ရှေ့ဆက်တိုးနေသူများပါ။

ကျောင်းဆရာလုပ်ရင်း အိမ်မှာ မွေးမြူရေး တွဲထားရတယ်။ ကျောင်းအားချိန် ပြင်ပအလုပ်ဝင်လုပ်ရတယ်။ ဘာကြောင့်လည်းဆို (ကျူရှင်စနစ်) ကို အားမပေးချင်လို့ပေါ့။ ကျောင်းသားလည်ပင်းညှစ်မှရမယ့် ပိုက်ဆံ၊ အချင်းချင်း သူများလျှော်ကြောင်း ကိုယ်တော်ကြောင်း တိုက်ခိုက်မှ ရမယ့် ပိုက်ဆံဟာ သမာအာဇီဝလို့လည်းကျမမထင်ခဲ့ပါဘူး။

ခုချိန်မှာတော့ ကိုယ်က သက်ပြည့်ပင်စင် ဆိုပေမယ့် ကိုယ်လာရာဘဝကို တွေးမိပြန်တော့ အော် (သုမန ကျောမှာဒါဏ်ရာတွေ) အပြည့်နဲ့ ပါလားကွယ်။ ဘာဘဲပြောပြော ကိုယ်အနှစ်လေးဆယ်ကျော် ကျင်လည်ခဲ့တဲ့ ကိုယ့်မိခင်ပညာရေးကို ဂုဏ်သိက္ခာ သမာဓိရှိတဲ့ ဌာန အဖွဲ့အစည်း အဖြစ် မြင်တွေ့သွားချင် လှပါပြီ။ Daw Khin Nyunt Zin (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

zawgyi

ဒို႔ထ၂ က ေက်ာင္းအုပ္ဆရာႀကီး မ်က္ရည္ေတာက္ေတာက္က်ရတဲ့ အေၾကာင္း ေျပာျပမယ္ေနာ္။

ေဒၚေ႐ႊဇင္ ေဖာ္ေကာင္လုပ္တယ္လို႔ စိတ္မဆိုးနဲ႔ေနာ္ အခုခ်ိန္မွာ ဟာသ ျဖစ္ေနေပမဲ့ အဲဒီတုံးကေတာ့က်မတို႔တေတြ (ႀကိဳးတန္းေပၚ လမ္းေလွ်ာက္ေနရသလို) ဘယ္ေန႔ျပဳတ္က်မလဲ ရင္တထိတ္ထိတ္နဲ႔ေလ။ ခုေခတ္ကေလးမ်ား ဒါမ်ိဳး ႀကဳံဘူးမွာ မဟုတ္လို႔ (အဘေတြႀကီးစိုးတဲ့ေခတ္) ေမွ်ာ္ေနၾက တာေလ ။

ဘယ္တုန္းကလည္းဆို (ဘဘၫြန႔္)ရဲ႕ (မာတီမီဒီယာ) ဖြင့္ပြဲ လုံးပန္းၾကစဥ္ကေပါ့။ (မဂၤလာပါ ဘဘဗိုလ္ခ်ဳပ္ႀကီးရွင့္၊ ခင္မွ်) လက္အုပ္ကေလးခ်ီ ခါးေလးၫႊတ္ၿပီး ႏႈတ္ဆက္တာကို စိတ္တိုင္းမက်ႏိုင္ ၾကဘူး။ က်မရယ္ ဦးေမာင္သြင္(ကြယ္လြန္)၊ ဦေအာင္ၿမိဳင္တို႔ (ပန္းခ်ီျပခန္း) တာဝန္က်တယ္။

က်မတို႔ကေလးမ်ားဆြဲတဲ့ ပန္းခ်ီကားမ်ားကိုလာစစ္တဲ့ (ေဘာင္းဘီခြၽတ္ျဖဴ၊ စိမ္းဝတ္) က မႀကိဳက္ေတာ့ က်မတို႔ကလည္း နားလွဲ႔ပါးလွဲ႔နဲ႔ (ပန္းခ်ီမိုးမခ) ထ၁ စာေရးႀကီးဦးသိန္းတို႔ရဲ႕ ပန္းခ်ီကားေတြ ငွားၿပီးျပၾကတယ္။ ကြန္ျပဴတာေတြလည္း ဟိုနားဒီနား ငွားထားေတြခ်ည္းဘဲ။ (လိမ္ေနတာၾကတာေလ)

က်မတို႔ ပန္းခ်ီျပခန္းမွာလည္း ပန္းခ်ီကားအမ်ားစုက ငွားထားတာပါ။ လာစစ္တဲ့ (ဗိုလ္ႀကီး တိုင္းပညာေရးမႈး) ကတခါ လာလည္း မႀကိဳက္ ႏွစ္ခါလာလည္းျပန္လုပ္။ ဧည့္ခံစားရိတ္က ကုန္။ “ဆရာႀကီးေရ ဘယ္လိုလုပ္ၾကမလဲ” ဆိုေတာ့ ဆရာႀကီးက “ျပဳတ္ခ်င္း ျပဳတ္ရင္ ငါအရင္ျပဳတ္မွာပါေအ့ ညီးတို႔အေန သာႀကီး” လို႔ေငါက္လႊတ္ပါေရာ ။

