ပျောက်ကွယ်သွားပြီဖြစ်တဲ့ ငယ်ငယ်က ဗီဒီယိုရုံ ယဉ်ကျေးမှု…
တလောက ရွာပြန်သွားတော့..ဘောလုံးကွင်းဘေးက ခြံဝင်းလေးဟာ အပင်တွေအများကြီးနဲ့ တောထနေပြီ။
ငှက်ပျောပင်စိမ်းစိမ်းလေးတွေ တံမြက်စည်းပင်လေးတွေနဲ့ တောထူနေတဲ့ ဒီခြံလေးဟာ တစ်ချိန်တုန်းက ဗီဒီယို ရုံလေးရှိ ခဲ့ဖူးတယ်လို့ ဆယ်နှစ်ကျော် အရွယ်တူလေးကို ပြောလိုက်ရင် သူသိပါ့ မလား။
အနည်းဆုံးတော့ ဗီဒီယို ရုံဆိုတာဘာလဲဟင် ဒေါ်လေး လို့ ကျွန်မကိုပြန်မေးမှာပဲ။
ဟုတ်တယ်လေ မွေးကတည်းက အိမ်မှာ အောက်စက်နဲ့ စီဒီလေးနဲ့ ကြည့် ချင်တဲ့ဇာတ်ကား အချိန်မရွေး ထကြည့်လို့ ရေနတဲ့ တူလေးအတွက် ဗီဒီယိုရုံ ဆိုတာ အဓိပ္ပာယ်ဖော်ရခက်တဲ့ စကားလုံး တစ်ခုဖြစ်သွားပြီ။
မှတ်မိသလောက်ဆို ကျွန်မ နှစ်တန်း၊သုံးတန်း အသက်ရှစ်နှစ် ကိုးနှစ်အရွယ်မှာ ဒီ ဗီဒီယိုရုံ ဆိုတဲ့ စကားလုံးနဲ့ စရင်းနှီးခဲ့တာပါ။
တီဗွီနဲ့ အောက်စက်ဆိုတာ ဘယ် ဈေးပေါက်နေမှန်းမသိပေမယ့် တစ်ရွာလုံးမှာ ပိုက်ဆံရှိတဲ့ သူနှစ်ဦးပဲ ပိုင်တယ် ဆိုကတည်းက တော်ရုံဈေးတော့မဟုတ် ဘူးထင်ပါရဲ့။
ဗီဒီယိုရုံဟာ လူတစ်ရာ ကျော်ကျော် ဆန့်လောက်တဲ့ အကျယ်အဝန်းရှိပြီ တီဗြီကို စင်ကလေးနဲ့ တင်ထားရပါတယ်။ အမိုးကိုတော့ ဓနိမိုးနဲ့ မိုးထားပြီး မိုးတွင်း ဆိုရင်တော့ မိုးယိုလေ့ရှိတယ်။
စင်နား အရှေ့တန်းမှာတော့ ကေလးအေမေတြ ကေလးတိုးလိုး တွဲလောင်းနဲ့ ကြည့်လို့ ရအောင် ဆာလာအိတ်လေးခင်းထား တယ်။
ရုံအလယ်တန်းနဲ့ နောက်မှာတော့ ခြေထောက်ချထိုင်လို့ရတဲ့ ဝါးခုံတန်းရှည် လေး ခင်းထားပြီးများသောအားဖြင့် လူပျို၊အပျိုနဲ့ အိမ်ထောင်သည် ယောက်ျား လေး ကြည့်ဖို့ဖြစ်တယ်။
ကလေးနှစ်ကျပ်၊ လူကြီးငါးကျပ် ဆိုပြီး ဗီဒီယိုရုံမှာ ဘာကားလေးပြတယ် ဆိုတာ မနက်ကတည်းက ကျောက်သင် ပုန်းမှာ ရောင်စုံမြေဖြူ လေးနဲ့ ရေးထား တယ်။
တခါတေလ ဇာတ္ကား ပိုစတာ လေးပါကပ်ထားသေးတယ်။ ငါးနှစ် အောက်ကလေး တွေတော့ အမေတွေနဲ့ ကပ်လိုက်လို့ရတယ်။ ပိုက်ဆံပေးစရာ မလို။
ဇာတ္ကားကေတာ့ မြန်မာကား အသစ်တစ်ကားနဲ့ အဟောင်းတစ်ကား၊ ဒါမှမဟုတ် မြန်မာဇာတ်ကားအသစ် တစ်ကားနဲ့ နိုင်ငံခြားကားတစ်ကား။
အမြဲတမ်းနှစ်ကားတွဲပြလေ့ရှိတယ်။ တခါတေလ သုံးလေးရက်နဲ့ ကားလဲ တတ်ပြီ တခါတေလ တစ်ပတ်လောက် ကြာမှ ဇာတ်ကားအသစ်လဲတတ်တယ်။
