ကြားသိရသမျှ

သူမ်ားအေၾကာင္းကို ကိုယ့္အေၾကာင္းထက္ စိတ္ဝင္စားတဲ့သူေတြကို ရည္ၫႊန္းထားတဲ့ ဆရာေအာင္သင္းရဲ႕ စာေကာင္းတပုဒ္…

ချိုတကူးနှင့် ဂုဏ်ရည်မတူ (အောင်သင်း)၊ အတုနှင့်အစစ်၊ အစစ်ကိုပို၍ မြတ်နိုးသင့်ကြပေသည်။ သို့သော် ကျွန်တော်တို့မြို့တွင် ချိုတကူးဟု ခေါ်ကြသော ကလားလေးတစ်ယောက် ရှိသည်။ သူ့ဘဝ၏ တစ်ပိုင်းတစ်စကို တင်ပြချင်ပါသည်။

ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွါးစဉ်အခါက ချိုတကူးသည် ဆယ့်သုံးနှစ်သားမျှသာ ရှိသေးသည်။ သူ၏ဖခင်သည် ဆံပင်ညှပ်သော အလုပ်ကိုလုပ်၍ သူ့မိသားစုကိုရပ်တည်အောင် ဆောင်ရွက်သူဖြစ်သည်။

သူတို့မိသားစုတွင် သူ့ဖခင်၊ သူ့မိခင်အပြင် အစ်ကိုတစ်ယောက်၊ အစ်မတစ်ယောက်နှင့် သူပါဆိုလျှင် မိသားစု ငါးယောက်ရှိသည်။ ချိုတကူးတို့သည် ဟိန္ဒူလူမျိုးများဖြစ်သည်။

စစ်ကြီးဖြစ်၍ အိန္ဒိယလူမျိုးများ အိန္ဒိယသို့ပြန်သောအခါ သူတို့မိသားစုသည်လည်း ကယောင်ကတမ်းနှင့် အိန္ဒိယသို့ပြန်ကြရန် ဧရာဝတီမြစ်ကြောင်းမှ သင်္ဘောဖြင့် ဆန်တက် လိုက်ပါသွားကြသည်။ သူတို့ခရီးစဉ်မှာ သင်္ဘောဖြင့်ဆန်တက်၍ မြန်မာပြည်အထက်ပိုင်းရောက်မှ အိန္ဒိယပြည်ဘက်သို့ ကုန်းကြောင်းကူးကြရန်ဖြစ်သည်။

သူတို့လိုက်ပါသွားသော သင်္ဘောသည် နောက်ဆုံးသင်္ဘောဖြစ်၍ စစ်မိန့်လွှမ်းမိုးသော သင်္ဘောလည်းဖြစ်သည်။ အထက်မြန်မာပြည် မြို့ကြီးတစ်မြို့အရောက်တွင် သင်္ဘောခေတ္တ ဆိုက်ကပ်နားနေသည်။

ချိုတကူး၊ သူ့ဖခင်နှင့် သူ့အစ်ကို၊ သားအဖသုံးယောက်သည် မြို့ပေါ်သို့ ခေတ္တတက်ရောက် လည်ပတ်ပြီးလျှင် လိုအပ်သမျှ စားစရာကလေးများကို ဝယ်ခြမ်းကြသည်။ သင်္ဘောဥဩသံ ကြားရ၍ သင်္ဘောဆိပ်သို့ ဒရောသောပါးပြန် ပြေးလာကြသည်။

သူတို့ကမ်းနဖူးသို့ ရောက်သောအခါ သင်္ဘောရေလယ်သို့ ရောက်နေပြီ။ သင်္ဘောသည် စစ်မိန့်ဖြင့် အရေးတကြီး ထွက်ခွာသွားရလေပြီ။ သင်္ဘောပေါ်တွင် သမီးနှင့် မိခင်။ ကမ်းပေါ်တွင် သားအဖသုံးယောက်။ ချိုတကူးတို့သည် ရုတ်တရက်အခြေအနေကို နားမလည်ဘိသကဲ့သို့ ကြောင်နေကြသည်။

