အထွေထွေဗဟုသုတ

ဘွဲ့အရမ်းမက်တဲ့ မြန်မာတွေနဲ့ စာအရမ်းတတ်တဲ့ ဂျူးတွေရဲ့ သိသာထင်ရှားတဲ့ ကွာခြားမှုများ

ဂျူးလူမျိုးတွေ ဘာကြောင့်တော်သလဲ၊ ဂျူးတွေ စာအရမ်းတတ်တယ်။ မြန်မာတွေ ဘွဲ့အရမ်းမက်တယ်။ ဂျူးမိသားစုတွေမှာ မိဘတွေကိုယ်တိုင်က သားသမီးတွေကို စာဖတ်ကျင့်ရအောင် ငယ်စဉ် အရွယ်ကလေးဘဝကတည်းက ကိုယ်ပိုင် စာကြည့်ခန်းလေး ဖန်တီးပေးတယ်။

မြန်မာမိသားစုတွေမှာ မိဘတွေ ကိုယ်တိုင်က စာမဖတ်ဘူး။ ဂျူးတွေက သူတို့ငွေကို ရင်းနှီးမြှုပ်နှံခြင်းဖြင့် တိုးပွားစေတယ်။ မြန်မာတွေက ငွေကိုစုခြင်းအားဖြင့် ကိုယ့်အတွက် ကျန်တယ်လို့ယုံကြည်ကြတယ်။ ဂျူး ဖေဖေတွေက တစ်ပါတ်တစ်ခါ မိသားစု အစည်းအဝေးလုပ်တယ်။ သားသမီးတွေ မိဘအပေါ် အမြင်မရှင်းတာတွေ ဆွေးနွေးချင်တာတွေ၊ တောင်းဆိုချင်တာတွေအတွက် ရည်ရွယ်တယ်။

မြန်မာ ဖေဖေတွေက အိမ်ဦးနတ်ဖြစ်တယ်။ မိသားစုအာဏာဆိုတာ သူ့ဆီက မြစ်ဖျားခံတယ်။ သားသမီးတွေရဲ့ ရှင်းပြချက်ကို နားမထောင်ဘူး။ ‘နင်ကအဖေလား ငါကအဖေလား’ ဆိုသူတွေများတယ်။ ပြန်မပြောနဲ့ ငရဲကြီးတတ်တယ်လို့ ပြောပြီး ကလေးတွေရဲ့ ကျိူးကြောင်းဆင်ခြင်ဉာဏ်ကို ပိတ်ပစ်တယ်။ သားသမီးတွေကိုအရာမသွင်းဘူး။ ဘယ်အရွယ်ရောက်ရောက် ကလေးတစ်ယောက်လို ဆက်ဆံတယ်။

မိသားစုကိစ္စကို ပေးမသိ၊အကြံမယူတာများတယ်။ ကြီးခါမှ သားသမီးကို တာဝန်တွေ အလုံးလိုက်ပုံချတတ်တယ်။ ကလေးဘက်က တွေးပေးတာရှားတယ်။ ဂျူး မေမေတွေ က သားသမီးကို အလိုမလိုက်ဘူး။ ကိုယ့်တာဝန်ကိုယ်ယူတတ်အောင် မွေးကတည်းက ပုံသွင်းတယ်။ ထမင်းစားရင် ကိုယ့်ပန်းကန်ကိုယ်ဆေး။ ကိုယ့်အဝတ်ကိုယ်လျှော်၊ ကိုယ့်ကိုယ်ကို ရပ်တည်နိုင်အောင် ပျိူးထောင်ပေးတယ်။ ချစ်တာနဲ့ နှစ်တာကို သူတို့ ကွဲကွဲပြားပြားသိတယ်။

မြန်မာ မေမေတွေက သားသမီး ဝေယျာဝစ္စ ၊အကုန်လုပ်ပေးတယ်။ ဒါဟာ ချစ်လို့ပါတဲ့။ ဂျူး လူငယ်တွေ အသက် ၁၈ နှစ်ဆို ကိုယ့်ပိုက်ဆံကိုယ်ရှာနိုင်ပြီး၊ ကမ္ဘာတစ်ပါတ် တစ်ယောက်တည်း အလည်ထွက်နိုင်လောက်တဲ့အထိ ရင့်ကျက်နေပြီ။ မြန်မာ လူငယ်တွေက ကြီးကောင်ကြီးမား ကလေးလိုချွဲရတာကို ချစ်စရာကောင်းတယ်လို့ထင်တုန်း။

ဂျူးတွေက စာမေးပွဲအတွက် စာမသင်ဘူး၊ တကယ်တတ်ဖို့ စာသင်တယ်။ မြန်မာတွေက စာမေးပွဲမှာ အမှတ်ကောင်းဖို့နဲ့ အဆင့်ကောင်းကောင်းရဖို့သာ ပဓာနထားပြီး ပညာရပ်ကို တကယ်တတ်မတတ် ဆိုတာကို တော့ သာမညထားတယ်။ ဂျူးတွေက အမြဲတမ်းသင်ယူလေ့လာနေပြီး ‘ငါမသိသေးဘူး’ လို့ အမြဲခံယူတယ်။ မြန်မာ တွေက အမြဲတမ်းဘွဲ့လွန်တွေ နာမည်ကြီးကျောင်းတွေတက်ဖို့ ရုန်းကန်နေပြီး အဲ့ပညာတတ်သွားခဲ့ရင် EQတွေ Zero ဖြစ်သွားတယ်။

ဂျူးက ဂျူးလူမျိုး ဖြစ်ပြီး၊ မြန်မာက မြန်မာလူမျိုးဖြစ်တယ်၊ ဂျူးက မြန်မာမဟုတ်သလို မြန်မာ က ဂျူးမဟုတ်ဘူး။ ယေရှုခရစ်တော် (Jesus Christ) က ဂျူးလူမျိုးဖြစ်တယ်။ တမန်တော် မောရှေ (Moses) ဟာ ဂျူးလူမျိူး ဖြစ်တယ်။ ရှင်အရဟံဟာ မြန်မာမျိုးနွယ်ဝင် တိုင်းရင်းသား မွန်ခမာလူမျိုး ဖြစ်တယ်။ ဂျာမန်ပြည်ဖွား Karl Marx (1818-1883) ဆိုသူဟာ ဂျူးလူမျိူးဖြစ်ပြီး ကွန်မြူနစ်ဝါဒရဲ့ ဖခင်ကြီး မက်စ်ဝါဒကို ထူထောင်ခဲ့သူဖြစ်တယ်။

ကနောင်မင်းသားကြီးဟာ မင်းတုံးမင်းရဲ့ ညီတော်ဖြစ်ပြီး အရှေ့တောင်အာရှမှာ ပထမဦးဆုံး ရေမြုပ်ဗုံးနဲ့ သိပ္ပံပညာရပ်ကို တီထွင်လေ့လာလိုက်စားတဲ့ တိဘက်တိုဘားမား (သာကီဝင်) မြန်မာနွယ်ဝင် ဗမာလူမျိုး တိုင်းရင်းသား ဖြစ်တယ်။ အိုင်းစတိုင်း (Albert Einstein) ဟာ ဂျူးလူမျိူး ရူပဗေဒ ပညာရှင်ကြီးဖြစ်ပြီး Relativity theory ပြောတာနဲ့ လူတွေ သူ့ကို တန်းသိပါတယ်။ ဖေ့ဘုတ်တည်တောင်သူ မတ်ခ်ဇူကာဘက်ခ် ဟာ ဂျူးလူမျိုးဖြစ်တယ်။

ဂျူးလူမျိူးတွေ ကမ္ဘာမှာ ပြိုင်စံရှားတာ တစ်ချက်က အလှူအတန်းရက်ရောတာပဲ။ ဂျူးလူမျိုး တို့ကလဲ သမိုင်းအစဉ်အလာ ကြီးပြီး မြင့်မြတ်ကြတယ်။ ဂျူးလူမျိုးတွေက တောက်ပြောင်ခဲ့တဲ့ အတိတ်က အောင်မြင်မှုကို ပစ္စုပ္ပန် ထိ သယ်ဆောင်လာနိုင်ပြီး အောင်မြင်နေတဲ့ လူမျိုးစုတွေဖြစ်တယ်။

မြန်မာ လူမျိုးတွေက သမိုင်းကို စမြုံပြန်နေပြီး လက်ရှိမှာ မှေးမှိန်နေလာကြတယ်။ ဂျူးက သူ့လူမျိုးသူ အရမ်းကြည့်တယ်။ မြန်မာက ကိုယ့်လူမျိုးအတင်း၊ အချင်းချင်းရော တပါးသားနဲ့ရော ဖောက်သည်ချတယ်။ နှစ်ယောက်ရှိရင် သုံးဖွဲ့ကွဲတယ်။

ဂျူး တွေ ဟာ Morality ကို ရှေးကလူတွေလိုပဲ ကောင်းအောင် ထိန်းသိမ်းကျင့်ကြံနိုင်တယ်။ မြန်မာတွေက ပညာတတ်လာတာနဲ့အမျှ Morality မရှိ EQ တွေ ကျလာတယ်။ ဂျူးလူမျိူး အများစု စုစည်းနေထိုင်တဲ့ အစ္စရေးနိုင်ငံဟာ အင်အားကြီး နိုင်ငံတွေရဲ့ ဝန်းရံထားခြင်းခံထားရပေမဲ့ လွှမ်းမိုးမှုလုံးဝမခံ၊ သီးခြားရပ်တည် နိုင်တဲ့ အစွမ်းထက်တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ မြန်မာဟာလည်း ထို့နည်းတူ ရင်ဆိုင်နေရပေမဲ့ ပတ်ဝန်းကျင်လွှမ်းမိုးမှု အင်မတန်ခံနေရပြီး သီးခြားမရပ်တည်နိုင်သေးပါဘူး။

ဒါဆို မြန်မာ နဲ့ ဂျူး ဘာကွာလဲ၊ ဂျူးတွေလည်း အရမ်းတော်သလို၊ မြန်မာတွေလည်း မခေပါဘူး။ ဒါပေမယ့် ဂျူးတွေဟာ သူတို့ ပညာတတ်လာတာနဲ့အမျှ သူတို့ အသိုင်းအဝိုင်းကို ပညာပိုတတ်အောင် လုပ်ပေးတယ်။ ပတ်ဝန်းကျင်တိုးတက်ရင် သူတို့တိုးတက်မယ်ဆိုတာ ယုံကြည်တယ်။

ဂျူးတွေရဲ့ပညာရေးက တကယ်တတ်ဖို့ အဓိကထားတယ်။ ဂျူးတွေက လူမျိုးလိုက်ကို စာဖတ်တယ်။ အင်မတန်သည်းခံတယ်။ အရမ်းညီညွတ်တယ်။ မြန်မာပြည်မှာလည်း ဒုတိယကမ္ဘာစစ်အတွင်း ရောက်ရှိလာကြသော ဂျူးလူမျိုးများရှိခဲ့ပြီး ယနေ့အချိန်ထိ ဂျူးသွေးနှော မြန်မာများ မြန်မာပြည်တွင်း၌ အများအပြား ရှိပါသည်။ စာရေးသူအမှာစာ – မြန်မာလူမျိုးတွေ ပညာရေးဆိုတာကြီးကို ပါဝါ ပြဖို့အတွက် မဟုတ်ပဲ အသုံးချ အကျိုးပြုဖို့သာသင်ကြဖို့ တိုက်တွန်းပါကြောင်း Sanomia (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

zawgyi

ဂ်ဴးလူမ်ိဳးေတြ ဘာေၾကာင့္ေတာ္သလဲ၊ ဂ်ဴးေတြ စာအရမ္းတတ္တယ္။ ျမန္မာေတြ ဘြဲ႕အရမ္းမက္တယ္။ ဂ်ဴးမိသားစုေတြမွာ မိဘေတြကိုယ္တိုင္က သားသမီးေတြကို စာဖတ္က်င့္ရေအာင္ ငယ္စဥ္ အ႐ြယ္ကေလးဘဝကတည္းက ကိုယ္ပိုင္ စာၾကည့္ခန္းေလး ဖန္တီးေပးတယ္။

