ကြားသိရသမျှ

ခေတ်ပျက်မှာ ထမင်းငတ်မှာ ကြောက်နေတဲ့ အိမ့်ချစ်တို့လို နာမည်ကြီး အနုပညာရှင်တွေကြားက ဖြူစင်ရိုးသားသော အနုပညာကြယ်လေး တစ်ပွင့်

မင်္ဂလာပါ ပရိသတ်ကြီးရေ ခြိမ့်ကေကို (ခ) ဘနားနား ကတော့ ပရိသတ်တွေ မိတ်ဆက်ပေးစရာ မလိုလောက်အောင်ကိုပဲ လူသိများတဲ့သူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ မြန်မာ Idol သီချင်းဆိုပြိုင်ပွဲကြီးမှာ

(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)

ဝင်ရောက်ယှဥ်ပြိုင်နိုင်ဖို့ လူရွေးပွဲဝင် ကြိုးစားရင်း နိုင်ငံကျော် ဝါရင့်အနုပညာရှင်ကြီး တစ်ဦးဖြစ်တဲ့ မြန်မာပြည်သိန်းတန်ရဲ့မေတ္တာဖြင့် ငှက်ပျောသီးကျွေးတာကို စားခဲ့ရပြီးနောက်

ဘနားနားရယ်လို့ လူသိများလာကာ လှောင်ပြောင်ပျက်ရယ်မှုများ အမျိုးမျိုး ကြုံတွေ့ခဲ့ရသော်လည်း သူ့ရဲ့ယုံကြည်ချက်အတိုင်း တဖြည်းဖြည်းနဲ့ အားထုတ်ကြိုးစားကာ သူချစ်သော ဂီတအနုပညာကို လက်မလျှော့ဘဲ

ဖက်တွယ်ကာ ထားတဲ့ ဝါသနာရှင်လေး တစ်ဦးဟာ ဘနားနားပါပဲနော်။နာမည်ကြီးချင်လို့ လုပ်နေတာ မဟုတ်ဘဲ လုပ်နေရင်းနဲ့ လူသိများကာ နာမည်ကြီးလာတဲ့ ခြိမ့်ကေကိုဟာ ယခုအခါမှာဆိုရင်တော့

သူ့ကို စသိခဲ့ကြတဲ့ အချိန်ကာလတုန်းကနဲ့ မတူတော့ဘဲ သူ့ရဲ့မလျှော့သော ဇွဲလုံ့လ အားထုတ်မှုတို့ကြောင့် သီချင်းသီဆိုမှုပိုင်းမှာ အများကြီး တိုးတက်လာတာ ငြင်းမရတဲ့ အမှန်တရား တစ်ခုပါပဲနော်။

ဘနားနား(ခ) ခြိမ့်ကေကို ဟာ ကိုယ်တိုင်ရေးကာ ကိုယ်တိုင်ဆိုတဲ့ ကိုယ်ပိုင်သံစဥ်သီချင်းတချို့ ထွက်ရှိထားပြီး တစ်ပုဒ်နဲ့ တစ်ပုဒ် ကြိုးစားအားထုတ်ထားမှုဟာ သိသာလာသလိုသူ့ရဲ့သီချင်းများဟာလည်း

နာမည်ကြီးတေးရေးတွေ ရေးတဲ့ သီချင်းတွေလောက် သံစဥ်စာသား ပြည့်ဝမှု မရှိသေးသော်လည်း သူ့နည်းသူ့ဟန်နဲ့ အကောင်းဆုံး ဖန်တီးကာ ဘဝအတွက် ပရိသတ်အတွက် ခွန်အားဖြည့်ပေးနိုင်ဖို့

အစွမ်းကုန် အားထုတ်ရေးသား သီဆိုထားတာကိုလည်း တွေ့မြင်ကြရကာ သိပြီးသား ဖြစ်မှာပါပဲနော်။ ဝေဖန်မှုတွေကြားကနေ အားတင်းကာ ရှေ့ဆက်လာတဲ့ ခြိမ့်ကေကိုဟာ ခေတ်စနစ်တွေ ပြောင်းလဲလာပေမယ့်

ယုံကြည်ချက်နဲ့ဇွဲက မပြောင်းမလဲ ရှိနေ ကြိုးစားနေဆဲ ဖြစ်တာကို တွေ့ရပြီးယခုလို တိုင်းပြည် ကမောက်ကမ ဖြစ်နေချိန်မှာ နာမည်ကြီးဆယ်လီ နာမည်ကြီးအနုပညာရှင်တွေက

အနုပညာပဲ လုပ်တတ်၍ဟု ဆိုကာ တနည်း၊ ဝမ်းရေးအတွက်ဟု ပြောကာ တဖုံ အကြောင်း မျိုးစုံပြပြီး နည်းမျိုးစုံနဲ့ ဝင်ငွေတိုးပွားဖို့ အားထုတ်ကာ လုပ်ဆောင်နေကြချိန်မှာ နာမည်ကြီး အနုပညာရှင်တွေ ကြားမှာ

