ဗေဒင်
ကြာသပတေး သားသမီးများအတွက်၂၀၂၃-ခုနှစ် မတ်လ(3)လပိုင်း အထူးဟောစာတန်း
ကြာသပတေး သားသမီးများအတွက်၂၀၂၃-ခုနှစ် မတ်လ(3)လပိုင်း အထူးဟောစာတန်း
ဤလ ကြာသပတေး သားသမီးများ စိတ်ကူးသစ် အကြံသစ်ပေါ်မည်။ ခရီးထွက်ရမည်။မရောက်ဖူးသေးသော နေရာသစ် ပတ်ဝန်းကျင်သစ်သို့ သွားရမည်။
ထီ၊ကံစမ်းမဲနှင့်အခြားသော ဆုလာဘ်များလည်းရရှိမည်။ဝမ်းသာစရာ ဂုဏ်ယူစရာ သတင်းစကားများလည်းကြားရမည်။
ခရီးဝေး၊ နိုင်ငံရပ်ခြား ဆက်ဆံရေး၊ ကုန်သွယ်ကူးသန်းရောင်းဝယ်ရေး အောင်မြင်မည်။
စီးပွားရေး…ကုန်ပစ္စည်းသိုလှောင်လုပ်ငန်းများ၊ အိမ်၊ခြံ၊မြေနှင့် အိမ်ဆောက်ပစ္စည်းရောင်းဝယ်ခြင်း၊ကျင်းတူး၊ကျောက်သွေးလောင်းလုပ်ငန်းများ၊စာပေကိရိယာဖြန့်ချိခြင်း၊အဝတ်အထည်ယက်လုပ်ငန်းများ အကျိူးဖြစ်အံ့။
လူမှုရေးဆိုင်ရာ…ရင်းနှီးတဲ့ မိတ်ဆွေ တစ်ယောက်ယောက်နှင့် ပူးပေါင်း၍ အကျိုးတူလုပ်ကိုင်စရာများ ရှိမည်။သို့သော့် မိမိနှင့်အတူစီးပွားဖက်လုပ်သူ ကို ရွေးချယ်ရာတွင် မှားယွင်းနိုင်သဖြင့် သတိရှိရှိ ရွေးချယ်ပေါင်းဖော်ပါ။အကြီးအကဲများနဲ့ ကြီးကျယ်ခမ်းနားတဲ့နေရာများသို့ ပွဲတက်ရမည်။
နိုင်ငံရပ်ခြား သွားလိုသူများ သွားရပါလိမ့်မည်။နေအိမ်ရဲ့ တောင်ဘက် အရပ် နေရာများက လူဝင်လူထွက် သတိပြုရမည်။မိမိအား မနာလိုသူ ဖျက်လိုဖျက်စီးပြုလုပ်သူများလည်း ရှိလာပါလိမ့်မည်။ထိုသူများဟာလည်း မိမိနဲ့နီးစပ်သူများသာ ဖြစ်တက်ပါသည်။
ပညာရေး…အတွေးအခေါ်အယူအဆ အကြံဉာဏ် သစ်များ ရရှိအံ့။ပညာရေးကိစ္စဖြေဆိုရာတွင် အနှောင့်အယှက်ဖြစ်စရာတွေ့ မိမိအနေနဲ့ ပညာရေးကိစ္စတွေ စီစဉ်သည့်အခါတိုင်း အခက်အခဲလေးတွေ မဖြေဆိုခင် စိုးရိမ်ပူပန်မူ့တွေက ဒုက္ခပေးနေတက်တာမျိူးတွေ့ ရှိလိမ့်မည်။
၂၀၂၃-ခုနှစ် မတ်လ(၂)ရက် မှ (၈)ရက် အထိ#( ခွေး-ပျတ်စီးအံ့)ခွေးခံငြား၊ရှောင်ရှားပျက်စီးစွနှင့်) (၁၆)ရက် မှ (၂၂)ရက်အထိနဂါး-ပျက်စီးအံ့) နဂါး၊ခံလေငြား၊စီးပွားပျက်တတ်စွာ။ အကျိူးသက်ရောက်မှုကတော့… ငွေကတော့ တဖက်ဖက် ကနေ ဝင်နေသော်လည်း ဝင်သမျှငွေမမြဲဘဲ အကြွေးတင်နေမည်။ ပြိုင် ဘက် လွန်စွာများပြားမည်။