ဇာတ်ကားကြော်ငြာကို ညနေပိုင်း သုံးလေးနာရီမှာ မြင်းလှည်းလေးနဲ့ပိုစတာ တွေကပ်၊ လောစပီကာ၊ မိုက်နဲ့ ရွာစဉ် လှည့် ကြော်ငြာတယ်။
ကိုချမ်းမွန် နဲ့ ဦးအေးကြိုင် ဆိုတဲ့ ပိုင်ရှင်နှစ်ဦးပိုင်တဲ့ ဗီဒီယိုရုံနှစ်ရုံမှာ ကျွန်မတို့ကတော့ ကိုချမ်းမွန် ရုံကို ပိုကြည့်ဖြစ်တယ်။ သူက အိမ်နားနဲ့နီး တာလည်းပါသလို.. အဲဒီတုန်းက အဲဒီအကိုကြီးချောတာလည်းပါတာပေါ့လေ။
ကျွန်မအမေဟာ အဲဒီတုန်းက ခေတ်စားနေတဲ့ နာမည်ကြီးမင်းသားသီဟတင်စိုး ကိုအရမ်းကြိုက်တဲ့သူပါ။ ကျွန်မအမေ တင်မက အေမလို အရွယ် အိမ်ထောင်သည်တိုင်း သီဟတင်စိုး ကိုကြိုက်ကြတယ်။
ဒါကြောင့် ကျွန်မညီမက သူ အသားမည်းတာဟာ အမေသီဟတင်စိုး အကြည့်များလို့ဖြစ်မယ် လို့ မကြာခဏ ပြောလေ့ရှိတယ်။
သီဟတင်စိုး ဇာတ်ကား ဆိုရင်ကျွန်မငယ်ငယ်တုန်းက အကုန် ကြည့်ဖူးတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမေက သီဟတင်စိုး ကားတိုင်းသွား ကြည့်တာလေ။ ကျွန်မလည်း အမေနဲ့ ကပ်ကြည့်တာပေါ့။
အကြိုက်ဆုံး ဇာတ်ကားကတော့ တုံးအောက်ကဖား နဲ့ ပျံလေတဲ့ငှက်ခါး ဆိုတဲ့ကားပေါ့။ သူဟာ ကျွန်မတို့ ကလေးတွေ အတြက္ကေတာ့ လွတ် လပ်ရေးဖခင်ကြီး ပါပဲလေ။
သူ့ကားဆို အမြဲလွတ်လပ်ရေးရဖို့ တိုက်နေတာကို..။ တခါတေလသူက အလွမ်းကားတွေလည်း ရတယ်။
ကျွန်မတို့ကလေးတွေအကြိုက် ကေတာ့ သီဟတင်စိုးမဟုတ်ပါဘူးလေ။ ရဲမင်းပိုင်တို့ ရဲကိုကိုတို့ နေထက်လင်း တို့ပေါ့။
ဒါပေမယ့် ကလေးဆိုတော့ ကိုယ် ကြည့်ချင်တိုင်းကြည့်ဖို့ ပိုက္ဆံမရွိ။ ဒါကြောင့် လူကြီးတွေကြည့်တဲ့ ကားပဲ ကြည့်ရတာပေါ့။ ကျွန်မတို့ ကြိုက်တဲ့ မင်းသားတွေကို ဗီဒီယို အရပ်ပြတဲ့ အခါက်မွပဲ ကြည့်ရတာပေါ့။
(ဗီဒီယို အရပ်အကြောင်းကို နောက်ပိုင်း အသေး စိတ် ထပ်ရှင်းပါ့မယ်)
ဒီနေ့ ဗီဒီယိုရုံမှာ ဘာပြလဲဆိုတာ ကျောင်းလွှတ်ချိန်ကတည်းက သြား ချောင်းပြီပြီ။ သီဟတင်စိုးကားဆိုရင် တော့ အေမ့ကို မြန်မြန်သတင်းပို့လိုက် တယ်။
အဲဒါဆိုအေမက သူ့ဘော်ဒါ တွေကို ထမင်းမြန်မြန်စား ရေမြန်မြန် ချိုးဖို့ ဆော်ဩတော့တာပဲ။ ည ၇ နာရီ လောက်ဆိုရင်တော့ အမေတို့ တစ်အုပ် ဗီဒီယိုရုံကို ချီတက်ပြီလေ။ ကျွန်မတို့ ကေတာ့ မခေါ်လည်း အတင်းလိုက်တဲ့ သူတွေပေါ့။
နွေကျောင်းပိတ်ချိန်ဆို ဗီဒီယိုရုံက နေ့ဘက်လည်းပြတယ်။ အဲချိန်ဆိုကလေး တွေအကြည့်များတယ်..။ ကျွန်မဆို နေ့ဘက်ပြတဲ့ ဗီဒီယိုရုံရှေ့မှာ ပီလောပီနံဥ ရောင်းပြီ မုန့်ဖိုးရှာခဲ့ဖူးတာ သတိရပါရဲ့..။
ကျွန်မတို့ ရွာက ဗီဒီယိုရုံ နှစ်ရုံဟာ ပြိုင်ဘက်တွေပဲ။ သူတို့ဟာ တစ်ရုံက သီဟတင်စိုးပြရင် နောက်တစ်ရုံကတော့ နေထက်လင်းပြတယ်။ ကျွန်မတို့မှာ နေထက်လင်းပြတဲ့ ရုံမှာသွားကြည့်ချင် ပေမယ့်လည်း သီဟတင်စိုးပြတဲ့ရုံကို အမေနဲ့ လိုက်ရတာပဲလေ။
မှတ်မှတ် ရရ ကျွန်မဟာ အမေနဲ့လိုက်ပြီး အပတ် တိုင်းဗီဒီယို သွားကြည့်လေ့ရှိတယ်။
သွားကြည့်တိုင်းက ငါးတန်းမှာ မြန်မာစာသင်တဲ့ ဆရာနဲ့ အမြဲတမ်းတိုး တယ်။ သူလည်းသီဟတင်စိုး ပရိသတ် ထင်ပါရဲ့။
ကျွန်မဆို ဗီဒီယိုရုံရောက်ရင် သူ့ကို အရင်ရှာရတယ်။ တွေ့ပြီဆိုရင် သူမမြင် ရတဲ့ နေရာမှာ သွားနေရတယ်။
ဒါပေမယ့် သူကေတာ့ ကျွန်မကို အမြဲတွေ့လေ့ရှိတယ်။ မှတ်မှတ်ရရ ငါးတန်းပထမအစမ်းစာမေးပွဲဖြေတော့ ကျွန်မဟာ အဖြေတစ်ခုကို စဉ်းစားမရ ဖြစ်နေတယ်။
အဲအချိန်မှာ ဆရာက ကျွန်မအနားကပ်လာပြီ ပြန်ဖြေလိုက်လေ ကြည့်ထားတဲ့ ဇာတ်ကားနာမည်တွေ၊ မင်းသားနာမည်တွေ ဆိုပြီ အတည် ပေါက်နဲ့ လာပြောဖူးတယ်။
ကျွန်မတို့အမေတွေက ရှေ့မှာထိုင် ကြည့်လေ့ရှိပြီး ကျွန်မတို့လို ဟိုမရောက် ဒီမရောက် တွေကတော့ အပျိုတွေ ထိုင် တဲ့ နောက်တန်းတွေမှာ သွားထိုင်တယ်။
ဘာဖြစ်လို့လဲဆိုတော့ အဲလို နောက်တန်း မွာ သွားသွားထိုင်ရင် မုန့်အမြဲစားရလေ့ ရှိတယ်။..
ကိုယ်ထိုင်တဲ့ဘေးက ကိုယ့် အသိ အပျိုမလေးတွေဆိုရင် နောက်မှာ သူတို့တွေကို ပိုးတဲ့ လူပျိုလေးတွေက ကျွန်မတို့ ကလေးတွေကို မုန့်လှမ်းလှမ်း ပေးလေ့ရှိတယ်။
သူတို့ရည်ရွယ်ချက်ကတော့ သူတို့ ပိုးတဲ့ အပျိုလေးတွေကို တိုက်ရိုက် မေပး ရဲလို့ ကျွန်မတို့ကနေတဆင့် ပေးတာပေါ့။
ကျွန်မတို့ကတော့ သူတို့ပေးချင်တဲ့ အပျိုလေးတွေကို မုန့်တွေနည်းနည်းပဲ ဖဲ့ပေးတာပါ။ ကျန်တာ အကုန်စားပစ် လိုက်တာပဲ..။
သူတို့ကတော့ ကျွန်မတို့ အကုန် စားလိုက်လည်း ဘာမှမပြောရဲဘူး။ တခါ တေလ အဲအပျိုလေးတွေက သူတို့ပေး တာတွေ အိုက်တင်ခံပြီး မစားကြတာ တွေလည်းရှိတယ်။ အဲလိုအချိန်ဆို ဗိုက်ခွေးနမ်းတာပဲ..။
တကယ်တော့ ရွာက ယောက်ျား လေးတွေဟာ အဲအချိန်မှာ အဲဒီဗီဒီယို ရုံကနေတဆင့် လူပျိုပိုးရတာပါ။ ဗီဒီယို က ည ၇ နာရီ ၈ နာရီစပြပြီး နှစ်ကား ဆိုတော့ သန်းခေါင်နားနီးမှ ပြီးတတ် တယ်။