ျမန္မာမိသားစုေတြမွာ မိဘေတြ ကိုယ္တိုင္က စာမဖတ္ဘူး။ ဂ်ဴးေတြက သူတို႔ေငြကို ရင္းႏွီးျမႇဳပ္ႏွံျခင္းျဖင့္ တိုးပြားေစတယ္။ ျမန္မာေတြက ေငြကိုစုျခင္းအားျဖင့္ ကိုယ့္အတြက္ က်န္တယ္လို႔ယုံၾကည္ၾကတယ္။ ဂ်ဴး ေဖေဖေတြက တစ္ပါတ္တစ္ခါ မိသားစု အစည္းအေဝးလုပ္တယ္။ သားသမီးေတြ မိဘအေပၚ အျမင္မရွင္းတာေတြ ေဆြးေႏြးခ်င္တာေတြ၊ ေတာင္းဆိုခ်င္တာေတြအတြက္ ရည္႐ြယ္တယ္။

ျမန္မာ ေဖေဖေတြက အိမ္ဦးနတ္ျဖစ္တယ္။ မိသားစုအာဏာဆိုတာ သူ႔ဆီက ျမစ္ဖ်ားခံတယ္။ သားသမီးေတြရဲ႕ ရွင္းျပခ်က္ကို နားမေထာင္ဘူး။ ‘နင္ကအေဖလား ငါကအေဖလား’ ဆိုသူေတြမ်ားတယ္။ ျပန္မေျပာနဲ႔ ငရဲႀကီးတတ္တယ္လို႔ ေျပာၿပီး ကေလးေတြရဲ႕ က်ိဴးေၾကာင္းဆင္ျခင္ဉာဏ္ကို ပိတ္ပစ္တယ္။ သားသမီးေတြကိုအရာမသြင္းဘူး။ ဘယ္အ႐ြယ္ေရာက္ေရာက္ ကေလးတစ္ေယာက္လို ဆက္ဆံတယ္။

မိသားစုကိစၥကို ေပးမသိ၊အႀကံမယူတာမ်ားတယ္။ ႀကီးခါမွ သားသမီးကို တာဝန္ေတြ အလုံးလိုက္ပုံခ်တတ္တယ္။ ကေလးဘက္က ေတြးေပးတာရွားတယ္။ ဂ်ဴး ေမေမေတြ က သားသမီးကို အလိုမလိုက္ဘူး။ ကိုယ့္တာဝန္ကိုယ္ယူတတ္ေအာင္ ေမြးကတည္းက ပုံသြင္းတယ္။ ထမင္းစားရင္ ကိုယ့္ပန္းကန္ကိုယ္ေဆး။ ကိုယ့္အဝတ္ကိုယ္ေလွ်ာ္၊ ကိုယ့္ကိုယ္ကို ရပ္တည္ႏိုင္ေအာင္ ပ်ိဴးေထာင္ေပးတယ္။ ခ်စ္တာနဲ႔ ႏွစ္တာကို သူတို႔ ကြဲကြဲျပားျပားသိတယ္။

ျမန္မာ ေမေမေတြက သားသမီး ေဝယ်ာဝစၥ ၊အကုန္လုပ္ေပးတယ္။ ဒါဟာ ခ်စ္လို႔ပါတဲ့။ ဂ်ဴး လူငယ္ေတြ အသက္ ၁၈ ႏွစ္ဆို ကိုယ့္ပိုက္ဆံကိုယ္ရွာႏိုင္ၿပီး၊ ကမာၻတစ္ပါတ္ တစ္ေယာက္တည္း အလည္ထြက္ႏိုင္ေလာက္တဲ့အထိ ရင့္က်က္ေနၿပီ။ ျမန္မာ လူငယ္ေတြက ႀကီးေကာင္ႀကီးမား ကေလးလိုခြၽဲရတာကို ခ်စ္စရာေကာင္းတယ္လို႔ထင္တုန္း။

