အထွေထွေဗဟုသုတ

အိမ်တိုင်း ခြံစည်းရိုး မခတ်ထားသလို ရာဇဝတ်မှု လုံးဝ မရှိတဲ့ မြန်မာနိုင်ငံ အတွင်းက ရွာကလေး

လူတိုင်းလူတိုင်း ခရီးသွားကြပါတယ်… ဒါပေမယ့် ဒီနေရာကိုတော့ ရောက်ဖူးသူ နည်းကြမှာပါမြန်မာနိုင်ငံမှာ ရာဇဝတ်မှု မရှိရပ်ကွက် အုပ်ချုပ်ရေမှုး မရှိ၊ တည်ငြိမ်အေးချမ်းတဲ့ ရွာလေးတစ်ရွာ ရှိတယ်ဆိုရင် အံဩမိကြမှာပါ …

ပိုပြီးထူးခြားတဲ့ အချက်တွေက အိမ်တိုင်းမှာခြံစည်းရိုး မရှိ, မခတ်ထားတာပါပဲ။ သူခိုး/ဓားပြလည်း မရှိပါဘူး။

ကိုယ်ကိုယ်တိုင်က ကိုယ့်ရွာရဲ့ ခေါင်းဆောင်ဆိုပြီး ခံယူထားကြပါတယ်။

နောက်ပြီးရွာအတွင်း စီးပွားရေးလုပ်ခွင့် မရှိတာပါပဲ။

ဘာကုန်ပစ္စည်းဆိုင်မှ မရှိတာပါ၊ စီးပွားရေးကိုတော့ ရွာအပြင်မှာပဲ ထွက်ပြီး စီးပွား ရှာကြပါတယ်။ မြို့နဲ့လည်း သိပ်မဝေးတော့ အဆင်ပြေတာပေါ့။

ဒီရွာရဲ့ အထူးနာမည်ကြီးတာကတော့ တိတ်ဆိတ် အေးချမ်းခြင်းပါပဲ။

ကရင်လူမျိုးတွေ၊ မျိုးနွယ်ပေါင်းစုံ စုဝေးနေထိုင်တဲ့ ရွာလေး တစ် ရွာလည်း ဖြစ်ပါတယ်။

ဒီရွာကို တည်စက ထမင်းမစား ရေမသောက်ဘဲ ပင်ပင်ပန်းပန်းနဲ့တည်ခဲ့ရတယ်လို့ အိမ်ရှင် အဘိုးတစ်ယောက် ပြောပြလို့ သိခဲ့ရပါတယ်။

ရွာအတွင်းက လူတွေဟာလည်း ရိုးသား ဖြူစင်ကြပါတယ်တစ် ယောက်ကို တစ်ယောက် ကူညီရိုင်းပင်းရင်း မိမိရွာကို ထိန်သိမ်းစောင့်ရှောက် နေကြတာပဲ ဖြစ်ပါတယ်။

အိမ်ခြေအားဖြင့် ၅၀ ကျော်ခန့် ဧက အနည်းငယ်သာ ကျယ်ဝန်းတဲ့ ဒီရွာကလေးကတော့ ကရင်ပြည်နယ် ဘားအံမြို့အနီး ဇွဲကပင်တောင်ခမှာ တည်ရှိတဲ့ မွန့်စရီး ဆိုတဲ့ ကျေးရွာလေးပဲ ဖြစ်ပါတယ်။‌

လေးစားစွာဖြင့် ခရက်ဒစ် ; Min Naing Nyo

Leave a Reply

Your email address will not be published. Required fields are marked *