ရာသီဥတုကြည်လင်သာယာပြည်မြန်မာ၂၀၂၃ မတ်လ ၅ရက်နေ့မှ ၁၅ရက်နေ့အတွင်း
မြန်မာနိုင်ငံတဝှမ်းလုံးမှာ နေ့အပူချိန်များတိုးလာနိုင်ပြီး မိုးရွာသွန်းနိုင်တဲ့
အလားအလာတော့မရှိပါဘူးရာသီဥတုကောင်းမွန်ကြည်လင်သာယာနေပါလိမ့်မယ်
#ENSO အယ်နီညိုတကြော့ပြန်လာမည်
၂၀၂၃ မတ်လအတွင်း ဘက်မလိုက်ကြားနေအဆင့်ကိုရောက်ရှိလာပါတယ်
ဧပြီလမှ ဇွန်လအတွင်း အယ်နီညိုဖြစ်နိုင်ခြေ ၈၀ရာခိုင်နှုန်း မြင့်တက်သွားဖွယ်ရှိပါတယ်
စက်တင်ဘာ အောက်တိုဘာ နိုဝင်ဘာလတွေမှာတော့ ၉၀ ရာခိုင်နှုန်းအထိထပ်မံမြင့်တက်သွားနိုင်ပါတယ်
၂၀၂၃ မြန်မာ့ဆောင်းရာသီနှင့် ၂၀၂၄ မြန်မာနွေရာသီမှာ အမြင့်ဆုံးအထိထပ်မံတိုးလာမှာကိုစိုးရိမ်မိပါတယ်
ပူနွေးသောအယ်နီညိုရသီဥတုဖြစ်စဥ်သည် ကမ္ဘာနေရာအနှံအပြားရှိ အပူချိန်မြင့်တက်နိုင်မှုကို လူသားတွေအားလုံးကြိုတင်ကာကွယ်သင့်ပါတယ်
ပူပြင်းမှုကြောင့် စိုက်ပျိုးရေနှင့်သောက်သုံးရေအခက်အခဲများကြုံတွေ့ရနိုင်ပါတယ်
အရိပ်ရအပင်များစွာစိုက်ပျိုးခြင်း သောက်သုံးရေအတွက် ကန်များတူးဖော်ထားခြင်းများလုပ်ဆောင်ထားသင့်ပါတယ်
၂၀၂၃ မတ်လ ၄ရက်နေ့မှ ၁၀ရက်နေ့အတွင်းမြန်မာတစ်နိုင်ငံလုံးမှာမိုးရွာနိုင်တဲ့အလားအလာမရှိပဲနေ့အပူချိန်များတိုးလာနိုင်ပါတယ်
နွေ
၂၀၂၃ မတ်လ ၉ရက်နေ့မှ ၁၅ရက်နေ့အတွင်းစလင်း ဆင်ဖြူကျွန်း ဆိပ်ဖြူ ချောက် ပုဂံ ညောင်ဦး ပခုက္ကူပေါက်
မြိုင် ချောက် မုံရွာ ဆားလင်းကြီး ယင်းမာပင် ပုလဲ ဂန့်ဂေါ ကလေး မော်လိုက် ဒေသတွေမှာ နေ့အပူချိန် 40°C အထိအပူတိုးလာစေနိုင်ပါတယ်
2023 မတ်လ ၁၅ရက်နေ့အတွင်းလာနီညာရာသီဥတုအားပျော့ဆုတ်ခွာတော့မှာဖြစ်ပြီး အယ်နီညိုရာသီဥတုအစပျိုးတော့မှာဖြစ်ပါတယ်
march 2023လက်တင်အမေရိကတိုက်ရှိ ချီလီ ဥရုဂွေး အာဂျင်တီးနားနိုင်ငံတွေမှာ မတ်လအတွင်း
အပူချိန်မြင့်မားလာကာ ပူပြင်းခြောက်သွေ့နိုင်ပါတယ်အယ်နီညိုရာသီဥတုစတင်ခြင်း သတိထားရမည့်အချက်ဖြစ်ပါတယ်
credit
zawgyi
နွေ
credit