ညဘက်လူပျိုလှည့်ဖို့ အပျိုလေး တွေအိမ်လည်း တည့်မသွားရဲတဲ့ ကာလ သားတွေဟာ ဗီဒီယိုရုံရှေ့မှာ သူတို့ကြိုက် တဲ့ အပျိုလေးတွေ လာမလာ ရစ်သီ ရစ်သီ လုပ်လေ့ရှိတယ်။
လာတယ်ဆိုတာတွေ့ရင်တော့ မုန့်တွေ တစ်ပွေ့ကြီးနဲ့ ရုံထဲပျော်ပျော် ဝင်ကြတော့တာပဲ။ ပြီးရင်ကောင်မလေး တွေ ထိုင်တဲ့နောက်နားကနေ မလှမ်း မကမ်းထိုင်ပေါ့။
ဗီဒီယိုပြီးရင် အပျိုလေးတွေဟာ အုပ်စုလိုက်အိမ်ပြန်ကြတယ်။ အဲအချိန် လ ကလည်းသာ ကြယ်တွေကလည်း လင်းအပြန်လမ်းက လည်း ဘောလုံးကွင်းကိုဖြတ်ရတာဆိုတော့ တိမ်လေးတွေ ဆော့ပြေး နေတာကြည့်ရင်း အရမ်းသာယာတာပဲ။
ကောင်လေးတွေဟာ ကောင်မလေးတွေနောက် မလှမ်းမကမ်း လိုက်တယ်။ အိမ်နားရောက်ရင် ခြေလှမ်းသွက်သွက်နဲ့ အမီလိုက်တယ်။
အခုမှ ပိုးကာစဆို ချစ်တယ် ကြိုက်တယ် ကို ကောင်မလေးတွေ အိမ်ရောက်လို့ အိမ်ပေါ်မတက်ခင်မှာ အပြေးအလွှား ပြောရတယ်။
ဥပမာ- ရေတွင်းမှာ ရေငင်ရင်း ခြေဆေးနေတဲ့အချိန်လေးမှာဖြစ်ဖြစ်။
မကြိုက်တဲ့ အပျိုလေးတွေဆို အိမ်တောင်မရောက်သေးဘူး။ သူ့အမေကို အေဝးကေန တံခါးဖွင့်ပေးဖို့ လှမ်းခေါ်နေပြီ။ အဲဒါဆိုရင် တော့ အစ်ကို ကာလသားတွေအတွက်ကတော့ ဒီညမှာ မျှော်လင့် ချက်မဲ့ပြီပေါ့။
ရည်းစားဖြစ်နေပြီသား လူတွေဆိုရင်တော့ အိမ်ပေါ် မတက်ခင် ခဏလောက်တော့ ရပ်ပြီးစကားပြောကြတယ်။ သူတို့နဲ့ လိုက်ပေးတဲ့ အဖော်တွေကတော့ စောင့်ပေးပေါ့။
ဗီဒီယိုရုံကြောင့် ကျွန်မတို့ရွာမှာ အတွဲတော်တော်များများ အဆင် ပြေကြတော့ ဗီဒီယိုရုံဆိုတာ မြှားနတ်မောင်လို့တောင် ပြောလို့ရ ပါတယ်။
ဗီဒီယိုရုံ ကြောင့် အရွယ်မရောက်သေးသူတွေ အိမ်ထောင်အကျ စောတာတွေလည်းရှိရဲ့။ တခါက ရွာမှာ ရဲကိုကိုနဲ့ လင်းဇာနည်ဇော် ကား အရမ်းနာမည်ကြီးတယ်။ သူတို့ နှစ်ယောက်ဟာ ဇာတ်ကားတွေ ရိုက်လိုက်ရင် မိဘသဘောမတူလို့ ခိုးပြေးတယ်ဆိုတာချည်းပဲ။
အဲဒီ အကျိုးဆက်ကြောင့် ရဲကိုကိုနဲ့ လင်းဇာနည်ဇော် ဇာတ်ကားပြ တဲ့ညဆို ရွာမှာ တစ်တွဲ နှစ်တွဲကတော့ လင်နောက် လိုက်ကြ တော့တာ ပဲ..။ ကျွန်မတို့ ရွာက ဗီဒီယိုရုံက အဲလောက်စွမ်းတာပါ။
ဗီဒီယိုရုံကြောင့် ကျွန်မ သူငယ်ချင်း တစ်ယောက်ဟာ သေရာပါတဲ့ ဒဏ်ရာရခဲ့ဖူးတယ်..။