မိမိဥစ္စာပစ္စည်း ပျောက်ပျက်ဆုံးရှုံးခြင်း၊ အလိမ်အကောက်ခံရခြင်းတို့ကို သတိထားသင့်သလို့အခိုးခံရတတ်သည်။ဆွေမျိုးသားချင်းများနှင့်လည်း စိတ် သဘောထားချင်း ကွဲလွဲပြီး စိတ်ဆင်းရဲစရာ ကိစ္စရပ်များ ကြုံရလိမ့်မည်။
စကားပြောရာ တွင် ဂရုတစ်စိုက်ပြောဆိုပါ။စွန့်စား၍ ရင်းနှီးမြှုပ်နှံမှုများ လုံးဝမပြုလုပ်သင့်ပါ။လူမှုရေးပြဿနာများကိုတတ်နိုင်သမျှရှောင်ရှားပါ။အောက်လက် ငယ်သားများနှင့် ပတ်သက်ပြီး . အာမခံရမည့်အလုပ်များ မပြုလုပ်သင့်ပါ။
အတိုက်အခံ၊ အတားအဆီးတို့တွေ့ကြုံရတတ်ပါ သည်။ လုပ်ငန်းများမှ ငွေအရနှေးနေမည်။စိတ်နှလုံး တည်ငြိမ် စွာဖြင့် တွေ့ကြုံရသောအခက်အခဲ၊ အမှုအခင်းများ ကို ရင်ဆိုင်ဖြေရှင်းရမည်။အထက်ကြီးကဲများ၏ အနိုင်ကျင့် ဗိုလ်ကျခံရတတ်တယ်။
၂၀၂၃-ခုနှစ် မတ်လ(၉)ရက် မှ (၁၅)ရက်အထိ (နွား-ဥစ္စာရအံ့) နှင့် (၂၃)ရက်မှ လကုန်ထိ ဗြဟ္မာ-မင်းပူဇော်အံ့) ဧကန်ကောင်လှစွာ။ အကျိူးသက်ရောက်မှုကတော့…ထီ,ငွေစု,မဲ၊ ကံကောင်းအံ့။ ငွေဝင်အံ့။
စေ့စပ်၊လက်ထပ်၊ဝိဝါဟမင်္ဂလာ ပြုလုပ်ရခြင်း,သတင်ကောင်းကြားရအံ့။ကိုယ်ပိုင်မြေကွက်များ ဝယ်ယူရန်ကောင်းသည်။အိုးအိမ် မြေနေရာသစ်များ ဝယ်ယူရခြင်း၊ပိုင်ဆိုင်ရခြင်းများကြုံရမည်။
စိတ်ဝင်စားသည့် စီးပွားရေးလုပ်ငန်းအသစ်များကိုသာ ဇောက်ချ လုပ်ကိုင်ပါ။ မှန်မှန်ကန်ကန်ဖြောင့်ဖြောင့်တန်းတန်း လုပ်ကိုင်တတ်သော မိတ်ဆွေအသစ်များတွေ့မည်။ကိုယ်ခြေကိုယ်လက်ဖြင့် လုပ်ကိုင်နေရတာကို ကျေနပ်နေတတ်၏။
အချစ်ရေးနှင့် အိမ်ထောင်ရေး…အချစ်ဟောင်း ရည်းစားဟောင်းတွေရှိက ပြန်လည်ဆက်သွယ်လာတက်သည်။မိဘတွေ သဘောမကျသူ မိမိအားစိတ်အနှောင့်ယှက် ဖြစ်စေသူနဲ့ ပက်သက်ဆက်ဆံရတတ်ပြိး, ချစ်သူရည်စားရှိသူတွေအဖို့ အမှားကင်းအောင်နေထိုင်ဖို့ ဂရုစိုက်သင့်သည်။အိမ်ထောင်ရေး အမျိူးသမီးပေါ် လိုက်လျော့ပေး ပြဿနာမတတ်အောင် ဦးညွှန်ရအံ့။ တစ်ဖက် အလိုက်ကန်းဆိုမသိ မာနထောင့် ကွဲမည်။
ယခုလတွင် ကြာသပတေး သားသမီးများ ဤဂဏန်းရက်{၂-၁၁-၂၀-၂၉/၄-၁၃-၂၂-၃၁/၇-၁၆-၂၅} မွေးဖွားသူများ စီးပွားရေး,အိမ်ထောင်းရေး,ပညာရေးနှင့်လူမှုရေးများ ညံပါလိမ့်မည်။အိမ်သားများ၊ မိဘ၊ အကြီးအကဲများနှင့်စိတ်သဘောထား တိုက်ဆိုင်ခြင်း မရှိဘဲ ညှိနှိုင်း၍မရသောကြောင့် စိတ်ညစ်ရမည်။
