“အချိန်အခါမဟုတ် မိုးရွာသွန်းလာနိုင်သော နေရာများသတိပေးချက်ထုတ်ပြန်ခြင်း ”
၃.၃.၂၀၂၃ ည ၉ နာရီ ၀၇ မိနစ် လာမည့် ၁၁ရက်နေ့မှ ၁၉ရက်နေ့အတွင်း အချိန်အခါမဟုတ်ဖျက်မိုးများရွာသွန်းလာနိုင်သော နေရာများမှာ
ကချင်ပြည်နယ်အထက်ပိုင်း ၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် တနင်္သာရီတိုင်းဒေသကြီး တို့မှာနေရာကျဲကျဲ မိုးအသင့်အတင့်ရွာသွန်းနိုင်ကာ
ကချင်ပြည်နယ်အလယ်ပိုင်းနှင့်အောက်ပိုင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် မြောက်ပိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အလယ်ပိုင်းတို့မှာ နေရာကွက်ကျား မိုးအနည်းငယ်ရွာသွန်းလာနိုင်ပါတယ်။
အဆိုပါရက်များမှာ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကယားပြည်နယ်တို့မှာ မိုးမရွာနိုင်သော်လည်း ၂ရက်လောက် တိမ်ထူပြီး မိုးအုံလာနိုင်လို့
ကြက်သွန်နီနှင့် စပျစ်ကဲ့သို့သော သီးနှံပင်များ ဖျက်ပိုးများကျရောက်နိုင်လို့ လိုအပ်သလိုကြိုတင်ပြင်ဆင်မှုများပြုလုပ် ကာကွယ်ထားကြဖို့အကြံပြုတင်ပြလိုပါတယ်ခင်ဗျာ ။
ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့မှာတော့၂ပတ်အတွင်း မိုးရွာဖို့အလားအလာမရှိပဲ နေ့အပူချိန်များသာ တဖြည်းဖြည်းတိုးပူလာ နိုင်ပါတယ်။