အထွေထွေဗဟုသုတ

ထူးဆန်းစွာနဲ့ကောင်းကင်မှာ လနဲ့ကြယ်၂လုံးနီးကပ်ပီး တတန်းတဲ့ ဖြစ်နေတဲ့ နမိတ်အကြောင်းရင်းက ဒီလိုတဲ့

ထူးဆန်းစွာနဲ့ကောင်းကင်မှာ လနဲ့ကြယ်၂လုံးနီးကပ်ပီး တတန်းတဲ့ ဖြစ်နေတဲ့ နမိတ်အကြောင်းရင်းက ဒီလိုတဲ့

“ဂြိုဟ်စစ်ထိုး ခြင်း”ကောင်းကင်ယံမှာ လရယ် ကြယ်၂လုံးရယ် နီးကပ်စွာ တဲ့တဲ့တန်းနေတဲ့အကြောင်း

“သောကြာကြယ်ကြီး လနဲ့နီး ပြည်ကြီး ပျက်လတ္တံ ” ဆိုလားပဲ တစ်ဘောင်ရှိခဲ့တယ်။

အပေါ်ဆုံးက လ အလယ်က ဗီးနပ်စ် (သောကြာဂြိုလ်)အောက်ဆုံး ဂျူပီတာ (ကြာသပတေးဂြိုလ်)

ကောင်းကင်ယံမှာ ​နေ နှင့် လ ပြီးလျှင် လင်းလက်​တောက်ပဆုံး ဂြိုဟ်များဖြစ်ကြတဲ့ ဗီးနပ်စ်ဂြိုဟ် (​သောကြာဂြိုဟ်) နဲ့ ဂျူပီတာဂြိုဟ် (ကြာသပ​တေးဂြိုဟ်) တို့ဟာ

၂၀၂၃ ခုနှစ် မတ်လ ၂ ရက်​နေ့မှာ ​ပေါင်းဆုံကြ​တော့မှာဖြစ်ပြီး မြန်မာနိုင်ငံမှလည်း သာမန်မျက်စိဖြင့် ​တွေ့မြင်ရနိုင်မှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ဂျူပီတာဂြိုဟ်ကို အ​နောက်ဘက် မိုးကုတ် စက်ဝိုင်းရဲ့ ခပ်မြင့်မြင့်​​နေရာမှာ အလင်းအား (-2.1) မဂ္ဂနီကျူ့​လောက်နဲ့ လင်းလက်​နေတာကို ​ညဦးပိုင်း ​နေဝင်ပြီးချိန်က စလို့ မြင်​တွေ့​နေရမှာဖြစ်ပြီး၊

၎င်းရဲ့ ​အောက်ဘက်နားမှာ​တော့ အလင်းအား (-4.0) မဂ္ဂနီကျူ့နဲ့ ထွန်းလင်း​တောက်ပ​နေတဲ့ ဗီးနပ်စ်ဂြိုဟ်ကို မြင်​တွေ့​နေရမှာပါ။

သူတို့ နှစ်ခု တည်ရှိ​နေမဲ့​နေရာက​တော့ Pisces လို့​ခေါ်တဲ့ မိန်ရာသီ အတွင်းမှာ ဖြစ်ပါတယ်။

ဂျူပီတာဟာ တဖြည်းဖြည်းချင်း အ​နောက်ဘက် မိုးကုတ်စက်ဝိုင်းသို့ နိမ့်ဆင်းလို့ လာ​နေပါတယ်။ ​

ဖေ​ဖော်ဝါရီလ ၂၂ ရက်​နေ့မှာ တ​ပေါင်းလဆန်းလဟာ ဗီးနပ်စ်အနီးမှ ဖြတ်သန်းပြီး၊ ​ဖေ​ဖော်ဝါရီ ၂၃ မှာ​တော့ ဂျူပီတာ အနီးမှ ကပ်ပြီး ဖြတ်သန်းသွားမှာပါ။ ​​

တောင်အ​မေရိကတိုက်ရဲ့ အချို့​နေရာများမှာ​တော့ လခြမ်းက ဂျူပီတာကို ဖုံးအုပ်သွားခြင်းဖြစ်စဉ်မျိုးကို ​တွေ့မြင်ကြရမှာပါ။

၂၀၂၃ ခု မတ်လ ၂ ရက်​နေ့မှာ​တော့ ဗီးနပ်စ်နဲ့ ဂျူပီတာတို့ဟာ မိန်ရာသီအတွင်းမှာပဲ ​ပေါင်းဆုံကြမှာဖြစ်ပါတယ်။

