ကြားသိရသမျှ

မြန်မာပြည်က နာမည်ကြီးသွားတဲ့ လူစကားပြောတတ်တဲ့ ကြောင်လေးအကြောင်း

ဟိုးဟိုးကျော်ခဲ့တဲ့ လူစကားပြောတတ်တဲ့ ကြောင်လေး အကြောင်းကို အွန်လိုင်းပေါ်ကနေ လက်လှမ်းမီသမျှ ရှာဖွေ ဖော်ပြလိုက်ပါတယ် ခင်ဗျာ-

မေး – မြန်မာပြည်မှာ ကြောင်က လူစကားပြောတတ်တယ်ဆိုပြီး ၁၉၉၅ ပတ်ဝန်းကျင်လောက်မှာထင်တယ်။ တော်တော် ခေတ်စားခဲ့ဖူးတယ်လို့တွေ့မိပါတယ်။

ရုပ်သံလိုင်းကတောင်သွားတွေ့ပြီး တီဗီက လွှင့်ခဲ့ဘူးတယ်လို့ ကြားဖူးပါတယ် မှီလိုက်တွေ့လိုက်သူများပြောပြပေးကြပါဦး။

အဖြေ (၁) – ကြည့်ဖူးတယ်။ သားနာမည် ဘယ်သူလဲ မေးတာ ရန်အောင် ရန်အောင်လို့ပြောတယ်။ သူ့သခင်ကိုလည်း အမေအိမ်ပြန်မယ်အိမ်ပြန်မယ်နဲ့ လူတွေဝိုင်းကြည့်လို့လေ။

သားမိန်းမက ဘယ်သူလည်းမေးတာ မေသန်းနုတဲ့ သိပ်တော့မပီဘူး ကိုယ်ကကြောင်းချစ်တတ်တဲ့သူမို့မှတ်မိနေတာ။

က စကားပြောတဲ့ကြောင်ဆိုလို့ သွားကြည့်တာ။ ဘေးနားက supporting တွေ အရမ်းကောင်းပါတယ်။ ဒါကြောင့် နာမည်ကြီးတာပါ။

ကက်ဆက်ခွေတောင် ရောင်းလိုက်သေးတယ်။ လူဆိုတာ အထူးအဆန်းကို ကြိုက်တဲ့စိတ်က အလိုလိုရှိပါတယ်။

ဒါကြောင့် အတင်းယုံကြတာ။ ငယ်ငယ်ကတည်းက မယုံဘူး။ အခုပြန်စဉ်းစားကြည့်တော့ လည်ပင်းမှာ ပြဿနာ တစ်ခုခုရှိတဲ့ ကြောင်ဖြစ်ပါလိမ့်မယ်။ တချို့ကြောင်တွေလည်း တခါတခါ ဖြစ်တတ်ကြပါတယ်။

အဖြေ (၃) – မေးတဲ့သူက MWD က စောကလျာဦးပါ။ ရေဒီယိုကနေ နားထောင်လိုက်ရတာပါ။ ကြောင်ဆိုတော့ ကြောင်သံလေးနဲ့ ပြန်ဖြေတာပါ။ သူဖြေတာကို လူတွေ နားလည်တယ်။

အဖြေ (၄) – စိတ်ညစ်လို့ စောစောစီးစီး ဆုံးသွားတာ နောက် feed back တွေက ကြောင်ပြ ပိုက်ဆံရှာတယ်ဆိုလား မြတ်ကြေးမုံမှာ ဟိုးဟိုး​​ကျော်။

အဖြေ (၅) – တာမွေကကြောင်လေးပါ။ သူက တီဗီကြည့်တာကြိုက်တယ်။ သူအော်တဲ့အသံ မီညောင်ဆိုတဲ့အသံက ရန်အောင်လို့ ဆင်တူယိုးမှားထွက်လို့ လူစကားပြောတယ်ဆိုပြီးနာမည်ကြီးတာပါ။

တကယ်မပြောတတ်ပါဘူးဗျ။ ဂျင်းပါ။ ငယ်ငယ်က ကိုယ်တွေ့ပါ။ အဲ့အိမ်ရှေ့ကဖြတ်တိုင်း အဲ့ကြောင်ကိုဝင်ကြည့်နေကြ။

အဖြေ (၆) – သူ့နာမည်ကို ရန်အောင်လို့ဖြေတယ် ပိုက်ဆံပေါ်က ဗိုလ်ချုပ်ကို ဗိုလ်ချုပ်အောင်ဆန်းလို့ဖြေတယ် လေးဆယ့်ငါးကျပ် လို့လဲပြောတယ် ကိုးဆယ် လို့လဲပြောတယ် သူ့မိန်းမကို မေသန်းနု လို့ဖြေတယ် အဲ့အသံကို ကြောင်အသံနဲ့ ပြောတာပါ။

(မေးခွန်း ပိုင်ရှင်နဲ့ ကွန်းမန့်ပေးသူ အားလုံးကို လေးစားမှုဖြင့် – bkr)

မူရင်းရေးသားသူများကို လေးစားစွာဖြင့် ခရက်ဒစ်ပေးပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *