ကြားသိရသမျှ









.



#MyanmarLabourNews

unicode

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတစ်ဦး ထိုင်းထီရဲ့အမြင့်ဆုံးဆု ဆွတ်ခူး

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံက ဂေါရခါးလူမျိုး တစ်ဦး ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံးထီဆု ကံထူးခဲ့တယ်လို့

ဦးလှခိုင် (AAC-မဟာမိတ်ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

ထိုင်းနိုင်ငံ အလယ်ပိုင်းမှာ အလုပ်လုပ်နေတဲ့ ဂေါ်ရခါး လူမျိုးဟာ

မတ်လ ၁၆ ရက်က ထွက်ရှိတဲ့ ထိုင်ထီး အမြင်ဆုံးဆုကို ဘတ်ငွေ ၆သန်း ကံထူးခဲ့တာလို့ သိရပါတယ်။

ကံထူးဆုငွေကို ထုတ်ယူဖို့ AAC-မဟာမိတ်အဖွဲ့ကို ချိတ်ဆက် အကူညီတောင်းတာကြောင့်

မတ်လ ၁၇ ရက်မှာ AAC-အဖွဲ့သားတွေက ထိုင်းအစိုးရ တရားဝင်ငွေထုတ်ပေးသောနေရာဆီကို

ကံထူးရှင်ကို ခေါ်ဆောင်ပြီးငွေထုတ်ပေးခဲ့ပါတယ်လို့ ရေးသားထားပါတယ်။
.
ထိုင်းရောက် မြန်မာလုပ်သားတွေအနေနဲ့ ကံထူးရှင်ဖြစ်ပါက စနစ်တကျ ငွေထုတ်နိုင်ဖို့

AAC-မဟာမိတ် အဖွဲ့ကို ယုံကြည်စိတ်ချစွာဆက်သွယ်ပြီး

ဆုငွေထုတ်ယူနိုင်ဖို့ ဝန်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

#MyanmarLabourNews

Leave a Reply

Your email address will not be published. Required fields are marked *