ဂ်ဴးေတြက စာေမးပြဲအတြက္ စာမသင္ဘူး၊ တကယ္တတ္ဖို႔ စာသင္တယ္။ ျမန္မာေတြက စာေမးပြဲမွာ အမွတ္ေကာင္းဖို႔နဲ႔ အဆင့္ေကာင္းေကာင္းရဖို႔သာ ပဓာနထားၿပီး ပညာရပ္ကို တကယ္တတ္မတတ္ ဆိုတာကို ေတာ့ သာမညထားတယ္။ ဂ်ဴးေတြက အၿမဲတမ္းသင္ယူေလ့လာေနၿပီး ‘ငါမသိေသးဘူး’ လို႔ အၿမဲခံယူတယ္။ ျမန္မာ ေတြက အၿမဲတမ္းဘြဲ႕လြန္ေတြ နာမည္ႀကီးေက်ာင္းေတြတက္ဖို႔ ႐ုန္းကန္ေနၿပီး အဲ့ပညာတတ္သြားခဲ့ရင္ EQေတြ Zero ျဖစ္သြားတယ္။

ဂ်ဴးက ဂ်ဴးလူမ်ိဳး ျဖစ္ၿပီး၊ ျမန္မာက ျမန္မာလူမ်ိဳးျဖစ္တယ္၊ ဂ်ဴးက ျမန္မာမဟုတ္သလို ျမန္မာ က ဂ်ဴးမဟုတ္ဘူး။ ေယရႈခရစ္ေတာ္ (Jesus Christ) က ဂ်ဴးလူမ်ိဳးျဖစ္တယ္။ တမန္ေတာ္ ေမာေရွ (Moses) ဟာ ဂ်ဴးလူမ်ိဴး ျဖစ္တယ္။ ရွင္အရဟံဟာ ျမန္မာမ်ိဳးႏြယ္ဝင္ တိုင္းရင္းသား မြန္ခမာလူမ်ိဳး ျဖစ္တယ္။ ဂ်ာမန္ျပည္ဖြား Karl Marx (1818-1883) ဆိုသူဟာ ဂ်ဴးလူမ်ိဴးျဖစ္ၿပီး ကြန္ျမဴနစ္ဝါဒရဲ႕ ဖခင္ႀကီး မက္စ္ဝါဒကို ထူေထာင္ခဲ့သူျဖစ္တယ္။

ကေနာင္မင္းသားႀကီးဟာ မင္းတုံးမင္းရဲ႕ ညီေတာ္ျဖစ္ၿပီး အေရွ႕ေတာင္အာရွမွာ ပထမဦးဆုံး ေရျမဳပ္ဗုံးနဲ႔ သိပၸံပညာရပ္ကို တီထြင္ေလ့လာလိုက္စားတဲ့ တိဘက္တိုဘားမား (သာကီဝင္) ျမန္မာႏြယ္ဝင္ ဗမာလူမ်ိဳး တိုင္းရင္းသား ျဖစ္တယ္။ အိုင္းစတိုင္း (Albert Einstein) ဟာ ဂ်ဴးလူမ်ိဴး ႐ူပေဗဒ ပညာရွင္ႀကီးျဖစ္ၿပီး Relativity theory ေျပာတာနဲ႔ လူေတြ သူ႔ကို တန္းသိပါတယ္။ ေဖ့ဘုတ္တည္ေတာင္သူ မတ္ခ္ဇူကာဘက္ခ္ ဟာ ဂ်ဴးလူမ်ိဳးျဖစ္တယ္။

ဂ်ဴးလူမ်ိဴးေတြ ကမာၻမွာ ၿပိဳင္စံရွားတာ တစ္ခ်က္က အလႉအတန္းရက္ေရာတာပဲ။ ဂ်ဴးလူမ်ိဳး တို႔ကလဲ သမိုင္းအစဥ္အလာ ႀကီးၿပီး ျမင့္ျမတ္ၾကတယ္။ ဂ်ဴးလူမ်ိဳးေတြက ေတာက္ေျပာင္ခဲ့တဲ့ အတိတ္က ေအာင္ျမင္မႈကို ပစၥဳပၸန္ ထိ သယ္ေဆာင္လာႏိုင္ၿပီး ေအာင္ျမင္ေနတဲ့ လူမ်ိဳးစုေတြျဖစ္တယ္။

