အထွေထွေဗဟုသုတ

အိုဟောင်းနေသော ဒဏ္ဍာရီ (သို့) “တပြည်သူမရွှေထား ” ဝတ္ထုထဲက တကယ်တည်ရှိနေသော ပြည်မြို့က ထားသခင်တို့မိသားစု နေခဲ့ကြတဲ့ အရေးပိုင်အိမ်ကြီး…

အိုဟောင်းနေသော ဒဏ္ဍာရီ (သို့) “တပြည်သူမရွှေထား ” ဝတ္ထုထဲက တကယ်တည်ရှိနေသော ပြည်မြို့က ထားသခင်တို့မိသားစု နေခဲ့ကြတဲ့ အရေးပိုင်အိမ်ကြီး…

တပြည်သူမရွှေထားရေ…အခြေမတူ ဘဝအနေခြားနေ…

ပြည်မြို့ကိုနောက်ခံထားပြီး ရေးသားခဲ့တဲ့ ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်ရဲ့ “တပြည်သူမရွှေထား ” ဝတ္ထုထဲက ထားသခင်တို့မိသားစု နေခဲ့ကြတဲ့ အရေးပိုင်အိမ်ကြီးဟာ ပြည်မြို့မှာ တကယ်ရှိပါတယ်။

တက္ကသိုလ် ဘုန်းနိုင်ရဲ့ တပြည်သူ မရွှေထား ဝတ္ထုကို ရုပ်ရှင် ပြန်ရိုက်တဲ့ အခါမှာ အောင်မြင် ခဲ့ပြီး ထား အဖြစ် သရုပ်ဆောင်ခဲ့သော မေသန်းနုတို့ နေအိမ် အဖြစ်လဲ နာမည်ကြီးလှပါတယ်။

ယခု ခေတ်နောက်ပိုင်းမှာဆိုရင်တော့ တပြည်သူ မရွှေထား စံအိမ် ဆိုပြီး ပြည်မြို့သို့ လာရောက် လည်ပတ်သော ခရီးသွားများအား ဆွဲဆောင်ထားသော စံအိမ်တစ်ခုလဲ ဖြစ်ပါတယ်။

ပြည်မြို့ကနေ ဝင်ဝင်ချင်း နဝဒေးတံတားထိပ်က မင်းကြီးတောင်ပေါ်မှာ ယနေ့ထက်တိုင် ထီးထီးမားမားတည်ရှိနေဆဲပါ။

ရှေးခေတ်က အရေးပိုင်မင်းများ ရုံးစိုက်ပြီး နေထိုင်ခဲ့ကြတဲ့ရှေးဟောင်းအိမ်ကြီးတစ်လုံးလည်းဖြစ်ပါတယ်။

အိမ်ထဲမှာတော့ စစ်တပ်ထဲကလို့သိရတဲ့ လင်မယားနှစ်ယောက် နေထိုင်ပြီး အိမ်ပေါ်တက်ရင် သူတို့ဆီခွင့်တောင်းရပါတယ်။

မင်းကြီးတောင်ပေါ်မှာ အဆိုပါ အိမ်မျိုး နောက်တစ်လုံးလည်း ရှိနေပါသေးတယ်။

တစ်လုံးက မင်းကြီးတောင်ရဲ့ဘယ်ဘက်ခြမ်းမှာ တည်ရှိပြီး မနည်းလေးသွားရပါတယ်။

အိမ်က ထားသခင်ရဲ့အိမ်ထက် ပို​ဟောင်းနွမ်းပြီး ညစ်ပတ် စုတ်ပျက်ကာ သရဲခြောက်တယ်ဆို၍လည်း နာမည်ကြီးပါတယ်။

ဝတ္ထုထဲကအိမ်နဲ့ တချို့မှားယွင်းပြီး သွားလည်တတ်ကြပါတယ်။ ယခု ထားသခင်ရဲ့အိမ်ကြီးက နဝဒေးတံတားဘက် ဧရာဝတီမြစ်ကမ်းနဖူးအပေါ်မှာ ရှိပါတယ်။

မင်းကြီးတောင်ရဲ့ ညာဘက်အခြမ်းလို့ဆိုနိုင်ပါတယ်။ အိမ်ကြီးကိုသွားတဲ့လမ်းမှာ ရာဇဝင်ထဲက မင်းသမီးလေး ဗေဒါရီရဲ့ ဂူကိုလည်း တွေ့မြင်နိုင်မှာပါ။

မင်းကြီးတောင်တက်လမ်းဟာ ကြမ်းတမ်းမတ်စောက်သည့်အတွက် ဆိုင်ကယ်နဲ့တက်ရင်မနည်းသတိထားတက်ရပါတယ်။

လူခြေပျက်ချိန်တို့ ညဘက်တို့ဆိုလျှင် လုယက်တတ်သည့်အတွက် သတိနဲ့ သွားရောက်လည်ပတ်သင့်ပါတယ်။

စံအိမ်ကိုရောက်ပြန်တော့လည်း အိုဟောင်းနေတဲ့ စံအိမ်ကြီးက ခြောက်ခြားဖွယ် ဆွဲဆောင်လျက် ရှိပါတယ်။

တောင်ပေါ်ကနေ ပြည်မြို့ရဲ့အလှကို ရှုစားနိုင်မှာဖြစ်ပြီး ထားသခင်ရဲ့အိမ်ကြီးကနေ နဝဒေးတံတားနှင့် ဧရာဝတီမြစ်ကြီးရဲ့အလှအပကိုလည်း ခံစားနိုင်မှာဖြစ်ပါတယ်။

စံအိမ်ကြီးတည်ရှိတဲ့ နေရာက တကယ့်အဓိကနေရာ တောင်ထိပ်ပေါ်မှာဖြစ်နေတာရယ်၊ သစ်ရိပ် ဝါးရိပ်တွေရယ် ၊ တောင်ပေါ် ရှုခင်းတွေ နဲ့

ကိုလိုနီခေတ်က တည်ဆောက်ထားတာဖို့ အနောက်တိုင်းဆန်ပြီး အိုဟောင်းနေပေမယ့် ဂန္တဝင်မြောက်လွန်းတဲ့အိမ်ကြီးကတော့ ခရီးသွားများကို ဆွဲဆောင်ထားနေတုန်းပါပဲ။

ဆရာ့ပရိသတ်တွေကို တနေ့အခါအခွင့်သင့်တဲ့အခါ လာလည်ပါလို့ ဖိတ်ခေါ်ပါရစေ….။

“လွမ်းတယ်ဆိုတာ ငိုချင်တာမျိုး၊ ဒါပေမဲ့ ရင်ထဲမှာငိုပြီး ရင်ထဲမှာတိတ်တာ”

မူရင်း beautiful of Myanmar Page မှ ပြန်လည်မျှဝေပါသည်။ လေးစားစွာဖြင့် ခရက်ဒစ်

#photocredit

zawgyi

အိုေဟာင္းေနေသာ ဒ႑ာရီ (သို႔) “တျပည္သူမေ႐ႊထား ” ဝတၳဳထဲက တကယ္တည္ရွိေနေသာ ျပည္ၿမိဳ႕က ထားသခင္တို႔မိသားစု ေနခဲ့ၾကတဲ့ အေရးပိုင္အိမ္ႀကီး…

တျပည္သူမေ႐ႊထားေရ…အေျခမတူ ဘဝအေနျခားေန…

ျပည္ၿမိဳ႕ကိုေနာက္ခံထားၿပီး ေရးသားခဲ့တဲ့ ဆရာႀကီးတကၠသိုလ္ဘုန္းႏိုင္ရဲ႕ “တျပည္သူမေ႐ႊထား ” ဝတၳဳထဲက ထားသခင္တို႔မိသားစု ေနခဲ့ၾကတဲ့ အေရးပိုင္အိမ္ႀကီးဟာ ျပည္ၿမိဳ႕မွာ တကယ္ရွိပါတယ္။

တကၠသိုလ္ ဘုန္းႏိုင္ရဲ႕ တျပည္သူ မေ႐ႊထား ဝတၳဳကို ႐ုပ္ရွင္ ျပန္႐ိုက္တဲ့ အခါမွာ ေအာင္ျမင္ ခဲ့ၿပီး ထား အျဖစ္ သ႐ုပ္ေဆာင္ခဲ့ေသာ ေမသန္းႏုတို႔ ေနအိမ္ အျဖစ္လဲ နာမည္ႀကီးလွပါတယ္။

ယခု ေခတ္ေနာက္ပိုင္းမွာဆိုရင္ေတာ့ တျပည္သူ မေ႐ႊထား စံအိမ္ ဆိုၿပီး ျပည္ၿမိဳ႕သို႔ လာေရာက္ လည္ပတ္ေသာ ခရီးသြားမ်ားအား ဆြဲေဆာင္ထားေသာ စံအိမ္တစ္ခုလဲ ျဖစ္ပါတယ္။

ျပည္ၿမိဳ႕ကေန ဝင္ဝင္ခ်င္း နဝေဒးတံတားထိပ္က မင္းႀကီးေတာင္ေပၚမွာ ယေန႔ထက္တိုင္ ထီးထီးမားမားတည္ရွိေနဆဲပါ။

ေရွးေခတ္က အေရးပိုင္မင္းမ်ား ႐ုံးစိုက္ၿပီး ေနထိုင္ခဲ့ၾကတဲ့ေရွးေဟာင္းအိမ္ႀကီးတစ္လုံးလည္းျဖစ္ပါတယ္။