ဤသို့ဖြင့် သမီးနှင့် မိခင်တို့သည် အိန္ဒိယသို့ပါသွား၍ သားအဖသုံးယောက်သည် မြန်မာပြည်တွင် အူလယ်လယ် ကျန်ရစ်ရရှာသည်။ တဖက်နှင့်တဖက် စစ်မီးလျှံအတွင်း မည်သို့ဖြစ်ကြလေမည်ကို မတွေးဝံ့အောင်ပင် ဖြစ်ကြရသည်။

သို့သော်လည်း မတတ်နိုင်ကြလေပြီ။ သားအဖသုံးယောက်သည် စိတ်ပျက်လက်ပျက်နှင့် မြေလတ်ပိုင်း မူလနေထိုင်ရာ မြို့ကလေးဆီသို့ ပြန်လာကြသည်။ လမ်းတစ်လျှောက်လုံးတွင် အိန္ဒိယတိုင်းရင်းသား စစ်တပ်များရှိကြသေး၍ တစ်တပ်ဝင်၊ တစ်တပ်ထွက်နှင့် ဆံပင်ညှပ်ကာ အသက်ဆက်ခဲ့ကြရသည်။ ဤသို့ဖြင့် မြို့ကလေးသို့ ပြန်လည်ဆိုက်ရောက်လာကြသည်။

ဂျပန်ခေတ်တွင်လည်း ဆံပင်ညှပ်၍ပင် အသက်မွေးကြရသည်။ သို့သော် ဝမ်းရောဂါတစ်ချီ ဖြစ်လိုက်ရာ ချိုတကူး၏ ဖခင်နှင့်အစ်ကိုတို့သည် ရှေ့ဆင့်နောက်ဆင့် ကိစ္စချောသွားကြပြန်သည်။ ယခုကား ချိုတကူး တစ်ယောက်ထဲ။

ချိုတကူးသည် ကြာရှည် စိတ်ညစ်တတ်သူ မဟုတ်။ ဖြစ်သမျှ ကြုံသမျှတို့ကို ထမင်းစားသကဲ့သို့၊ ရေသောက်သကဲ့သို့ ရယ်ကာမောကာ ပြန်ပြောတတ်သည်။ ဧရာမ လောကဓံကြီးကို ကြုံရသည်ဟုလည်း သူမသိ။ မသိသောကြောင့် သူမတွေး။ မတွေးသောကြောင့် သူ မဆင်ခြင်။ မဆင်ခြင်သောကြောင့် လောကဓံကို သူမမြင်။ ထို့ကြောင့် ဘုရားပွဲ၊ ပျော်ပွဲ၊ ရွှင်ပွဲလုပ်လျှင် ဘယ်သူကမှ သူ့ကိုမဖိတ်ကြားရဘဲ သူရောက်လာတတ်သည်။ ဘယ်နေရာမှာပင် သုံးသုံး၊ ကိုချိုတကူးက မငြင်း။ မျောက်လုပ်၍လည်း ကသည်။ မြေလျှောက်မင်းသား လုပ်၍လည်း ကသည်။ ပျော်ပျော်ပဲ။

ထို့ကြောင့်ပင်လား မသိ။ အိမ်နီးချင်းများသည် သူ့အဖြစ်အပျက်ကို ကြားရသောအခါ သနားတော့ သနားကြပါ၏။ သို့သော်လည်း စုပ်သပ်ရုံမျှသာ ဖြစ်သည်။ မျက်ရည် စို့လောက်အောင်ကား ထိခိုက်ခြင်းမရှိကြ။ သည်ကိစ္စကို ထားဦးတော့။

စာရေးဆရာ ဒါရိုက်တာ သုခ၏ “ဂုဏ်ရည်မတူ” ဇာတ်ကားပြသောအခါ ရုပ်ရှင်ရုံတွင် ချိုတကူးနှင့် အမှတ်မထင် ဆုံတွေ့ရသည်။ ချိုတကူးနှင့် သူ့အိမ်နီးချင်း မိန်းမကြီး လေးငါးယောက်နှင့်အတူ တစ်ခုံတည်း ထိုင်မိလျက်သားဖြစ်နေသည်။ ရုပ်ရှင်ဇာတ်လမ်းနောက်ပိုင်း မေသစ်အပူခန်းသို့ ရောက်သောအခါ မိန်းမကြီးများသည် မေသစ်ကို သနားလွန်း၍ မျက်ရည်မဆည်နိုင်အောင် ဖြစ်ကြရသည်။ ချိုတကူးလည်း မျက်ရည်ဝေ့နေသည်ဟု ထင်ပါသည်။ ကျွန်တော်လည်း မျက်ရည်မကျစေကာမူ နှာပိတ်ချင်သလိုလို ဖြစ်လာပါသည်။

