အထွေထွေဗဟုသုတ

ကျွန်တော် နှစ်ခြိုက်မိသော `ပန်းမြိုင်လယ်က ဥယျာဉ်မှူး ဇာတ်ကားထဲက ဘီအီးဒီအောင်သိုက်နှင့် အတွေးအမြင်များ´

ကျွန်တော် နှစ်ခြိုက်မိသော `ပန်းမြိုင်လယ်က ဥယျာဉ်မှူး ဇာတ်ကားထဲက ဘီအီးဒီအောင်သိုက်နှင့် အတွေးအမြင်များ´

ပန်းမြိုင်လယ်က ဥယျာဉ်မှူး ဇာတ်ကားအစမှာ အထူးဧည့်သည်သရုပ်ဆောင် အဖြစ် ဘီအီးဒီအောင်သိုက်လို့ စာတန်းထိုးထားတယ်။

ရိုးသားစွာပြောရရင် ငယ်ငယ်က အာ့ဇာတ်ကားကြည့်နေတာတောင် သူ့ကို ဘီအီးဒီအောင်သိုက်မှန်းတောင် မသိပါ။

ငယ်စဉ်အခါကဆိုတော့ ကျော်ဟိန်းရဲ့ သရုပ်ဆောင်ပုံတွေ၊အိုက်တင်တွေ ကြည့်ရင်းနဲ့ပဲ အချိန်ကုန်သွားတာကိုး။

အချိန်ကုန်ဆို တာတီးကလည်း ဇာတ်ကိုတကယ့်ခပ်ကြမ်းကြမ်းနဲ့ လူမျိုးဘာသာမရွေး ဆောင်ပုဒ်လို ကလေးကောလူကြီးကိုပါ ခေါ်ဆောင်သွားတာကိုး။

ဒါဟာ ကျွန်တော် ငယ်စဥ်အခါက ကြည့်ပြီး ဖြစ်ပေါ်လာတဲ့ ခံစားချက်။

​အတွေ့အကြုံနဲ့ အသက်အရွယ် ပြောင်းလာတဲ့ အခါမှာတော့ အာ့ဇာတ်ကားပေါ်ကို မြင်တဲ့အမြင်ဟာ ပြောင်းလဲလာခဲ့တယ်။

အထူးသဖြင့် ဘီအီးဒီ အောင်သိုက်ရဲ့ `ဒိုင်´ တွေပဲ။ဘီအီးဒီအောင်သိုက်ရဲ့ စကားပြောခန်းတွေဟာ ဒဿနပါတယ်၊အတွေးအမြင်တွေပါတယ်လို့ ခံစားမိလာတယ်။

ကြည့်သောသူမြင်၏ ဆိုတဲ့စကားလည်း ရှိသေးတယ်မလား။

ရှင်းရှင်းပြောရရင် တာတီးရေသွားခပ်ဖို့ အသွားမှာ ဘီအီးဒီအောင်သိုက် ခေါ်ပြောတဲ့ အတွေးအခေါ်နောက်မကျဖို့လိုတယ် ဆိုတဲ့စကားလေးကနေ စပြီး သူရဲ့ စကားပြောခန်းတွေကို စသတိထားဆင်ခြင်မိတယ်။

အာ့အခန်းမှာပဲ တာတီးက သူပြောတာကို နားလည်တယ်ဆိုတော့ `မင်းတော်တယ် ငါပြောတာကိုနားလည်အောင် နားထောင်နိုင်တာ မင်းတယောက်ပဲရှိတယ်၊

ငါတပည့်လည်း မင်းတယောက်တည်းပဲ´ ဆိုတဲ့ စကားပြောခန်းလေးကို လွှတ်ကြိုက်တာပေါ့ဗျာ။

အများအမြင်တော့ ဒါဟာ `ကြောင်´တာပေါ့ဗျာ။တကယ်က မဟုတ်ပါဘူးဗျာ။ရှင်းရှင်းပြောရရင် အိုင်းစတိုင်းရဲ့ ရီ​လေးတစ်ဗစ်တီသီအိုရီကို တကယ်နားလည်သဘောပေါက်တဲ့ လူဆိုလို့ ကမ္ဘာပေါ်မှာ ဘယ်လောက်များများစားစား ရှိမှာလဲ။

ဒါဟာ မတန်မရာတွေ လိုက်နှိုင်းယှဥ်နေခြင်း မဟုတ်ပါ။စကားပြောခန်းတွေရဲ့ နောက်ကွယ်က အတွေးအမြင်တွေရဲ့ ဆိုလိုရင်းကို ပြောချင်တာပါ။

ဘာသာစကားဟာ အတွေးအခေါ်တွေကို ဖော်ထုတ်ပေးသလို၊တခါတရံမှာ ဘာသာစကားတွေဟာ အတွေးအခေါ်တွေကို ဖုံးဖိထားတတ်ပါတယ်။သြော်ဘာသာစကားရဲ့ အရေးပါပုံ။

တကယ်တော့ ကြောင်တယ်ဆိုပြီး ဝိုင်းဟားတဲ့လူတွေကသာ ကိုယ့်ကိုကိုယ် ပြန်ဆင်ခြင်ရမှာပါ။ကိုယ်ဟာ ပတ်ဝန်းကျင်ကသတ်မှတ်လို့ မိုးခါးရေလိုက်သောက်တာလား ဆိုတာ ဆင်ခြင်ရမှာပါ။

အာ့ဇာတ်ကားထဲမှာလိုပေါ့ဗျာ တာတီးဆိုရင် ဝိုင်းဆွမ်းကြီးလောင်းချင်တဲ့ ပုံစံလိုပေါ့ဗျာ။

ဝိုင်းဆွမ်းကြီးလောင်းချင်တဲ့ လူ့အဖွဲ့အစည်းကိုလည်း ဇာတ်ကားထဲမှာ တွေ့မိနေသလိုပဲလို့ ခံစားမိတယ်။

`မည်သူ့ကိုမှ အထင်မကြီးတတ်သလို၊မည်သူ့ကိုမှလည်း အထင်မသေးတတ်´ အာ့ဆောင်ပုဒ်ဟာ ဘီအီးဒီအောင်သိုက်ရဲ့ ဆောင်ပုဒ်ပဲ။ကြီးမှ သိရတာက သူက ဇာတ်ဆရာ၊စာရေးဆရာ ဆိုပါ့လား။

အာ့ဇာတ်ကားထဲမှာပဲ `လူဆိုတာ ချမ်းသာတဲ့သူနဲ့ ဆင်းရဲတဲ့သူ နှစ်မျိုးပဲ ရှိတာကွ´ ဆိုတဲ့စကားလေးနဲ့ အာ့ခေတ်အခါက ခေတ်စားနေတဲ့ အိုင်ဒီယိုလိုဂျီလေးကိုများ မသိမသာ ဖွင့်ဟပြလိုက်မိသလား ထင်ရတယ်။

ဟုတ်တာပဲလေဗျာ လူဆိုတာ နှစ်မျိုးပဲရှိတယ်၊သွေးစုပ်ဖိနှိပ်တဲ့လူနဲ့ အဖိနှိပ်ခံရတဲ့လူ နှစ်မျိုးပဲရှ်ိတယ်ဆိုတာကို နိမိတ်ပုံနဲ့များ ကျော်လွှားပြောတာမျိုးပေါ့။

ထန်းပင်အောက်က မြေပြင်မှာ တာတီးတို့ က၊ယ၊ဒ၊3 ဆိုပြီး အငြင်းပွားကြတာကို ကြည့်လေ။ကိုယ့်ဘက်က ကြည့်နေ၊မြင်နေတဲ့အတိုင်း အမှန်လို့ပြောလို့ရအုန်းမလားဗျာ။

မတူကွဲပြားခြားနားတဲ့ သူတပါးအမြင်တွေလည်း ရှိသေးတာပဲလေ။သူတပါးအမြင်တွေကိုပါ အသိအမှတ်ပြုယုံမက မတူကွဲပြားခြားနားတဲ့ သဘောထားတွေကိုပါ လက်ခံတတ်ရမယ်မဟုတ်လား။

ဆရာဒဂုန်တာရာ စကားခနငှားပြောရရင် `ဗဟုဝါဒ´ပေါ့ဗျာ။ဒါကတော့ ဇာတ်ကားက ပေးတဲ့ ရည်ရွယ်ချက်မဟုတ်ပါဘူး။

ဇာတ်လမ်းဇာတ်ကွက်လေးကို ကြည့်ရင်း ကိုယ်တိုင်ခံစားမိတာလေးကို ပြောမိတာပါ။ဒဂုန်တာရာရဲ့ဗဟုဝါဒကို နားလည်ဖို့ဆိုရင် ဆရာ့စာတွေကို စုံအောင်ဖတ်ဖူးပြီး နားလည်သဘောပေါက်မှ နားလည်နိုင်မယ်ထင်တယ်။

စုံအောင်ဖတ်ဖူးပြီး နားမလည်ရင် ဖတ်ဖူးတာပဲရှိပါလိမ့်မယ်။ဘာမှမဆိုင်ဘူးလို့ ထင်ကြရင်လည်း ပြောရန်အသင့်ပါ။

လူဆိုတာမျိုးက ယေဘုယျအားဖြင့် ကိုယ်စွဲလန်းနှစ်သက်တဲ့ အရာမျိုးကိုသာ တမ်းတတတ်တာမလား။

အာ့တော့ ဆရာဒဂုန်တာရာ၊ဆရာပါရဂူ၊ဆရာသော်တာဆွေတို့ရဲ့ စာတွေကိုစွဲလန်းတဲ့ စာဖတ်ပရိတ်သတ် တယောက်အနေနဲ့ တခုခုဆိုရင် သူတို့အရေးအသား၊အတွေးအခေါ် ရှုထောင့်တို့ကနေ ချိန်ထိုးတွေးမြင်တတ်သလိုမျိုးပါ။

ဇာတ်ကားကြည့်ပြီဆိုရင် စိတ်အပန်းပြေစေဖို့ ကြည့်ကြတာများပါတယ်။ဖျော်ဖြေမူ့အပေးနိုင်ဆုံးကို ပိုပြီးတသသဖြစ်တတ်ကြပါတယ်။

ပန်းမြိုင်လယ်က ဥယျာဥ်မှူးထဲမှာ ကျော်ဟိန်းဟာ တာတီးအဖြစ်နဲ့ လူတွေကို ဖျော်ဖြေမူ့ပေးနိုင်လို့ ပရိတ်သတ်ရဲ့ အားပေးခြင်းကို ပိုခံယူရတယ်လို့ဆိုရမယ်။

ကျွန်တော် ကတော့ တာတီးဆရာ အတွေးအမြင်တွေဖွင့်ပေးနိုင်တဲ့ `ဘီအီးဒီအောင်သိုက်´ကို လွှတ်ကြိုက်တယ်ဗျ။

နဒအ ၁၆.၁၁.၂၀၂၂

မူရင်း Nanda Aung ရေးသားထားသည်ကို ပြန်လည်မျှဝေပါသည်။ လေးစားစွာဖြင့် ခရက်ဒစ်

zawgyi

ကြၽန္ေတာ္ ႏွစ္ၿခိဳက္မိေသာ `ပန္းၿမိဳင္လယ္က ဥယ်ာဥ္မႉး ဇာတ္ကားထဲက ဘီအီးဒီေအာင္သိုက္ႏွင့္ အေတြးအျမင္မ်ား´