ဘောင်တန်းမဝင်သေး သော်လည်း တတ်စွမ်းသမျှ အကောင်းဆုံး ကြိုးကုတ်အားထုတ်နေဆဲ ဖြစ်တဲ့ ခြိမ့်ကေကိုကတော့ စားစရာ မရှိရင် ဗိုက်မှောက်ကာ နေပြီး ဝါသနာပါရာ ဂီတကိုသာ

ဆက်လုပ်နေမည်၊ ချစ်ခင်အားပေးသော ပရိသတ်ပြည်သူတွေကို အ ဆိ-ပ်မခတ်ဟူသော ထုံးကို နှလုံးမူပြီး ရတဲ့နည်းနဲ့ ငွေရှာဖို့ ကြိုးစားနေကြတဲ့ အနုပညာရှင်များ ဆယ်လီများ များပြားနေတဲ့

ယခုလို ခေတ်အခါကြီးမှာ ပြတ်သား ရဲဝံ့စွာဖြင့် ကြော်ငြာချက် တစ်စောင် ရေးသားလာခဲ့ ပါတယ်။ ခြိမ့်ကေကို ရေးသား ပြောကြားလာသော ကြော်ငြာချက်ကတော့ “အသိပေးအပ်ပါသည် ကျွန်တော်ခြိမ့်ကေကို

အကောင့်နှင့်ပေ့စ်များတွင် နေ့တိုင်းလိုလိုကမ်းလှမ်းနေပါသော ဂိမ်းကြော်ငြာများအားလုံး ပရိတ်သတ်များကို လေးစားတန်းဖိုးထားသောအားဖြင့် ယနေ့ချိန်မှစ၍ လက်မခံတော့ပါကြောင်း အသိပေးအပ်ပါသည်။

နောက်ပြီး ကျ့န်တော်ပုံတွေ ယူသုံးပြီးကြော်ငြာနေပါသော ပေ့စ်များ ကျွန်တော်အနေဖြင့် ယနေ့ထိ ကမ်းလှမ်းမူများရှိနေပေမယ် လက်မခံတော့ တာကြောင့် မဟုတ်မမှန် မကြော်ငြာဘဲ့ ပုံတွေ

ယူမသုံးဖို့ အသိပေးအပ်ပါသည်။ တခြားလုပ်ငန်းများ ရိုးရိုးသားသားဘဲ့ ကျွန်တော် တခြားလုပ်ငန်းများ ရိုးရိုးသားသားဘဲ့ ကျွန်တော် လက်ခံသွားပါမည် နောက်ပြီး ကျွန်တော်ရဲ့မက်စေ့ဘောက်က

စာပြည့်ပြီး အားလုံး ဖတ်မရဖြစ်နေတဲ့အတွက် လုပ်ငန်းကိစ္စများ ယခု တက်(tag) ထားတဲ့ ကျွန်တော်ရဲ့အမေ မက်စေ့ကနေလည်း ပြောလို့ ရပါတယ်” ဆိုပြီး ရိုးသားပွင့်လင်း ပြတ်သားစွာ ရေးသား ပြောကြားလာခဲ့တာပဲ ဖြစ်ပါတယ်။

ပရိသတ်ကြီးရေ ခေတ် အဆက်ဆက် ၊ နည်း အထပ်ထပ်နဲ့ ဝင်ငွေရှာပြီး ကြွယ်ဝနေကြပြီးသား ဖြစ်သော်လည်း ခေတ်အပျက်မှာ စည်းစိမ်ယုတ်လျော့သွားမှာ ကြောက်စိတ်ပိုကာဝင်ငွေတွေ တိုးဖို့ နည်းအမျိုးမျိုး ပြောဆိုကာ

ဝင်ငွေရှာကာ ပရိသတ်ကို အဆိ-ပ်ခ တ် နေကြတဲ့ နာမည်ကြီး ဆယ်လီ၊ အနုပညာရှင် ဆိုသူများထက် ကြိုးစားဆဲ ရုန်းကန်ဆဲ ဖြစ်တဲ့ အလှောင်အပြောင်ခံ ဂီတဝါသနာရှင် ဆယ်လီ တစ်ဦးဖြစ်တဲ့

ဘနားနား ခေါ် ခြိမ့်ကေကိုရဲ့ စိတ်ထားနဲ့ လုပ်ရပ်က ပိုမိုသာလွန် နေတာမို့ကိုယ်ချမ်းသာဖို့ ရှေးရှု့ကာ ငွေရှာဖို့အရေးပဲ တွေးနေတဲ့ နိုင်ငံကျော် နာမည်ကြီး ဆယ်လီအနုပညာရှင်ကြီးတွေထက် လူငယ်ဝါသနာရှင် ဆရာခြိမ့်ရဲ့

စိတ်ထားကသာ အပုံ၁၀၀ ပုံရင် ၁၀၀လုံး သာတာမို့ နာမည်ကြီးဆယ်လီအနုပညာရှင် တွေ ကြားက ဖြူစင်ရိုးသားတဲ့ ကြယ်လေးတစ်ပွင့်လို့ ပုံနှိုင်းရေးသားကာ ခေါင်းစဥ်တပ်လိုက်တာ လွန်မယ် မထင်ပါဘူးနော်။ ခရက်ဒစ်

Leave a Reply

Your email address will not be published. Required fields are marked *