ျမန္မာ လူမ်ိဳးေတြက သမိုင္းကို စၿမဳံျပန္ေနၿပီး လက္ရွိမွာ ေမွးမွိန္ေနလာၾကတယ္။ ဂ်ဴးက သူ႔လူမ်ိဳးသူ အရမ္းၾကည့္တယ္။ ျမန္မာက ကိုယ့္လူမ်ိဳးအတင္း၊ အခ်င္းခ်င္းေရာ တပါးသားနဲ႔ေရာ ေဖာက္သည္ခ်တယ္။ ႏွစ္ေယာက္ရွိရင္ သုံးဖြဲ႕ကြဲတယ္။

ဂ်ဴး ေတြ ဟာ Morality ကို ေရွးကလူေတြလိုပဲ ေကာင္းေအာင္ ထိန္းသိမ္းက်င့္ႀကံႏိုင္တယ္။ ျမန္မာေတြက ပညာတတ္လာတာနဲ႔အမွ် Morality မရွိ EQ ေတြ က်လာတယ္။ ဂ်ဴးလူမ်ိဴး အမ်ားစု စုစည္းေနထိုင္တဲ့ အစၥေရးႏိုင္ငံဟာ အင္အားႀကီး ႏိုင္ငံေတြရဲ႕ ဝန္းရံထားျခင္းခံထားရေပမဲ့ လႊမ္းမိုးမႈလုံးဝမခံ၊ သီးျခားရပ္တည္ ႏိုင္တဲ့ အစြမ္းထက္တဲ့ ႏိုင္ငံတစ္ႏိုင္ငံ ျဖစ္ပါတယ္။ ျမန္မာဟာလည္း ထို႔နည္းတူ ရင္ဆိုင္ေနရေပမဲ့ ပတ္ဝန္းက်င္လႊမ္းမိုးမႈ အင္မတန္ခံေနရၿပီး သီးျခားမရပ္တည္ႏိုင္ေသးပါဘူး။

ဒါဆို ျမန္မာ နဲ႔ ဂ်ဴး ဘာကြာလဲ၊ ဂ်ဴးေတြလည္း အရမ္းေတာ္သလို၊ ျမန္မာေတြလည္း မေခပါဘူး။ ဒါေပမယ့္ ဂ်ဴးေတြဟာ သူတို႔ ပညာတတ္လာတာနဲ႔အမွ် သူတို႔ အသိုင္းအဝိုင္းကို ပညာပိုတတ္ေအာင္ လုပ္ေပးတယ္။ ပတ္ဝန္းက်င္တိုးတက္ရင္ သူတို႔တိုးတက္မယ္ဆိုတာ ယုံၾကည္တယ္။

ဂ်ဴးေတြရဲ႕ပညာေရးက တကယ္တတ္ဖို႔ အဓိကထားတယ္။ ဂ်ဴးေတြက လူမ်ိဳးလိုက္ကို စာဖတ္တယ္။ အင္မတန္သည္းခံတယ္။ အရမ္းညီၫြတ္တယ္။ ျမန္မာျပည္မွာလည္း ဒုတိယကမာၻစစ္အတြင္း ေရာက္ရွိလာၾကေသာ ဂ်ဴးလူမ်ိဳးမ်ားရွိခဲ့ၿပီး ယေန႔အခ်ိန္ထိ ဂ်ဴးေသြးေႏွာ ျမန္မာမ်ား ျမန္မာျပည္တြင္း၌ အမ်ားအျပား ရွိပါသည္။ စာေရးသူအမွာစာ – ျမန္မာလူမ်ိဳးေတြ ပညာေရးဆိုတာႀကီးကို ပါဝါ ျပဖို႔အတြက္ မဟုတ္ပဲ အသုံးခ် အက်ိဳးျပဳဖို႔သာသင္ၾကဖို႔ တိုက္တြန္းပါေၾကာင္း Sanomia (မူရင္းေရးသားသူအား ေလးစားမႈျဖင့္ – bkr)

Leave a Reply

Your email address will not be published. Required fields are marked *