အဲဒီညက သူရယ် ကျွန်မရယ် နှစ် ယောက်ပဲ ဗီဒီယိုသွားကြည့်တယ်။ အိမ် ကအမေတွေ မလိုက်ကြဘူး။ မှတ်မှတ်ရရ ကျော်ရဲအောင် ဇာတ်ကား ။
အပြန်ကျတော့ မိုးတွေတအားရွာ နေတယ်။ နှစ်ယောက်သားထီးလေးနဲ့ ပြန်လာတုန်း လမ်းမှာသူကချော်လဲတယ်။ အရမ်းအပြင်းကြီးမဟုတ်တော့ ပြန်ထ နှစ်ယောက်သား အေးဆေးပြန်လာကြ တာပေါ့။
နောက်တော့ သူဟာ ချော်လဲတဲ့ ဒဏ်ရာကြောင့် ခြေထောက် ထော့နင်း ထော့နင်း ဖြစ်လာတယ်။ အနှိပ်သည် တွေနဲ့ ကုလည်း မသက်သာဘူး။ အသက် ကြီးတဲ့အထိ သူ့ခြေထောက်ဟာ ထော့ နင်းထော့နင်းနဲ့ လျှောက်နေခဲ့ရတယ်။
အဲအကြောင်း စဉ်းစားလိုက်ရင် အမြဲ စိတ်မကောင်း ဖြစ်မိတယ်။
ဗီဒီယိုရုံဟာ ဝါးထရံ ကာထားတဲ့ အတွက် နေ့လယ်ဘက်ပြရင် ပိုက်ဆံ မရှိတဲ့ ကလေးတွေ ထရံကြားချောင်း ကြည့်ကြတယ်။ ပိုင်ရှင်ကတော့ တွေ့ရင် မောင်းထုတ်တယ်။
တခါတေလ ကြည့် လည်း အရမ်းကြည့်ချင် ပိုက်ဆံကလည်း မရှိတော့ ကလေးတွေဟာ ရုံရှေ့မှာ ဇွဲရှိရှိ နဲ့ စောင့်နေလေ့ရှိတယ်။
ပိုက်ဆံ ကောက်တဲ့ သူကလည်း သုံးလေးနာရီလုံး ကို ရုံဝင်ပေါက်မှာ ရပ်မကောက်နိုင် ဘူးလေ။ ဒါကြောင့် ရုံစောင့်လစ်တာနဲ့ ခိုးဝင်ကြတာပဲ..။ ကျွန်မဆို ဖမ်းမိမှာစိုးလို့ တစ်ခါမှ ခိုးမဝင်ရဲဘူး။
ကျွန်မတို့ ရွာဟာ တစ်နှစ်မှာ တစ်ခါလောက် ဘုရားပြဲမွာ ဇာတ်ပွဲပြတဲ့ ရွာပါ။ အဲဒီတုန်းက ရွာမှာ ဖျော်ဖြေ ရေးဆိုတာ ကက်စက်မှာ ဖွင့်တဲ့ ဇာတ်လမ်းလေးတွေကလွဲပြီး မရှိဘူး။
ဒါကြောင့် ဗီဒီယိုကို တစ်ရွာ လုံးက စွဲတာဟာ အပြစ်မဟုတ်ပါဘူး။ ပိုက်ဆံရှိတဲ့သူ TV ဝယ်နိုင်တဲ့သူတွေ ကတော့ ဗီဒီယိုရုံကို လာကြည့်လေ့ မရှိဘူး။ အိမ်မှာ သူတို့ TV နဲ့ သူတို့ ရုပ်မြင်သံကြားကလာတဲ့ ဇာတ်လမ်း လေးတွေ ကြည့်ကြတယ်။
ကျွန်မတို့ ကလေးတွေကတော့ ရုပ်မြင်သံကြားဆိုရင် သတင်းတွေရှည်လို့ စောင့်မကြည့်နိုင်ဘူးပေါ့။ ပြီးတော့ သူများအိမ်မှာ မျက်နှာငယ်လေးနဲ့ သွား ကြည့်ရမှာလေ။
အဲ. ပေါင်ချိန် တို့ လိပ်ဘိုးဘိုး ဇာတ်လမ်းတွဲတွေဆိုရင် အိမ်ရှင်တွေကို မျက်နှာချိုသွေးပြီး သြား ကြည့်ရတာပေါ့။
ဗီဒီယိုရုံဟာ တစ်ခါတလေ အကြောင်း မဲ့ ပိတ်ထားတတ်တယ်။ ဘာဇာတ်ကားမှ မပြဘူးပေါ့။ ဒါပေမယ့် ညဘက်မှာ အိမ်နားက အစ်ကိုတွေက ဗီဒီယိုသွား သွားကြည့်ပြီ ပြန်လာတတ်တယ်။
အဲအချိန်ဆို ပိတ်ထားတဲ့ ဗီဒီယိုရုံမှာ သူဘာ ကားကြည့်လဲဆိုတာ ကျွန်မ မစဉ်းစားတတ်ဘူး။