ရုပ်ရှင်ပြီး၍ ထွက်လာကြသောအခါ အမျိုးသမီးကြီးများမှာ မျက်ခွံနီနေသည်။ ချိုတကူးလည်း “ကောင်းထားတာကွာ၊ ငါဖြင့် မျက်ရည်တောင် ကျမိသေးတယ်” ဟု ရယ်မော၍ ပြောပါသည်။ ဖြစ်ရာဘဝတွင် ပျော်ပျော်ကြီးနေတတ်၍ ကိုယ့်ကိုယ်ကိုပင် သနားရမှန်းမသိသော ကိုချိုတကူးက မေသစ်ကို သနားနေပါသည်။ အဒေါ်ကြီးများကလည်း ချိုတကူး၏ ဖြစ်တော်ပေါင်းအတွက် မျက်ရည်စမ်းစမ်းမျှပင် မဖြစ်ခဲ့ဘူးပါလျက် မေသစ်ကျမှ မျက်ရည်အိုင်ကြရသည်။

ချိုတကူး၏အဖြစ်သည် တကယ်ဖြစ်၊ အဟုတ်ဖြစ်၊ စစ်စစ်စစ်စစ် မြည်နေသော အဖြစ်စစ်ဖြစ်သည်။ မေသစ်၏ အဖြစ်သည် ပိတ်ကားပေါ်က ဘဝဖြစ်စဉ်မျှသာဖြစ်သည်။ ချိုတကူး၏ ရာဇဝင်သည် အစစ်။ မေသစ်၏ ရာဇဝင်သည် အတု။ သူတို့သည် အစစ်ထက် အတုကိုပို၍ ကရုဏာသက်နေကြသည်။

ကျွန်တော့်စိတ်တွင် မကျေမနပ် ဖြစ်နေမိသည်။ ကျွန်တော့်ကိုယ်ကိုလည်း ကျွန်တော်မကျေနပ်ပါ။ ကျွန်တော်လည်း သူတို့နှင်နှင်သာ ဖြစ်သည်။ အတုကို မြတ်နိုးနေသည်။ အစစ်နှင့်အတု၊ အတုနှင့် အစစ်ပြဿနာသည် ကျွန်တော်၏ရင်တွင် ပို၍ရှုပ်ထွေးလာပါသည်။ အစစ်နှင့်အတုကို နှိုင်းယှဉ်၍ ကြည့်ချင်တတ်လာပါသည်။ သတိပြုလာပါသည်။

ပန်းချီစာစောင်တစ်ခုကို တောင်လှန်မြောက်လှန် ကြည့်နေရင်း၊ ပန်းချီကားတစ်ချပ်ကို တွေ့သည်။ ဒေါ်လာထောင်ချီ၍ ပေးဝယ်သွားသော ပန်းချီကားတစ်ချပ် ဖြစ်သည်။ သပျစ်သီးတစ်ခိုင်၊ ပန်းသီးတစ်စိတ်၊ ဓားတစ်ချောင်း၊ ဖန်ချိုင့်တစ်ခု၊ နောက်ခံကန့်လန့်ကာ တစ်ပိုင်းတစ်စ ဖြစ်သည်။

ဤပစ္စည်းများကို စားသောက်ရန် ဈေးထဲသွားဝယ်လျှင် ငွေတစ်ဆယ်ဖိုးထက် ကုန်မည်မဟုတ်။ သို့သော် အစစ်ကို မမက်မော၊ အတုမျှသာဖြစ်သော ပန်းချီကားကို ဒေါ်လာထောင်ချီ၍ ပေးဝယ်ကြသည်။ အတုကို အစစ်ထက် တန်ဖိုးထားကြသည်။

ကျွန်တော့စိတ်ထဲတွင် အစစ်ထက်အတုကို မြတ်နိုးလေးစားကြသော လောကကို ကျွန်တော် မကျေနပ်ချင်ပါ။ အစစ်ကိုသာ တန်ဖိုးထားစေချင်သည်။ သို့သော် ကျွန်တော် ကိုယ်တိုင်က အတုကို ဩဘာပေးနေသည်။ မေသစ်ကို ပိုသနား၍ ပန်းချီကားကို ပိုချစ်နေသည်။

ဤသို့တွေးရင်း ချိုတကူး၏ အဖြစ်အပျက်ကို ဆရာသုခလို ဒါရိုက်တာမျိုးနှင့် ရုပ်ရှင်ရိုက်ရသော်ဟု တွေးမိပါသည်။ ချိုတကူးကိုယ်တိုင် တစ်ကိုယ်လုံး မျက်ရည်ဖြစ်ပြီး မျောသွားမလား မသိပါ။ ကျွန်တော်၏ စိတ်တွင် လျှပ်ပြက်သကဲ့သို့တစ်ချက် ဝင်းကနဲ ဖြစ်သွားပါသည်။ အလှမယ်၏ မျက်နှာကို ခေတ္တမျှ မြင်လိုက်ရသကဲ့သို့ “အနုပညာ”၏ မျက်နှာကို ရိပ်ကနဲမြင်လိုက်ရသလိုလို ထင်မိပါသည်။

အောင်သင်း (ကံ့ကော်မြိုင်စာတန်း) (မူရင်းရေးသားသူအား လေးစားမှုဖြင့် – credit)

ခ်ိဳတကူးႏွင့္ ဂုဏ္ရည္မတူ (ေအာင္သင္း)၊ အတုႏွင့္အစစ္၊ အစစ္ကိုပို၍ ျမတ္ႏိုးသင့္ၾကေပသည္။ သို႔ေသာ္ ကြၽန္ေတာ္တို႔ၿမိဳ႕တြင္ ခ်ိဳတကူးဟု ေခၚၾကေသာ ကလားေလးတစ္ေယာက္ ရွိသည္။ သူ႔ဘဝ၏ တစ္ပိုင္းတစ္စကို တင္ျပခ်င္ပါသည္။

ဒုတိယကမာၻစစ္ႀကီး ျဖစ္ပြါးစဥ္အခါက ခ်ိဳတကူးသည္ ဆယ့္သုံးႏွစ္သားမွ်သာ ရွိေသးသည္။ သူ၏ဖခင္သည္ ဆံပင္ညႇပ္ေသာ အလုပ္ကိုလုပ္၍ သူ႔မိသားစုကိုရပ္တည္ေအာင္ ေဆာင္႐ြက္သူျဖစ္သည္။

သူတို႔မိသားစုတြင္ သူ႔ဖခင္၊ သူ႔မိခင္အျပင္ အစ္ကိုတစ္ေယာက္၊ အစ္မတစ္ေယာက္ႏွင့္ သူပါဆိုလွ်င္ မိသားစု ငါးေယာက္ရွိသည္။ ခ်ိဳတကူးတို႔သည္ ဟိႏၵဴလူမ်ိဳးမ်ားျဖစ္သည္။

စစ္ႀကီးျဖစ္၍ အိႏၵိယလူမ်ိဳးမ်ား အိႏၵိယသို႔ျပန္ေသာအခါ သူတို႔မိသားစုသည္လည္း ကေယာင္ကတမ္းႏွင့္ အိႏၵိယသို႔ျပန္ၾကရန္ ဧရာဝတီျမစ္ေၾကာင္းမွ သေဘၤာျဖင့္ ဆန္တက္ လိုက္ပါသြားၾကသည္။ သူတို႔ခရီးစဥ္မွာ သေဘၤာျဖင့္ဆန္တက္၍ ျမန္မာျပည္အထက္ပိုင္းေရာက္မွ အိႏၵိယျပည္ဘက္သို႔ ကုန္းေၾကာင္းကူးၾကရန္ျဖစ္သည္။

သူတို႔လိုက္ပါသြားေသာ သေဘၤာသည္ ေနာက္ဆုံးသေဘၤာျဖစ္၍ စစ္မိန႔္လႊမ္းမိုးေသာ သေဘၤာလည္းျဖစ္သည္။ အထက္ျမန္မာျပည္ ၿမိဳ႕ႀကီးတစ္ၿမိဳ႕အေရာက္တြင္ သေဘၤာေခတၱ ဆိုက္ကပ္နားေနသည္။

ခ်ိဳတကူး၊ သူ႔ဖခင္ႏွင့္ သူ႔အစ္ကို၊ သားအဖသုံးေယာက္သည္ ၿမိဳ႕ေပၚသို႔ ေခတၱတက္ေရာက္ လည္ပတ္ၿပီးလွ်င္ လိုအပ္သမွ် စားစရာကေလးမ်ားကို ဝယ္ျခမ္းၾကသည္။ သေဘၤာဥဩသံ ၾကားရ၍ သေဘၤာဆိပ္သို႔ ဒေရာေသာပါးျပန္ ေျပးလာၾကသည္။

သူတို႔ကမ္းနဖူးသို႔ ေရာက္ေသာအခါ သေဘၤာေရလယ္သို႔ ေရာက္ေနၿပီ။ သေဘၤာသည္ စစ္မိန႔္ျဖင့္ အေရးတႀကီး ထြက္ခြာသြားရေလၿပီ။ သေဘၤာေပၚတြင္ သမီးႏွင့္ မိခင္။ ကမ္းေပၚတြင္ သားအဖသုံးေယာက္။ ခ်ိဳတကူးတို႔သည္ ႐ုတ္တရက္အေျခအေနကို နားမလည္ဘိသကဲ့သို႔ ေၾကာင္ေနၾကသည္။

ဤသို႔ျဖင့္ သမီးႏွင့္ မိခင္တို႔သည္ အိႏၵိယသို႔ပါသြား၍ သားအဖသုံးေယာက္သည္ ျမန္မာျပည္တြင္ အူလယ္လယ္ က်န္ရစ္ရရွာသည္။ တဖက္ႏွင့္တဖက္ စစ္မီးလွ်ံအတြင္း မည္သို႔ျဖစ္ၾကေလမည္ကို မေတြးဝံ့ေအာင္ပင္ ျဖစ္ၾကရသည္။

သို႔ေသာ္လည္း မတတ္ႏိုင္ၾကေလၿပီ။ သားအဖသုံးေယာက္သည္ စိတ္ပ်က္လက္ပ်က္ႏွင့္ ေျမလတ္ပိုင္း မူလေနထိုင္ရာ ၿမိဳ႕ကေလးဆီသို႔ ျပန္လာၾကသည္။ လမ္းတစ္ေလွ်ာက္လုံးတြင္ အိႏၵိယတိုင္းရင္းသား စစ္တပ္မ်ားရွိၾကေသး၍ တစ္တပ္ဝင္၊ တစ္တပ္ထြက္ႏွင့္ ဆံပင္ညႇပ္ကာ အသက္ဆက္ခဲ့ၾကရသည္။ ဤသို႔ျဖင့္ ၿမိဳ႕ကေလးသို႔ ျပန္လည္ဆိုက္ေရာက္လာၾကသည္။

ဂ်ပန္ေခတ္တြင္လည္း ဆံပင္ညႇပ္၍ပင္ အသက္ေမြးၾကရသည္။ သို႔ေသာ္ ဝမ္းေရာဂါတစ္ခ်ီ ျဖစ္လိုက္ရာ ခ်ိဳတကူး၏ ဖခင္ႏွင့္အစ္ကိုတို႔သည္ ေရွ႕ဆင့္ေနာက္ဆင့္ ကိစၥေခ်ာသြားၾကျပန္သည္။ ယခုကား ခ်ိဳတကူး တစ္ေယာက္ထဲ။

ခ်ိဳတကူးသည္ ၾကာရွည္ စိတ္ညစ္တတ္သူ မဟုတ္။ ျဖစ္သမွ် ႀကဳံသမွ်တို႔ကို ထမင္းစားသကဲ့သို႔၊ ေရေသာက္သကဲ့သို႔ ရယ္ကာေမာကာ ျပန္ေျပာတတ္သည္။ ဧရာမ ေလာကဓံႀကီးကို ႀကဳံရသည္ဟုလည္း သူမသိ။ မသိေသာေၾကာင့္ သူမေတြး။ မေတြးေသာေၾကာင့္ သူ မဆင္ျခင္။ မဆင္ျခင္ေသာေၾကာင့္ ေလာကဓံကို သူမျမင္။ ထို႔ေၾကာင့္ ဘုရားပြဲ၊ ေပ်ာ္ပြဲ၊ ႐ႊင္ပြဲလုပ္လွ်င္ ဘယ္သူကမွ သူ႔ကိုမဖိတ္ၾကားရဘဲ သူေရာက္လာတတ္သည္။ ဘယ္ေနရာမွာပင္ သုံးသုံး၊ ကိုခ်ိဳတကူးက မျငင္း။ ေမ်ာက္လုပ္၍လည္း ကသည္။ ေျမေလွ်ာက္မင္းသား လုပ္၍လည္း ကသည္။ ေပ်ာ္ေပ်ာ္ပဲ။

ထို႔ေၾကာင့္ပင္လား မသိ။ အိမ္နီးခ်င္းမ်ားသည္ သူ႔အျဖစ္အပ်က္ကို ၾကားရေသာအခါ သနားေတာ့ သနားၾကပါ၏။ သို႔ေသာ္လည္း စုပ္သပ္႐ုံမွ်သာ ျဖစ္သည္။ မ်က္ရည္ စို႔ေလာက္ေအာင္ကား ထိခိုက္ျခင္းမရွိၾက။ သည္ကိစၥကို ထားဦးေတာ့။

စာေရးဆရာ ဒါ႐ိုက္တာ သုခ၏ “ဂုဏ္ရည္မတူ” ဇာတ္ကားျပေသာအခါ ႐ုပ္ရွင္႐ုံတြင္ ခ်ိဳတကူးႏွင့္ အမွတ္မထင္ ဆုံေတြ႕ရသည္။ ခ်ိဳတကူးႏွင့္ သူ႔အိမ္နီးခ်င္း မိန္းမႀကီး ေလးငါးေယာက္ႏွင့္အတူ တစ္ခုံတည္း ထိုင္မိလ်က္သားျဖစ္ေနသည္။ ႐ုပ္ရွင္ဇာတ္လမ္းေနာက္ပိုင္း ေမသစ္အပူခန္းသို႔ ေရာက္ေသာအခါ မိန္းမႀကီးမ်ားသည္ ေမသစ္ကို သနားလြန္း၍ မ်က္ရည္မဆည္ႏိုင္ေအာင္ ျဖစ္ၾကရသည္။ ခ်ိဳတကူးလည္း မ်က္ရည္ေဝ့ေနသည္ဟု ထင္ပါသည္။ ကြၽန္ေတာ္လည္း မ်က္ရည္မက်ေစကာမူ ႏွာပိတ္ခ်င္သလိုလို ျဖစ္လာပါသည္။

႐ုပ္ရွင္ၿပီး၍ ထြက္လာၾကေသာအခါ အမ်ိဳးသမီးႀကီးမ်ားမွာ မ်က္ခြံနီေနသည္။ ခ်ိဳတကူးလည္း “ေကာင္းထားတာကြာ၊ ငါျဖင့္ မ်က္ရည္ေတာင္ က်မိေသးတယ္” ဟု ရယ္ေမာ၍ ေျပာပါသည္။ ျဖစ္ရာဘဝတြင္ ေပ်ာ္ေပ်ာ္ႀကီးေနတတ္၍ ကိုယ့္ကိုယ္ကိုပင္ သနားရမွန္းမသိေသာ ကိုခ်ိဳတကူးက ေမသစ္ကို သနားေနပါသည္။ အေဒၚႀကီးမ်ားကလည္း ခ်ိဳတကူး၏ ျဖစ္ေတာ္ေပါင္းအတြက္ မ်က္ရည္စမ္းစမ္းမွ်ပင္ မျဖစ္ခဲ့ဘူးပါလ်က္ ေမသစ္က်မွ မ်က္ရည္အိုင္ၾကရသည္။

ခ်ိဳတကူး၏အျဖစ္သည္ တကယ္ျဖစ္၊ အဟုတ္ျဖစ္၊ စစ္စစ္စစ္စစ္ ျမည္ေနေသာ အျဖစ္စစ္ျဖစ္သည္။ ေမသစ္၏ အျဖစ္သည္ ပိတ္ကားေပၚက ဘဝျဖစ္စဥ္မွ်သာျဖစ္သည္။ ခ်ိဳတကူး၏ ရာဇဝင္သည္ အစစ္။ ေမသစ္၏ ရာဇဝင္သည္ အတု။ သူတို႔သည္ အစစ္ထက္ အတုကိုပို၍ က႐ုဏာသက္ေနၾကသည္။

