“သင်္ကြန်၊ သနပ်ခါး” အပါအဝင် နိုင်ငံခြားသားတွေအတွက်တော့ တအံ့တဩ ဖြစ်ကြရတဲ့ မြန်မာပြည်ရဲ့ ဓလေ့ထုံးစံများ…
တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသလို နိုင်ငံတစ်ခုရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံဟာ တိုင်းတပါးသားတွေအတွက် အထူးအဆန်း ဖြစ်နေတတ်ပါတယ်။
တစ်နိုင်ငံတည်းမှာကို နေရာဒေသပေါ်မူတည်ပြီး ကွဲပြားတဲ့ ဓလေ့ထုံးစံတွေ ရှိတတ်ပါသေးတယ်။ ကျွန်တော်တို့ မြန်မာတွေအတွက် တခြားနိုင်ငံတွေရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံအချို့ဟာလည်း အံ့ဩစရာတွေ ဖြစ်နေတတ်ပါတယ်။
ဒါက သဘာဝပါပဲ။ ဒီနေ့မှာတော့ နိုင်ငံခြားသားတွေအတွက် ထူးဆန်းနေတဲ့ မြန်မာပြည်ရဲ့ အကြောင်းအရာ တချို့ကို ဖော်ပြပေးချင်ပါတယ်။
၁။ ကွမ်းယာ၊ လက်ဖက်နဲ့ သနပ်ခါး
သာရေးနာရေး ကိစ္စတွေမှာ ကွမ်း နဲ့ လက်ဖက်ဟာ မပါမဖြစ်ပါပဲ။ ထို့နည်းတူစွာ သနပ်ခါးဟာလည်း မြန်မာတွေရဲ့ မရှိမဖြစ် အလှကုန် တစ်ခုပါ။
၎င်းတို့ဟာ ကျွန်တော်တို့ မြန်မာတွေရဲ့ ဘဝအစိတ်ပိုင်း တစ်ခုလို့ ပြောရင် လွန်မယ်မထင်ပါဘူး။
ကွမ်းစားထားလို့ နီရဲတွတ်နေတဲ့ ခံတွင်းတွေ၊ လက်ဖက်အရွက်ကို အဆာပလာ စုံလင်စွာနဲ့ သုပ်ထားတဲ့ စားဖွယ် နဲ့ ရွှေအိုရောင် သနပ်ခါး လိမ်းကျံထားတဲ့ ပါးပြင်လေးတွေဟာ နိုင်ငံခြားသားတွေ အတွက်တော့ အံ့ဩစရာ ဖြစ်နေပါတယ်။
၂။ ရွှေတိဂုံနဲ့ ကျိုက်ထီးရိုး
မြတ်ဗုဒ္ဓရဲ့ ဆံတော်ရှစ်ဆူ ကိန်းဝပ် စံပယ်တော်မူနေတဲ့ ရွှေရောင် တဝင်းဝင်းနဲ့ ရွှေတိဂုံ စေတီတော်ကြီးဟာ ပြည်ပနိုင်ငံသားတွေ အမြင်မှာ ဆန်းလို့ နေပါတယ်။
၎င်းတို့ကို ပိုပြီး အံ့ဩ မှင်သက်စေတာကတော့ ၇၂ ကာရက်ရှိတဲ့ စိန်ဖူးတော်ကြီးပါပဲ။
ချောက်ကမ်းပါးစွန်းမှာ ဟန်ချက်ညီစွာ တည်နေပါတဲ့ ဆံတော်ရှင် ကျိုက်ထီးရိုးဟာလည်း ၎င်းတို့ကို ပဟေဠိများစွာနဲ့ အတွေးပွားစေပါတယ်။
၃။ အတာသင်္ကြန်
နှစ်ဟောင်းက အညစ်အကြေးတွေကို နှစ်သစ်ထိ ပါမလာအောင် အတာရေနဲ့ ဆေးကြောသန့်စင်တဲ့ သင်္ကြန်ပွဲတော်ဟာလည်း ပြည်မြန်မာမှာ ရှေးယခင် နှစ်ပေါင်းများစွာတည်းက တည်ရှိခဲ့တာပါ။