အခုမှ ပြန်စဉ်းစားကြည့်တော့ ၁၈ + (အပြာကားသို့မဟုတ် အဲလို အခန်း တွေ နည်းနည်းပါတဲ့) ဇာတ်ကားတွေ ဖြစ်မယ် ထင်ပါရဲ့။
ဗီဒီယိုရုံဟာ တစ်မိုးတွင်းလုံး မပြတ် ပြတယ်။ ဒါပေမယ့် ဆောင်းနဲ့ နွေဆို ဗီဒီယိုဇာတ်ကားတွေကို ရုံနဲ့မပြတော့ ဘူး။
ဗီဒီယို အရပ်လို့ ခေါ်တဲ့ ကွင်းပြင် မှာပြတယ်။ သူက ရုံနဲ့မဟုတ်ဘူး အလ ကားပြတာ။ ကလေးတွေအတွက် အပျော် ဆုံးအချိန်တွေပေါ့။
ဘယ်သူတွေ ပြကြလဲဆိုတော့ အလှူလုပ်တဲ့သူတွေ ပြကြတယ်။ ဥပမာ- မင်္ဂလာဆောင် ၊ရှင်ပြု လိုမျိုး။ တခါ တေလ ကလေးမွေးနေ့တောင်ပြတာ ရှိ သလို သားယောက်ျားလေးမွေးလို့ .ပြတာလဲရှိတယ်။
ဗီဒီယိုအရပ် ရာသီဆိုရင် တစ်ရာသီ လုံး တစ်ရက်မှ မပြတ်တော့ဘဲ ဆက် တိုက်ပြလေ့ရှိတယ်။
တစ်ညတည်း သုံးလေးနေရာပြတာ ရွိသလို တစ်ခါတလေ အလှူတစ်ခုကိုပဲ သုံးလေးရက် ဆက်တိုက်ပြတာရှိ သေး တယ်။
ဘုရားပွဲတို့ ဘုန်းကြီးကျောင်း ရေစက်ချပွဲတို့ဆိုရင်လည်း ဗီဒီယို အရပ်ပြတာပဲ။ ကလေးတွေ စာမေး ပွဲအောင်လို့ ပြတာတောင် ရှိတယ်။
မှတ်မှတ်ရရ တခါဗီဒီယိုအရပ်ပြဖို့ ဘာအလှူအထိမ်းအမှတ်မှ မရွိဘူး။ အဲ တော့ အိမ်တစ်အိမ်က နွားထီးလေးမွေးလို့ ဆိုပြီးပြတယ်။
တကယ်တော့ ဗီဒီယိုအရပ်ပြရင် အနီဒေါင်တို့ အံကလုံတို့လို လောင်း ကစားဝိုင်းတွေလည်း တွဲပါတတ်တယ်။ အဲဒါကို ရပ်ကွက်လူကြီးတွေက အကောက် (အခွန်)ကောက်တယ်။
ဒါကြောင့် ဗီဒီယို အရပ်ပြဖို့ဆိုရင် တခါတေလ ဘာအထိမ်း အမှတ်မှ မယ်မယ်ရရ မရှိလည်း ရပ်ကွက် လူကြီးက သူ့အစီအစဉ်နဲ့သူ ပြတာမျိုး လည်း ရှိတယ်။
နွေဘက်ဆိုရင် ကျွန်မတို့က မနက် ကတည်းက ဘယ်မှာဗီဒီယိုအရပ် ရွိလဲ ဆိုတာ စနည်းနာပြီးပြီ။ သတင်း အတိ အက် ရပြီးဟေ့ဆိုရင်တော့ ဆာလာ အိတ်အကြမ်းတွေယူ ပြမယ်ဆိုတဲ့ကွင်းမှာ ဖျာသွားခင်းထားကြတာပေါ့။
ဆာလာအိတ်တွေကို အုတ်ခဲလေးနဲ့ ဖိထားရသေးတယ်။ ဘာဖြစ်လို့လဲဆို တော့ တခါတေလ ဆာလာအိတ်လေး လေထဲလွင့်သွားရင် တချို့သူတွေက နေရာဝင်လုလေ့ ရှိတယ်။
ကလေးတွေဆိုရင် နေ့လယ်က တည်းက သူတို့ခင်းထားတဲ့ ဖျာနေရာ လေးကို အနီးအနားမွာ ဆော့ကစားရင်း စောင့်ကြရတယ်။ ညကျရင် အမေတွေနဲ့ အတူတူ လာကြည့်ဖို့ပေါ့။
ကိုယ့်မိသားစု ဦးရေပေါ်မူတည်ပြီး ခင်းကြတယ်။ လူများရင် ဆာလာအိတ် များများ ခင်းတယ်။ သူတို့ခမျာ ခင်း လည်း ခင်းရသေးတယ်။
နေရာကောင်း မရရင် အမေတွေက ခေါင်းခေါက် ဗိုက်ခေါက် လိမ်တာတွေလည်း ခံရေသး။
တစ်ခါတလေများ ဗီဒိယိုအရပ်ပြတဲ့ သူတွေဟာ ကလေးတွေကို အရူးလုပ်တာ ရှိသေးတယ်။ ဒီနားပြမယ်ပြောပြီး ပြခါနီး နောက်တစ်နေရာ ရွှေ့လိုက်တယ်။
အဲဒါကလည်း ပြခါနီးမှ နေရာ အခြေအနေကြည့်ပြီး ရွှေ့တော့ကလေး တွေကလည်း သူတို့ ဖျာလေးကိုင်ပြီး ပြေးလိုက်တွန်းလိုက်နဲ့ လိုက်ရွှေ့ရတယ်။
အဲဒီအခါ အရင် နောက်ဆုံးနားမှာ နေရာရတဲ့သူတွေဆို ရှေ့ဆုံးရောက် သွားတတ်ပြီး ရှေ့ဆုံးရထားတဲ့ သူတွေ လည်း နောက်ရောက်သွား တတ်ရော။
ကလေးတွေဟာ များသာအားဖြင့် အမေတွေနဲ့ ဖျာခင်းထားတဲ့နေရာမှာ ကြည့်တယ်။ ဖျာဟာ ဗီဒီယို တစ်ပေနှစ်ပေ အကွာကစပြီ ခင်းလေ့ရှိတော့ ရှေ့ဆုံး နေရာရတဲ့ သူတွေဟာ စင်ပေါ်က ဗီဒီယို ကို ခေါင်းမော့ ကြည့်ရတယ်။
ကျွန်မတို့ဆို လည်းပင်းညောင်း မခံနိုင်လို့ ဘယ်တော့မှ ရှေ့ဆုံးက မကြည့် ဘူး။ အလယ်လောက်မှာမှ ကြည့်ရတယ်။
ဒါပေမယ့် အလယ်မှာ ကြည့်ရတဲ့ ကလေးတွေလည်း မစားသာဘူး။ သူတို့ အရှေ့က လူကြီးတွေထိုင်လိုက်ရင် ကွယ် သွားလို့ ဗီဒီယို မမြင်ရတော့ဘူး။
အဲတော့ ဒူးထောက်ကြည့် ကြာ တော့ ညောင်းပြီး များသောအားဖြင့် ဗီဒီယို တစ်ကားမပြီးခင်မှာ အိပ်ပျော် သွားကြတာ များတယ်။
အသက်နည်းနည်းကြီးလာတော့ ကျွန်မတို့လို ကလေးလည်း မဟုတ် လူ ကြီးလည်း မဟုတ်သေးတဲ့ ဟိုမရောက် ဒီမရောက်တွေကတော့ ဖျာသွားမခင်း တော့ဘူး။နောက်ဆုံးမှာ ကြည့်တယ်။
တခါ တေလအိမ္က ခုံပုလေးယူသွားရင် ပို အဆင်ပြေတယ်။ အဲအချိန်မှာအမေတွေနဲ့ သွားကြည့်စရာ မလိုတော့ဘူး။ ကိုယ့် သူငယ်ချင်းတွေနဲ့ အုပ်စုလိုက်သွား ကြည့်ကြတယ်။
ရွာဟာ အေးအေးဆေးဆေးနဲ့ လုံခြုံရေးလည်းကောင်းတော့ ဘယ်မိဘမှ ညဘက်လျှောက်သွားနေတဲ့ သူတို့ ကလေးတွေအတွက် စိတ်မပူကြဘူး။ အဲ.. အပျိုတွေဆိုရင်တော့ တစ်မျိုးပေါ့။
ရွာမှာ ထူးခြားတာတစ်ခုကတော့ လင်မယားတွေတောင် ဗီဒီယိုကို စုံတွဲ ကြည့်လေ့မရှိဘူး။မိန်းမနဲ့ကလေးက ဖျာခင်းပြီး ကွင်းလယ်မှာကြည့်။
ယောက်ျားကတော့ အနောက်ဘက်မှာ ကြည့်။ပြန်ဖို့သင့်တဲ့ အချိန်ဆို ယောက်ျား ဖြစ်သူက သူ့မိန်းမနဲ့ ကလေးတွေဆီ ဓာတ်မီးလေးထိုးလိုက်တယ်။ အဲဒါဆို မိန်းမဖြစ်သူက အိပ်ပျော် နေတဲ့ ကလေးချီပြီထွက်လာ ..
