မုန့်ဟင်းခါးက အာရှ အကောင်းဆုံး ဟင်းရည်တွေထဲ စီအန်အန် က ရွေးခံရတဲ့စာရင်း ဝင်သွားပြီ။ Congratulations မြန်မာ စားဖိုမှူးများနဲ့အတူ၊ MRA နဲ့ အတူ ဝမ်းသာပါတယ်။ မြန်မာ အစားအစာတွေကို တီထွင်ဆန်းသစ်မှုတွေ လုပ်ကြပါဗျာ။ ပျင်းလာပြီ။ စားဖိုမှူးကြီးတွေ ထွင်စရာတွေ အများကြီး ရှိတယ်။ ဆန်းသစ်မှ တိုးတက်မှာ။ (ရှေးရိုးစွဲ conservative တွေအတွက် ကြိုရှင်းပါရစေ။ ရိုးရာ ဆိုပေမယ့်၊ အခုခေတ် ကျွန်တော်တို့ စားနေတဲ့ မုန့်ဟင်းခါးဆိုတာ သီပေါမင်း စားဖူးခဲ့မယ်လို့တော့ ထင်တယ်။
ဒါပေမယ့် ကျန်စစ်သားမင်း လောက်ကတော့ စားဖူးမှာ မဟုတ်တာ သေချာသလောက် ရှိတယ်။ ရိုးရာ ယဉ်ကျေးမှု ဆိုတာ အမြဲတမ်း ပြောင်းလဲ တိုးတက်နေတယ်၊ ရိုးရာဆိုတာကို တီထွင်ပြောင်းလဲခွင့် မရှိဘူးလို့ မထင်လေနဲ့ခင်ဗျ။ ဒါ ယဉ်ကျေးမှုကို ဖျက်ဆီးတာ မဟုတ်ဘူး ဆိုတာကို ကြိုသိထားဘို့ သတိပေးချင် ပါတယ်။ တကယ်လက်တွေ့မှာ ကောင်းချင်မှ ကောင်းမှာနော်)
ဥပမာ (၁) ကာဗီးယား ဆိုတာ အနောက်တိုင်းမှာ အရမ်းဈေးကြီးပေးပြီး တန်ဘိုးထားဝယ်စားကြတဲ့ delicacy သူဌေးစာ ငါးဥ တစ်မျိုး ဖြစ်ပါတယ်။ ဟုတ်ပြီနော်။ မြန်မာပြည်မှာလည်း ထားဝယ် မုန့်ဟင်းခါးထဲ ထည့်စားကြတဲ့ ကာဗီးယားလို ငါးဥအကြီးစား တစ်မျိုးရှိတယ်။ ဒေါင်းချင်းဥ လို့ ခေါ်ပါတယ်။ အဲဒီ ဒေါင်းချင်းဥ ငါးဥ အကြီးစားကို ငါးသလောက်ဥ ကြော်ပြီး မုန့်ဟင်းခါးထဲ ထည့်သလိုမျိုး
(မှတ်ချက်။ အကြီးစား ဆိုတာ ငါးတကောင်မွေးမယ့် ဥတစ်စေ့ချင်းကိုက ကာဗီးယား လိုပဲ မီခြစ်ဆံခေါင်းလောက် အချင်း ၂-၃ မီလီမီတာရှိတဲ့ ဥမျိုးကို ပြောတာပါ။ ရန်ကုန်နဲ့အထက် မြန်မာပြည်မှာ ဒီငါးဥမျိုး မရသေးပါဘူး။ တဥချင်းက ကိုက်လိုက်ရင် ဖောက်ကနဲ ဖောက်ကနဲ ဖြစ်သွားတဲ့ ထားဝယ်မုန့်ဟင်းခါး အရသာက တစ်သက် မေ့မရနိုင်ပါဘူး။ စားဖူးတဲ့ လူတွေပဲ သိမယ်။)
(၂) မုန့်ဟင်းခါးထဲ ငါးဖယ်ကြော် ထည့်သလိုပဲ၊ ပုဇွန် ကြော်ပြီး ထည့်တာမျိုး၊ (၃) ထားဝယ်နဲ့ မြိတ်မှာ စားကြတဲ့ “ပြည်ကြီးငါးအခြောက်” ကို အကြွတ် ကြော်ပြီး ထည့်တာမျိုး။
(၄) ဝါးပိုးကြော်၊ သီဟိုစေ့ကြော် တွေကို မုန့်ဟင်းခါးထဲကို ပဲကြော်၊ ဗူးသီးကြော် ထည့်သလို ထည့်တာမျိုး (လက်ဖက်ထဲ ထည့်လည်းရတယ်။) (၅) အခုနောက်ပိုင်း ခေတ်စားလာတဲ့ ငါးအရေခွံ အကြွပ်ကြော်ထားတာကို မုန့်ဟင်းခါးထဲ ထည့်စားတာမျိုး (မရဘူးလားဗျာ၊ လိုက်မှာပဲလို့ ကျွန်တော် ထင်တယ်။)
