ကြားသိရသမျှ

မြန်မာ့အကယ်ဒမီဆုကို အမှန်တကယ် ရသင့်သူများအကြောင်း (သေချာပေါက် ပေးရမယ့်သူတွေပါ)

ခြူးလေးက ရုပ်ရှင်ကားကြီး ရိုက်ထားတာရှိလား မရှိလည်း ခြူးလေးအတွက် အကယ်ဒမီဆု တစ်ဆုပေးသင့်တယ် “ပရိသတ်ကရုဏာဆု”၊ ရိုက်ထားတာရှိလည်း သရုပ်ဆောင်ဆုနဲ့ ကရုဏာဆု ပူးတွဲပေးလိုက်။

ဦးကျောက်ရိုင်းနဲ့ ပြဿနာတက်တဲ့ ဟို Miss ယမုံကိုလည်း တစ်ဆုပေးလိုက်၊ သူ့ဟာသူ တစ်ကားမှ မရိုက်ဖူးလည်းပေးလိုက်၊ မပေးမချင်း ဇာတ်ရှုပ်နေမှာ အာရုံနောက်တယ်၊ ဆုယူပြီးရင် ငြိမ်ငြိမ်နေတော့ ဘာမှဆက်မလုပ်နဲ့တော့

နောက်ထပ် ဘယ်သူ့ကိုပေးချင်သေးလဲဆိုတော့ ဘနားနားကို ဂီတဆု၊ မြှောင် နှိုင်းမမှီမြှောင် ဆိုတဲ့ တစ်‌ယောက်ကို တစ်သက်တာ ပေါ်ပြူလာဆုပေးလိုက်၊ သူ့ကိုလည်း ဘာမှထပ်မလုပ်ပြခိုင်းနဲ့တော့

ဂျမ်းတောက ကလေးသရုပ်ဆောင်ဆု၊ ခြူခြူးဂျမ်းတောက ဇာတ်ပို့ဆု၊ စည်သူပလပ်ကျွတ်ကိုလည်း တစ်ဆုပေးလိုက်၊ မြတ်သူသူက တစ်သက်တာ လက်တွဲဖော်ဆု၊ ပါးပါးကြည်ကြည်ကိုသာဂိကို မိတ်ကပ်အထူးဆု ပေးလိုက်ကြ။

မိုးအောင်ရင်ကိုတော့ တစ်သက်တာဘက်စုံထူးချွန်ဆုပေးလိုက်၊ မြန်မာပြည်မှာ ဦးဝင်းဦးနဲ့ ညီဘွားညီပြီးရင် သူ အထူးချွန်ဆုံး၊ ဂျမ်းတော အဖေကိုတော့ ခိုင်နှင်းဝေကိုဖြစ်ဖြစ်၊ မာမီကွတ်ကိုဖြစ်ဖြစ် ခေါ်မွေးစားခိုင်းလိုက်ကြပါ။

zawgyi






Leave a Reply

Your email address will not be published. Required fields are marked *