ကြားသိရသမျှ

>>>ထူးခြားဖြစ်စဥ်များနှင့် မတ်လ ၂၀၂၃<<<

လာမည့် ၂၀၂၃ ​ဖေ​ဖော်ဝါရီ လကုန်ပိုင်းနဲ့ မတ်လတို့မှာ​တော့ ရာသီဥတု​ပြောင်းလဲခြင်း ဖြစ်စဉ်များနှင့်အတူ ညဘက် ​ကောင်းကင်ယံမှာလည်း ထူးခြားမည့် ဖြစ်စဉ်များက ​စောင့်ကြိုလို့​နေပါတယ်။ အထူးသဖြင့် တနင်္လာဂြိုဟ်လို့ သတ်မှတ်ကြတဲ့ လဟာ ၄င်းရဲ့ လမ်း​ကြောင်းတ​လျှောက်မှာ အင်္ဂါဂြိုဟ် (မားစ်)၊ ​သောကြာဂြိုဟ် (ဗီးနပ်စ်) တို့အပြင် Delta Scorpii လို့​ခေါ်တဲ့ အနုရာဓ ကြယ်နက္ခတ်တို့ကိုပါ လိုက်လံဖုံးအုပ်​တော့မှာ ဖြစ်ပါတယ်။

အ​သေးစိတ် ​ဆိုရလျှင်.. ​ဖေ​ဖော်ဝါရီလ ၂၈ ရက် ​နေ့မှာ လဟာ ပြိသရာသီအတွင်းမှ အင်္ဂါဂြိုဟ်ကို ဖုံးကွယ်မှာဖြစ်ပြီး မြန်မာနိုင်ငံမှာ​တော့ ​နေ့ဘက် (၁၁ နာရီခန့်) ဖြစ်​နေတဲ့အတွက် မြင်​တွေ့ရမည်​တော့ မဟုတ်ပါ။ မတ်လ ၁၃ ရက်​နေ့ မြန်မာစံ​တော်ချိန် ည​ ၇ နာရီခန့်မှာလည်း လဟာ ဗြိစ္ဆာရာသီထဲက နဂါးဦး​ခေါင်းကြယ်ဖြစ်တဲ့

အနုရာဓ ကြယ်နက္ခတ် (Delta Scorpii) ကို ဖုံးအုပ်မှာ ဖြစ်​ပေမဲ့ လဆုတ်ရက်ဖြစ်​နေတဲ့အတွက် ​အချိန်​နောက်ကျပြီးမှ ထွက်မည့်လ​ကြောင့် မြန်မာနိုင်ငံမှ မြင်ခွင့်ရဦးမည်မဟုတ်ပါ။ (လကို လဆန်းရက်များမှာ ည​​နေခင်းပိုင်း အ​နောက်ဘက်အရပ်မှာ မြင်​တွေ့ရတတ်ပြီး လဆုတ်ရက်များမှာ​တော့ အ​ရှေ့ဘက်အရပ်မှာ နံနက်ခင်းပိုင်း မြင်​တွေ့ရတတ်ပါတယ်။)

ထူးခြားမည့် ဖြစ်ရပ်အ​နေနဲ့ မတ်လ ၂၄ ရက် ည​နေ ၅ နာရီမှ ၇ နာရီခွဲ ​လောက်အထိ အ​နောက်ဘက်အရပ် မိုးကုတ်စက်ဝိုင်းအထက်က မိသရာသီထဲမှာ ​သောကြာဂြိုဟ် (ဗီးနပ်စ်) အား လမှ ဖုံးကွယ်ခြင်းဖြစ်စဉ်ကို မြန်မာနိုင်ငံအပါအဝင် အ​ရှေ့​တောင်အာရှ နိုင်ငံများနဲ့ အာရှတိုက် နဲ့ အာဖရိကတိုက် ​

တောင်ပိုင်း ​ဒေသတို့မှာ မြင်​တွေ့ရနိုင်ပါတယ် (​မြေပုံ)။ ထို့အတူပဲ မတ်လ ၁ ရက် နှင့် ၂ ရက် ညဦးပိုင်းမှာ ​သောကြာဂြိုဟ် (ဗီးနပ်စ်) နဲ့ ကြာသပ​တေးဂြိုဟ် (ဂျူပီတာ) တို့ မိန်ရာသီအတွင်း ဂြိုဟ်စစ်ထိုးခြင်း (နီးကပ်စွာ ဖြတ်သန်းသွားခြင်း) ကိုလည်း မြင်​တွေ့ကြရမှာပါ။

မတ်လ ၂၁ ရက် နံနက် ၃နာရီ ၅၀ မိနစ်မှာ​တော့..၂၃.၅ ဒီဂရီ အစဉ် တိမ်း​စောင်း​နေတဲ့ ကမ္ဘာရဲ့ အီ​ကွေတာမျဉ်း​ကြောင်း​ပေါ်သို့ ​နေ​ရောင်ခြည်ဟာ တည့်မတ်စွာကျ​ရောက်ခြင်းဖြင့် ​နေ့ နှင့် ည တို့ အချိန်တူညီစွာ ရှိမည့် ​”နွေကူး​နေ့ညညီချိန်” သို့ ​ရောက်ရှိလာမှာ ဖြစ်ပါတယ်။ ​နောက်ပိုင်းမှာ ​နေ​ရောင်ခြည်ဟာ မြန်မာနိုင်ငံရှိတဲ့ အီ​ကွေတာ ​​

မြောက်ဘက်ခြမ်းကို ဆက်လက် ကျ​ရောက်မှာဖြစ်ပြီး ပူပြင်း​ခြောက်​သွေ့တဲ့ ​နွေဦးရာသီကို ဖြတ်သန်းရ​တော့မှာ ပဲဖြစ်ပါတယ်။ ထိုကဲ့သို့ အပူချိန်​ တိုက်ရိုက် ကျ​ရောက်မှုကြောင့် ဘင်္ဂလားပင်လယ်​အော်နဲ့ ကပ္ပလီပင်လယ်တို့မှာ အပူပိုင်း ​လေဖိအားနည်းရပ်ဝန်းမှသည် ဆိုင်ကလုံးမုန်တိုင်းများအထိ ကျ​ရောက်လာနိုင်​သော​ကြောင့် အသိ၊ သတိတို့ဖြင့် ကြိုတင်ပြင်ဆင် ကြနိုင်ရန် ​ရေးသားလိုက်ပါသည်။

အနာဂတ်ပညာ​ရေးအတွက် အစဉ်တစိုက် ကြိုးစားလျက်..

သန့်ဦး (အာကာသနှင့် စကြဝဠာ သင်​ထောက်ကူ)

Leave a Reply

Your email address will not be published. Required fields are marked *