ကြားသိရသမျှ

ရန်ကုန်မြို့ရဲ့ မီးပြတ်ချိန် အချိန်ဇယား အသစ်ကို ထုတ်ပြန်ကြေညာလိုက်ပါပြီ (ထပ်ပြတ်ပါဦးမယ်တဲ့)

ရန်ကုန်မြို့နယ်အတွင်းရှိ မြို့နယ်များအားလုံး ၁.၃.၂၀၂၃ နေ့ မှစ၍ ဝန်အားလျော့ချိန်တိုးပါပြီ။ လက်ရှိရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအားလုံးကို မီးပြတ်ဧရိယာ ၂ အုပ်စု၊ မီးပြတ်ချိန် ၂ချိန်သတ်မှတ်ထားပါတယ်။

ထပ်တိုးမည့်အစီအစဉ်အရ မြို့နယ်များအားလုံးကို မီးပြတ်ဧရိယာ ၂ခု မီးပြတ်ချိန် ၃ချိန် သတ်မှတ်ထားပါတယ်။ မီးပြတ်ဧရိယာအား အုပ်စု Aနဲ့ အုပ်စု Bဟူ၍ ခွဲထားပြီး နံနက်(၀၅:၀၀)နာရီမှ (၀၉:၀၀)နာရီ မီးပြတ်ချိန် တချိန်၊ နံနက်(၀၉:၀၀)နာရီမှ (၁၃:၀၀)နာရီ မီးပြတ်ချိန် တချိန်၊ နေ့လည်(၁၃:၀၀)နာရီမှ (၁၇:၀၀)နာရီ မီးပြတ်ချိန် တချိန်ဟု ထပ်ခွဲထားပြန်ပါသည်။

အုပ်စု A သည် နံနက် (၀၅:၀၀)နာရီမှ (၀၉:၀၀)နာရီ မီးပြတ်ချိန်ဖြစ်ပါက နံနက်(၀၉:၀၀)နာရီမှ (၁၃:၀၀)နာရီ မီးလာပြီး ‌နေ့လည် (၁၃:၀၀)နာရီမှ (၁၇:၀၀)နာရီ မီးထပ်မံပြတ်ပါမည်။ နောက်တနေ့တွင် အုပ်စု Aအနေဖြင့် နံနက်(၀၉:၀၀)နာရီမှ (၁၃:၀၀)နာရီ မီးလာပြတ်ပြီး ကျန်အချိန်များတွင် မီးလာနေပါမည်။

အုပ်စု Bသည် အုပ်စု A မီးရချိန်နှင့် ပြောင်းပြန် ဖြစ်ပါမည်။ ယခုရက်ပိုင်း စက်မှုဇုံများအတွင်း အရေးပေါ်ဝန်‌အားလျော့မူ အခြေအနေကို LDC မှ တိုက်ရိုက်ကိုင်တွယ်မယ်လို့ သိရပါတယ်။

ယနေ့ မတ်လ ၁ ရက်နေ့ကစပြီး ရန်ကုန်မှာ မီးပြတ်ချိန် ထပ်မံတိုးလာကာ နံနက် ၅ နာရီကတည်းက စပြီး ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း YESC က မီးဖြတ်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ရန်ကုန်မှာ နေ့စဉ် ၄ နာရီခြား တစ်ခါ မီးပေးနေသော်လည်း ယခု မတ်လ ၁ ရက်နေ့ကစပြီး ပြည်သူတွေအပေါ် အသိပေးမှုမရှိ မီးဖြတ်ချိန် ထပ်တိုးလိုက်တာ လို့ ယင်းတို့က ဆိုပါတယ်။

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်နေ ပြည်သူ တစ်ဦးက “ဒီနေ့ ၁ ရက်နေ့ကစပြီး မီးကို မနက် ၅ နာရီ ကတည်းက ဖြတ်တယ်။ အခုလဲ တစ်ရက်ကို မနက် ၉ နာရီကနေ ၁ နာရီ၊ ၁ နာရီကနေ ညနေ ၅ နာရီ အထိ ပုံမှန်ဖြတ်နေကြအတိုင်း ဖြတ်နေတာကို မီးလာရမယ့် အချိန်တွေ ခိုးဖြတ်တာရှိသေးတယ်။

၂၇ ရက်နေ့ကဆို ည ၇ နာရီကနေ ဖြတ်ပြီး ည၁၀ နာရီကျော်မှ လာတယ်။ ညနေ မီးလာရတဲ့နေ့မှာ မီးခိုး ဖြတ်တယ်။ သူတို့ ဇယားနဲ့ မီးပေးမယ် ပြောတယ်။ အဲဒီ အတိုင်းလဲ မီးက မှန်မှန် မလာဘူး။ မီးပြတ်ရင် အချိန်မှန်ပဲ။

မီးပြန်လာရင် ဘယ်တော့မှ အချိန် မမှန်ဘူး။ အခုလည်း မီးပြတ်ချိန် ထပ်တိုးမယ်ဆိုရင် ပြည်သူကို ကြိုတင် အသိပေးရမယ်။ ငါတို့ ပေးချင် ပေးမယ် မပေးချင် မပေးဘူး ဆိုတဲ့ ပုံစံမျိုးနဲ့ လုပ်နေတာ” လို့ ပြောပါတယ်။

zawgyi

ရန္ကုန္ၿမိဳ႕နယ္အတြင္းရွိ ၿမိဳ႕နယ္မ်ားအားလုံး ၁.၃.၂၀၂၃ ေန႔ မွစ၍ ဝန္အားေလ်ာ့ခ်ိန္တိုးပါၿပီ။ လက္ရွိရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ၿမိဳ႕နယ္မ်ားအားလုံးကို မီးျပတ္ဧရိယာ ၂ အုပ္စု၊ မီးျပတ္ခ်ိန္ ၂ခ်ိန္သတ္မွတ္ထားပါတယ္။