က်မတို႔ကလည္းစိတ္ပူလို႔ ေမးရေသး “ေနေပါ့”လို႔။ ဗိုလ္ႀကီးလာစစ္တဲ့ ေန႔က်ေတာ့ ဆဲလိုက္သမွ (ပါးစပ္စက္သနတ္ပစ္သလား ေအာင္းေမ့ရ)။ က်မတို႔ ပညာေရးဌါနဆိုတာ ယဥ္ေက်းသိမ္ေမြ႕တဲ့ အစဥ္အလာ ေကာင္းတဲ့ဌါနပါ။ (က်မတို႔ မန္း T.T.C တက္စဥ္က ေက်ာင္းအုပ္ႀကီးမွစ၍ ကထိကဆရာ၊ ဆရာမမ်ားက က်မတို႔ တပည့္မ်ားကို ေလးေလးစားစား (ဆရာတို႔၊ ဆရာမတို႔)လို႔ ေခၚေဝၚ သုံးစြဲၾကပါတယ္။

ကဲ အဲဒီေန႔က ကိုယ့္အေဖအ႐ြယ္ ထ၂ ေက်ာင္းအုပ္ဆရာႀကီးကို ဘယ္လိုေျပာလို႔ မ်က္ရည္က်သလဲလို႔ ဆရာႀကီး ဦးေအာင္ၿငိမ္းရယ္ ေျပာျပစမ္းပါ။ က်မတို႔ကို ဆဲပုံေတာ့မေျပာခ်င္ေတာ့ပါဘူး။ ဒီလိုေခတ္မ်ိဳးျပန္မေရာက္ဖို႔ က်မတို႔မွာ တာဝန္ရွိတယ္ေနာ္။ (တကယ့္ အျဖစ္အပ်က္ေနာ္ မယုံရင္ သက္ရွိထင္ရွားရွိ ေနသူေတြေမးျမန္းႏိုင္ပါတယ္။)

ခံစားခ်က္ေတြ မ်ားလို႔ မည္သူ႔ကိုမွ အပုတ္ခ်လိုျခင္းမရွိပါ။ ေခတ္စနစ္တခုကို မီးေမာင္းထိုးျပျခင္း ျဖစ္ပါသည္။ အလုပ္ျပဳတ္သူ၊ ကြယ္လြန္သူ၊ ဘဝကို နားက်ည္းစိတ္ႏွင့္ ရွင္သန္ေနသူမ်ားကို စာနာစိတ္ျဖင့္ ေရးဖြဲ႕ျခင္းသာျဖစ္ပါသည္။

က်မတို႔ ပညာေရးဆိုတာ (တျပား မရွိ၊ တပည့္မရွား၊ ပီတိကိုစား၊ အားရွိပါ၏) ဆိုသလို ပီတိစားၿပီး အားတင္းေရွ႕ဆက္ေနရသူမ်ားပါ။ ေက်ာင္းဆရာအလုပ္နဲ႔ မခ်မ္းသာမွန္းသိေပမယ့္ ဖ်ာလိပ္ေခါင္းထဲ ဝင္တိုးမိသလို တေန႔ေတာ့ ထြက္ေပါက္ေတြ႕မွာဘဲ ဆိုတဲ့ ေမွ်ာ္လင့္ခ်က္နဲ႔ ေရွ႕ဆက္တိုးေနသူမ်ားပါ။

ေက်ာင္းဆရာလုပ္ရင္း အိမ္မွာ ေမြးျမဴေရး တြဲထားရတယ္။ ေက်ာင္းအားခ်ိန္ ျပင္ပအလုပ္ဝင္လုပ္ရတယ္။ ဘာေၾကာင့္လည္းဆို (က်ဴရွင္စနစ္) ကို အားမေပးခ်င္လို႔ေပါ့။ ေက်ာင္းသားလည္ပင္းညႇစ္မွရမယ့္ ပိုက္ဆံ၊ အခ်င္းခ်င္း သူမ်ားေလွ်ာ္ေၾကာင္း ကိုယ္ေတာ္ေၾကာင္း တိုက္ခိုက္မွ ရမယ့္ ပိုက္ဆံဟာ သမာအာဇီဝလို႔လည္းက်မမထင္ခဲ့ပါဘူး။

ခုခ်ိန္မွာေတာ့ ကိုယ္က သက္ျပည့္ပင္စင္ ဆိုေပမယ့္ ကိုယ္လာရာဘဝကို ေတြးမိျပန္ေတာ့ ေအာ္ (သုမန ေက်ာမွာဒါဏ္ရာေတြ) အျပည့္နဲ႔ ပါလားကြယ္။ ဘာဘဲေျပာေျပာ ကိုယ္အႏွစ္ေလးဆယ္ေက်ာ္ က်င္လည္ခဲ့တဲ့ ကိုယ့္မိခင္ပညာေရးကို ဂုဏ္သိကၡာ သမာဓိရွိတဲ့ ဌာန အဖြဲ႕အစည္း အျဖစ္ ျမင္ေတြ႕သြားခ်င္ လွပါၿပီ။ Daw Khin Nyunt Zin (မူရင္းေရးသားသူအား ေလးစားမႈျဖင့္ – bkr)

Leave a Reply

Your email address will not be published. Required fields are marked *