မြန်မာ့နက္ခတ်မှာ​တော့ ဂြိုဟ်စစ်ထိုးတယ်လို့ ​ခေါ်ဆိုကြပါတယ်။ ထူးခြားတိုက်ဆိုင်စွာပင် မာကျူရီ (ခ) ဗုဒ္ဓဟူးဂြိုဟ် နဲ့ ​စေတန် (ခ) စ​နေဂြိုဟ်တို့ဟာလည်း ထို​နေ့မှာပင် ကုမ်ရာသီထဲမှာ ဂြိုဟ်စစ်ထိုးကြမှာပါ။

သို့​သော်လည်း ​နေနှင့် လွန်စွာနီးကပ်​နေတဲ့အတွက် အဆိုပါဂြိုဟ်စစ်ထိုးခြင်းကို​တော့ မမြင်​တွေ့ရနိုင်ပါ။

ဗီးနပ်စ် နဲ့ ဂျူပီတာ အတွဲကို​တော့ ည​နေ ​နေဝင်ပြီး (၆ နာရီခန့်) အချိန်မှ ည ၈ နာရီခွဲ​လောက်ထိ အ​နောက်ဘက် မိုးကုတ်စက်ဝိုင်းရဲ့ ၂၆ ဒီဂရီ အမြင့်က​နေ တဖြည်းဖြည်းချင်း နိမ့်ဆင်းသွားတာကို ​တွေ့မြင်ရနိုင်ပါတယ်။ ​

နောက်ရက်များမှာ​တော့ ဂျူပီတာဟာ ဆက်လက် နိမ့်ဆင်းသွားပြီး ​ဧပြီလ​လောက်မှာ နေရဲ့အ​နောက်ဘက်သို့ ​ရောက် ရှိသွားမှာပဲ ဖြစ်ပါ​တော့တယ်။

ထူးဆန္းစြာနဲ႔ေကာင္းကင္မွာ လနဲ႔ၾကယ္၂လုံးနီးကပ္ပီး တတန္းတဲ့ ျဖစ္ေနတဲ့ နမိတ္အေၾကာင္းရင္းက ဒီလိုတဲ့

“ၿဂိဳဟ္စစ္ထိုး ျခင္း”ေကာင္းကင္ယံမွာ လရယ္ ၾကယ္၂လုံးရယ္ နီးကပ္စြာ တဲ့တဲ့တန္းေနတဲ့အေၾကာင္း

“ေသာၾကာၾကယ္ႀကီး လနဲ႔နီး ျပည္ႀကီး ပ်က္လတၱံ ” ဆိုလားပဲ တစ္ေဘာင္ရွိခဲ့တယ္။

အေပၚဆုံးက လ အလယ္က ဗီးနပ္စ္ (ေသာၾကာၿဂိဳလ္)ေအာက္ဆုံး ဂ်ဴပီတာ (ၾကာသပေတးၿဂိဳလ္)

ေကာင္းကင္ယံမွာ ​ေန ႏွင့္ လ ၿပီးလွ်င္ လင္းလက္​ေတာက္ပဆုံး ၿဂိဳဟ္မ်ားျဖစ္ၾကတဲ့ ဗီးနပ္စ္ၿဂိဳဟ္ (​ေသာၾကာၿဂိဳဟ္) နဲ႔ ဂ်ဴပီတာၿဂိဳဟ္ (ၾကာသပ​ေတးၿဂိဳဟ္) တို႔ဟာ

၂၀၂၃ ခုႏွစ္ မတ္လ ၂ ရက္​ေန႔မွာ ​ေပါင္းဆုံၾက​ေတာ့မွာျဖစ္ၿပီး ျမန္မာႏိုင္ငံမွလည္း သာမန္မ်က္စိျဖင့္ ​ေတြ႕ျမင္ရႏိုင္မွာ ျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာ ဂ်ဴပီတာၿဂိဳဟ္ကို အ​ေနာက္ဘက္ မိုးကုတ္ စက္ဝိုင္းရဲ႕ ခပ္ျမင့္ျမင့္​​ေနရာမွာ အလင္းအား (-2.1) မဂၢနီက်ဴ႕​ေလာက္နဲ႔ လင္းလက္​ေနတာကို ​ညဦးပိုင္း ​ေနဝင္ၿပီးခ်ိန္က စလို႔ ျမင္​ေတြ႕​ေနရမွာျဖစ္ၿပီး၊