စတာတွေ တီထွင်လို့ ဖြစ်နိုင်ပါတယ်။ ဒါတွေ အားလုံးက မြန်မာ အစားအစာ တွေပဲလေ။ ဈေးတော့ ကြီးမယ်။ ဒါတွေကို မြန်မာတွေ ကြိုက်ကြမှာပဲလို့ ကျွန်တော် ထင်တယ်။ (သိတဲ့လူ သိပါတယ်။ ကျွန်တော် စွန့်ဦးတီထွင်မှု entrepreneurship အကြောင်း တက္ကသိုလ်မှာ စာသွားသင်ရင် ဒီလို ပေါက်ကရတွေ ပြောပြီး ဦးနှောက် မုန်တိုင်း ဆင်နေကျပါ။)
မန္တလေးမုန့်တီ (နန်းကြီးသုပ်) နဲ့ အုန်းနို့ခေါက်ဆွဲ တွေကလည်း လူမျိုးစုံ ကြိုက်ကြတဲ့ မြန်မာ့ အစားအစာတွေ ဖြစ်ပါတယ်။ top 10 ခေါက်ဆွဲ စာရင်းမှာ ဝင်လာနိုင်ပါသေးတယ်။
(ငံပြာရည်နံ့ကြောင့် မုန့်ဟင်းခါးကို ဘယ်လိုမှ လူကြိုက်များမယ်လို့ မထင်ခဲ့မိဘူး။ ဒါပေမဲ့ ဖြစ်လာခဲ့ပြီနော်။ လောကမှာ မဖြစ်နိုင်တာ မရှိဘူး၊ မဖြစ်သေးတာပဲ ရှိတယ်လို့ စီးပွားကပ်ဆိုက်နေကြတဲ့ ပြည်တွင်းပြည်ပက မြန်မာ လုပ်ငန်းရှင်တွေကို ကြံ့ကြံ့ခံ ကြိုးစားကြဘို့ အားပေးပါရစေဗျာ။) zshtut (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)
zawgyi
မုန႔္ဟင္းခါးက အာရွ အေကာင္းဆုံး ဟင္းရည္ေတြထဲ စီအန္အန္ က ေ႐ြးခံရတဲ့စာရင္း ဝင္သြားၿပီ။ Congratulations ျမန္မာ စားဖိုမႉးမ်ားနဲ႔အတူ၊ MRA နဲ႔ အတူ ဝမ္းသာပါတယ္။ ျမန္မာ အစားအစာေတြကို တီထြင္ဆန္းသစ္မႈေတြ လုပ္ၾကပါဗ်ာ။ ပ်င္းလာၿပီ။ စားဖိုမႉးႀကီးေတြ ထြင္စရာေတြ အမ်ားႀကီး ရွိတယ္။ ဆန္းသစ္မွ တိုးတက္မွာ။ (ေရွး႐ိုးစြဲ conservative ေတြအတြက္ ႀကိဳရွင္းပါရေစ။ ႐ိုးရာ ဆိုေပမယ့္၊ အခုေခတ္ ကြၽန္ေတာ္တို႔ စားေနတဲ့ မုန႔္ဟင္းခါးဆိုတာ သီေပါမင္း စားဖူးခဲ့မယ္လို႔ေတာ့ ထင္တယ္။
ဒါေပမယ့္ က်န္စစ္သားမင္း ေလာက္ကေတာ့ စားဖူးမွာ မဟုတ္တာ ေသခ်ာသေလာက္ ရွိတယ္။ ႐ိုးရာ ယဥ္ေက်းမႈ ဆိုတာ အၿမဲတမ္း ေျပာင္းလဲ တိုးတက္ေနတယ္၊ ႐ိုးရာဆိုတာကို တီထြင္ေျပာင္းလဲခြင့္ မရွိဘူးလို႔ မထင္ေလနဲ႔ခင္ဗ်။ ဒါ ယဥ္ေက်းမႈကို ဖ်က္ဆီးတာ မဟုတ္ဘူး ဆိုတာကို ႀကိဳသိထားဘို႔ သတိေပးခ်င္ ပါတယ္။ တကယ္လက္ေတြ႕မွာ ေကာင္းခ်င္မွ ေကာင္းမွာေနာ္)
ဥပမာ (၁) ကာဗီးယား ဆိုတာ အေနာက္တိုင္းမွာ အရမ္းေဈးႀကီးေပးၿပီး တန္ဘိုးထားဝယ္စားၾကတဲ့ delicacy သူေဌးစာ ငါးဥ တစ္မ်ိဳး ျဖစ္ပါတယ္။ ဟုတ္ၿပီေနာ္။ ျမန္မာျပည္မွာလည္း ထားဝယ္ မုန႔္ဟင္းခါးထဲ ထည့္စားၾကတဲ့ ကာဗီးယားလို ငါးဥအႀကီးစား တစ္မ်ိဳးရွိတယ္။ ေဒါင္းခ်င္းဥ လို႔ ေခၚပါတယ္။ အဲဒီ ေဒါင္းခ်င္းဥ ငါးဥ အႀကီးစားကို ငါးသေလာက္ဥ ေၾကာ္ၿပီး မုန႔္ဟင္းခါးထဲ ထည့္သလိုမ်ိဳး
(မွတ္ခ်က္။ အႀကီးစား ဆိုတာ ငါးတေကာင္ေမြးမယ့္ ဥတစ္ေစ့ခ်င္းကိုက ကာဗီးယား လိုပဲ မီျခစ္ဆံေခါင္းေလာက္ အခ်င္း ၂-၃ မီလီမီတာရွိတဲ့ ဥမ်ိဳးကို ေျပာတာပါ။ ရန္ကုန္နဲ႔အထက္ ျမန္မာျပည္မွာ ဒီငါးဥမ်ိဳး မရေသးပါဘူး။ တဥခ်င္းက ကိုက္လိုက္ရင္ ေဖာက္ကနဲ ေဖာက္ကနဲ ျဖစ္သြားတဲ့ ထားဝယ္မုန႔္ဟင္းခါး အရသာက တစ္သက္ ေမ့မရႏိုင္ပါဘူး။ စားဖူးတဲ့ လူေတြပဲ သိမယ္။)
(၂) မုန႔္ဟင္းခါးထဲ ငါးဖယ္ေၾကာ္ ထည့္သလိုပဲ၊ ပုဇြန္ ေၾကာ္ၿပီး ထည့္တာမ်ိဳး၊ (၃) ထားဝယ္နဲ႔ ၿမိတ္မွာ စားၾကတဲ့ “ျပည္ႀကီးငါးအေျခာက္” ကို အႂကြတ္ ေၾကာ္ၿပီး ထည့္တာမ်ိဳး။
(၄) ဝါးပိုးေၾကာ္၊ သီဟိုေစ့ေၾကာ္ ေတြကို မုန႔္ဟင္းခါးထဲကို ပဲေၾကာ္၊ ဗူးသီးေၾကာ္ ထည့္သလို ထည့္တာမ်ိဳး (လက္ဖက္ထဲ ထည့္လည္းရတယ္။) (၅) အခုေနာက္ပိုင္း ေခတ္စားလာတဲ့ ငါးအေရခြံ အႂကြပ္ေၾကာ္ထားတာကို မုန႔္ဟင္းခါးထဲ ထည့္စားတာမ်ိဳး (မရဘူးလားဗ်ာ၊ လိုက္မွာပဲလို႔ ကြၽန္ေတာ္ ထင္တယ္။)
စတာေတြ တီထြင္လို႔ ျဖစ္ႏိုင္ပါတယ္။ ဒါေတြ အားလုံးက ျမန္မာ အစားအစာ ေတြပဲေလ။ ေဈးေတာ့ ႀကီးမယ္။ ဒါေတြကို ျမန္မာေတြ ႀကိဳက္ၾကမွာပဲလို႔ ကြၽန္ေတာ္ ထင္တယ္။ (သိတဲ့လူ သိပါတယ္။ ကြၽန္ေတာ္ စြန႔္ဦးတီထြင္မႈ entrepreneurship အေၾကာင္း တကၠသိုလ္မွာ စာသြားသင္ရင္ ဒီလို ေပါက္ကရေတြ ေျပာၿပီး ဦးေႏွာက္ မုန္တိုင္း ဆင္ေနက်ပါ။)
မႏၲေလးမုန္႔တီ (နန္းႀကီးသုပ္) နဲ႔ အုန္းႏို႔ေခါက္ဆြဲ ေတြကလည္း လူမ်ိဳးစုံ ႀကိဳက္ၾကတဲ့ ျမန္မာ့ အစားအစာေတြ ျဖစ္ပါတယ္။ top 10 ေခါက္ဆြဲ စာရင္းမွာ ဝင္လာႏိုင္ပါေသးတယ္။
(ငံျပာရည္နံ႔ေၾကာင့္ မုန႔္ဟင္းခါးကို ဘယ္လိုမွ လူႀကိဳက္မ်ားမယ္လို႔ မထင္ခဲ့မိဘူး။ ဒါေပမဲ့ ျဖစ္လာခဲ့ၿပီေနာ္။ ေလာကမွာ မျဖစ္ႏိုင္တာ မရွိဘူး၊ မျဖစ္ေသးတာပဲ ရွိတယ္လို႔ စီးပြားကပ္ဆိုက္ေနၾကတဲ့ ျပည္တြင္းျပည္ပက ျမန္မာ လုပ္ငန္းရွင္ေတြကို ႀကံ့ႀကံ့ခံ ႀကိဳးစားၾကဘို႔ အားေပးပါရေစဗ်ာ။) zshtut (မူရင္းေရးသားသူအား ေလးစားမႈျဖင့္ – bkr)