ကျန်းမာရေး

ငါးကြီးဆီကြောင့် သောကပွေနေကြတဲ့ ပြည်သူတွေအတွက် ဆရာဝန်ကိုယ်တိုင် ဒဲ့ရှင်းလိုက်ပါပြီ

အိုမီဂါ ၃ ငါးကြီးဆီက ဖော့ကိုစားသွားတယ်။ အူတွေပေါ်ကို ဘယ်လိုသက်ရောက်မှု ရှိပါသလဲ။ အိုမီဂါ ၃ ရဲ့ကောင်းကျိုးတွေက များတော့ လူတော်တော်များများက ဖြည့်စွက်စာ အနေနဲ့သောက်နေကြပါတယ်။

အဲ့အချိန်မှာ ဖော့ကို စားသွားတယ်ဆိုတဲ့ ကိစ္စလေးပျံ့လာတော့ အားလုံးက သို့လော သို့လော တွေဖြစ်ကုန်ကြပါရော အဆီတွေ (ငါးကြီးဆီ၊ သံလွင်ဆီ၊ မုန်ညှင်းဆီ) ဟာ ဖော့နဲ့ ဓာတ်ပြုပါတယ်။ ဓာတ်ပြုပြီး ဖော့ဟာ ဆီထဲမှာ ပျော်ဝင်သွားတတ်ပါတယ်။

တချို့ အိုမီဂါ ၃ ဆေးတွေ က မဖြစ်ပဲ တချို့က ဖြစ်တယ်ဆိုတာက အိုမီဂါ ၃ ကို သုံးတဲ့ ရင်းမြစ် မတူလို့ပါ။ ထုတ်လုပ်သူတွေက ငါးကြီးဆီ အိုမီဂါ ၃ ကို ပုံစံ (၂) မျိုးနဲ့ ထုတ်လုပ်ပါတယ်။ (၁) အီသိုင်းအက်စတာ(Ethyl ester) (၂) ထရွိုင်ဂလက်စရစ် (Triglyceride) ပုံစံကွဲပေမယ့် ခန္ဓာကိုယ်ကို အကျိုးပြုတာခြင်းကတော့ အတူတူပါပဲ။

ဖွဲ့စည်းပုံခြင်းကွာတဲ့အတွက် အီသိုင်း အက်စတာ (ethyl esters) သုံးထားတဲ့ ဆေးလောင်းချတဲ့အခါ ဖော့က မြန်မြန် ပျော်သွားတတ်ပါတယ်။ ထရိုင်ဂလက်စရစ် (Triglyceride) သုံးထားတဲ့ ဆေးလောင်းချတဲ့အခါ ဖော့ ပျော်သွားတာ နှေးတဲ့အတွက် ယှဉ်ကြည့်တဲ့အခါ တစ်ခုကဖြစ်ပြီး တစ်ခုက မဖြစ်သလိုဖြစ်တတ်ပါတယ်။

ဖော့ နဲ့ပဲ ဓာတ်ပြုတာဖြစ်ပြီး ခန္ဓာကိုယ်အတွက် ဆိုးကျိုးရယ်လို့ မဖြစ်နိုင်ပါဘူး အီသိုင်း အက်စတာ ငါးကြီးဆီဖြစ်စေ၊ ထရွိုင်ဂလက်စရစ် ငါးကြီးဆီဖြစ်စေ လူ့ကိုယ်ခန္ဓာအတွက် အကျိုးဖြစ်စေတဲ့ အိုမီဂါ ၃ ဖက်တီး အက်ဆစ် (EPA and DHA) ပါဝင်လို့ အကျိုးများပါတယ်။

ဆေးသောက်ကြပါလို့ တိုက်တွန်းတဲ့စာ မဟုတ်ပါဗျာ ၊ ဆရာဝန်ညွှန်းလို့ လိုအပ်လို့သောက်နေကြတာကနေ ဗဟုသုတနည်းတဲ့ နာမည်ကြီးလိုတဲ့လူတချို့ကြောင့် လမ်းမှားမရောက်စေလိုလို့ ရှင်းပြခြင်းပါ။

ငါးစားလည်း အိုမီဂါ ၃ က ရတာပဲ မို့ ဆေးသောက်ရမှာ ကြောက်တဲ့သူတွေက ငါးများများစားကြပေါ့။ ကျန်းမာရေးဗဟုသုတ တိုးပြီး သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ။ ဒေါက်တာ ဘုန်းစည်သူလွင် (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

zawgyi

အိုမီဂါ ၃ ငါးႀကီးဆီက ေဖာ့ကိုစားသြားတယ္။ အူေတြေပၚကို ဘယ္လိုသက္ေရာက္မႈ ရွိပါသလဲ။ အိုမီဂါ ၃ ရဲ႕ေကာင္းက်ိဳးေတြက မ်ားေတာ့ လူေတာ္ေတာ္မ်ားမ်ားက ျဖည့္စြက္စာ အေနနဲ႔ေသာက္ေနၾကပါတယ္။