အိမ္ထဲမွာေတာ့ စစ္တပ္ထဲကလို႔သိရတဲ့ လင္မယားႏွစ္ေယာက္ ေနထိုင္ၿပီး အိမ္ေပၚတက္ရင္ သူတို႔ဆီခြင့္ေတာင္းရပါတယ္။

မင္းႀကီးေတာင္ေပၚမွာ အဆိုပါ အိမ္မ်ိဳး ေနာက္တစ္လုံးလည္း ရွိေနပါေသးတယ္။

တစ္လုံးက မင္းႀကီးေတာင္ရဲ႕ဘယ္ဘက္ျခမ္းမွာ တည္ရွိၿပီး မနည္းေလးသြားရပါတယ္။

အိမ္က ထားသခင္ရဲ႕အိမ္ထက္ ပို​ေဟာင္းႏြမ္းၿပီး ညစ္ပတ္ စုတ္ပ်က္ကာ သရဲေျခာက္တယ္ဆို၍လည္း နာမည္ႀကီးပါတယ္။

ဝတၳဳထဲကအိမ္နဲ႔ တခ်ိဳ႕မွားယြင္းၿပီး သြားလည္တတ္ၾကပါတယ္။ ယခု ထားသခင္ရဲ႕အိမ္ႀကီးက နဝေဒးတံတားဘက္ ဧရာဝတီျမစ္ကမ္းနဖူးအေပၚမွာ ရွိပါတယ္။

မင္းႀကီးေတာင္ရဲ႕ ညာဘက္အျခမ္းလို႔ဆိုႏိုင္ပါတယ္။ အိမ္ႀကီးကိုသြားတဲ့လမ္းမွာ ရာဇဝင္ထဲက မင္းသမီးေလး ေဗဒါရီရဲ႕ ဂူကိုလည္း ေတြ႕ျမင္ႏိုင္မွာပါ။

မင္းႀကီးေတာင္တက္လမ္းဟာ ၾကမ္းတမ္းမတ္ေစာက္သည့္အတြက္ ဆိုင္ကယ္နဲ႔တက္ရင္မနည္းသတိထားတက္ရပါတယ္။

လူေျခပ်က္ခ်ိန္တို႔ ညဘက္တို႔ဆိုလွ်င္ လုယက္တတ္သည့္အတြက္ သတိနဲ႔ သြားေရာက္လည္ပတ္သင့္ပါတယ္။

စံအိမ္ကိုေရာက္ျပန္ေတာ့လည္း အိုေဟာင္းေနတဲ့ စံအိမ္ႀကီးက ေျခာက္ျခားဖြယ္ ဆြဲေဆာင္လ်က္ ရွိပါတယ္။

ေတာင္ေပၚကေန ျပည္ၿမိဳ႕ရဲ႕အလွကို ရႈစားႏိုင္မွာျဖစ္ၿပီး ထားသခင္ရဲ႕အိမ္ႀကီးကေန နဝေဒးတံတားႏွင့္ ဧရာဝတီျမစ္ႀကီးရဲ႕အလွအပကိုလည္း ခံစားႏိုင္မွာျဖစ္ပါတယ္။

စံအိမ္ႀကီးတည္ရွိတဲ့ ေနရာက တကယ့္အဓိကေနရာ ေတာင္ထိပ္ေပၚမွာျဖစ္ေနတာရယ္၊ သစ္ရိပ္ ဝါးရိပ္ေတြရယ္ ၊ ေတာင္ေပၚ ရႈခင္းေတြ နဲ႔

ကိုလိုနီေခတ္က တည္ေဆာက္ထားတာဖို႔ အေနာက္တိုင္းဆန္ၿပီး အိုေဟာင္းေနေပမယ့္ ဂႏၲဝင္ေျမာက္လြန္းတဲ့အိမ္ႀကီးကေတာ့ ခရီးသြားမ်ားကို ဆြဲေဆာင္ထားေနတုန္းပါပဲ။

ဆရာ့ပရိသတ္ေတြကို တေန႔အခါအခြင့္သင့္တဲ့အခါ လာလည္ပါလို႔ ဖိတ္ေခၚပါရေစ….။

“လြမ္းတယ္ဆိုတာ ငိုခ်င္တာမ်ိဳး၊ ဒါေပမဲ့ ရင္ထဲမွာငိုၿပီး ရင္ထဲမွာတိတ္တာ”

မူရင္း beautiful of Myanmar Page မွ ျပန္လည္မွ်ေဝပါသည္။ ေလးစားစြာျဖင့္ ခရက္ဒစ္

#photocredit

Leave a Reply

Your email address will not be published. Required fields are marked *