လုပ်ငန်းများ တိုးချဲ့ခြင်း၊ လုပ်ငန်းသစ်စတင်ခြင်းတို့ပြုလုပ်ရန် မသင့်ပေ။မိမိလုပ်ငန်းနှင့် အပြင်ဝန်ထမ်းလောကသားများ ငွေရေးကြေးရေးတွင် စာရင်းဇယား တိတိ ကျကျ ရရှိရန်လိုသည်။အလုပ်အပြောင်းအရွှေ့၊ အိုးအိမ် ပြောင်းလွဲမှု ၊ ဌာနအသစ် ပြောင်းရမှု၊ အရှုပ် အရှင်းများ ဖြေရှင်းရမှုများ ရှိအံ့။
ကျန်းမာရေး…ကျန်းမာရေးကိုသာ ဂရုစိုက်ရန် လိုအပ်ပါသည်။သွေးနဲ့ လေနာရောဂါတို့ဖြစ်တတ်သည့်အပြင်အသက်ငယ်ငယ်ရွယ်ရွယ်နှင့်ဆံပင်များကျွတ်ခြင်းရှိမည်။
ယခုလတွင် ခရီးသွားခြင်းနှင့် လုပ်ငန်းကိစ္စရပ်များ အဆင်ပြေစေရန်အတွက် …မေမြို့ပန်း(၅)ပွင့်ဘုရားပူဇော်ပြီးသွားပါ။တောင် အရပ်”နတ် -လက်မှတ်ရေးထိုးခြင်း၊ရတနာစူးစမ်းရှာဖွေခြင်း၊ သစ်ပင်စိုက်ခြင်း၊ ရေကြောင်းခရီးသွားလာခြင်း,အိမ်ပြောင်း ရှောင့်သင့်၏။
တနလ်ာ,ဗုဒ္ဓဟူး,စနေ ထိုနေနံသားသမီးများ အကျိူး မပေး, လုပ်ငန်းသစ်လုပ်ခြင်းနှင့်ရင်းမြှုံနှံမှုများစတင်ခြင်းတို့ ရှောင့်သင့်၏။ထိုနေနံသားတွေ့က မိမိကို တိုက်ခိုက်ခြင်း၊ပြဿနာရှာ မကောင်းကြံခြင်းများ ကြုံတွေ့အံ့။
မြောက် အရပ်”လာဘ်၊ – လက်မှတ်ရေးထိုးခြင်း၊ရတနာစူးစမ်းရှာဖွေခြင်း၊ အိမ်ပြောင်း၊ ခရီးသွား ကောင်း၏။အရှေ့ အရပ်”အရပ်စန်းပွင့် အချစ်ရေး,မေတ္တာရေးပြောဆို ကောင်း၏။ကံကောင်းစေသောအရောင် -အပြာနုရောင်၊ ပန်းရောင်,အစိမ်းနုရောင် ကိုဝတ်ဆင်ပါ..အကျိူးပေးဂဏန်း – {၁-၃-၉-၅}
ယတြာ – မိမိမွေးနေ့တွင် မိမိနေနံဘုရားမှ ၉း၄၅ မြောက်အရပ်မျက်နှာမူကာနှင်းဆီပန်း(၉)ပွင့်ပိန်းပန်းသပြေညွှန့် အဝါရောင်ပန်းများ နှင့်အုန်းယို၊ ဇီးယို၊ မြေပဲယို(၃)ထုပ်ဘုရား ပူဇော်ပါ။
ဆရာကြီးမင်းသူရ(ဗေဒင်နှင့်လက္ခဏာ အထူးယတြာ)
Zawgyi
စီးပွားရေး…ကုန်ပစ္စည်းသိုလှောင်လုပ်ငန်းများ၊ အိမ်၊ခြံ၊မြေနှင့် အိမ်ဆောက်ပစ္စည်းရောင်းဝယ်ခြင်း၊ကျင်းတူး၊ကျောက်သွေးလောင်းလုပ်ငန်းများ၊စာပေကိရိယာဖြန့်ချိခြင်း၊အဝတ်အထည်ယက်လုပ်ငန်းများ အကျိုးဖြစ်အံ့။
Leave a Reply
Your email address will not be published. Required fields are marked *