အထွေထွေဗဟုသုတ

အိမ်မှာ အသက် (၆၀) ကျော် မိဘများရှိသေးရင် ဒီအချက်တွေကို နားလည်ပေးကြပါ

အသက် ၆၀ ကျော်လာရင် လူကြီးတွေ ဦးနှောက်က စကျုံ့လာပြီလို့ သိပ္ပံပညာရှင်တွေက သုံးသပ်ကြတယ်။ အသက် ၆၀ ကျော် မိဘတွေရှိလာတဲ့အခါ အများကြီးနားလည်ပေးရပါမယ် စိတ်ရှည်ပေးရမယ်။

အာရုံကြော အားလုံးကျုံလာတဲ့ခါ ထိန်းချုပ်ခြင်းတွေ နည်းလာပြီး စကား ပွစိပွစိပြောလာမယ်။ ကိုယ် မသန်စွမ်းဘူး ထင်မှာစိုးလို့ အိမ်ရှိသမျှအလုပ် လိုက်လုပ်လိမ့်မယ်။

အဲဒီအခါနောက်က ပြန်လိုက်လုပ်ရတဲ့ သားသမီး တွေက ငြူစူလာတဲ့အခါ မိဘတွေစိတ်က ကလေးလို ပြန်ဖြစ်လာပြီး ဝမ်းနည်းလာမယ်။အထီးကျန်လာမယ်။မပြောရဲ မဆိုရဲ ဖြစ်လာကြတယ်။

အဲဒီအချိန်မှာ မိမိရဲ့မိဘတွေကို လူကြီးလိုလည်း လေးစားပြီး ကလေးလို သဘောထားပေးရမှာပါ။ တခုခုဝယ်ပေးတဲ့အခါတိုင်း အဖေတို့အမေတို့မှာ ရှိတယ်… မလိုဘူး အမြဲငြင်းတတ်လာမယ်။

ဒါဟာ အပိုမကုန်စေချင်လို့ပါ။ တကယ်တော့ ကျေနပ်ဝမ်းသာနေတာပါ။ တတ်နိုင်သလောက် မိဘကို ဝယ်ပေးကြပါ၊ ကျွေးကြပါ။ အသက်ကြီးနေပြီ ဘုရားတရားပဲ လုပ်ပါလားလို့ တိုက်တွန်းလို့ မရပါဘူး ။

အသက်ကြီးလာလေလေ ကလေးစိတ်ပြန်ဖြစ်လာတာမို့ အကြောင်းအရာတခုကို ကြာကြာစိတ်ဝင်စားတာမျိုးမရှိတော့ပါဘူး။ ဒါကို နားလည်ရပါမယ်

ဘာသာရေးကို မိဘများ လုပ်နိုင်သလောက်သာလုပ်ပါစေ။ အတင်းအကြပ်ကြီး တနေကုန် မလုပ်ခိုင်းသင့်ပါဘူး လူကြီးမိဘတွေကို စားချင်တာ ဝယ်ကျွေးရမယ်။ သူတို့ လုပ်ချင်တဲ့ အိမ်မူကိစ္စမသေသပ်ပေမယ့် ပေးလုပ်ရမှာပါ။

အသစ်အသစ်တွေ ဝယ်ပေးသော်လည်း အဟောင်းကို မစွန့်ပဲ သိမ်းထားတတ်ကြတာလည်း အသက်ကြီးသူတွေက ကလေးလိုမို့ နှမြောလာပြီး မစွန့်နိုင်ကြတာပါ ။ စွန့်မပစ်ရကောင်းလားဆိုပြီး ဒေါသနဲ့ မဆူပါနဲ့ ၊ မငေါက်ပါနဲ့ ၊ နားလည်ပေးကြပါ ။

အသက်ကြီးလာတဲ့ တချို့သောမိဘတွေဆို သားသမီးက အဝေးကလိုလေသေးမရှိ ပို့ပေးကြပေမယ့် သူတို့လို ချင်တာက အဲဒါတင်မဟုတ်ဘူး နွေးထွေးမူ အလေးထားမူ စကားပြောပေးတာမျိုး လိုချင်ကြတာပါ။

လူကိုယ် တိုင်လာပြီး မိဘများကို စကားပြောကြပါ ။ ဘယ်အချိန်ဘယ်အခါမယ် မိဘဆီကို သွားမယ် ဘယ် လောက်ကြာနေမယ် စသဖြင့် စီမံထားပါ မလာနိုင်တဲ့ အကြောင်းပြချက်မရှိပါစေနဲ့

မိဘများသေသွားရင် အစားပြန်မရတော့ပါဘူး။ ဒါကို သိထားရပါမယ်။ မကြာ ခဏဖုန်းဆက်ပြီး မိဘများနဲ့စကားပြောပါ။ သူတို့ ဖုန်းမချမခြင်း ပြောပေးပါ။ မိမိက အရင် ဖုန်းချမသွားပါနဲ့။

မိမိတိုရဲ့အသက်ကြီးလာတဲ့ မိဘများရဲ့ စိတ်ကို လေ့လာပြီး နားလည်ပေးရပါမယ်လိုအပ်သမျှလည်း
တတ်နိုင်သလောက် ကူညီပေး ကြရပါမယ် သား သမီးတိုင်း မိဘတွေရဲ့ စိတ်ကို နားလည်ပေးနိုင်ကြပါစေ… ကျေးဇူးဆပ်နိုင်ကြပါစေ

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည်မျှဝေပါသည်။

zawgyi

အသက္ ၆၀ ေက်ာ္လာရင္ လူႀကီးေတြ ဦးေႏွာက္က စက်ဳံ႕လာၿပီလို႔ သိပၸံပညာရွင္ေတြက သုံးသပ္ၾကတယ္။ အသက္ ၆၀ ေက်ာ္ မိဘေတြရွိလာတဲ့အခါ အမ်ားႀကီးနားလည္ေပးရပါမယ္ စိတ္ရွည္ေပးရမယ္။

အာ႐ုံေၾကာ အားလုံးက်ဳံလာတဲ့ခါ ထိန္းခ်ဳပ္ျခင္းေတြ နည္းလာၿပီး စကား ပြစိပြစိေျပာလာမယ္။ ကိုယ္ မသန္စြမ္းဘူး ထင္မွာစိုးလို႔ အိမ္ရွိသမွ်အလုပ္ လိုက္လုပ္လိမ့္မယ္။

အဲဒီအခါေနာက္က ျပန္လိုက္လုပ္ရတဲ့ သားသမီး ေတြက ျငဴစူလာတဲ့အခါ မိဘေတြစိတ္က ကေလးလို ျပန္ျဖစ္လာၿပီး ဝမ္းနည္းလာမယ္။အထီးက်န္လာမယ္။မေျပာရဲ မဆိုရဲ ျဖစ္လာၾကတယ္။

အဲဒီအခ်ိန္မွာ မိမိရဲ႕မိဘေတြကို လူႀကီးလိုလည္း ေလးစားၿပီး ကေလးလို သေဘာထားေပးရမွာပါ။ တခုခုဝယ္ေပးတဲ့အခါတိုင္း အေဖတို႔အေမတို႔မွာ ရွိတယ္… မလိုဘူး အၿမဲျငင္းတတ္လာမယ္။

ဒါဟာ အပိုမကုန္ေစခ်င္လို႔ပါ။ တကယ္ေတာ့ ေက်နပ္ဝမ္းသာေနတာပါ။ တတ္ႏိုင္သေလာက္ မိဘကို ဝယ္ေပးၾကပါ၊ ေကြၽးၾကပါ။ အသက္ႀကီးေနၿပီ ဘုရားတရားပဲ လုပ္ပါလားလို႔ တိုက္တြန္းလို႔ မရပါဘူး ။

အသက္ႀကီးလာေလေလ ကေလးစိတ္ျပန္ျဖစ္လာတာမို႔ အေၾကာင္းအရာတခုကို ၾကာၾကာစိတ္ဝင္စားတာမ်ိဳးမရွိေတာ့ပါဘူး။ ဒါကို နားလည္ရပါမယ္

ဘာသာေရးကို မိဘမ်ား လုပ္ႏိုင္သေလာက္သာလုပ္ပါေစ။ အတင္းအၾကပ္ႀကီး တေနကုန္ မလုပ္ခိုင္းသင့္ပါဘူး လူႀကီးမိဘေတြကို စားခ်င္တာ ဝယ္ေကြၽးရမယ္။ သူတို႔ လုပ္ခ်င္တဲ့ အိမ္မူကိစၥမေသသပ္ေပမယ့္ ေပးလုပ္ရမွာပါ။

အသစ္အသစ္ေတြ ဝယ္ေပးေသာ္လည္း အေဟာင္းကို မစြန႔္ပဲ သိမ္းထားတတ္ၾကတာလည္း အသက္ႀကီးသူေတြက ကေလးလိုမို႔ ႏွေျမာလာၿပီး မစြန႔္ႏိုင္ၾကတာပါ ။ စြန႔္မပစ္ရေကာင္းလားဆိုၿပီး ေဒါသနဲ႔ မဆူပါနဲ႔ ၊ မေငါက္ပါနဲ႔ ၊ နားလည္ေပးၾကပါ ။

အသက္ႀကီးလာတဲ့ တခ်ိဳ႕ေသာမိဘေတြဆို သားသမီးက အေဝးကလိုေလေသးမရွိ ပို႔ေပးၾကေပမယ့္ သူတို႔လို ခ်င္တာက အဲဒါတင္မဟုတ္ဘူး ေႏြးေထြးမူ အေလးထားမူ စကားေျပာေပးတာမ်ိဳး လိုခ်င္ၾကတာပါ။

လူကိုယ္ တိုင္လာၿပီး မိဘမ်ားကို စကားေျပာၾကပါ ။ ဘယ္အခ်ိန္ဘယ္အခါမယ္ မိဘဆီကို သြားမယ္ ဘယ္ ေလာက္ၾကာေနမယ္ စသျဖင့္ စီမံထားပါ မလာႏိုင္တဲ့ အေၾကာင္းျပခ်က္မရွိပါေစနဲ႔

မိဘမ်ားေသသြားရင္ အစားျပန္မရေတာ့ပါဘူး။ ဒါကို သိထားရပါမယ္။ မၾကာ ခဏဖုန္းဆက္ၿပီး မိဘမ်ားနဲ႔စကားေျပာပါ။ သူတို႔ ဖုန္းမခ်မျခင္း ေျပာေပးပါ။ မိမိက အရင္ ဖုန္းခ်မသြားပါနဲ႔။

မိမိတိုရဲ႕အသက္ႀကီးလာတဲ့ မိဘမ်ားရဲ႕ စိတ္ကို ေလ့လာၿပီး နားလည္ေပးရပါမယ္လိုအပ္သမွ်လည္း
တတ္ႏိုင္သေလာက္ ကူညီေပး ၾကရပါမယ္ သား သမီးတိုင္း မိဘေတြရဲ႕ စိတ္ကို နားလည္ေပးႏိုင္ၾကပါေစ… ေက်းဇူးဆပ္ႏိုင္ၾကပါေစ

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္မွ်ေဝပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *