ကြားသိရသမျှ

စိတ်မကောင်းစရာ ပလုံပြန်ကောက်နေရပြီဖြစ်တဲ့ အပွားလေး (ရုပ်သံ)

စိတ်မကောင်းစရာ ပလုံပြန်ကောက်နေရပြီဖြစ်တဲ့ အပွားလေး (ရုပ်သံ)

ရုပ်သံကို အောက်ဆုံးတွင် ဖော်ပြထားပါသည်။

ပရိသက်ကြီးရေ ဒီတစ်ခါမှာတော့ အပွားလေးနဲ့ ပတ်သက်ပြီး စိတ်မကောင်းစရာအကြောင်းလေးပဲရင်ဖွင့်ပါရစေနော်….

ပွားပွားလေးဟာ ဓါတ်ပုံဆရာမ မမေနန်းစံ၏ ကျေးဇူးကြောင့် အပွားလေးတစ်ယောက် ရှမ်းရှမ်းတောက်ကြော်ကြားခဲ့ပြီး

သူရဲ့ ကိုယ်ပိုင် ပင်ကိုယ် အလှအပကို ချပြပေးနိုင်ခဲ့တာဖြစ်ပါတယ်။

၎င်းနောက် ဇွဲထက်စိန်ရွှေရနာဆိုင်တွေကစ Tiktok ဆယ်လီ ကိုဟိန်းသူအောင်အပြင် မမဆောင်း မဆောင်းလေးတို့ကပါ လာရောက်ပြီး

အခက်အခဲဖြစ်နေတဲ့ အပွားလေးတို့မိသားစုကို ထောက်ပံ့ပေးခဲ့ကြတာဖြစ်ပါတယ်။

ယခုအချိန်မှာ အပွားလေးကို ဆက်လက်လက်တွဲခေါ်ဆောင်ပေးမည်သူ မရှိသလောက်ဖြစ်နေပြီးနောက်

ကိုဟိန်းသူအောင် လှူဒါန်းပေးလိုက်တာ Tablet လေးတောင်မကျန်ရှိတော့သည့်အပြင်

ယခင်လို ပလုံပြန်ကောက်နေရသည့် ဘဝပြန်ရောက်ရှိနေပါကြောင်း ကိုစည်သူပလပ်ကျွတ်ကိုယ်တိုင်က စိတ်မကောင်းစွာဖြင့်အသိပေးလာပါတယ်….

အပွားလေးကိုချစ်ကြတဲ့ မိဘပြည်သူများအနေဖြင့် တတ်နိုင်သလောက် ကူညီပေးကြဖို့လည်း တောင်းဆိုချင်သလို

အနုပညာရှင်များအနေဖြင့်လည်း အပွားလေးကို ပြစ်မထားဘဲ လက်တွဲခေါ်ပေးကြပါလို့ တောင်းဆိုပါတယ်ခင်ဗျာ…

အနုပညာရှင်အချို့၏ ကူညီပံ့ပိုးမှုကို ပေါ်ပင်လုပ်တာလို့ ဝေဘန်နေမဲ့အစား မုဒိတာပွားကုသိုလ်ယူပေးကြပါလို့လည်း အကြံပြုလိုက်ပါတယ်ခင်ဗျာ

zawgyi














 

Leave a Reply

Your email address will not be published. Required fields are marked *