အထွေထွေဗဟုသုတ

ညဖက်အိပ်ရာဝင်တဲ့အခါ အတွင်းခံမဝတ်ဘဲ ဘာလို့အိပ်စက်သင့်သလဲ

ဒီခေါင်းစဥ်လေးကို ကြားလိုက်ချိန်မှာတော့ အတန်ငယ် ကြောင်တောင်တောင်နိုင်နိုင်ပါတယ်။ သို့သော်လည်း သူ့ရဲ့အကျိုးကျေးဇူးတွေ၊ ကောင်းကျိုးတွေကို သိလိုက်မယ်ဆိုရင်တော့ ကိုယ်တောင်လိုက်လုပ်ကြည့်သင့်တယ်ဆိုပြီး တွေးထင်သွားမိပါလိမ့်မယ်။

ဒါကြောင့်မို့ အထူးသဖြင့် အရွယ်ရောက်ပြီးသား လူငယ်တွေအနေနဲ့ ညအိပ်ယာဝင်တဲ့အခါ အတွင်းခံမဝတ်ဘဲ (သို့) အဝတ်မပါဘဲ ဘာလို့အိပ်သင့်သလဲဆိုတာကို မျှဝေပေးသွားချင်ပါတယ်။

မြန်မြန်ဆန်ဆန်အိပ်ပျော်စေတယ်

အတွင်းအဝတ်အစားတွေမပါဘဲ အိပ်စက်ခြင်းက ခန္ဓာကိုယ်ကို အအေးဓာတ်ဖြစ်စေကာ အိပ်ဖို့အချိန်ရောက်ပြီလို့ ပြောနေခြင်းနဲ့အတူတူပဲဖြစ်တာကြောင့် ပိုပြီးမြန်မြန်ဆန်ဆန် အိပ်ပျော်စေမှာဖြစ်ပါတယ်။

အိပ်လို့ပိုကောင်းမယ်

အဲဒီလိုအိပ်တာဟာ ညအိပ်နေချိန်အတွင်း ခန္ဓာကိုယ်ကနေ အပူချိန်အရမ်းထွက်တာမျိုးကို တားဆီးပေးနိုင်ပြီး သင့်ကို ပိုအိပ်မောကျစေသလို အိပ်ရေးဝစေပါတယ်။

အသားအရေအတွက်ကောင်းမွန်တယ်

အဲဒီလိုအိပ်ပေးတာဟာ သင့်အသားအရေအတွက်လည်းကောင်းမွန်ပါတယ်။ ခန္ဓာကိုယ်ကနေ အပူချိန်အများကြီးထွက်တာမျိုးမဖြစ်စေတာမို့ အိပ်ရေးလုံလုံလောက်လောက်ရမယ်ဆိုပါက အသားအရေကို ပြန်လည်ထိန်းသိမ်းနိုင်ပြီးတော့ ကျန်းမာအောင်ထိန်းသိမ်းထားနိုင်မှာဖြစ်ပါတယ်။

စိတ်ဖိစီးမှုနည်းသွားမယ်

အတွင်းအဝတ်အစားတွေမပါဘဲ အိပ်ပေးတာဟာ သင့်ရဲ့ နေ့စဥ်ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ကြောင့်ကြစိတ်တွေကို လျှော့ကျစေပါတယ်။

ကိုယ်အလေးချိန်တက်မလာအောင် ကာကွယ်ပေးတယ်

တစ်ညလျှင် ငါးနာရီလောက်သာ အိပ်စက်ကြသူတွေဟာ ကျန်းမာရေးကိုထိခိုက်နိုင်ရုံသာမက ကိုယ်အလေးချိန်တက်ဖို့ အလားအလာလည်း ပိုပြီးများပြားတယ်လို့ သုတေသီတွေက ဆိုပါတယ်။ ညဖက်တွေမှာ ခန္ဓာကိုယ်ကို အေးအေးလူလူထားပြီး အိပ်စက်ခြင်းက ကယ်လိုရီလောင်ကျွမ်းစေနိုင်တဲ့ သင့်ရဲ့စွမ်းရည်တွေကို အကူအညီဖြစ်စေပါတယ်။

နှလုံးရောဂါနှင့် ဆီးချိုဖြစ်နိုင်ခြေ နည်းပါးမယ်

ညဖက်တွေမှာ အိပ်ရေးဝဝမအိပ်ရဘူးဆိုပါက ဆီးချိုဖြစ်နိုင်ခြေ သို့မဟုတ် နှလုံးရောဂါဖြစ်နိုင်ခြေ များနိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ကို အေးအေးလေးနဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ခြင်းက ပိုပြီးအိပ်လို့ပျော်လွယ်စေမှာဖြစ်သလို ကျန်းမာရေးအတွက်လည်း တဖက်တလမ်းကနေ အထောက်အကူဖြစ်စေပါလိမ့်မယ်။

#Lifestyle_Myanmar

#Thinzar

Leave a Reply

Your email address will not be published. Required fields are marked *