ကြၽန္ေတာ့္စိတ္တြင္ မေက်မနပ္ ျဖစ္ေနမိသည္။ ကြၽန္ေတာ့္ကိုယ္ကိုလည္း ကြၽန္ေတာ္မေက်နပ္ပါ။ ကြၽန္ေတာ္လည္း သူတို႔ႏွင္ႏွင္သာ ျဖစ္သည္။ အတုကို ျမတ္ႏိုးေနသည္။ အစစ္ႏွင့္အတု၊ အတုႏွင့္ အစစ္ျပႆနာသည္ ကြၽန္ေတာ္၏ရင္တြင္ ပို၍ရႈပ္ေထြးလာပါသည္။ အစစ္ႏွင့္အတုကို ႏႈိင္းယွဥ္၍ ၾကည့္ခ်င္တတ္လာပါသည္။ သတိျပဳလာပါသည္။

ပန္းခ်ီစာေစာင္တစ္ခုကို ေတာင္လွန္ေျမာက္လွန္ ၾကည့္ေနရင္း၊ ပန္းခ်ီကားတစ္ခ်ပ္ကို ေတြ႕သည္။ ေဒၚလာေထာင္ခ်ီ၍ ေပးဝယ္သြားေသာ ပန္းခ်ီကားတစ္ခ်ပ္ ျဖစ္သည္။ သပ်စ္သီးတစ္ခိုင္၊ ပန္းသီးတစ္စိတ္၊ ဓားတစ္ေခ်ာင္း၊ ဖန္ခ်ိဳင့္တစ္ခု၊ ေနာက္ခံကန႔္လန႔္ကာ တစ္ပိုင္းတစ္စ ျဖစ္သည္။

ဤပစၥည္းမ်ားကို စားေသာက္ရန္ ေဈးထဲသြားဝယ္လွ်င္ ေငြတစ္ဆယ္ဖိုးထက္ ကုန္မည္မဟုတ္။ သို႔ေသာ္ အစစ္ကို မမက္ေမာ၊ အတုမွ်သာျဖစ္ေသာ ပန္းခ်ီကားကို ေဒၚလာေထာင္ခ်ီ၍ ေပးဝယ္ၾကသည္။ အတုကို အစစ္ထက္ တန္ဖိုးထားၾကသည္။

ကြၽန္ေတာ့စိတ္ထဲတြင္ အစစ္ထက္အတုကို ျမတ္ႏိုးေလးစားၾကေသာ ေလာကကို ကြၽန္ေတာ္ မေက်နပ္ခ်င္ပါ။ အစစ္ကိုသာ တန္ဖိုးထားေစခ်င္သည္။ သို႔ေသာ္ ကြၽန္ေတာ္ ကိုယ္တိုင္က အတုကို ဩဘာေပးေနသည္။ ေမသစ္ကို ပိုသနား၍ ပန္းခ်ီကားကို ပိုခ်စ္ေနသည္။

ဤသို႔ေတြးရင္း ခ်ိဳတကူး၏ အျဖစ္အပ်က္ကို ဆရာသုခလို ဒါ႐ိုက္တာမ်ိဳးႏွင့္ ႐ုပ္ရွင္႐ိုက္ရေသာ္ဟု ေတြးမိပါသည္။ ခ်ိဳတကူးကိုယ္တိုင္ တစ္ကိုယ္လုံး မ်က္ရည္ျဖစ္ၿပီး ေမ်ာသြားမလား မသိပါ။ ကြၽန္ေတာ္၏ စိတ္တြင္ လွ်ပ္ျပက္သကဲ့သို႔တစ္ခ်က္ ဝင္းကနဲ ျဖစ္သြားပါသည္။ အလွမယ္၏ မ်က္ႏွာကို ေခတၱမွ် ျမင္လိုက္ရသကဲ့သို႔ “အႏုပညာ”၏ မ်က္ႏွာကို ရိပ္ကနဲျမင္လိုက္ရသလိုလို ထင္မိပါသည္။

ေအာင္သင္း (ကံ့ေကာ္ၿမိဳင္စာတန္း) (မူရင္းေရးသားသူအား ေလးစားမႈျဖင့္ – credit)

Leave a Reply

Your email address will not be published. Required fields are marked *