ကြားသိရသမျှ

ဖခင်ရဲ့ နာရေးကို တက်ရောက်နိုင်ဖို့ မသေချာသေးတဲ့ ပရဟိတမင်းသားကြီး ကျော်သူ

နာရေးကူညီမှုအသင်း(ရန်ကုန်) ၏ ဥက္ကဌ ရုပ်ရှင်သရုပ်ဆောင်နှင့်ဒါရိုက်တာ အကယ်ဒမီကျော်သူရဲ့ ဖခင်ဖြစ်သူ အမျိုးသားရုပ်ရှင် ထုတ်လုပ်ရေးပိုင်ရှင် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးနာယက ဦးစိန်တင် ဟာ ဒီကနေ့ မတ်လ ၃ရက်နေ့ မနက် ၄နာရီနဲ့ ၁၀ မိနစ် အချိန်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားပါကြောင်း သိရှိရပါတယ်။

ရုပ်ရှင်သရုပ်ဆောင်နှင့်ဒါရိုက်တာ အကယ်ဒမီကျော်သူ+မြင့်မြင့်ခင်ဖေ(ခ)ရွှေဇီးကွက် တို့၏ ဖခင်ဖြစ်သူ ဦးစိန်တင်(အမျိုးသားရုပ်ရှင်) သည် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ နာယကတစ်ဦး ဖြစ်သလို မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၏ နာယကလည်း ဖြစ်ပါတယ်။

ဒါရိုက်တာ ဦးစိန်တင်(အမျိုးသားရုပ်ရှင်)သည် မတ်လ(၃)ရက် နံနက်(၀၄:၁၀) အချိန်မှာ ကွယ်လွန်သွားခဲ့ခြင်း ဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် (၈၉) နှစ်ရှိပြီ ဖြစ်ပြီး မတ်လ(၅)ရက်နေ့မှာ ဂူသွင်းသဂြိုဟ်သွားမယ်လို့ သိရပါတယ်။

ဦးစိန်တင်(အမျိုးသားရုပ်ရှင်) ကွယ်လွန်သွားသဖြင့် ဝမ်းနည်းကြေကွဲရကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)​တို့မှ ထုတ်ပြန်ထားပြီး ရုပ်ရှင်ထုတ်လုပ်ရေးများနှင့် ရုပ်ရှင်လောကသားများကလည်း ဝမ်းနည်းကြေကွဲကြောင်း လူမှုကွန်ရက်များပေါ်၌ ဖော်ပြထားကြပါတယ်။

လက်ရှိအချိန်မှာ ရုပ်ရှင်မင်းသား ကျော်သူဟာ စကစရဲ့ ဖမ်းဆီးမှုကို ရှောင်တိမ်းနေရတာ ဖြစ်တာကြောင့် ဖခင်ကြီး ဖြစ်သူရဲ့ နာရေးကို တက်ရောက်နိုင်ဖို့ မသေချာသေးဘူးလို့ သိရပါတယ်။ ပရဟိတ မင်းသားကြီး ကျော်သူရဲ့ ဖခင် ကွယ်လွန်သွားတဲ့ အတွက် မိသားစုနဲ့ ထပ်တူ ဝမ်းနည်းရပါကြောင်း ဖော်ပြလိုက်ပါတယ်။

zawgyi

နာေရးကူညီမႈအသင္း(ရန္ကုန္) ၏ ဥကၠဌ ႐ုပ္ရွင္သ႐ုပ္ေဆာင္ႏွင့္ဒါ႐ိုက္တာ အကယ္ဒမီေက်ာ္သူရဲ႕ ဖခင္ျဖစ္သူ အမ်ိဳးသား႐ုပ္ရွင္ ထုတ္လုပ္ေရးပိုင္ရွင္ ျမန္မာႏိုင္ငံ႐ုပ္ရွင္ အစည္းအ႐ုံးနာယက ဦးစိန္တင္ ဟာ ဒီကေန႔ မတ္လ ၃ရက္ေန႔ မနက္ ၄နာရီနဲ႔ ၁၀ မိနစ္ အခ်ိန္မွာ လူႀကီးေရာဂါနဲ႔ ကြယ္လြန္သြားပါေၾကာင္း သိရွိရပါတယ္။

႐ုပ္ရွင္သ႐ုပ္ေဆာင္ႏွင့္ဒါ႐ိုက္တာ အကယ္ဒမီေက်ာ္သူ+ျမင့္ျမင့္ခင္ေဖ(ခ)ေ႐ႊဇီးကြက္ တို႔၏ ဖခင္ျဖစ္သူ ဦးစိန္တင္(အမ်ိဳးသား႐ုပ္ရွင္) သည္ နာေရးကူညီမႈအသင္း(ရန္ကုန္)၏ နာယကတစ္ဦး ျဖစ္သလို ျမန္မာႏိုင္ငံ႐ုပ္ရွင္ အစည္းအ႐ုံး၏ နာယကလည္း ျဖစ္ပါတယ္။

ဒါ႐ိုက္တာ ဦးစိန္တင္(အမ်ိဳးသား႐ုပ္ရွင္)သည္ မတ္လ(၃)ရက္ နံနက္(၀၄:၁၀) အခ်ိန္မွာ ကြယ္လြန္သြားခဲ့ျခင္း ျဖစ္ပါတယ္။ ကြယ္လြန္ခ်ိန္မွာ အသက္ (၈၉) ႏွစ္ရွိၿပီ ျဖစ္ၿပီး မတ္လ(၅)ရက္ေန႔မွာ ဂူသြင္းသၿဂိဳဟ္သြားမယ္လို႔ သိရပါတယ္။

ဦးစိန္တင္(အမ်ိဳးသား႐ုပ္ရွင္) ကြယ္လြန္သြားသျဖင့္ ဝမ္းနည္းေၾကကြဲရေၾကာင္း ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးႏွင့္ နာေရးကူညီမႈအသင္း(ရန္ကုန္)​တို႔မွ ထုတ္ျပန္ထားၿပီး ႐ုပ္ရွင္ထုတ္လုပ္ေရးမ်ားႏွင့္ ႐ုပ္ရွင္ေလာကသားမ်ားကလည္း ဝမ္းနည္းေၾကကြဲေၾကာင္း လူမႈကြန္ရက္မ်ားေပၚ၌ ေဖာ္ျပထားၾကပါတယ္။

လက္ရွိအခ်ိန္မွာ ႐ုပ္ရွင္မင္းသား ေက်ာ္သူဟာ စကစရဲ႕ ဖမ္းဆီးမႈကို ေရွာင္တိမ္းေနရတာ ျဖစ္တာေၾကာင့္ ဖခင္ႀကီး ျဖစ္သူရဲ႕ နာေရးကို တက္ေရာက္ႏိုင္ဖို႔ မေသခ်ာေသးဘူးလို႔ သိရပါတယ္။ ပရဟိတ မင္းသားႀကီး ေက်ာ္သူရဲ႕ ဖခင္ ကြယ္လြန္သြားတဲ့ အတြက္ မိသားစုနဲ႔ ထပ္တူ ဝမ္းနည္းရပါေၾကာင္း ေဖာ္ျပလိုက္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *