ဗေဒင်
တနင်္ဂနွေ သားသမီးများအတွက် 2023 ခုနှစ် မတ်လ(3) လပိုင်း တစ်လစာအထူးဟောစာတမ်း
တနင်္ဂနွေ သားသမီးများ????????????????????
2023ခုနှစ် မတ်လ(3)လပိုင်း
ဤလ (၁)ရက်မှ(၂၆)ရက် အတွင်း #သိကြား-သာယာအံ့,ဗြဟ္မာ-လာဘ်ရအံ့ အကျိူးသက်ရောက်မှုကတော…ငွေကြေး
အကြံအစည်များအောင်မြင်ဖို့ အခြေ
အနေကောင်း အခွင့်အလမ်းကောင်း၊ အဆက်အသွယ်ကောင်းများ အကူအညီကောင်းများပေါ်လာအံ့။အတိုက်အခံ အခက်အခဲများကြားမှ အကြံအစည်ရည်ရွယ်ချက်များ အောင်မြင်အံ့။
သားသမီးဆွေမျိုးတို့၏ အထောက်အပံ့ရခြင်း ထီပေါက်ခြင်း ငွေဝင်ခြင်း၊ကောင်းသောခရီးသွားရခြင်းများတိုက်ဆိုင်ကြုံတွေ့ရတတ်ပါ သည်။မိသားစု အသိုင်းအဝန်းတွေကြား မျက်နှာကြီးလာမည်။အချစ်ကြောင့် အောင်မြင်မှု ရသလိုမျိုး အပျော်လေးတစ်ခုဟာ ကိုယ်အတွက်ကျေနပ်စေမည်။
တန်ဖိုးကြီးသော လက်ဆောင်နဲ့ ချစ်သူ၏ မေတ္တာ၊ အချစ်စစ်မှန် လိုသောဆုတွေ ပြည့်ဝမည်။အမည်ဆန်းနေသော ခရီးတစ်ခု သွားရကိန်းရှိ၏။အိမ်ထောင်ရှင်များအဖို့ သားသမီးရကိန်းရှိ၍သားသမီးများအတွက် လုပ်ငန်းထူထောင်ပေးရတာမျိူးရှိ, အိမ်ထောင်ရေးတွင် အမျိူးသမီးများ ပါရမီဖြည့်ပေးနေရမည်။
ယောကျာ်းအပေါ် တဝန်တိုး များနေတတ်ပါတယ်။သားသမီးများ၏မင်္ဂလာကိစ္စများလည်းဆောင်ရွက်ရလိမ့်မည်။
စီးပွားရေး…အနုပညာဖန်တီးခြင်းလုပ်ငန်း၊ပစ္စည်းနှင့်အိမ်ဆောက်ပစ္စည်းရောင်းဝယ်ခြင်း၊တိရိစ္ဆာန်ရောင်းဝယ်ခြင်း၊ဆိုင်းဘုတ်လုပ်ငန်း၊ရတနာသွေးခြင်း၊စက်မှုလက်မှုလုပ်ငန်း၊ဆံရိတ်ဆံသ၊အလှပြင်လုပ်ငန်းတို့ အကျိူးဖြစ်ထွန်းမည်။တနင်္ဂနွေ,သောကြာ သားသမီး ထိုနေနံ နာမည်ရှင်, လူမျိုးခြား ဘာသာခြားတို့၏ ကူညီမှုကို ခံယူရရှိရတတ်သည်။
စာချုပ်စာတမ်းကိစ္စ အာမခံကိစ္စတွေကိုတော့ သတိပြုစေချင်ပါသည်။အောင်မြင်မှုရရှိချိန် မိမိတို့၏လုပ်ငန်းလုပ်ဆောင်ရာတွင် ဘေးပ​ယောဂ အနှောင့်အယှက် တချို့ရှိနေပါလိမ့်မည်။
(၁၂)ရက်မှ(၁၈)ရက် အတွင်း.#ဒွန်းစဏ္ဍား-ဒုက္ခတွေ အံ့- ….စိတ်နဲ့ကိုယ်မကပ်ပ်ဘဲဖြစ်နေမည်။ခံယူချက်တွေ ပြင်းထန်နေခြင်း၊ အစွန်းရောက် ယုံကြည်မှုတွေ အရမ်းများနေမည်။အလုပ်အတွင်းရေးတွေ အထူးသတိပြုသင့်။အလုပ်အတွင်း ကြားလူနဲ့အရှုပ်အရှင်းတွေမှာ ကြားညှပ်နေတတ်၏။
မိသားစု ၏ဖိအားများက ကိုယ်အတွက် ပူပန်သောကမှုများ ရှိနေမည်။နယ်ဝေးဆွေမျိူးများ အိမ်သို့အလည်အပတ်သွားလာခြင်း၊ အကူညီပေးရခြင်းများရှိမည်။မိခင်ဘက်မှ သားချင်းများ ကျန်းမာချိူ့တဲ့၍ မိမိတာဝန်ယူကူညီပေးရတတ်သည်။
ပညာရေးနှင့်အလုပ်အကိုင်…ပညာရေးကိစ္စ၊ သင်တန်းကိစ္စ အခြေအနေကောင်းကြုံမယ်။ အကြီးအကဲဖြစ်ကိန်းရှိသည်။လစာတိုး၊နေရာဌာနေကောင်းနှင့်ပြည်ပရပ်ခြားအပြောင်းအရွှေရှိ ရာထူးတိုးတက်ကိန်း ဘုန်းကံမြင့်ကိန်းကြုံမည်။
(၂၇)ရက်မှ(၃၁)ရက် အတွင်း ဗုဒ္ဓဟူးနံ နှင့် နေနံ,နာမည် လုပ်ငန်းကိစ္စရပ်များ နှင့် လူမှုရေး,အဖွဲ့အစည်း,ကိစ္စရပ်များ အထူးသတိထားဆောက်ရွက်ရမည်။
ဗုဒ္ဓဟူးနံ အဝင်မကောင်းသလို့ အထွက်ခက်မည်၊ ဝက်၊ ရွှေ၊ယာဉ်၊လက်စွပ်၊ လူ အထွက်အပျာက်ကြုံတွေ့ရတတ်သည်။အထက်လူကြီးများနှင့်ပတ်သတ်ပြီး စိတ်ညစ်စရာများ ကြုံနေရတတ်တယ်။
အိမ်ထောင်ရှင်များ အထင်လွဲခံရတတ်သည်။သားသမီး၊ဇနီးမယားတို့အတွက် ငွေကုန်ကြေးကျများတတ်၏။ကြာသပတေး,တနလ်ာ,စနေ ထိုနေနံသားမီးများ မိမိအချစ်ရေး,အိမ်ထောင်ရေး ဝင်ရောက်စွတ်ဖတ် ပျက်လိုပျက်စီး အတားအစီးများနှင့် အနှောက်ယှက်ဖြစ်နေလိမ့်မည်။
လက်ဝတ်ရတနာ ကျောက်ပြုတ်ထွက်ခြင်း၊ပျောက်ခြင်းဖြစ်တက်၏။သူခိုး၊ဂျပိုး မျက်စိအကျခံရသောကာလဖြစ်၍ အခိုးခံရတက်ကြောင်းသတိပြုပါလေ။
အောက်လက်ငယ်သား အိမ်ကထွက်သွားတာ၊ သူတစ်ပါးကိစ္စ ခေါင်းခံရှင်းရတာ၊ တမင်ရန်စနှောင့်ယှက်ခံရတာမျိုးတွေ ကြုံရတတ်ပါတယ်။
တနင်္ဂနွေ သားသမီးများ ယခုလတွင် ဤဂဏန်းရက်{၁၊၁၀၊၁၉၊၂၈/၆၊၁၅၊၂၄} မွေးဖွားသူများ စီးပွားရေး,အိမ်ထောင်းရေး,ပညာရေးနှင့်လူမှုရေးများ ကံ ကောင်းအံ့။တနင်္ဂနွေ သားသမီးများ ယခုလတွင် ဤဂဏန်းရက်{၂-၁၁-၂၀-၂၉/၄-၁၃-၂၂-၃၁/၅၊၁၄၊၂၃} မွေးဖွားသူများ စီးပွားရေး,အိမ်ထောင်းရေး,ပ ညာရေးနှင့်လူမှုရေးများ ညံပါလိမ့်မည်။
စာချုပ်စာတမ်းကိစ္စ အာမခံကိစ္စတွေကိုတော့ သတိပြုပါ။လုပ်ငန်းထဲတွင် သူတပါးရဲ့ချောက်တွန်းခြင်းမနာလိုတိုက်ခိုက်ခြင်းများလည်း ရှိတက်သည်။မိမိ နှင့် ရာထူးတူများ၏ အနှောင့်အယှက်ပေးမှုကြောင့် စိတ်လေတာ၊အလုပ်ပြောင်းလဲလိုစိတ်တွေလည်း ဖြစ်ပေါ်နေတတ်ပါတယ်။
အချစ်ရေးတွေပတ်သတ်မူတွေကြောင့် ပညာရေးရပ်တန်နေတတ်၏။အချစ်ရေးတွေဟာ သံယောဇဉ် အနှောင်အဖွဲ့တွေကြား ရုန်းကန်ရခက်နေမည်။အချစ်ဟောင်း အဆက်ဟောင်းများနှင့် ပြန်လည်ဆုံတွေ့ရ၍ စိတ်ပူစရာ စိတ်အနှောက်အယှက်ဖြစ်စရာများ ရောထွေးနေမည်။အချစ်ရေး သူများတွေက ကိုယ်ကို မြောက်ပေးချင်တိုင်းမြောက်ပေးနေမည်။လမ်းပျောက်နေသော အချစ်များဖြင့် ကြုံဆုံနေရတတ်တယ်။
ချစ်လွန်းအားကြီးပြီး သဝန်တိုခြင်း၊ကိစ္စတွေပေါ်လာရင်တော့ ပြဿနာဖြစ်ရ တတ်ပါတယ်။အချစ်ရေး၊အိမ်ထောင်ရေးအနေနဲ့ တစ်ပါးသူနှောင့်ယှက်မှုကြောင့် ဝေးကွာရတတ်ပါသည်။
အိမ်ထောင်ရေး စိတ်ကြိုက်မတွေ့ခြင်းနှင့် ကိုယ်အပေါ်အရင်က မကောင်းသော စိတ်ထားများဖြင် ဆက်ဆံခံနေရမည်။အိမ်ထောင်သည် မိတ်ဆွေများ စန်းကောင်းသောကာလဖြစ်သောကြောင့် မိမိကိုယ်ကိုထိန်း စိတ်ကိုထိန်းသင့်ကာလဖြစ်၍ မိမိအမှားကြောင့်အိမ်ထောင်ဘက်နှင့် ပြသနာတတ်အကြီးအကျယ်တတ်နိုင်သည်မို့ သတိပြုပါ။
ယခုလတွင် ခရီးသွားခြင်းနှင့် လုပ်ငန်းကိစ္စရပ်များ အဆင်ပြေစေရန်အတွက် … အနောက် အရပ်မျက်နှာမူကာသီးညွှန့်၊သက်ကယ်ညွန့်များကိုဆောင်သွားပါ။
တောင် အရပ်”နတ် – အလုပ်သစ်လျှောက်၊အင်တာဗျူး၊ရတနာစူးစမ်းရှာဖွေခြင်း၊ခရီးသွားရှောင့်သင့်၏။
ကြာသပတေး,တနလ်ာ,ဗုဒ္ဓဟူး ထိုနေနံသားသမီးများ အကျိူး မပေး, လုပ်ငန်းသစ်လုပ်ခြင်းနှင့်ရင်းမြှုံနှံမှုများစတင်ခြင်းတို့ ရှောင့်သင့်၏။ထိုနေနံသားတွေ့က မိမိကို တိုက်ခိုက်ခြင်း၊ပြဿနာရှာ မကောင်းကြံခြင်းများ ကြုံတွေ့အံ့။
အရှေ့ မြောက် အရပ်”လာဘ်၊????ထီထိုး၊ အလုပ်သစ်လျှောက်၊အင်တာဗျူး၊ရတနာစူးစမ်းရှာဖွေခြင်း၊လက်မှတ်ရေးထိုးခြင်း၊အိမ်၊ခြံ၊မြေလက်မှတ်ရေးထိုးခြင်း၊ခရီးသွားကောင်း၏။အမြောက် အရပ်”အရပ်စန်းပွင့် အချစ်ရေး,မေတ္တာရေးပြောဆို ကောင်း၏။
ကံကောင်းစေသောအရောင် – ကြည်ပြာရောင်၊အနီရောင်၊အဖြူရောင်ကိုဝတ်ဆင်ပါ။အကျိူးပေးဂဏန်း – {၄-၉-၅-၇}
ယတြာ – နံနက် (ရး၂၈)အတွင်း အတာအိုးဖြင့် ကြံဆစ်(၁)ချောင်း၊သီးညွှန့်၊စပယ်ညွှန့် (၆)ညွန့်စိသံပုရာသီး (၉)လုံး ကပ်လှူပါ။ရွှေဖရုံးသီး အစိမ်းတစ်လုံ ပိတ်စအနီဖြင့်ပတ်ပြိး ဘုရားစဉ် ညာဘက်ကပ်လှူပါ။လကုန်ပြိးဆို ရွှေဖရုံးသီးကို ဆွမ်းချက်ကပ်လှူပါအညံပျောက် ကံကောင်းမှုများလာအံ့။
ဆရာကြီးမင်းသူရ(ဗေဒင်နှင့်လက္ခဏာ အထူးယတြာ)မန္တလေးမြို့။09-751089826(viber)/09-767817917
Zawgyi
ဤလ (၁)ရက်မှ(၂၆)ရက် အတွင်း #သိကြား-သာယာအံ့,ဗြဟ္မာ-လာဘ်ရအံ့ အကျိုးသက်ရောက်မှုကတော…ငွေကြေးအကြံအစည်များအောင်မြင်ဖို့ အခြေ
Leave a Reply
Your email address will not be published. Required fields are marked *