သင်္ကြန်ပွဲတော်မှာ ပါဝင်ဆင်နွှဲချင်လို့ မြန်မာပြည်ကို တကူးတက လာရောက်ကြတဲ့ နိုင်ငံခြားသားတွေကလည်း ရှိပါတယ်။
၄။ ပုဆိုးနဲ့ ခြင်းလုံး
ပုဆိုး အခေါ် လုံချည် နဲ့ ခြင်းလုံးကို မြန်မာပြည်မှာတင်မက အရှေ့ အာရှ နိုင်ငံတချို့မှာလည်း တွေ့မြင်နိုင်ပါတယ်။
ဘာပဲဖြစ်ဖြစ်ပါ ခါးတောင်း မြှောင်နေအောင် ကျိုက်ပြီး ကြိမ်ခြင်းလုံးကို ဝိုင်းဝန်း ကစားနေကြတဲ့ လမ်းဘေး ခြင်းဝိုင်းလေးတွေဟာ အနောက်တိုင်းသားတွေအတွက် အံ့ဩစရာ မြင်ကွင်း တခုပါ။
၅။ ညာမောင်းနဲ့ ချင်တွယ်တိုင်းတာစနစ်
မြန်မာနိုင်ငံရဲ့ ညာမောင်းစနစ်ဟာ ဗြိတိန်၊ အိန္ဒိယ၊ ထိုင်း၊ မလေး၊ စင်္ကာပူနဲ့ အင်ဒိုနိုင်ငံသားတွေအတွက် အခက်အခဲ ဖြစ်လို့နေပါတယ်။
ထိုမျှသာမက မက်ထရစ် တိုင်းတာစနစ်ကို အသုံးမပြုတဲ့ နိုင်ငံတနိုင်ငံလည်း ဖြစ်ပါတယ်။
ကမ္ဘာမှာ မက်ထရစ်စနစ်ကို မသုံးတာဆိုလို့ မြန်မာ၊ လိုင်ဘေးရီးယားနဲ့ အမေရိကန် သုံးနိုင်ငံသာ ရှိပါတယ်။
တိုင်းတာစနစ်ချင်း မတူတာကလည်း အခြားနိုင်ငံသားတွေအတွက် ခက်ခဲမှုတစ်ခု ဖြစ်ပါတယ်။
၆။ ဗေဒင်နဲ့ ယတြာ
နိုင်ငံတိုင်းမှာ အယူသီးမှု ကိုယ်စီ ရှိတတ်ကြပါတယ်။ မြန်မာပြည်မှာလည်း ဗေဒင်ယတြာအစီအမံတွေကို ယုံကြည်သူတွေ အများကြီးရှိပါတယ်။
ဝန်ကြီးချုပ်ဟောင်း ဦးနုက မကောင်းဆိုးဝါးတွေကို ခြောက်လှန့် မောင်းထုတ်ဖို့ ယတြာအစီအမံနဲ့ ဘုရားစေတီ ၆ သောင်းကျော် တည်ထားခဲ့သလို ဗိုလ်ချုပ်နေဝင်းဟာလည်း ဗေဒင်ဆရာရဲ့ စကားကို နားထောင်ပြီး ဘယ်မောင်းကနေ ညာမောင်းစနစ်ကို ပြောင်းလဲစေခဲ့ပါတယ်။
နိုင်ငံ့ခေါင်းဆောင်တွေက အစ ဗေဒင်ယတြာတွေအတိုင်း တိုင်းပြည်ကို စီမံနေခဲ့ခြင်းက နိုင်ငံခြားသားတွေအတွက် ထူဆန်းလို့နေပါတယ်။
၇။ သယံဇာတနဲ့ သဘာဝ တောတောင်ရေမြေ
ပတ္တမြားနဲ့ ကျောက်စိမ်း အပါအဝင် အခြားသယံဇာတတွေ ပေါများစွာ ထွက်ရှိရာ၊ စုံလင်လှတဲ့ ငှက်မျိုးစိတ်တွေနဲ့ သားရဲတိရစ္ဆာန်တို့ ကျင်လည် ကျက်စားရာ သဘာဝ တောအုပ်ကြီးတွေရှိတဲ့ ပြည်မြန်မာဟာ နိုင်ငံခြားသားတွေ အတွက်တော့ စူးစမ်း လေ့လာစရာတွေ မကုန်ခမ်းနိုင်တဲ့ စာအုပ်ကြီး တစ်အုပ် ဖြစ်နေပါတယ်။
Wai Lin, Nine Thuwun အား လေးစားစွာ ခရက်ဒစ် ပေးပါသည်။
zawgyi
“သၾကၤန္၊ သနပ္ခါး” အပါအဝင္ ႏိုင္ငံျခားသားေတြအတြက္ေတာ့ တအံ့တဩ ျဖစ္ၾကရတဲ့ ျမန္မာျပည္ရဲ႕ ဓေလ့ထုံးစံမ်ား…
တစ္ေက်ာင္းတစ္ဂါထာ တစ္႐ြာတစ္ပုဒ္ဆန္း ဆိုသလို ႏိုင္ငံတစ္ခုရဲ႕ ယဥ္ေက်းမႈ၊ ဓေလ့ထုံးစံဟာ တိုင္းတပါးသားေတြအတြက္ အထူးအဆန္း ျဖစ္ေနတတ္ပါတယ္။
တစ္ႏိုင္ငံတည္းမွာကို ေနရာေဒသေပၚမူတည္ၿပီး ကြဲျပားတဲ့ ဓေလ့ထုံးစံေတြ ရွိတတ္ပါေသးတယ္။ ကြၽန္ေတာ္တို႔ ျမန္မာေတြအတြက္ တျခားႏိုင္ငံေတြရဲ႕ ယဥ္ေက်းမႈ ဓေလ့ထုံးစံအခ်ိဳ႕ဟာလည္း အံ့ဩစရာေတြ ျဖစ္ေနတတ္ပါတယ္။
ဒါက သဘာဝပါပဲ။ ဒီေန႔မွာေတာ့ ႏိုင္ငံျခားသားေတြအတြက္ ထူးဆန္းေနတဲ့ ျမန္မာျပည္ရဲ႕ အေၾကာင္းအရာ တခ်ိဳ႕ကို ေဖာ္ျပေပးခ်င္ပါတယ္။
၁။ ကြမ္းယာ၊ လက္ဖက္နဲ႔ သနပ္ခါး
သာေရးနာေရး ကိစၥေတြမွာ ကြမ္း နဲ႔ လက္ဖက္ဟာ မပါမျဖစ္ပါပဲ။ ထို႔နည္းတူစြာ သနပ္ခါးဟာလည္း ျမန္မာေတြရဲ႕ မရွိမျဖစ္ အလွကုန္ တစ္ခုပါ။
၎တို႔ဟာ ကြၽန္ေတာ္တို႔ ျမန္မာေတြရဲ႕ ဘဝအစိတ္ပိုင္း တစ္ခုလို႔ ေျပာရင္ လြန္မယ္မထင္ပါဘူး။
ကြမ္းစားထားလို႔ နီရဲတြတ္ေနတဲ့ ခံတြင္းေတြ၊ လက္ဖက္အ႐ြက္ကို အဆာပလာ စုံလင္စြာနဲ႔ သုပ္ထားတဲ့ စားဖြယ္ နဲ႔ ေ႐ႊအိုေရာင္ သနပ္ခါး လိမ္းက်ံထားတဲ့ ပါးျပင္ေလးေတြဟာ ႏိုင္ငံျခားသားေတြ အတြက္ေတာ့ အံ့ဩစရာ ျဖစ္ေနပါတယ္။
၂။ ေ႐ႊတိဂုံနဲ႔ က်ိဳက္ထီး႐ိုး
ျမတ္ဗုဒၶရဲ႕ ဆံေတာ္ရွစ္ဆူ ကိန္းဝပ္ စံပယ္ေတာ္မူေနတဲ့ ေ႐ႊေရာင္ တဝင္းဝင္းနဲ႔ ေ႐ႊတိဂုံ ေစတီေတာ္ႀကီးဟာ ျပည္ပႏိုင္ငံသားေတြ အျမင္မွာ ဆန္းလို႔ ေနပါတယ္။
၎တို႔ကို ပိုၿပီး အံ့ဩ မွင္သက္ေစတာကေတာ့ ၇၂ ကာရက္ရွိတဲ့ စိန္ဖူးေတာ္ႀကီးပါပဲ။
ေခ်ာက္ကမ္းပါးစြန္းမွာ ဟန္ခ်က္ညီစြာ တည္ေနပါတဲ့ ဆံေတာ္ရွင္ က်ိဳက္ထီး႐ိုးဟာလည္း ၎တို႔ကို ပေဟဠိမ်ားစြာနဲ႔ အေတြးပြားေစပါတယ္။
၃။ အတာသၾကၤန္
ႏွစ္ေဟာင္းက အညစ္အေၾကးေတြကို ႏွစ္သစ္ထိ ပါမလာေအာင္ အတာေရနဲ႔ ေဆးေၾကာသန႔္စင္တဲ့ သၾကၤန္ပြဲေတာ္ဟာလည္း ျပည္ျမန္မာမွာ ေရွးယခင္ ႏွစ္ေပါင္းမ်ားစြာတည္းက တည္ရွိခဲ့တာပါ။
သၾကၤန္ပြဲေတာ္မွာ ပါဝင္ဆင္ႏႊဲခ်င္လို႔ ျမန္မာျပည္ကို တကူးတက လာေရာက္ၾကတဲ့ ႏိုင္ငံျခားသားေတြကလည္း ရွိပါတယ္။
၄။ ပုဆိုးနဲ႔ ျခင္းလုံး
ပုဆိုး အေခၚ လုံခ်ည္ နဲ႔ ျခင္းလုံးကို ျမန္မာျပည္မွာတင္မက အေရွ႕ အာရွ ႏိုင္ငံတခ်ိဳ႕မွာလည္း ေတြ႕ျမင္ႏိုင္ပါတယ္။
ဘာပဲျဖစ္ျဖစ္ပါ ခါးေတာင္း ေျမႇာင္ေနေအာင္ က်ိဳက္ၿပီး ႀကိမ္ျခင္းလုံးကို ဝိုင္းဝန္း ကစားေနၾကတဲ့ လမ္းေဘး ျခင္းဝိုင္းေလးေတြဟာ အေနာက္တိုင္းသားေတြအတြက္ အံ့ဩစရာ ျမင္ကြင္း တခုပါ။
၅။ ညာေမာင္းနဲ႔ ခ်င္တြယ္တိုင္းတာစနစ္
ျမန္မာႏိုင္ငံရဲ႕ ညာေမာင္းစနစ္ဟာ ၿဗိတိန္၊ အိႏၵိယ၊ ထိုင္း၊ မေလး၊ စကၤာပူနဲ႔ အင္ဒိုႏိုင္ငံသားေတြအတြက္ အခက္အခဲ ျဖစ္လို႔ေနပါတယ္။
ထိုမွ်သာမက မက္ထရစ္ တိုင္းတာစနစ္ကို အသုံးမျပဳတဲ့ ႏိုင္ငံတႏိုင္ငံလည္း ျဖစ္ပါတယ္။
ကမာၻမွာ မက္ထရစ္စနစ္ကို မသုံးတာဆိုလို႔ ျမန္မာ၊ လိုင္ေဘးရီးယားနဲ႔ အေမရိကန္ သုံးႏိုင္ငံသာ ရွိပါတယ္။
တိုင္းတာစနစ္ခ်င္း မတူတာကလည္း အျခားႏိုင္ငံသားေတြအတြက္ ခက္ခဲမႈတစ္ခု ျဖစ္ပါတယ္။
၆။ ေဗဒင္နဲ႔ ယၾတာ
ႏိုင္ငံတိုင္းမွာ အယူသီးမႈ ကိုယ္စီ ရွိတတ္ၾကပါတယ္။ ျမန္မာျပည္မွာလည္း ေဗဒင္ယၾတာအစီအမံေတြကို ယုံၾကည္သူေတြ အမ်ားႀကီးရွိပါတယ္။
ဝန္ႀကီးခ်ဳပ္ေဟာင္း ဦးႏုက မေကာင္းဆိုးဝါးေတြကို ေျခာက္လွန႔္ ေမာင္းထုတ္ဖို႔ ယၾတာအစီအမံနဲ႔ ဘုရားေစတီ ၆ ေသာင္းေက်ာ္ တည္ထားခဲ့သလို ဗိုလ္ခ်ဳပ္ေနဝင္းဟာလည္း ေဗဒင္ဆရာရဲ႕ စကားကို နားေထာင္ၿပီး ဘယ္ေမာင္းကေန ညာေမာင္းစနစ္ကို ေျပာင္းလဲေစခဲ့ပါတယ္။
ႏိုင္ငံ့ေခါင္းေဆာင္ေတြက အစ ေဗဒင္ယၾတာေတြအတိုင္း တိုင္းျပည္ကို စီမံေနခဲ့ျခင္းက ႏိုင္ငံျခားသားေတြအတြက္ ထူဆန္းလို႔ေနပါတယ္။
၇။ သယံဇာတနဲ႔ သဘာဝ ေတာေတာင္ေရေျမ
ပတၱျမားနဲ႔ ေက်ာက္စိမ္း အပါအဝင္ အျခားသယံဇာတေတြ ေပါမ်ားစြာ ထြက္ရွိရာ၊ စုံလင္လွတဲ့ ငွက္မ်ိဳးစိတ္ေတြနဲ႔ သားရဲတိရစာၦန္တို႔ က်င္လည္ က်က္စားရာ သဘာဝ ေတာအုပ္ႀကီးေတြရွိတဲ့ ျပည္ျမန္မာဟာ ႏိုင္ငံျခားသားေတြ အတြက္ေတာ့ စူးစမ္း ေလ့လာစရာေတြ မကုန္ခမ္းႏိုင္တဲ့ စာအုပ္ႀကီး တစ္အုပ္ ျဖစ္ေနပါတယ္။
Wai Lin, Nine Thuwun အား ေလးစားစြာ ခရက္ဒစ္ ေပးပါသည္။