ပန္းၿမိဳင္လယ္က ဥယ်ာဥ္မႉး ဇာတ္ကားအစမွာ အထူးဧည့္သည္သ႐ုပ္ေဆာင္ အျဖစ္ ဘီအီးဒီေအာင္သိုက္လို႔ စာတန္းထိုးထားတယ္။

႐ိုးသားစြာေျပာရရင္ ငယ္ငယ္က အာ့ဇာတ္ကားၾကည့္ေနတာေတာင္ သူ႔ကို ဘီအီးဒီေအာင္သိုက္မွန္းေတာင္ မသိပါ။

ငယ္စဥ္အခါကဆိုေတာ့ ေက်ာ္ဟိန္းရဲ႕ သ႐ုပ္ေဆာင္ပုံေတြ၊အိုက္တင္ေတြ ၾကည့္ရင္းနဲ႔ပဲ အခ်ိန္ကုန္သြားတာကိုး။

အခ်ိန္ကုန္ဆို တာတီးကလည္း ဇာတ္ကိုတကယ့္ခပ္ၾကမ္းၾကမ္းနဲ႔ လူမ်ိဳးဘာသာမေ႐ြး ေဆာင္ပုဒ္လို ကေလးေကာလူႀကီးကိုပါ ေခၚေဆာင္သြားတာကိုး။

ဒါဟာ ကြၽန္ေတာ္ ငယ္စဥ္အခါက ၾကည့္ၿပီး ျဖစ္ေပၚလာတဲ့ ခံစားခ်က္။

​အေတြ႕အႀကဳံနဲ႔ အသက္အ႐ြယ္ ေျပာင္းလာတဲ့ အခါမွာေတာ့ အာ့ဇာတ္ကားေပၚကို ျမင္တဲ့အျမင္ဟာ ေျပာင္းလဲလာခဲ့တယ္။

အထူးသျဖင့္ ဘီအီးဒီ ေအာင္သိုက္ရဲ႕ `ဒိုင္´ ေတြပဲ။ဘီအီးဒီေအာင္သိုက္ရဲ႕ စကားေျပာခန္းေတြဟာ ဒႆနပါတယ္၊အေတြးအျမင္ေတြပါတယ္လို႔ ခံစားမိလာတယ္။

ၾကည့္ေသာသူျမင္၏ ဆိုတဲ့စကားလည္း ရွိေသးတယ္မလား။

ရွင္းရွင္းေျပာရရင္ တာတီးေရသြားခပ္ဖို႔ အသြားမွာ ဘီအီးဒီေအာင္သိုက္ ေခၚေျပာတဲ့ အေတြးအေခၚေနာက္မက်ဖို႔လိုတယ္ ဆိုတဲ့စကားေလးကေန စၿပီး သူရဲ႕ စကားေျပာခန္းေတြကို စသတိထားဆင္ျခင္မိတယ္။

အာ့အခန္းမွာပဲ တာတီးက သူေျပာတာကို နားလည္တယ္ဆိုေတာ့ `မင္းေတာ္တယ္ ငါေျပာတာကိုနားလည္ေအာင္ နားေထာင္ႏိုင္တာ မင္းတေယာက္ပဲရွိတယ္၊

ငါတပည့္လည္း မင္းတေယာက္တည္းပဲ´ ဆိုတဲ့ စကားေျပာခန္းေလးကို လႊတ္ႀကိဳက္တာေပါ့ဗ်ာ။

အမ်ားအျမင္ေတာ့ ဒါဟာ `ေၾကာင္´တာေပါ့ဗ်ာ။တကယ္က မဟုတ္ပါဘူးဗ်ာ။ရွင္းရွင္းေျပာရရင္ အိုင္းစတိုင္းရဲ႕ ရီ​ေလးတစ္ဗစ္တီသီအိုရီကို တကယ္နားလည္သေဘာေပါက္တဲ့ လူဆိုလို႔ ကမာၻေပၚမွာ ဘယ္ေလာက္မ်ားမ်ားစားစား ရွိမွာလဲ။

ဒါဟာ မတန္မရာေတြ လိုက္ႏႈိင္းယွဥ္ေနျခင္း မဟုတ္ပါ။စကားေျပာခန္းေတြရဲ႕ ေနာက္ကြယ္က အေတြးအျမင္ေတြရဲ႕ ဆိုလိုရင္းကို ေျပာခ်င္တာပါ။

ဘာသာစကားဟာ အေတြးအေခၚေတြကို ေဖာ္ထုတ္ေပးသလို၊တခါတရံမွာ ဘာသာစကားေတြဟာ အေတြးအေခၚေတြကို ဖုံးဖိထားတတ္ပါတယ္။ေၾသာ္ဘာသာစကားရဲ႕ အေရးပါပုံ။

တကယ္ေတာ့ ေၾကာင္တယ္ဆိုၿပီး ဝိုင္းဟားတဲ့လူေတြကသာ ကိုယ့္ကိုကိုယ္ ျပန္ဆင္ျခင္ရမွာပါ။ကိုယ္ဟာ ပတ္ဝန္းက်င္ကသတ္မွတ္လို႔ မိုးခါးေရလိုက္ေသာက္တာလား ဆိုတာ ဆင္ျခင္ရမွာပါ။

အာ့ဇာတ္ကားထဲမွာလိုေပါ့ဗ်ာ တာတီးဆိုရင္ ဝိုင္းဆြမ္းႀကီးေလာင္းခ်င္တဲ့ ပုံစံလိုေပါ့ဗ်ာ။

ဝိုင္းဆြမ္းႀကီးေလာင္းခ်င္တဲ့ လူ႔အဖြဲ႕အစည္းကိုလည္း ဇာတ္ကားထဲမွာ ေတြ႕မိေနသလိုပဲလို႔ ခံစားမိတယ္။

`မည္သူ႔ကိုမွ အထင္မႀကီးတတ္သလို၊မည္သူ႔ကိုမွလည္း အထင္မေသးတတ္´ အာ့ေဆာင္ပုဒ္ဟာ ဘီအီးဒီေအာင္သိုက္ရဲ႕ ေဆာင္ပုဒ္ပဲ။ႀကီးမွ သိရတာက သူက ဇာတ္ဆရာ၊စာေရးဆရာ ဆိုပါ့လား။

အာ့ဇာတ္ကားထဲမွာပဲ `လူဆိုတာ ခ်မ္းသာတဲ့သူနဲ႔ ဆင္းရဲတဲ့သူ ႏွစ္မ်ိဳးပဲ ရွိတာကြ´ ဆိုတဲ့စကားေလးနဲ႔ အာ့ေခတ္အခါက ေခတ္စားေနတဲ့ အိုင္ဒီယိုလိုဂ်ီေလးကိုမ်ား မသိမသာ ဖြင့္ဟျပလိုက္မိသလား ထင္ရတယ္။

ဟုတ္တာပဲေလဗ်ာ လူဆိုတာ ႏွစ္မ်ိဳးပဲရွိတယ္၊ေသြးစုပ္ဖိႏွိပ္တဲ့လူနဲ႔ အဖိႏွိပ္ခံရတဲ့လူ ႏွစ္မ်ိဳးပဲရွ္ိတယ္ဆိုတာကို နိမိတ္ပုံနဲ႔မ်ား ေက်ာ္လႊားေျပာတာမ်ိဳးေပါ့။

ထန္းပင္ေအာက္က ေျမျပင္မွာ တာတီးတို႔ က၊ယ၊ဒ၊3 ဆိုၿပီး အျငင္းပြားၾကတာကို ၾကည့္ေလ။ကိုယ့္ဘက္က ၾကည့္ေန၊ျမင္ေနတဲ့အတိုင္း အမွန္လို႔ေျပာလို႔ရအုန္းမလားဗ်ာ။

မတူကြဲျပားျခားနားတဲ့ သူတပါးအျမင္ေတြလည္း ရွိေသးတာပဲေလ။သူတပါးအျမင္ေတြကိုပါ အသိအမွတ္ျပဳယုံမက မတူကြဲျပားျခားနားတဲ့ သေဘာထားေတြကိုပါ လက္ခံတတ္ရမယ္မဟုတ္လား။

ဆရာဒဂုန္တာရာ စကားခနငွားေျပာရရင္ `ဗဟုဝါဒ´ေပါ့ဗ်ာ။ဒါကေတာ့ ဇာတ္ကားက ေပးတဲ့ ရည္႐ြယ္ခ်က္မဟုတ္ပါဘူး။

ဇာတ္လမ္းဇာတ္ကြက္ေလးကို ၾကည့္ရင္း ကိုယ္တိုင္ခံစားမိတာေလးကို ေျပာမိတာပါ။ဒဂုန္တာရာရဲ႕ဗဟုဝါဒကို နားလည္ဖို႔ဆိုရင္ ဆရာ့စာေတြကို စုံေအာင္ဖတ္ဖူးၿပီး နားလည္သေဘာေပါက္မွ နားလည္ႏိုင္မယ္ထင္တယ္။

စုံေအာင္ဖတ္ဖူးၿပီး နားမလည္ရင္ ဖတ္ဖူးတာပဲရွိပါလိမ့္မယ္။ဘာမွမဆိုင္ဘူးလို႔ ထင္ၾကရင္လည္း ေျပာရန္အသင့္ပါ။

လူဆိုတာမ်ိဳးက ေယဘုယ်အားျဖင့္ ကိုယ္စြဲလန္းႏွစ္သက္တဲ့ အရာမ်ိဳးကိုသာ တမ္းတတတ္တာမလား။

အာ့ေတာ့ ဆရာဒဂုန္တာရာ၊ဆရာပါရဂူ၊ဆရာေသာ္တာေဆြတို႔ရဲ႕ စာေတြကိုစြဲလန္းတဲ့ စာဖတ္ပရိတ္သတ္ တေယာက္အေနနဲ႔ တခုခုဆိုရင္ သူတို႔အေရးအသား၊အေတြးအေခၚ ရႈေထာင့္တို႔ကေန ခ်ိန္ထိုးေတြးျမင္တတ္သလိုမ်ိဳးပါ။

ဇာတ္ကားၾကည့္ၿပီဆိုရင္ စိတ္အပန္းေျပေစဖို႔ ၾကည့္ၾကတာမ်ားပါတယ္။ေဖ်ာ္ေျဖမူ႔အေပးႏိုင္ဆုံးကို ပိုၿပီးတသသျဖစ္တတ္ၾကပါတယ္။

ပန္းၿမိဳင္လယ္က ဥယ်ာဥ္မႉးထဲမွာ ေက်ာ္ဟိန္းဟာ တာတီးအျဖစ္နဲ႔ လူေတြကို ေဖ်ာ္ေျဖမူ႔ေပးႏိုင္လို႔ ပရိတ္သတ္ရဲ႕ အားေပးျခင္းကို ပိုခံယူရတယ္လို႔ဆိုရမယ္။

ကြၽန္ေတာ္ ကေတာ့ တာတီးဆရာ အေတြးအျမင္ေတြဖြင့္ေပးႏိုင္တဲ့ `ဘီအီးဒီေအာင္သိုက္´ကို လႊတ္ႀကိဳက္တယ္ဗ်။

နဒအ ၁၆.၁၁.၂၀၂၂

မူရင္း Nanda Aung ေရးသားထားသည္ကို ျပန္လည္မွ်ေဝပါသည္။ ေလးစားစြာျဖင့္ ခရက္ဒစ္

Leave a Reply

Your email address will not be published. Required fields are marked *