အဲ့အခ်ိန္မွာ ေဖာ့ကို စားသြားတယ္ဆိုတဲ့ ကိစၥေလးပ်ံ႕လာေတာ့ အားလုံးက သို႔ေလာ သို႔ေလာ ေတြျဖစ္ကုန္ၾကပါေရာ အဆီေတြ (ငါးႀကီးဆီ၊ သံလြင္ဆီ၊ မုန္ညႇင္းဆီ) ဟာ ေဖာ့နဲ႔ ဓာတ္ျပဳပါတယ္။ ဓာတ္ျပဳၿပီး ေဖာ့ဟာ ဆီထဲမွာ ေပ်ာ္ဝင္သြားတတ္ပါတယ္။

တခ်ိဳ႕ အိုမီဂါ ၃ ေဆးေတြ က မျဖစ္ပဲ တခ်ိဳ႕က ျဖစ္တယ္ဆိုတာက အိုမီဂါ ၃ ကို သုံးတဲ့ ရင္းျမစ္ မတူလို႔ပါ။ ထုတ္လုပ္သူေတြက ငါးႀကီးဆီ အိုမီဂါ ၃ ကို ပုံစံ (၂) မ်ိဳးနဲ႔ ထုတ္လုပ္ပါတယ္။ (၁) အီသိုင္းအက္စတာ(Ethyl ester) (၂) ထ႐ြိဳင္ဂလက္စရစ္ (Triglyceride) ပုံစံကြဲေပမယ့္ ခႏၶာကိုယ္ကို အက်ိဳးျပဳတာျခင္းကေတာ့ အတူတူပါပဲ။

ဖြဲ႕စည္းပုံျခင္းကြာတဲ့အတြက္ အီသိုင္း အက္စတာ (ethyl esters) သုံးထားတဲ့ ေဆးေလာင္းခ်တဲ့အခါ ေဖာ့က ျမန္ျမန္ ေပ်ာ္သြားတတ္ပါတယ္။ ထ႐ိုင္ဂလက္စရစ္ (Triglyceride) သုံးထားတဲ့ ေဆးေလာင္းခ်တဲ့အခါ ေဖာ့ ေပ်ာ္သြားတာ ေႏွးတဲ့အတြက္ ယွဥ္ၾကည့္တဲ့အခါ တစ္ခုကျဖစ္ၿပီး တစ္ခုက မျဖစ္သလိုျဖစ္တတ္ပါတယ္။

ေဖာ့ နဲ႔ပဲ ဓာတ္ျပဳတာျဖစ္ၿပီး ခႏၶာကိုယ္အတြက္ ဆိုးက်ိဳးရယ္လို႔ မျဖစ္ႏိုင္ပါဘူး အီသိုင္း အက္စတာ ငါးႀကီးဆီျဖစ္ေစ၊ ထ႐ြိဳင္ဂလက္စရစ္ ငါးႀကီးဆီျဖစ္ေစ လူ႔ကိုယ္ခႏၶာအတြက္ အက်ိဳးျဖစ္ေစတဲ့ အိုမီဂါ ၃ ဖက္တီး အက္ဆစ္ (EPA and DHA) ပါဝင္လို႔ အက်ိဳးမ်ားပါတယ္။

ေဆးေသာက္ၾကပါလို႔ တိုက္တြန္းတဲ့စာ မဟုတ္ပါဗ်ာ ၊ ဆရာဝန္ၫႊန္းလို႔ လိုအပ္လို႔ေသာက္ေနၾကတာကေန ဗဟုသုတနည္းတဲ့ နာမည္ႀကီးလိုတဲ့လူတခ်ိဳ႕ေၾကာင့္ လမ္းမွားမေရာက္ေစလိုလို႔ ရွင္းျပျခင္းပါ။

ငါးစားလည္း အိုမီဂါ ၃ က ရတာပဲ မို႔ ေဆးေသာက္ရမွာ ေၾကာက္တဲ့သူေတြက ငါးမ်ားမ်ားစားၾကေပါ့။ က်န္းမာေရးဗဟုသုတ တိုးၿပီး သက္ရွည္က်န္းမာ စိတ္ခ်မ္းသာၾကပါေစ။ ေဒါက္တာ ဘုန္းစည္သူလြင္ (မူရင္းေရးသားသူအား ေလးစားမႈျဖင့္ – bkr)

Leave a Reply

Your email address will not be published. Required fields are marked *