ကြားသိရသမျှ

လူသေဆုံးမှုများပြားခဲ့တဲ့ ညောင်လှချောင်းသာ(မသွားကြပါနဲ့တော့)

လူေသဆံုးမႈမ်ားျပားခဲ့တဲ့ ေညာင္လွေခ်ာင္းသာ(မသြားၾကပါနဲ႕ေတာ့)

ေရနံေခ်ာင္းက ေရနစ္ေပ်ာက္ဆုံးေနတဲ့ ကေလး ၄ေယာက္အေလာင္း ျပန္ေတြ႕၊လူေသခဲ့တဲ့ ေညာင္လွေခ်ာင္းသာကို ပိတ္ဖို႔စီစဥ္ေနတယ္လို႔ ၾကားသိရပါတယ္

မေကြးတိုင္း၊ေရနံေခ်ာင္းၿမိဳ႕နယ္၊ ေညာင္လွေခ်ာင္းသာမွာ ေရကစားရာကေန နစ္ျမဳတ္ေပ်ာက္ဆုံးခဲ့တဲ့ ကေလး ၄ ေယာက္႐ုပ္အေလာင္းေတြကို ျပန္လည္ေတြ႕ရွိခဲ့ၿပီျဖစ္လို႔သိရပါတယ္။

ေသဆုံးတဲ့ကေလးေတြက အသက္ ၁၅ ႏွစ္နဲ႔ ၁၃ ႏွစ္အ႐ြယ္ မိန္းကေလး ၂ ေယာက္၊ အသက္ ၅ ႏွစ္နဲ႔ ၆ ႏွစ္အ႐ြယ္ ေယာက်္ားေလး ၂ ေယာက္ျဖစ္ၿပီး အားလုံးကို ဒီကေန႔ သၿဂိဳလ္မွာျဖစ္တယ္လို႔သိရပါတယ္။

” မေန႔က ၁၁ နာရီမွာ ၅ ႏွစ္ကေလးကို အရင္ေတြ႕တယ္၊ေနာက္ေတာ့ က်န္တဲ့ကေလး ၃ေယာက္ကို ထပ္ရွာေတြ႕တယ္။

မေန႔ကတည္းက ေရနံေခ်ာင္းေဆး႐ုံက စစ္ခ်က္ေတြယူၿပီး ကေလးေတြကိုသုႆန္မွာထားတာ။ဒီေန႔အကုန္သၿဂိဳလ္မယ္။ ” လို႔ ကူညီမႈလုပ္ေနတဲ့ ဆရာေတာ္ကမိန႔္ပါတယ္။

ေသဆုံးကေလး၄ေယာက္ထဲမွာ ေမာင္ႏွမေတာ္စပ္သူေတြလည္းပါဝင္ၿပီး ေရနံေခ်ာင္းၿမိဳ႕ေပၚ ေဘးမဲရပ္ကြက္က ကေလးေတြျဖစ္တယ္လို႔ သိရပါတယ္။

လက္ရွိမွာ ၿမိဳ႕နယ္တာဝန္ရွိသူေတြက လူေသဆုံးမႈေတြရွိခဲ့တဲ့ ေညာင္လွေခ်ာင္းသာကို ေရကစားခြင့္ပိတ္ဖို႔လုပ္ေနၾကတယ္လို႔ သိရပါတယ္။

မတ္လ ၆ ရက္ေန႔ညေနပိုင္းက ေညာင္လွေခ်ာင္းသာမွာ မိသားစုေတြ ေရလာကစားရင္းကေန

လူႀကီး၂ေယာက္နဲ႔ ကေလး ၇ေယာက္ေရနစ္ခဲ့တာျဖစ္ၿပီး အဲ့ဒီအထဲကမွ ကေလး၄ေယာက္က ေရနစ္ေသဆုံးခဲ့တာျဖစ္ပါတယ္။

credit to orginal

unicode

လူသေဆုံးမှုများပြားခဲ့တဲ့ ညောင်လှချောင်းသာ(မသွားကြပါနဲ့တော့)

ရေနံချောင်းက ရေနစ်ပျောက်ဆုံးနေတဲ့ ကလေး ၄ယောက်အလောင်း ပြန်တွေ့၊လူသေခဲ့တဲ့ ညောင်လှချောင်းသာကို ပိတ်ဖို့စီစဉ်နေတယ်လို့ ကြားသိရပါတယ်

မကွေးတိုင်း၊ရေနံချောင်းမြို့နယ်၊ ညောင်လှချောင်းသာမှာ ရေကစားရာကနေ နစ်မြုတ်ပျောက်ဆုံးခဲ့တဲ့ ကလေး ၄ ယောက်ရုပ်အလောင်းတွေကို ပြန်လည်တွေ့ရှိခဲ့ပြီဖြစ်လို့သိရပါတယ်။

သေဆုံးတဲ့ကလေးတွေက အသက် ၁၅ နှစ်နဲ့ ၁၃ နှစ်အရွယ် မိန်းကလေး ၂ ယောက်၊ အသက် ၅ နှစ်နဲ့ ၆ နှစ်အရွယ် ယောကျ်ားလေး ၂ ယောက်ဖြစ်ပြီး အားလုံးကို ဒီကနေ့ သဂြိုလ်မှာဖြစ်တယ်လို့သိရပါတယ်။

” မနေ့က ၁၁ နာရီမှာ ၅ နှစ်ကလေးကို အရင်တွေ့တယ်၊နောက်တော့ ကျန်တဲ့ကလေး ၃ယောက်ကို ထပ်ရှာတွေ့တယ်။

မနေ့ကတည်းက ရေနံချောင်းဆေးရုံက စစ်ချက်တွေယူပြီး ကလေးတွေကိုသုဿန်မှာထားတာ။ဒီနေ့အကုန်သဂြိုလ်မယ်။ ” လို့ ကူညီမှုလုပ်နေတဲ့ ဆရာတော်ကမိန့်ပါတယ်။

သေဆုံးကလေး၄ယောက်ထဲမှာ မောင်နှမတော်စပ်သူတွေလည်းပါဝင်ပြီး ရေနံချောင်းမြို့ပေါ် ဘေးမဲရပ်ကွက်က ကလေးတွေဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ မြို့နယ်တာဝန်ရှိသူတွေက လူသေဆုံးမှုတွေရှိခဲ့တဲ့ ညောင်လှချောင်းသာကို ရေကစားခွင့်ပိတ်ဖို့လုပ်နေကြတယ်လို့ သိရပါတယ်။

မတ်လ ၆ ရက်နေ့ညနေပိုင်းက ညောင်လှချောင်းသာမှာ မိသားစုတွေ ရေလာကစားရင်းကနေ

လူကြီး၂ယောက်နဲ့ ကလေး ၇ယောက်ရေနစ်ခဲ့တာဖြစ်ပြီး အဲ့ဒီအထဲကမှ ကလေး၄ယောက်က ရေနစ်သေဆုံးခဲ့တာဖြစ်ပါတယ်။

credit to orginal

Leave a Reply

Your email address will not be published. Required fields are marked *