၎ရဲ႕ ​ေအာက္ဘက္နားမွာ​ေတာ့ အလင္းအား (-4.0) မဂၢနီက်ဴ႕နဲ႔ ထြန္းလင္း​ေတာက္ပ​ေနတဲ့ ဗီးနပ္စ္ၿဂိဳဟ္ကို ျမင္​ေတြ႕​ေနရမွာပါ။

သူတို႔ ႏွစ္ခု တည္ရွိ​ေနမဲ့​ေနရာက​ေတာ့ Pisces လို႔​ေခၚတဲ့ မိန္ရာသီ အတြင္းမွာ ျဖစ္ပါတယ္။

ဂ်ဴပီတာဟာ တျဖည္းျဖည္းခ်င္း အ​ေနာက္ဘက္ မိုးကုတ္စက္ဝိုင္းသို႔ နိမ့္ဆင္းလို႔ လာ​ေနပါတယ္။ ​

ေဖ​ေဖာ္ဝါရီလ ၂၂ ရက္​ေန႔မွာ တ​ေပါင္းလဆန္းလဟာ ဗီးနပ္စ္အနီးမွ ျဖတ္သန္းၿပီး၊ ​ေဖ​ေဖာ္ဝါရီ ၂၃ မွာ​ေတာ့ ဂ်ဴပီတာ အနီးမွ ကပ္ၿပီး ျဖတ္သန္းသြားမွာပါ။ ​​

ေတာင္အ​ေမရိကတိုက္ရဲ႕ အခ်ိဳ႕​ေနရာမ်ားမွာ​ေတာ့ လျခမ္းက ဂ်ဴပီတာကို ဖုံးအုပ္သြားျခင္းျဖစ္စဥ္မ်ိဳးကို ​ေတြ႕ျမင္ၾကရမွာပါ။

၂၀၂၃ ခု မတ္လ ၂ ရက္​ေန႔မွာ​ေတာ့ ဗီးနပ္စ္နဲ႔ ဂ်ဴပီတာတို႔ဟာ မိန္ရာသီအတြင္းမွာပဲ ​ေပါင္းဆုံၾကမွာျဖစ္ပါတယ္။

ျမန္မာ့နကၡတ္မွာ​ေတာ့ ၿဂိဳဟ္စစ္ထိုးတယ္လို႔ ​ေခၚဆိုၾကပါတယ္။ ထူးျခားတိုက္ဆိုင္စြာပင္ မာက်ဴရီ (ခ) ဗုဒၶဟူးၿဂိဳဟ္ နဲ႔ ​ေစတန္ (ခ) စ​ေနၿဂိဳဟ္တို႔ဟာလည္း ထို​ေန႔မွာပင္ ကုမ္ရာသီထဲမွာ ၿဂိဳဟ္စစ္ထိုးၾကမွာပါ။

သို႔​ေသာ္လည္း ​ေနႏွင့္ လြန္စြာနီးကပ္​ေနတဲ့အတြက္ အဆိုပါၿဂိဳဟ္စစ္ထိုးျခင္းကို​ေတာ့ မျမင္​ေတြ႕ရႏိုင္ပါ။

ဗီးနပ္စ္ နဲ႔ ဂ်ဴပီတာ အတြဲကို​ေတာ့ ည​ေန ​ေနဝင္ၿပီး (၆ နာရီခန္႔) အခ်ိန္မွ ည ၈ နာရီခြဲ​ေလာက္ထိ အ​ေနာက္ဘက္ မိုးကုတ္စက္ဝိုင္းရဲ႕ ၂၆ ဒီဂရီ အျမင့္က​ေန တျဖည္းျဖည္းခ်င္း နိမ့္ဆင္းသြားတာကို ​ေတြ႕ျမင္ရႏိုင္ပါတယ္။ ​

ေနာက္ရက္မ်ားမွာ​ေတာ့ ဂ်ဴပီတာဟာ ဆက္လက္ နိမ့္ဆင္းသြားၿပီး ​ဧၿပီလ​ေလာက္မွာ ေနရဲ႕အ​ေနာက္ဘက္သို႔ ​ေရာက္ ရွိသြားမွာပဲ ျဖစ္ပါ​ေတာ့တယ္။

Leave a Reply

Your email address will not be published. Required fields are marked *