အပြင် ရောက်ရင် ယောက်ျားက ပြောင်းချီ ပြီးရင် အိမ်ပြန်ကြတာပေါ့။ တခါတလေ ယောက်ျားက ဓာတ်မီး တစ်ဆုံးထိုး လုပ်လည်း မိန်းမက ဇာတ် လမ်းကောင်းနေတဲ့ အချိန်ဆို မထွက် လာဘူး။
အဲဒီအခါကျရင် ကွင်းလည်နဲ့ ကွင်း ပြင်မှာ လင်မယားနှစ်ယောက် တစ် ယောက် တစ်ခွန်းနဲ့ စကားများနေကြတာ လည်းရှိသေး။
ဗီဒီယိုအရပ်ဆို များသောအားဖြင့် လေးကားလောက်ပြတယ်။ ရှေ့ဆုံး ကတော့ ကလေးတွေကြိုက်တဲ့ တရုတ် ကွန်ဖူးဇာတ်လမ်း။
အဲတုန်းက ကျွန်မတို့ အသည်းစွဲက တရုတ်မင်းသား ဂျက်လီ ဂျက်ဂီချမ်း နဲ့ ချောင်ယွန်းဖတ် ပေါ့။
အဲဒါပြီးရင် အလယ်မှာ မြန်မာကား နှစ်ကားလောက်ပြတယ်။ နောက်ဆုံး မှာတော့ အင်္ဂလိပ်ကားပြတာ များတယ်။
အဲအချိန်ဆိုရင် မိသားစုလိုက် ကြည့်သူတွေရော၊ မိန်းကလေးတွေရော အကုန်ပြန်ကြတယ်။ ယောကျၤားတွေပဲ ကြည့်တော့တယ်။
များသောအားဖြင့် မိုးတွင်းကရုံမှာ ပြခဲ့တဲ့ ဇာတ်ကားတွေပဲ ထပ်ထပ်ပြ နေတော့ ဗီဒီယိုအရပ်တွေမှာဆို ဇာတ် ကားတွေက ထပ်နေပြီ။
ဒီနေ့လည်းဒီကား နောက်တစ်ရက် နှစ်ရက်လည်းဒီကားဆိုတော့ နေ့တိုင်း ကြည့်တဲ့သူတွေအတွက်ကတော့ ကြည့် ပြီးရင် ထပ်ကြည့်နေရသလိုပဲ။ ဒါလည်း ကြည့်ကြတာပါပဲ။
အဲတုန်ုးက အပျိုလေးတွေရဲ့ အသည်းစွဲက မင်းသားက ဒွေး ပေါ့။
တချို့ဆို လင်နောက်လိုက်လို့ မင်္ဂလာဆောင်တာ ဗီဒီယိုအရပ်ပြ။ အဲဒီ ဗီဒီယိုအရပ်မှာ လင်နောက်ထပ်လိုက် ကြတော့ ထပ်ပြရပြန်ရော။ ဒီလိုနဲ့ ပတ် ချာလည်နေကြတာ။
ဗီဒီယိုအရပ်ကို များသောအားဖြင့် ကွင်းပြင်မှာ ပြကြတော့ ကျွန်မအရမ်း သဘောကျတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကောင်းကင်ကြီးကို ဟင်းလင်းကြီး မြင်ရလို့လေ။ တခါတေလ ပြနေတဲ့ဇာတ် ကားမှာ စိတ်မဝင်စားတော့ရင် ကြယ်တွေ ထိုင်ရေနေလို့ရတယ်။
ကျွန်မတို့ရပ်ကွက်က ကလေး တစ်သိုက်ဟာ အိမ်စောင့်နတ်နဲ့ ရန်ဖြစ် ထားတဲ့ သူတွေဆိုတော့ ညဘက်မှာ ဗီဒီယိုအရပ်မှ သွားမကြည့်ရရင် အိပ်လို့ မရကြတဲ့သူတွေပေါ့။
မှတ်မှတ်ရရ ဗီဒီယိုအရပ် ကိုက် ထားလို့ မနက်စောစောမထနိုင်တာကို အမေတုတ်နဲ့ လိုကိတာ ခံရဖူးတယ်။
ကျွန်မဆယ်တန်း အောင်ပြီးတဲ့ အချိန်မှာ အောက်စက်တွေ ခေတ်စား လာပြီ။ ဗီဒီယိုရုံ ဆိုတာလည်း ဖျောက် စရာမလိုဘဲ ဟောင်းနွမ်းဆွေးမြေ့နေတဲ့ ရုံထရံတွေနဲ့အတူ ဆွေးကျပျောက်ကွယ် သွားတယ်။
ဗီဒီယိုအရပ်ဆိုတာလည်း အိပ်ရာဝင်ပုံပြင်လေးအဖြစ်နဲ့ တောင် မကျန်တော့ဘူး။
အခုဆို ရွာမှာ အလှူ တစ်ခုခုရှိရင် ပွဲငှားမယ်။ အဆိုတော် တွေငှားမယ်။ ဒါပဲ။ ဗီဒီယိုအရပ်ကို သတိမရကြတော့ဘူး။ ပြလည်းကြည့်မယ့် သူ မရှိတော့ဘူးထင်ပါရဲ့။
တကယ်တော့ ဗီဒီယိုရုံ ယဉ်ကျေးမှု ဟာ ကျွန်မတို့လို သုံးဆယ်ကျော်တွေရဲ့ ငယ်ဘဝတစ်ခုလုံးကို လွှမ်းထားတဲ့ အရာမို့ မေ့ပျောက်ရတာ ခပ်ခက်ခက်ပဲ..။
တစ်ခါတလေ ရွာပြန်လို့ ညဘက် ဆိုင်ကယ်နဲ့ ကွင်းပြင်ကြီးကို ဖြတ်၊ ကောင်းကင်ကကြယ်တွေကို ကြည့်မိတဲ့ အချိန်မှာ ဗီဒီယိုအရပ်ပြခဲ့တဲ့အချိန်ကို သတိရမိတယ်။
အခုတော့ အဲကွင်းပြင်ကြီးမှာ ဇာတ်ပွဲတွေ ပြဖို့ စင်ကြီးတစ်ခုက အခန့်သား။ ။
By Dawei Watch- May 4, 2016
.ခရက်ဒစ် Photo & Post
Sai Min Thant
ထပ်ဆင့်ပြန်လည်မျှဝေပါသည်။