ထပ္တိုးမည့္အစီအစဥ္အရ ၿမိဳ႕နယ္မ်ားအားလုံးကို မီးျပတ္ဧရိယာ ၂ခု မီးျပတ္ခ်ိန္ ၃ခ်ိန္ သတ္မွတ္ထားပါတယ္။ မီးျပတ္ဧရိယာအား အုပ္စု Aနဲ႔ အုပ္စု Bဟူ၍ ခြဲထားၿပီး နံနက္(၀၅:၀၀)နာရီမွ (၀၉:၀၀)နာရီ မီးျပတ္ခ်ိန္ တခ်ိန္၊ နံနက္(၀၉:၀၀)နာရီမွ (၁၃:၀၀)နာရီ မီးျပတ္ခ်ိန္ တခ်ိန္၊ ေန႔လည္(၁၃:၀၀)နာရီမွ (၁၇:၀၀)နာရီ မီးျပတ္ခ်ိန္ တခ်ိန္ဟု ထပ္ခြဲထားျပန္ပါသည္။

အုပ္စု A သည္ နံနက္ (၀၅:၀၀)နာရီမွ (၀၉:၀၀)နာရီ မီးျပတ္ခ်ိန္ျဖစ္ပါက နံနက္(၀၉:၀၀)နာရီမွ (၁၃:၀၀)နာရီ မီးလာၿပီး ‌ေန႔လည္ (၁၃:၀၀)နာရီမွ (၁၇:၀၀)နာရီ မီးထပ္မံျပတ္ပါမည္။ ေနာက္တေန႔တြင္ အုပ္စု Aအေနျဖင့္ နံနက္(၀၉:၀၀)နာရီမွ (၁၃:၀၀)နာရီ မီးလာျပတ္ၿပီး က်န္အခ်ိန္မ်ားတြင္ မီးလာေနပါမည္။

အုပ္စု Bသည္ အုပ္စု A မီးရခ်ိန္ႏွင့္ ေျပာင္းျပန္ ျဖစ္ပါမည္။ ယခုရက္ပိုင္း စက္မႈဇုံမ်ားအတြင္း အေရးေပၚဝန္‌အားေလ်ာ့မူ အေျခအေနကို LDC မွ တိုက္႐ိုက္ကိုင္တြယ္မယ္လို႔ သိရပါတယ္။

ယေန႔ မတ္လ ၁ ရက္ေန႔ကစၿပီး ရန္ကုန္မွာ မီးျပတ္ခ်ိန္ ထပ္မံတိုးလာကာ နံနက္ ၅ နာရီကတည္းက စၿပီး ရန္ကုန္လွ်ပ္စစ္ဓာတ္အားေပးေရးေကာ္ပိုေရးရွင္း YESC က မီးျဖတ္ထားတယ္လို႔ ၿမိဳ႕ခံေတြက ေျပာပါတယ္။

ရန္ကုန္မွာ ေန႔စဥ္ ၄ နာရီျခား တစ္ခါ မီးေပးေနေသာ္လည္း ယခု မတ္လ ၁ ရက္ေန႔ကစၿပီး ျပည္သူေတြအေပၚ အသိေပးမႈမရွိ မီးျဖတ္ခ်ိန္ ထပ္တိုးလိုက္တာ လို႔ ယင္းတို႔က ဆိုပါတယ္။

ရန္ကုန္ၿမိဳ႕ ေက်ာက္တံတားၿမိဳ႕နယ္ေန ျပည္သူ တစ္ဦးက “ဒီေန႔ ၁ ရက္ေန႔ကစၿပီး မီးကို မနက္ ၅ နာရီ ကတည္းက ျဖတ္တယ္။ အခုလဲ တစ္ရက္ကို မနက္ ၉ နာရီကေန ၁ နာရီ၊ ၁ နာရီကေန ညေန ၅ နာရီ အထိ ပုံမွန္ျဖတ္ေနၾကအတိုင္း ျဖတ္ေနတာကို မီးလာရမယ့္ အခ်ိန္ေတြ ခိုးျဖတ္တာရွိေသးတယ္။

၂၇ ရက္ေန႔ကဆို ည ၇ နာရီကေန ျဖတ္ၿပီး ည၁၀ နာရီေက်ာ္မွ လာတယ္။ ညေန မီးလာရတဲ့ေန႔မွာ မီးခိုး ျဖတ္တယ္။ သူတို႔ ဇယားနဲ႔ မီးေပးမယ္ ေျပာတယ္။ အဲဒီ အတိုင္းလဲ မီးက မွန္မွန္ မလာဘူး။ မီးျပတ္ရင္ အခ်ိန္မွန္ပဲ။

မီးျပန္လာရင္ ဘယ္ေတာ့မွ အခ်ိန္ မမွန္ဘူး။ အခုလည္း မီးျပတ္ခ်ိန္ ထပ္တိုးမယ္ဆိုရင္ ျပည္သူကို ႀကိဳတင္ အသိေပးရမယ္။ ငါတို႔ ေပးခ်င္ ေပးမယ္ မေပးခ်င္ မေပးဘူး ဆိုတဲ့ ပုံစံမ်ိဳးနဲ႔ လုပ္ေနတာ” လို႔ ေျပာပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *