ခဏခဏမေ့တတ်တဲ့ အကျင့်ရှိရင် ဒီနည်းလမ်းလေးတွေနဲ့ ပြုပြင်ကြည့်ပါ…
အမြဲမေ့တတ်တဲ့အကျင့် ကိုယ့်မှာရှိနေတယ်ဆိုရင် မေ့တတ်ခြင်းကို သက်သာအောင်လုပ်ဖို့ နည်းလမ်းအချို့ ပေးချင်ပါတယ်။ အခုခေတ်မှာက လူတိုင်းနီးပါး အလုပ်များ၊ အာရုံများစရာတွေများတာမို့ မေ့တတ်ကြတာ မဆန်းပါဘူး။ ဒါပေမယ့် မေ့တတ်တဲ့အကျင့်ကို သက်သာစေဖို့ အလေ့အကျင့်လေး လုပ်ဖို့လိုပါတယ်။
အလေ့အကျင့်မလုပ်ဘဲ မေ့တတ်တာကို လျစ်လျူရှုထားလိုက်မယ်ဆိုရင်တော့ ပိုဆိုးသွားနိုင်ပါတယ်။ အဲဒါကြောင့် ကိုယ့်မှာ မကြာခဏမေ့တတ်တဲ့ အကျင့်ရှိတယ်ဆိုရင် အောက်ပါအချက်လေးတွေကို လုပ်ကြည့်လိုက်ပါနော်။
(၁) ချက်ချင်း ရေးမှတ်လိုက်ပါ။
ကိုယ့်ခေါင်းထဲမှာ ကိုယ်မေ့နေတဲ့အကြောင်းအရာက အမှတ်တမဲ့ ပြန်သတိရလာတတ်တဲ့အခါ ချက်ချင်း ရေးမှတ်ထားလိုက်ပါ။ အဲဒါက နောက်တစ်ခါ ထပ်မေ့သွားရင်တောင်မှ ကိုယ့်ကို သတိပြန်ရစေဖို့ အထောက်အကူပြုနိုင်ပါတယ်။
အဲဒါကြောင့် သတိပြန်ရလာရင်ဖြစ်ဖြစ်၊ ခုချက်ချင်း ပေါ်လာတဲ့ မမေ့သင့်တဲ့ကိစ္စဖြစ်ဖြစ် ချက်ချင်းရေးမှတ်တတ်တဲ့အကျင့် လုပ်လိုက်ပါနော်။
(၂) မှတ်စုစာအုပ် သီးသန့်ထားပါ။
ကိုယ့်အကြောင်းကို ကိုယ်သာ အသိဆုံးပါနော်။ ကိုယ်မေ့တတ်တဲ့ အကျင့်ဆိုးကို ပိုမဆိုးဖို့အတွက် သတိတရနဲ့ မေ့တတ်သမျှ မှတ်ထားတတ်တဲ့ စာအုပ်သီးသန့် ထားလိုက်ပါ။ ကိုယ့်ခေါင်းထဲ ရုတ်တရက်ပေါ်လာသမျှကို ထိုမှတ်စုစာအုပ်ထဲမှာသာ ချက်ချင်းရေးမှတ်ထားလိုက်ပါ။
အလုပ်ကိစ္စတွေနဲ့ အခြား မေ့သွားနိုင်တဲ့ကိစ္စမှန်သမျှကို ထိုမှတ်စုစာအုပ် သီးသန့်မှာသာ ရေးမှတ်ထားလိုက်ပေါ့။ ကိုယ်နဲ့မကွာ ဆောင်သွားတာပဲဖြစ်ဖြစ်၊ ဘယ်နေရာသွားသွား ဆောင်သွားတာဖြစ်ဖြစ်၊ နေရာတစ်ခုထဲမှာ တသတ်မတ်တည်း ထားတာမျိုး လုပ်ပါ။ (မဟုတ်ရင် မေ့မှာစိုးလို့ မှတ်ထားတဲ့ မှတ်စုစာအုပ်ပါ ဘယ်နားထားသလဲ ပြန်မေ့နေမှာစိုးလို့ပါ)
(၃) ဖုန်းထဲ မှတ်စုလုပ်ထားပါ။
နောက်တစ်ခုက ကိုယ့်ဖုန်းထဲက note မှာ folder လေးခွဲပြီး ကဏ္ဏအလိုက် ခေါင်းစဉ်တပ်ပြီး ဖိုင်လုပ်သိမ်းထားလိုက်ပါ။
ဥပမာ။ အလုပ်ကိစ္စ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကိုယ်မေ့သွားနိုင်တဲ့ အလုပ်ကိစ္စတွေ သီးသန့်မှတ်ပေ့ါ၊ အိမ်ကိစ္စဆိုတဲ့ ခေါင်းစဉ်အောက်မှာ အိမ်က ကိုယ်လုပ်ရမယ့်ကိစ္စတွေ မှတ်ထားလိုက်တာမျိုးပေါ့။
ဖုန်းထဲထည့်တော့ ဘယ်သွားသွား ယူသွားလိုက်လို့ရသလို၊ အရေးကြီးကိစ္စတွေဆိုရင်လည်း ဖုန်းရဲ့ Calendar ထဲမှာ နေ့စွဲအတိအကျနဲ့ အချိန်ကို အမှတ်အသားလုပ်ထားပြီး ကိုယ့်အတွက် reminder အဖြစ် လုပ်ထားလို့ ရပါသေးတယ်။
ကိုယ်မေ့နေပေမယ့် ဖုန်းက အဲဒီ့နေ့၊ အဲဒီ့အချိန်မတိုင်မီ ကိုယ့်ကို သတိပေးနိုင်တာမို့ မေ့မသွားနိုင်တော့ပါဘူး။
(၄) မှတ်သားထားတဲ့ အရာတစ်ခုလုပ်ပြီးကြောင်း ကိုယ့်နုတ်ကနေ ကိုယ့်ကိုယ်ကိုယ်ပြန်ပြောပြပါ။
ဥပမာ ကိုယ်က အပြင်သွားမယ့်အခါ အိမ်က မိန်းခလုတ်ကို ချခဲ့မချခဲ့မှန်း မေ့နေတတ်တယ်ဆိုရင် အိမ်ကမထွက်ခင်မှာ မိန်းခလုတ်ကို ချပြီးတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် “မိန်းချလိုက်ပြီ” ဆိုပြီး ၃ကြိမ်တိတိ နုတ်ကရွတ်ပြီး သတိပေးလိုက်တာမျိုးပါ။
ကြောင်တယ်လို့ထင်ရပေမယ့် တကယ်ထိရောက်တဲ့ နည်းလမ်းပါနော်။
တကယ်လို့ အပြင်ရောက်မှ မိန်းချခဲ့သလား၊ မိန်းမချခဲ့ဘူးလားလို့ ဇဝေဇဝါ ဖြစ်နေတယ် ဆိုရင်တောင် ကိုယ့်ကိုယ်ကိုယ် သတိပေးထားတဲ့အခါ ကိုယ်တိုင်သတိရနေပါသေးတယ်။
ကိုယ်လုပ်ရမယ့်အရာတွေကို ကိုယ်နုတ်ကနေ အခြားလူတစ်ယောက်ယောက်ကို သတိပေးနေသလိုမျိုး ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးလိုက်တာက မေ့ခြင်းကို သက်သာစေပါတယ်။credittobawa101
Unicode