အထွေထွေဗဟုသုတ

သင်က ညဘက်အိပ်ရင် ဖက်စရာတစ်ခုခု ရှိမှ အိပ်ပျော်တတ်သူတစ်ယောက်ဆိုရင်ဖတ်ကြည့်ပါ

ဒါဆိုရင် ဖတ်ကြည့်လိုက်ပါ

ညဘက်မှာ တစ်ခုခု ဖက်စရာမှ ဘေးမှာ မရှိရင် အိပ်လို့ မရဘူးဆိုတဲ့ သူတွေကို တွေ့ဖူးမယ်ထင်ပါတယ်။ဒါမှမဟုတ် သင်ကိုယ်တိုင်က လည်း ဖက်စရာတစ်ခုခုကို အိပ်ခါနီးတိုင်း လိုအပ်နေတတ်သူလား။

အိပ်ရာမှ ဖက်စရာ တစ်ခုခုရှိမှ အိပ်ပျော်တယ်ဆိုတဲ့ နောက်ကွယ်မှာ ဒီအကြောင်းပြချက်တွေ ရှိနေပါတယ်။ ကိုယ်နှင့် တိုက်ဆိုင်လားဆိုတာ ဆက်လက်ဖတ်ရှုလိုက်ကြပါဦးနော်။

၁။အထီးကျန်ခြင်းမုန်းတီးသူ

ညဘက်မှာတစ်စုံတစ်ခုကို ဖက်အိပ်ရခြင်းကို သဘောကျတဲ့ တစ်စုံတစ်ယောက် ကတော့ သူ့ရဲ့ အတွေ့အကြုံကို ရှင်းပြပါတယ်။

ဖက်ခေါင်းအုံးပဲဖြစ်ဖြစ် အရုပ်ပဲဖြစ်ဖြစ် ဖက်ရတဲ့ အခါမှာ ရတဲ့ ခံစားချက်က ကိုယ်ချစ်ရတဲ့ တစ်စုံတစ်ယောက်ကို ဖက်ရတဲ့ အခါမှာ ခံစားရသလို နွေးထွေးမှုနှင့် အထီးကျန်မှုတွေကို ပြေပျောက်စေတယ်လို့ဆိုပါတယ်။

တစ်နေကုန် ပင်ပန်းပြီးတဲ့ နောက်တစ်ယောက်တည်း အိပ်ရတဲ့ အခါမှာ အထီးကျန်ခြင်းကို ခံစားနေမယ့်အစား တစ်စုံတစ်ခုကို ဖက်ပြီး အိပ်ပျော်သွားတာက သိပ်ကို ကောင်းတဲ့ခံစားချက်လို့ ဆိုပါတယ်။

၂။သံယောစဉ်ကြီးမားသူ

ဖက်စရာတစ်ခုခုရှိမှ အိပ်ပျော်တတ်သူတွေက အလွယ်တကူပဲ ခင်တွယ်တတ်သူတွေဖြစ်ပြီး သံယောစဉ် ကြီးမားတတ်ကြလို့ပဲဖြစ်ပါတယ်။

ဖက်စရာတစ်ခုခုနှင့် အိပ်တတ်တဲ့ သူတစ်ယောက်ဟာ ဆက်ဆံရေးတွေ အထူးသဖြင့် မိသားစု မှာနွေးထွေးကူညီတတ်ပြီး ချစ်ခြင်းတွေကို ပေးကြလေ့ရှိပါတယ်။

၃။ဖက်ခြင်းအလေ့အထရှိနေသူ

ဖက်ခြင်းက ကျွန်မတို့ကို နွေးထွေးတဲ့ စိတ်ခံစားမှုကို ရစေပါတယ်။ ဒါကြောင့် ကိုယ်ချစ်တဲ့ သူကို ဖက်လေ့ရှိတဲ့ သူတစ်ယောက်ဟာ တစ်ယောက်တည်း အိပ်စက်ရတဲ့ အခါမှာ ဖက်အိပ်ချင်တဲ့ အလေ့အထရှိနေတာကြောင့် တစ်စုံတစ်ခုကို မဖက်ဘဲ အိပ်မပျော်တာပဲဖြစ်ပါတယ်။

၄။စိတ်ဓာတ်ကျနေချိန်

စိတ်ဓာတ်တွေကျပြီး ဘာမှလုပ်ချင်စိတ်မရှိတဲ့ အခါမှာ လူတိုင်း ကအိပ်ရာထဲမှာ လှဲနေကြလေ့ရှိပါတယ်။

အိပ်ပျော်သွားတာမဟုတ်ဘဲ လမ်းပျောက်နေတဲ့ခံစားချက်များကြောင့် သင့်ကို စိတ်ပင်ပန်းစေပါတယ်။အဲ့ ဒီ့အချိန်မှာ တစ်စုံတစ်ခုကို ဖက်ပြီး အိပ်ပျေ်ာအောင်လုပ်မယ်ဆိုရင်တော့ သင့်ကို စိတ်သက်သာရာရစေမှာပဲဖြစ်ပါတယ်။

credit original

Leave a Reply

Your email address will not be published. Required fields are marked *